• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးစိုးထွန်းရှိန်နှင့်အတူ အမှုဖွင့်ခံထားရသူများ လာရောက်အဖမ်းခံ

by ဒီလှိုင်းဝင်း
11 December 2019
in သတင်း
A A
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဌဖြစ်သူ ဦးစိုးထွန်းရှိန် သတ္တုတွင်း ဥပဒေပုဒ်မဖြင့် ရမည်းသင်း တရားရုံးတွင် တရားစွဲဆိုကာ အမှုစစ်ဆေးလျက်ရှိသည်  / ဒီလှိုင်းဝင်

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဌဖြစ်သူ ဦးစိုးထွန်းရှိန် သတ္တုတွင်း ဥပဒေပုဒ်မဖြင့် ရမည်းသင်း တရားရုံးတွင် တရားစွဲဆိုကာ အမှုစစ်ဆေးလျက်ရှိသည် / ဒီလှိုင်းဝင်

8.7k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန် နှင့်အတူ သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀(က) ဖြင့် အမှုဖွင့်ခံထားရသူ ၄ဦး ဒီဇင်ဘာ ၉ရက်နေ့က ရမည်းသင်းမြို့မ ရဲစခန်းသို့ လာရောက် အဖမ်းခံကြောင်း ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

 “ဦးစိုးထွန်းရှိန်နဲ့အတူ အမှုဖွင့်ခံထားရတဲ့ ၄ ဦးလုံး စခန်းမှာ လာပြီး အဖမ်းခံခဲ့ကြတာပါ၊ သူတို့ကိုလည်း ချုပ်ရမန် ယူထားပါတယ်၊ ဦးစိုးထွန်းရှိန်နဲ့အတူ တပေါင်းတည်း အမှုစွဲတင် ပေးသွားမှာပါ”ဟု ရမည်းသင်းခရိုင်ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲအရာရှိ က ပြောသည်။

RelatedPosts

တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

17 June 2025
402
၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

17 June 2025
1.7k
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နိုင်ငံတကာမှာ ကျင်းပမယ် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နိုင်ငံတကာမှာ ကျင်းပမယ် (ရုပ်/သံ)

17 June 2025
15

ဦးစိုးထွန်းရှိန်နှင့်အတူ အမှုဖွင့်ခံထားရသူများမှာ ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုးနှင့် စောမောင်တို့ ဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့က ရမည်းသင်းမြို့နယ် တရားရုံးတွင် ချုပ်ရမန်ယူခဲ့သလို အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် (ဦး) စိုးထွန်းရှိန်ကိုလည်း ၅ ကြိမ်မြောက် ရုံးထုတ်ခဲ့ကာ ဒီဇင်ဘာ ၁၆ ရက်နေ့သို့ ရုံးချိန်း ပြန်လည် ချိန်းဆိုပေးထားကြောင်း သိရသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့ ရုံးချိန်းတွင် ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုးနှင့် စောမောင်တို့ဘက်မှ လိုက်ပါဆောင်ရွက်မည့် အကျိုးဆောင်ရှေ့နေက ပါဝါတင်ခဲ့ပြီး လာမည့်ရုံးချိန်းတွင် တရားလိုဖြစ်သူ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာ (ထုတ်လုပ်) ဦးအေးဇော်အား စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်အား သတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က) ဖြင့် ရမည်းသင်း မြို့နယ်တရားရုံးတွင် တရားစွဲ ခံထားရသည့်အမှုတွင် တရားလို အပါအဝင် သက်သေ ၁၈ ဦး တင်ပြထားကြောင်း သိရသည်။

ဦးစိုးထွန်းရှိန်သည် ရမည်းသင်း မြို့နယ်ရှိ မိုးထိမိုးမိ ရွှေသတ္ထုတူးဖော်ရေးလုပ်ကွက်ရှိ မြေဧက ၆၁၀၀ ကျော်ပေါ်တွင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအမည်ဖြင့် ရွှေလုပ်ကွက် လုပ်ကိုင်ခဲ့ပြီးနောက် အစိုးရသို့ ပေးသွင်းရမည့် သတ်မှတ် ရွှေပိဿာချိန်များကို ပေးသွင်းမှု မရှိသည့်အပြင် ရွှေတူးဖော်လုပ်ကိုင်ခွင့် ပိတ်သိမ်းခံရပြီးချိန်အထိ တရားမဝင် တူးဖော်မှုများ ပြုလုပ်သည်ဟုဆိုကာ ၂၀၁၈ သြဂုတ်လတွင် ရမည်းသင်းမြို့မ ရဲစခန်း၌ မြန်မာ့သတ္ထုတွင်း ဥပဒေ ပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့် ခံခဲ့ရခြင်းဖြစ်သည်။

