သတင်း

ICJ တွင် တရားစွဲခံရမှု အလေးအနက်ထား ရင်ဆိုင်ဖြေရှင်းသွားမည် ဟု NLD ပြော

Want create site? Find Free WordPress Themes and plugins.

လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) တရားစွဲဆိုထား မှုနှင့် ပတ်သက်၍ အလေးအနက်ထား ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ဧရာဝတီကို ပြောသည်။ 

ဒေါက်တာ မျိုးညွန့်ကဒီဟာက ကျနော်တို့ နိုင်ငံအတွက် ပထမဆုံးလည်း ဖြစ်ပါတယ်။ ICJ ရဲ့ သမိုင်းမှာလည်း နိုင်ငံတခုက မိမိနဲ့ ထိကပ် ခြင်း မရှိတဲ့ နိုင်ငံတခုအပေါ်မှာ ပထမဆုံး စွဲဆိုထားတာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာမှာ စီရင်ထုံးတခုလို ဖြစ်သွားမှာပါ။ ဒီအမှုကို စွဲဆိုဖို့အတွက် စနစ်တကျ ပြင်ဆင်ထားတယ်ဆိုတာကို ကျနော်တို့ သတိပြုမိပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ ကျနော်တို့ ပေါ့ပေါ့တန်တန် သဘောမထားဘဲနဲ့ အကောင်းဆုံး ရင်ဆိုင်ပြီးတော့ ဖြေရှင်းသွားမယ်လို့ ပြောချင်ပါတယ်ဟု ဆိုသည်။ 

ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ပထမအကျော့ နှုတ်ဖြင့်ကြားနာမှုကို ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) မြန်မာစံတော်ချိန် ညနေ နာရီခွဲတွင် စတင်တော့မည် ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု လျှောက်လဲရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ICJ ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ရောက်ရှိ နေပြီ ဖြစ်သည်။ 

ဒေါက်တာ မျိုးညွန့်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ ဒုတိယ အကြီးအကဲ ဖြစ်ရာ နိုင်ငံတော်ကို အမည်တပ်ပြီး စွဲဆိုထားသည့် အမှုအတွက် တာဝန်ရှိသူ အနေဖြင့် သွားရောက် ဖြေရှင်းခြင်း ဖြစ် သည့် အတွက် ဥပဒေအချက်အလက် ပေါ်ပေါက်ချက်များအရ ဥပဒေလမ်းကြောင်းမှန် အတိုင်းဖြစ်ရန်၊ မြန်မာနိုင်ငံ တွင် အမှန်တကယ် ဖြစ်ပျက်နေသည့် ကိစ္စများကို ကမ္ဘာ့ပြည်သူများ သိရှိရန် တင်ပြနိုင်မည့် အခွင့်အလမ်းရှိမည်ဟု လည်း သုံးသပ် ပြောဆိုသည်။  

ပါတီ၏ ခေါင်းဆောင် တဦးလည်း ဖြစ်သလို နိုင်ငံ ကိုယ်စားပြု သွားရောက် ဖြေရှင်းမည့် ဒေါ်အောင်ဆန်းစုကြည်အား ပါတီအနေဖြင့်ကျနော်တို့ကတော့ စိတ်ဓာတ်ရေးရာအရ ပံ့ပိုးတာပဲ ရှိပါလိမ့်မယ်။ ဘာလို့ဆို အသေးစိတ်အချက် အလက်တွေကို ခေါင်းဆောင်က ပိုပြီး သိမှာဖြစ်ပါတယ်ဟု ဒေါက်တာမျိုးညွန့် က ပြောသည်။  

ယနေ့ ပြုလုပ်မည့် အများပြည်သူရှေ့ ကြားနာပွဲတွင် အရင်ဆုံး ထွက်ဆိုမည့် ဂမ်ဘီယာနိုင်ငံကိုယ်စား တရားရေးဝန် ကြီး Abubacar Tambdou က အဖွင့် လျှောက်လဲချက်ကို တင်ပြမည် ဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်တွင် ပြုလုပ်မည့် ကြား နာပွဲအတွက် မြန်မာဘက်က ခုခံချေပရာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် အဖွင့်လျှောက်လဲချက် တင်ပြမည် ဖြစ်သည်။ 

ဒီဇင်ဘာ ၁၂ ရက်နေ့ ကြားနာပွဲတွင် နှစ်ဖက်လျှောက်လဲမှုများ ပြုလုပ်မည် ဖြစ်ပြီး အထက်ပါ အစီအစဉ်များတွင် ဂမ်ဘီ ယာက တင်သွင်းထားသည့် ကြားဖြတ် စီမံဆောင်ရွက်ချက် (Provisional Measures) အတွက် အဓိက ကြားနာမည် ဖြစ်ကြောင်း သိရသည်။ 

Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်း ကဒီနေ့မှာ သူတို့အနေနဲ့ အထူးသဖြင့် ရခိုင်ဒေသမှာ ဖြစ်ပျက် နေတဲ့ ကိစ္စတွေကို သက်သေ အထောက်အထားအကြောင်းအရာ ခိုင်ခိုင်မာမာနဲ့ တင်ပြဖို့အတွက် ပြင်ဆင်ထားတယ် လို့ ယူဆတယ်။ ဥပမာ အင်တာဗျူးတွေ ဓာတ်ပုံတွေ မြေပြင် ဂြိုလ်တုကနေ ရိုက်ထားတဲ့ပုံတွေ အဲဒါတွေက ဂျီနိုဆိုက် မြောက်ပါတယ်။ အထူးသဖြင့် ဒီအုပ်စုကို ဦးတည်ထားပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်ပါတယ်ဆိုတဲ့ အချက် ကို တင်ပြမယ့် သဘောမျိုး တွေ့ရတယ်ဟု ခန့်မှန်း ပြောဆိုသည်။ 

ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံ အနေဖြင့် ပြန်လည်ဖြေရှင်းသည့်အခါ စွပ်စွဲချက်များအား ငြင်းဆန်မလား သို့မဟုတ် မည်သို့ ပူးပေါင်း ဆောင်ရွက်မလဲ ဆိုသည်ကို လက်ခံမလား ဟူသည်ကိုတော့ စောင့်ကြည့်နေသည်ဟု ဆိုသည်။ 

၎င်းအနေဖြင့် ပူးပေါင်း ဆောင်ရွက်မှုကို ပိုပြီး အလေးထားစေချင်ကြောင်း၊ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ယခုကဲ့သို့ အစုလိုက်အပြုံလိုက် သေကြေပျက်စီးသည့် ကိစ္စသည် ဖြစ်ပြီးသွားပြီဖြစ်ရာ ထို့အတွက် အစိုးရတွင် တာဝန် ရှိသည်မှာ သေချာသည်ဟု ဦးအောင်မျိုးမင်းက ရှင်းပြသည်။ 

အဲဒီတော့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အမှန်တရားကို ဖော်ဆောင်ပြီး တာဝန်ယူမှု တာဝန်ခံမှုအပိုင်းနဲ့ သွားလို့ရှိရင်တော့ တိုင်းပြည်က လူ့ အခွင့်အရေး ချိုးဖောက်တဲ့နိုင်ငံ ဂျီနိုဆိုက် တရားစွဲခံရတယ်ဆိုတဲ့ နာမည်စာရင်းကနေ ပယ်ဖျက်ပြီး လူ့အခွင့်အရေးကို လေးစားသော နိုင်ငံအဖြစ် ပြန်လည်ပြီးတော့ နာမည်ကောင်း ပြန်ရနိုင်ပါတယ်ဟု ၎င်းက ပြော သည်။ 

မြန်မာနိုင်ငံသည် လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်သည်ဟုဆိုကာ ဂမ်ဘီယာ နိုင်ငံ က စွပ်စွဲထားပြီး ကြားဖြတ်အစီအမံ အမိန့်များ ချမှတ်ပေးရန် တောင်းဆိုထားမှုကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက် ထိ ကြားနာသွားမည် ဖြစ်သည်။ 

စတင် ကြားနာမည့် ပွဲအတွက် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ကို ကမ္ဘာတလွှားမှ ထောက်ခံသူများ၊ ကန့်ကွက်သူ များနှင့် နိုင်ငံတကာ သတင်းမီဒီယာ အဖွဲ့အစည်းများမှ စုဝေးရောက်ရှိနေကြောင်း သိရသည်။ 

ထို့အတူ မြန်မာနိုင်ငံ အတွင်းရှိ နေရာအနှံ့အပြားတွင်လည်း သည်ဟိတ်ဂ်မြို့သို့ နိုင်ငံကိုယ်စားပြု သွားရောက် ဖြေရှင်း သည့် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ရပ်တည်ကြောင်း ပြသသည့် ထောက်ခံပွဲ များကိုလည်း ပြုလုပ်လျက် ရှိသည်။  

You may also like these stories:

နိုင်ငံတကာ တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ရင်ဆိုင်မည့် အပေါ် သုံးသပ်ချက်မျာ

ICJ ကိစ္စ သင်ခန်းစာယူရန် သူရဦးရွှေမန်းပြေ

Did you find apk for android? You can find new Free Android Games and apps.
Loading