နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုတို့ဖြင့် ထောင်ဒဏ် နှစ် ၂၀ ကျော် ကျခံနေရသည့် ဒေါက်တာ အေးမောင်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က စုံညီခုံရုံးဖြင့် ပြန်လည် ကြားနာပေးရန် လျှောက်ထားသည့် အထူးအယူခံကို ၎င်း၏ ရှေ့နေများက ယနေ့ နေပြည်တော်သို့ လာရောက် တင်ပြကြသည်။
ဒေါက်တာအေးမောင်၏ ရှေ့နေ ဦးခင်နု က “ဒေါက်တာ အေးမောင် အပေါ်မှာ စစ်တွေခရိုင်တရားရုံးက အမိန့်ချတယ်။ ပြစ်ဒဏ်ပေးတယ်။ ကျနော်တို့ဘက်က ပြင် ဆင်မှု တက်တယ်။ ပလပ်ခံရတယ်။ အဲဒီအမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က စုံညီခုံရုံးနဲ့ ပြန်လည် ကြားနာ ပေးဖို့အတွက် အယူခံဝင်ခွင့် လျှောက်ထားတာ”ဟု သတင်းထောက်များ ကို ပြောသည်။
ဒေါက်တာ အေးမောင်သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့် ရခိုင် ဘုရင့် နိုင်ငံတော် အချုပ်အခြာ အာဏာ ကျဆုံးသည့် ၂၃၃ နှစ်မြောက် အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ပြော ဆိုမှု တချို့ကြောင့် အစိုးရ၏ တရားစွဲဆိုမှုကို ခံခဲ့ရပြီး စစ်တွေထောင်တွင် ထောင်ဒဏ် အပြစ်ပေးခံထားရသည်။
ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌဟောင်း၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နှင့် ရခိုင် အခြေစိုက် စာရေးဆရာ ဦးဝေဟင်အောင်တို့ကို ရခိုင်ပြည်နယ် စစ်တွေ ခရိုင်တရားရုံးက နိုင်ငံတော် ပုန်ကန်မှုနှင့် နိုင်ငံတော် အကြည်ညို ပျက်စေမှုအတွက် ထောင်ဒဏ် ၂၂ နှစ်စီ ချမှတ်ခဲ့သည်။
ယင်းပြစ်ဒဏ်များအတွက် ၎င်းတို့၏ ရှေ့နေများက ရခိုင်ပြည်နယ် တရားလွှတ်တော်၊ နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ထံ အယူခံ အဆင့်ဆင့် တင်ပြခဲ့သော်လည်း အကျဉ်းနည်းဖြင့် ပလပ်ခံခဲ့ရသည်။
“ဒေါက်တာ အေးမောင်အပေါ်မှာ ဟောပြောရုံသက်သက်နဲ့ နိုင်ငံတော်ကို သစ္စာဖောက်ဖျက် ပုန်ကန်တယ်ဆိုတာ လက်နက်စွဲကိုင်ပြီးမှ မြောက်တဲ့ ပုဒ်မမျိုးနဲ့ ဥပဒေအရ မှန်ကန်မှု ရှိ၊ မရှိဆိုတဲ့ Issues ကို ထုတ်နုတ်ပြီးတော့ကို အဖြေတခု ထုတ်ပေးသင့်တယ်လို့ ကျနော် မျှော်လင့်တယ်”ဟု ရှေ့နေ ဦးခင်နုက ပြောသည်။
နေပြည်တော်သို့ မလာမီ ၅ ရက်ခန့်က ဒေါက်တာအေးမောင်ကို သွားရောက်တွေ့ဆုံခဲ့ရာတွင် ယခု အမှုနှင့် ပတ် သက်၍ မျှော်လင့်ချက် ရှိကြောင်း ပြောဆိုသည်ဟု သိရသည်။
ရှေ့နေ ဦးခင်နုက “ဒေါက်တာအေးမောင်ကို ဒီကိုမလာခင် ပြီးခဲ့တဲ့ ၄ ရက် ၅ ရက်လောက်က ကျနော်တွေ့ခဲ့တယ်။ ဒေါက်တာ အေးမောင် က ကျန်းမာပါတယ်။ သူ့မှာ တက်တက်ကြွကြွနဲ့ ရှိပါတယ်။ မျှော်လင့်ချက်ကလည်း အပြည့် အဝ ရှိပါတယ်။ ဒီပြင်ဆင်မှုကို ခွင့်ပြုပြီးတော့ လွတ်လာနိုင်မယ်လို့ သူယုံကြည်ချက် ရှိတယ်”ဟု ပြောသည်။