ဦးစိုးထွန်းရှိန် ပိုင်ဆိုင်သည့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် မိုးထိမိုးမိဒေသတွင် အကြီးစား ရွှေတူးဖော်ရေး လုပ်ကိုင်ခြင်းကို ၂၀၁၁ ခုနှစ်က နှစ်ရှည် လုပ်ကိုင်ခွင့်ရခဲ့ခြင်းဖြစ်ပြီး တလလျှင် ရွှေပိဿာချိန် ၉၀ ကျော် ထုတ်လုပ် လျက်ရှိကာ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္မဏီအနေဖြင့် နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေစင်များ ပေးသွင်း နိုင်ခြင်းမရှိဘဲ ရွှေပိသာချိန် ၁၃၀၀ ကျော် အကြွေးကျန် နေသည့်အတွက် ၂၀၁၇ တွင် ရွှေတူးဖော်ခွင့် ရပ်ဆိုင်းခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ချက်များ အရ သိရသည်။

ထို့ကြောင့် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း မှ အထွေထွေမန်နေဂျာ (ထုတ်လုပ်) ဦးအေးဇော်က တရားလိုပြုလုပ်၍ ရမည်းသင်းမြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ရမည်း သင်းမြို့နယ် တရားရုံးက  ရာကြီးအမှုအမှတ် ၁၆၈၉/၂၀၁၉ ဖြင့် လက်ခံခဲ့ခြင်းဖြစ်သည်။

အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ ဥက္ကဌ ဦးစိုးထွန်းရှိန်သည် အမှုရင်ဆိုင်ခြင်း မရှိဘဲ ၁ နှစ်ကျော်ကြာ ထွက်ပြေး တိမ်းရှောင်နေခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ် မတ်လအတွင်းက ဦးစိုးထွန်းရှိန် အပါအဝင် ၅ ဦးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားခံပြေး ကြေညာခဲ့သည်။

ထိုင်း-မြန်မာ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့မှ နိုဝင်ဘာ ၆ ရက်နေ့က ဦးစိုးထွန်းရှိန်အား လက်ရ ဖမ်းဆီးရမိခဲ့ပြီး မယ်ဆိုင်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ နိုဝင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လွှဲပြောင်းရယူခဲ့ကာ ရမည်းသင်း အကျဉ်းထောင်တွင် ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ဒီဇင်ဘာလက ပြင်ဆင်ခဲ့ အတည်ပြုခဲ့သည့် မြန်မာ့သတ္ထုတွင်း ဥပဒေပါ ဥပဒေ ပုဒ်မ ၃၀(က)အရ မည်သူမဆို ဥပဒေအရ ထုတ်ပေးသည့် ခွင့်ပြုမိန့်ပေးသည့် သတ္ထုရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း သို့မဟုတ် ဆင့်တက်ပြုပြင်ခြင်း လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင် ၁၀ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း ၅၀ အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ပြဌာန်းချက်များအရ သိရသည်။

You may also like these stories:

ဦးစိုးထွန်းရှိန် တတိယအကြိမ် ရုံးထုတ် ရွှေလုပ်ကွက် ရရှိခဲ့မှုကို စစ်မေ

ဝရမ်းပြေးများ လွတ်မြောက်နေမှု လွှတ်တော်တွင် မေးခွန်းထုတ်ခံရ

ရွှေအကြွေးကျန် ကုမ္ပဏီတွေကို အစိုးရ တရားစွဲမည်

Your Thoughts …
Tags: စိုးထွန်းရှိန်မိုးထိမိုးမိရွှေလုပ်ကွက်
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

မိုးထိမိုးမိကပေးတဲ့ သယံဇာတ ကျိန်စာ

မိုးထိမိုးမိကပေးတဲ့ သယံဇာတ ကျိန်စာ

by ကံ့ကော်
16 September 2024
6.6k

မခင်ခင်တို့ မိသားစုမှာ ယနေ့အချိန်အထိ ပြန်လည်ထူထောင်ရေး အကူအညီမရရှိသေးဘဲ အလှူရှင်များ လာရောက်လှူဒါန်းသည့် ထမင်းထုပ်ဖြင့် တနေ့စာတနေ့ ဖြတ်သန်းနေရသည်။

