သတင်း

ကာ/လုံ အစည်းအဝေးခေါ်ရန် တပ်မတော်သား ကိုယ်စားလှယ် လွှတ်တော်တွင် တောင်းဆို

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးများ ကျင်းပနိုင်ရန် အတွက် တပ်မတော်သား ကိုယ်စားလှယ် တဦးက ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် တောင်းဆိုလိုက်သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး သန့်ဇင် ကကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအ ဝေး ခေါ်သင့်သည့် အချိန်အခါတွင် ခေါ်ရမယ့် ပုဂ္ဂိုလ်က မခေါ်ယူသည့်အခါ၌ အခြား အဖွဲ့အစည်းများက ကာလုံ ခေါ်ပေး ရန် တောင်းဆိုခွင့်ပြု ပြဋ္ဌာန်းချက် မရှိ၍ ယခုကဲ့သို့ ဖြည့်စွက် ပြဋ္ဌာန်းရခြင်း ဖြစ်ပါတယ်ဟု ယနေ့ ဆွေးနွေးသည်။  

ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်  ကြံ့ခိုင်ရေး ပါတီမှ ဦးစိုင်းသန်းနိုင် တင်သွင်းသည့် ဒုတိ အကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းနှင့် ပတ်သက်၍ လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ အပေါ် ဆွေးနွေးစဉ် တပ်မတော်က အထက်ပါအတိုင်း ထည့်သွင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ 

ယခင် အစိုးရ လက်ထက်က ကာ/လုံ အစည်းအဝေးများ ပုံမှန်ခေါ်ယူခြင်း၊ လိုအပ်ပါက အရေးပေါ် အစည်းအဝေးများ ခေါ် ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်းကိုလည်း  တပ်မတော်က ထောက်ပြ ပြောဆိုသည်။ 

အခြေခံ ဥပဒေတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တပ်မတော် စသဖြင့် ကဏ္ဍအလိုက် တာဝန်များ ခွဲခြား သတ်မှတ်ထားရှိ သည့်အပြင် ၎င်းတို့ အချင်းချင်း တိုင်ပင်ဆွေးနွေးရန် လိုအပ်သဖြင့် ကာ/လုံကို  ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည် ဟုလည်း ဒု ဗိုလ် မှူးကြီး သန့်ဇင်က ဆိုသည်။ 

နိုင်ငံရေး လေ့လာ သုံးသပ်သူ  ဦးမောင်မောင်စိုး က “NLD က သူ အစိုးရ ဖြစ်လာတည်းက ကာ/လုံ မခေါ်တဲ့ အတွက် ကြောင့် ဘာအကြောင်းကြောင့် မခေါ်လဲတော့ ပြောရခက်တယ်။ မဲ အရေအတွက်ကြောင့်လား၊ ဘာကြောင့်လဲ ဆိုတာက တော့ စဉ်းစားစရာ ဖြစ်တာပေါ့”  ဟု ပြောသည်။ 

၎င်းက ဆက်လက်၍ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရ တက်လာပြီး နောက်ပိုင်း ကာ/ လုံ အစည်းအဝေးကို တကြိမ်မျှ ခေါ်ယူခြင်း မရှိသဖြင့် ယခုကဲ့သို့ ခေါ်သင့် မခေါ်သင့်ကို ဆိုသည့် အမြင်ကွဲလွဲမှုများ ရှိနေပြီး လွှတ်တော်အတွင်း ဆွေးနွေးမှုများတွင် တင်းမာမှုများ ရှိနေခြင်း ဖြစ်ကြောင်း ဆိုသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်က ကာ/လုံ အစည်းအဝေးကို ပုံမှန် ခေါ်ယူနိုင်ရန်နှင့် ကာ/လုံ၏ လုပ်ပိုင်ခွင့်များ ပိုမို များပြားလာစေရန် အတွက် တပ်မတော်နှင့် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကိုယ် စားလှယ် ၁၄၅ ဦး ပါဝင်သည့် အခြေခံ ဥပဒေ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တခုကို  ပြည်ထောင်စု လွှတ် တော်သို့ တင်သွင်းခဲ့သည်။ 

USDP ပါတီမှ တင်ပြလိုက်သည့် အချက်များထဲတွင် ပါဝင်သည့် ပုဒ်မ ၂၀၁ မှာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ဖွဲ့စည်းခြင်းနှင့် တာဝန်နှင့် ဆိုင်သော အချက်များ ဖြစ်သည်။

ပုဒ်မ ၂၀၁ (က) အပါအဝင် အခြားပုဒ်မ အချို့ကို ပြင်ဆင်ရသည့် ရည်ရွယ်ချက်မှာနိုင်ငံတော် သမ္မတမှ ဥပဒေကဲ့သို့ အာ ဏာတည်သော အမိန့်ထုတ်ပြန်ရာတွင် အုပ်ချုပ်ရေး ကဏ္ဍနှင့် ဥပဒေပြုရေးကဏ္ဍ အပြန်အလှန် ထိန်းကျောင်းမှု ဆောင် ရွက်ရာတွင် သမ္မတ စနစ် ပိုမို ပီပြင်စေရန် သမ္မတမှ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ထောက်ခံချက်ဖြင့် လွှတ်တော်များအား ဖျက်သိမ်းနိုင်သည့် အခွင့်အရေးကို ရရှိစေရန် ပြင်ဆင်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၁(က)တွင် ကာ/လုံကို နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ ဦး၊ ပြည်သူ့ လွှတ် တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး စုစုပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်း ထားသည်။

ဆက်စပ်ဖတ်ရှုရန်

ကာ/လုံ အစည်းအဝေး “စစ်ဖြစ်မှ လုပ်တော့မှာလား” ဟု တပ်မတော်မေးခွန်းထုတ်

 

Did you find apk for android? You can find new Free Android Games and apps.
Loading