စာရေးဆရာ ဦးဝေဟင်အောင်၏ ရှေ့နေ ဒေါ်အေးနုစိန်က ထောင်ဒဏ် ၂၂ နှစ် အပြစ်ပေးထားမှုကို ပလပ်ခွင့် ရရှိရန် အထူး အယူခံ ဝင်ခွင့်ပေးရန် ယနေ့ လျှောက်လဲချက် ပေးခြင်း ဖြစ်ကြောင်း၊ စစ်တွေ ခရိုင်တရားရုံး၏ အဆုံးအဖြတ်ကို ၎င်းထက် တဆင့်မြင့်သည့် တရားရုံးတခုခုက ပြန်လည် စစ်ဆေးပေးရန် လိုလားကြောင်း ပြောသည်။
တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန်က “ခရိုင်တရားရုံးတခုက အမိန့်သည် ဥပဒေနဲ့ ညီ၊ မညီဆိုတာကို ဒီထက်အဆင့်မြင့်တဲ့ ရုံးတခုက ကြားနာ စိစစ် ဆုံးဖြတ် ခွင့်ကို မရရှိသေးတဲ့ အတွက်ကို တင်သွင်းလျှောက်ထားရတာ ဖြစ်ပါတယ်။ အဆင့်မြင့်ဆုံး ရုံးတော်ရဲ့ ကြားနာ စိစစ် ဆုံးဖြတ်ခွင့်ကို ရရှိလိုတဲ့အတွက် လက်ခံသင့်ပါတယ်ဆိုပြီး အထူးအယူခံကို လျှောက်လဲ တင်ပြတာ ဖြစ်ပါတယ်”
ဟု ပြောသည်။နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုတို့ဖြင့် ထောင်ဒဏ် နှစ် ၂၀ ကျော် ကျခံနေရသည့် ဒေါက်တာ အေးမောင်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က စုံညီခုံရုံးဖြင့် ပြန်လည် ကြားနာပေးရန် လျှောက်ထားသည့် အထူးအယူခံကို ၎င်း၏ ရှေ့နေများက ယနေ့ နေပြည်တော်သို့ လာရောက် တင်ပြကြသည်။
စာရေးဆရာတယောက်၏ နုတ်နှင့် ဟောပြောမှုသည် အကြမ်းနည်းဖြင့် ပြုပြင်ပြောင်းလဲရန် ပြုလုပ်မှသာ နိုင်ငံတော် ပုန်ကန်မှု မြောက်တယ်ဆိုသည့် ဥပဒေပြောင်းလဲမှု စီရင်ထုံးဖွဲ့မှုများအရ နိုင်ငံတော် ပုန်ကန်မှု မြောက်၊ မမြောက်ကို စိစစ်ခွင့် ရလိုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ရခိုင် အချုပ်အခြာ ကျဆင်းခြင်း အထိမ်းအမှတ်သည် နှစ်စဉ် ယခင်ကတည်းက ပြောဆို လုပ်ဆောင်လေ့ ရှိကြောင်း၊ ပါတော်မူခဲ့သည့် အရှင်နှစ်ပါးအတွက် အခမ်းအနားများ၊ သီချင်းများကို အိန္ဒိယနိုင်ငံအထိ သွားရောက်ပြီး မြန်မာ ဒုသမ္မတမှ တပ်ချုပ်အထိ ဆွေတော်မျိုးတော်နေ့ အခမ်းအနားများကို ပြုလုပ်လျက်ရှိကြောင်း ရှေ့နေ ဒေါ်အေးနုစိန်က ရှင်းပြသည်။
ဒေါ်အေးနုစိန် က “ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ဒီနိုင်ငံမှာ ၁၃၅ မျိုး ပြဌာန်းထားရင် တယောက်ရဲ့ သမိုင်းကို တယောက်က အသိအမှတ်ပြုဖို့ လေးစားဖို့ မွန်က မနူဟာကို လွှမ်းသလို ရခိုင်က သမ္မတ ရာဇာကို လွှမ်းခွင့် ရှိရမယ်။ အဲဒါမှလည်း ဗမာကလည်း သီပေါကို လွှမ်းခွင့်က ညီမျှမယ်” ဟု ပြောသည်။
ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဦးဝေဟင်အောင်တို့ ၂ ဦး၏ ပြောဆိုချက်များသည် ဥပဒေနှင့် မညီကြောင်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက သမ္မတအိမ်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတခုတွင် ပြည်ထဲရေး ဝန်ကြီးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့က ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်က မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူစုလူဝေးနှင့် အကြမ်းဖက်မှုကြောင့် ရခိုင်တိုင်း ရင်းသားများ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည့်အတွက် ဝမ်းနည်းမိ ကြောင်း၊ ဥပဒေချိုးဖောက်သူများကို အရေးယူမည် ဖြစ်ကြောင်း ပြောသည်ဟု အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန် သည်။
ဒေါက်တာ အေးမောင်ကို ဖမ်းဆီးလိုက်ခြင်း၊ အောက်တိုဘာလ ၁၅ ရက်နေ့က မြောက်ဦးတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း တို့ကြောင့် လူငယ်များသည် မြို့ပေါ် နိုင်ငံရေး လမ်းစဉ်ကို ယုံကြည်မှု လျော့ကျသွားပြီး လက်နက်ကိုင်သည့် ဘက်သို့ အားသာသွားသည်မှာ အမှန်ပင်ဖြစ်ကြောင်း ရခိုင်အရေး သုတေသီ ဦးမောင်မောင်စိုးက ပြောသည်။
“လက်ရှိ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး ၂ ဖက် တင်းတင်းမာမာ ဖြစ်နေချိန်မှာ ဒေါက်တာအေးမောင်ကို ပြန်လွှတ်ပေးတာ သင့်တော်တဲ့ ကိစ္စလို့ မြင်ပါတယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။
ဒေါက်တာ အေးမောင်သည် ရခိုင်အမျိုးသား ပါတီကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူတဦး ဖြစ်ပြီး ယင်းပါတီတွင် ဥက္ကဌ တာဝန် ယူခဲ့သလို လွှတ်တော် ပထမ သက်တမ်းတွင် ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခဲ့ခံရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင်မူ ပြည်နယ်လွှတ်တော်က ဝင်ရောက် အရွေးခံရာ ရှုံးနိမ့်ခဲ့သော်လည်း ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပြန်လည် အရွေးခံခဲ့ရသူ တဦး ဖြစ်သည်။
စာရေးဆရာတယောက်၏ နုတ်နှင့် ဟောပြောမှုသည် အကြမ်းနည်းဖြင့် ပြုပြင်ပြောင်းလဲရန် ပြုလုပ်မှသာ နိုင်ငံတော် ပုန်ကန်မှု မြောက်တယ်ဆိုသည့် ဥပဒေပြောင်းလဲမှု စီရင်ထုံးဖွဲ့မှုများအရ နိုင်ငံတော် ပုန်ကန်မှု မြောက်၊ မမြောက်ကို စိစစ်ခွင့် ရလိုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ရခိုင် အချုပ်အခြာ ကျဆင်းခြင်း အထိမ်းအမှတ်သည် နှစ်စဉ် ယခင်ကတည်းက ပြောဆို လုပ်ဆောင်လေ့ ရှိကြောင်း၊ ပါတော်မူခဲ့သည့် အရှင်နှစ်ပါးအတွက် အခမ်းအနားများ၊ သီချင်းများကို အိန္ဒိယနိုင်ငံအထိ သွားရောက်ပြီး မြန်မာ ဒုသမ္မတမှ တပ်ချုပ်အထိ ဆွေတော်မျိုးတော်နေ့ အခမ်းအနားများကို ပြုလုပ်လျက်ရှိကြောင်း ရှေ့နေ ဒေါ်အေးနုစိန်က ရှင်းပြသည်။
ဒေါ်အေးနုစိန် က “ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ဒီနိုင်ငံမှာ ၁၁၅ မျိုး ပြဌာန်းထားရင် တယောက်ရဲ့ သမိုင်းကို တယောက်က အသိအမှတ်ပြုဖို့ လေးစားဖို့ မွန်က မနူဟာကို လွှမ်းသလို ရခိုင်က သမ္မတ ရာဇာကို လွှမ်းခွင့် ရှိရမယ်။ အဲဒါမှလည်း ဗမာကလည်း သီပေါကို လွှမ်းခွင့်က ညီမျှမယ်” ဟု ပြောသည်။
ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဦးဝေဟင်အောင်တို့ ၂ ဦး၏ ပြောဆိုချက်များသည် ဥပဒေနှင့် မညီကြောင်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက သမ္မတအိမ်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတခုတွင် ပြည်ထဲရေး ဝန်ကြီးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့က ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်က မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူစုလူဝေးနှင့် အကြမ်းဖက်မှုကြောင့် ရခိုင်တိုင်း ရင်းသားများ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည့်အတွက် ဝမ်းနည်းမိ ကြောင်း၊ ဥပဒေချိုးဖောက်သူများကို အရေးယူမည် ဖြစ်ကြောင်း ပြောသည်ဟု အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန် သည်။
ဒေါက်တာ အေးမောင်ကို ဖမ်းဆီးလိုက်ခြင်း၊ အောက်တိုဘာလ ၁၅ ရက်နေ့က မြောက်ဦးတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း တို့ကြောင့် လူငယ်များသည် မြို့ပေါ် နိုင်ငံရေး လမ်းစဉ်ကို ယုံကြည်မှု လျော့ကျသွားပြီး လက်နက်ကိုင်သည့် ဘက်သို့ အားသာသွားသည်မှာ အမှန်ပင်ဖြစ်ကြောင်း ရခိုင်အရေး သုတေသီ ဦးမောင်မောင်စိုးက ပြောသည်။
“လက်ရှိ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး ၂ ဖက် တင်းတင်းမာမာ ဖြစ်နေချိန်မှာ ဒေါက်တာအေးမောင်ကို ပြန်လွှတ်ပေးတာ သင့်တော်တဲ့ ကိစ္စလို့ မြင်ပါတယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။
ဒေါက်တာ အေးမောင်သည် ရခိုင်အမျိုးသား ပါတီကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူတဦး ဖြစ်ပြီး ယင်းပါတီတွင် ဥက္ကဌ တာဝန် ယူခဲ့သလို လွှတ်တော် ပထမ သက်တမ်းတွင် ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခဲ့ခံရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင်မူ ပြည်နယ်လွှတ်တော်က ဝင်ရောက် အရွေးခံရာ ရှုံးနိမ့်ခဲ့သော်လည်း ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပြန်လည် အရွေးခံခဲ့ရသူ တဦး ဖြစ်သည်။
ဆက်စပ်လင့်
သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်တွင် ဒေါက်တာအေးမောင် မပါဝင်မှု ဝေဖန်နေကြ
ဒေါက်တာ အေးမောင်ကို ထောင် ၂၂ နှစ် ချမှတ်
ANP ပါတီ ဥက္ကဋ္ဌ ဘယ်သူဖြစ်လာမလဲ