မတ္တရာကို လေကြောင်း ရေကြောင်းဖြင့် စစ်ဆင်

မတ္တရာကို လေကြောင်း ရေကြောင်းဖြင့် စစ်ဆင်

by ဧရာဝတီ
18 November 2024
3.8k

မန္တလေးမြို့သို့ စစ်မီးများ ကူးစက်မလာနိုင်စေရန်အတွက် မတ္တရာ၊ စစ်ကိုင်းတို့မှတဆင့် ညှပ်ပိတ်ကာ ခံစစ်စည်းလုပ်ဆောင်ခြင်းနှင့်အတူ မတ္တရာအရှေ့ခြမ်းမှ ဖယောင်းတောင် ရွှေလုပ်ကွက်များကိုပါ ပြန်လည်ရယူ ထိန်း ချုပ်နိုင်ရေးအတွက် လုပ်ဆောင်ခြင်း

စစ်တပ်ဖမ်းသွားသော သပိတ်ကျင်းရွှေတောမှ အလုပ်သမား ၁၅ ဦး ပျောက်ဆုံးနေ

စစ်တပ်ဖမ်းသွားသော သပိတ်ကျင်းရွှေတောမှ အလုပ်သမား ၁၅ ဦး ပျောက်ဆုံးနေ

by ဧရာဝတီ
27 July 2023
997

ဇူလိုင်၂၂ ရက် ညနေပိုင်းတွင် ယင်းရွှေလုပ်ကွက်သို့ လက်နက်အပြည့်အစုံဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၃၀ ခန့်နှင့် ဝင်ရောက် စီးနင်း၍ ဖမ်းဆီးသွားကြခြင်းဖြစ်ကြောင်း သိရသည်။

ရမည်းသင်း ရေကြီးမြေပြိုမှု အလောင်း ၄၀ ကျော်တွေ့ ၁၀၀ ကျော် ပျောက်နေ

ရမည်းသင်း ရေကြီးမြေပြိုမှု အလောင်း ၄၀ ကျော်တွေ့ ၁၀၀ ကျော် ပျောက်နေ

by ဧရာဝတီ
14 September 2024
918

သပြေပင်ကျေးရွာမှ ဒေသခံများမှာ ကုန်းအမြင့် ပိုင်း၌ တိမ်းရှောင်နိုင်ခဲ့ကြသလို ပျောက်ဆုံးနေသူ ၈၀ ခန့်သာရှိကြောင်း၊ ကျန်ရစ်သော ဒေသခံများအနေဖြင့် လမ်းပန်း ဆက်သွယ်ရေးလွယ်ကူစေရန်အတွက် ရှင်းလင်းရေးလုပ်ငန်းများ စတင်လုပ်ကိုင်လျက်ရှိကြောင်း

ရမည်းသင်းမှာ လူ ၁၀၀ ကျော်ပျောက်၊ ရုပ်အလောင်း ၃၀ ကျော်ပြန်တွေ့ (ရုပ်/သံ)

ရမည်းသင်းမှာ လူ ၁၀၀ ကျော်ပျောက်၊ ရုပ်အလောင်း ၃၀ ကျော်ပြန်တွေ့ (ရုပ်/သံ)

by ယဉ်မွန်
13 September 2024
468

မန္တလေးတိုင်း၊ ရမည်းသင်းမြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက်ရှိရာနေရာက ကျေးရွာတွေ ရေကြီး၊ မြေပြိုမှုကြောင့် လူ ၁၀၀ ကျော် ပျောက်ဆုံးနေပြီး ရုပ်အလောင်း ၃၀ ကျော် ပြန်ရှာတွေ့ထားကြောင်း ဒေသကယ်ဆယ်ရေး သတင်းရင်းမြစ်တွေကပြောပါတယ်။

ယနေ့ ရုံးထုတ်တွင် တွေ့ရသော ဦးစိုးထွန်းရှိန်  / ဒီလှိုင်းဝင်း / ဧရာဝတီ

(ဦး) စိုးထွန်းရှိန် အမှု တရားလို စတင်စစ်ဆေး

by ဒီလှိုင်းဝင်း
13 November 2019
16.5k

ဦးစိုးထွန်းရှိန်အား ယနေ့ ရုံးထုတ် စစ်ဆေးခဲ့ရာတွင် သတင်းမီဒီယာများအား တရားခွင်အတွင်း ဝင်ရောက် နားထောင် သတင်းယူခွင့်ကို ကန့်သတ်ခံခဲ့ရသည်။

Next Post
ရှေးဟောင်းမြို့ တော်ကြီးဟာ အီသီယိုးပီးယားယဉ်ကျေးမှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်

နှစ်ပေါင်း ၁၄၀၀ နီးပါး စည်ကားခဲ့တဲ့ အီသီယိုပီးယားနိုင်ငံရဲ့  ရှေးဟောင်းမြို့တော်

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်  /  ဧရာဝတီ

ဘင်္ဂါလီ၊ ရိုဟင်ဂျာ အမည်နာမ ပြဿနာနှင့် AA ပြောတဲ့ရပ်တည်ချက်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.5k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate