• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကန်ကြီးထောင့်မြို့ ဟွာမန်အထည်ချုပ် စက်ရုံအလုပ်သမားသပိတ် အရှိန်မြင့်လာ

by ဆလိုင်းသန့်စင်
11 December 2019
in သတင်း
A A
ဟွာမန် အထည်ချုပ်စက်ရုံကို သပိတ်မှောက်နေသည့် စက်ရုံအလုပ်သမားများ  / ဆလိုင်းသန့်စင် / ဧရာဝတီ

ဟွာမန် အထည်ချုပ်စက်ရုံကို သပိတ်မှောက်နေသည့် စက်ရုံအလုပ်သမားများ / ဆလိုင်းသန့်စင် / ဧရာဝတီ

3.8k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့ရှိ ဟွာမန် အထည်ချုပ်စက်ရုံကို အလုပ်သမားများက ဒီဇင်ဘာ ၉ ရက်မှစ၍ အလုပ်မဆင်းဘဲ စက်ရုံရှေ့တွင် သပိတ်မှောက်လျက် ရှိရာ ယနေ့တွင် လူအင်အား ၆၀၀ ထိများပြားလာကြောင်း သိရသည်။

အလုပ်ရှင်၊ အလုပ်သမားများကြား စာချုပ်ချုပ် သဘောတူညီထားသည့် အလုပ်သမား အခွင့်အရေးဆိုင်ရာ တောင်းဆို ချက် ၄၂ ချက်ကို ဟွာမန်အထည်ချုပ် စက်ရုံ ပိုင်ရှင်များဘက်မှ မလိုက်နာခြင်း၊ အလုပ်သမားများ တောင်းဆိုသည့် အကျိုး စီးပွားဆိုင်ရာ အချက် ၈ ချက်နှင့် ပတ်သက်၍ ဧရာဝတီတိုင်း အလုပ်သမား ခုံသမာဓိရုံး၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ် သည့်အတွက် ဥပဒေနှင့်အညီ သပိတ်မှောက်ခြင်း ဖြစ်ပြီး တောင်းဆိုချက်များ မရမခြင်း သပိတ်မှောက်မှု ဆက်လုပ်သွား မည်ဟု အလုပ်သမားများက ဆိုသည်။

RelatedPosts

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

16 June 2025
86
ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

16 June 2025
45
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

16 June 2025
36

ဟွာမန်အထည်ချုပ် အလုပ်သမား သမဂ္ဂ ခေါင်းဆောင် မသန္တာကျော်က “ကျမတို့ အလုပ်သမားတွေ ရပိုင်ခွင့်နဲ့ ပတ်သက် တဲ့ တောင်းဆိုချက် ၄၂ ချက်ကို အကောင်အထည် ဖော်ပေးပါမယ်လို့ အလုပ်ရှင်၊ အလုပ်သမား စာချုပ်ချုပ်ထားတယ်။ အဲဒါကို ဟွာမန် အထည်ချုပ်စက်ရုံ ပိုင်ရှင်တွေဘက်ကနေ အကောင် အထည်ဖော်ပေးခြင်း မရှိဘူး။ ပြီးတော့ ခုံသမာဓိရုံး ရဲ့ဆုံးဖြတ်ချက်ကိုလည်း မကျေနပ်တဲ့ အတွက် ဌာနဆိုင်ရာ အဆင့်ဆင့်ကို တင်ပြပြီး ဥပဒေနဲ့အညီ အလုပ်မဆင်းဘဲ သပိတ်မှောက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ကန်ကြီးထောင့်မြို့တွင် တည်ဆောက် လည်ပတ်နေသည့် တခုတည်းသော စက်ရုံဖြစ်သော တရုတ် နိုင်ငံသားပိုင် ဟွာမန် အထည်ချုပ် စက်ရုံဝန်း အတွင်းရှိ ထမင်းစားဆောင်တွင် ဒီဇင်ဘာလ ၉ ရက်က စတင်၍ အလုပ်သမား ၂၀၀ ခန့် သပိတ် မှောက်ခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်တွင် သပိတ်မှောက် အလုပ်သမား ၂၅၀ ခန့် အထိ တိုးမြင့်လာခဲ့သည်။

ဒီဇင်ဘာလ ၁၀ ရက်တွင် ဟွာမန် အထည်ချုပ်စက်ရုံ တာဝန်ရှိသူများက စက်ရုံဝန်း အတွင်း သပိတ်မှောက်ခွင့် မပေးဘဲ စက်ရုံဝန်း တံခါးကို ပိတ်ထားသည့်အတွက် အလုပ်သမားများမှာ စက်ရုံ၏အဓိက ဝင်ပေါက် တံခါးရှေ့တွင် ထိုင်သပိတ် ပြုလုပ်ကာ အလုပ်သမားများ အိမ်မပြန်ဘဲ စက်ရုံရှေ့တွင် အိပ်စက်၍ သပိတ်မှောက်ခဲ့သည်။

အလုပ်သမားတို့၏ တောင်းဆိုမှုများမှာ၂ ရက်ကြာသည် အထိ ပြေလည်မှု မရှိသဖြင့် ယနေ့ နံနက်ပိုင်းတွင် သပိတ်မှောက် အလုပ်သမား ဦးရေ ၆၀၀ ကျော် အထိ တိုးမြင့်လာခဲ့ပြီး စက်ရုံရှေ့တွင် ယာယီတဲများ ထိုး၍ သပိတ်စခန်းများ ဖွင့်လှစ်ကာ ဆက်လက် သပိတ်မှောက်နေကြောင်း သိရသည်။

ဟွာမန် အထည်ချုပ် စက်ရုံလုပ်သားများ သမဂ္ဂ ဦးဆောင်သူ မစုပုံချစ်က “ကျမတို့က ဥပဒေအရ ဧရာဝတီတိုင်း အစိုးရ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတွေကို သပိတ်မှောက်ပါမယ်လို့ တရားဝင် စာတင်ပြီးမှ သပိတ်မှောက်တာ ဖြစ်ပါတယ်။ အဲဒါ ကို စက်ရုံဝန်းထဲမှာ သပိတ်မှောက်မယ် ဆိုရင် ကျမတို့ကို စက်ရုံဘက်က ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲမယ်ဆိုပြီး ခြိမ်း ခြောက်တယ်။ ဒါက ဥပဒေ ပုဒ်မ ၄၂ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်ပါတယ်။ ဒီလို ချိုးဖောက်မှုကို အစိုးရ အနေနဲ့ စက်ရုံတာဝန်ရှိသူတွေကို အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။

ဟွာမန်အထည်ချုပ် စက်ရုံ အလုပ်သမားသပိတ် ပေါ်ပေါက်ရခြင်းမှာ အလုပ်သမားများ တနင်္ဂနွေနေ့ အလုပ်မဆင်းလျှင် ဒဏ်ငွေ ၁ သောင်းကျပ် ပေးဆောင်ရခြင်း၊ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုခြင်း မရှိဘဲ အလုပ်ခိုင်းစေ ခြင်း၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များ မရရှိခြင်း၊ အချိန်ပိုများကို အလုပ်သမားဥပဒေအရ သတ်မှတ်ထားသည့် နာရီထက် ပိုမိုခေါ်ယူခြင်း၊ သန့်ရှင်းသည့် သောက်သုံးရေ စီစဉ်မပေးခြင်း စသည့် အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံနေရ သည့် အတွက် အောက်တိုဘာလ ၇ ရက်တွင် အလုပ်သမားများ စုပေါင်းတောင်းဆိုခဲ့ကြသဖြင့် ကန်ကြီးထောင့်မြို့နယ် ညှိုနှိုင်း ဖြန်ဖြေရေးအဖွဲ့က ညှိနှိုင်းပေးခဲ့သည်။

ညှိနှိုင်းမှုအရ စက်ရုံပိုင်ရှင်များဘက်မှ အလုပ်သမားများကို ဥပဒေအရ မဖြစ်မနေ ပေးအပ်ရမည့် အခြေခံ အခွင့်အရေးဆိုင် ရာ တောင်းဆိုချက် ၄၂ ချက်ကို အကောင်အထည် ဖော်ပေးမည် ဖြစ်ကြောင်း သဘောတူညီခဲ့သဖြင့် ကန်ကြီးထောင့်မြို့ နယ်၊ အုပ်ချုပ်ရေးရုံးတွင် အခွင့်အရေး ဆိုင်ရာ အချက်ပေါင်း ၄၂ ချက်ကို လိုက်နာပါမည်ဟု ဟွာမန်အထည်ချုပ် စက်ရုံပိုင် ရှင်နှင့် အလုပ်သမားများကြား သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စာချုပ် ချုပ်ဆိုပြီးနောက် ဆက်လက် ညှိနှိုင်းရန် ကျန်ရှိနေသည့် အလုပ်သမား အကျိုးစီးပွား ဆိုင်ရာ အချက် ၈ ချက်ကို စက်ရုံဘက်မှ ဆောင်ရွက်ပေးရန် ငြင်းဆိုခဲ့သည့်အတွက် ဟွာမန်အထည်ချုပ် စက်ရုံ အလုပ်သမားများမှ ဧရာဝတီ တိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဌာနဝန်ကြီး ဒေါက်တာ စိုးဝင်း ဦးဆောင်သည့် ဧရာဝတီ တိုင်း အလုပ်သမား ခုံသမာဓိ အဖွဲ့သို့ ဆက်လက် တင်ပြခဲ့ကြောင်း သိရသည်။

အလုပ်ရှင်နှင့် အလုပ်သမားများ၏ တင်ပြချက်များကို ကြားနာပြီးနောက် နိုဝင်ဘာလ ၂၇ ရက်တွင် ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ် ချက် ၈ ချက် ချမှတ်ခဲ့ရာ အလုပ်ရှင်ဘက်မှ အလုပ်သမား ကြိုပို့ကား စီစဉ်မပေးခြင်း၊ ကျွမ်းကျင် အလုပ်သမားများကို အဆင့် A၊ B၊ C ခွဲခြားကာ ကျွမ်းကျင်မှု အဆင့်အလိုက် ခံစားခွင့်ပေးအပ်မှု မရှိခြင်း၊ အလုပ်သမားများမှ ရက်မှန်ကြေး တ လလျှင် ၃ သောင်းကျပ် တောင်းခံသည်ကို အလုပ်ရှင်ဘက်မှ အချိန် ၉ လကြာမြင့်မှ ၅ ထောင်ကျပ်သာ တိုးပေးမည်ဟု ပြောဆိုချက်များကို ခုံသမာဓိ အဖွဲ့မှ ထည့်သွင်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ပုဒ်မ ၄၃ အရ စက်ရုံအလုပ်သမား ၂၀၀ ကျော်က ဒီဇင်ဘာ ၉ ရက်တွင် စက်ရုံဝန်း အတွင်း စတင် သပိတ်မှောက်ခဲ့သည်။

ယင်းဥပဒေ ပုဒ်မ ၄၃ တွင် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အလုပ်ရှင်ဘက်မှ ဖြစ်စေ၊ အလုပ်သမားဘက် မှ ဖြစ်စေ ၇ ရက်အတွင်း သပိတ်မှောက်ခွင့် ရှိကြောင်း ပြဋ္ဌာန်းထားသည်။

၂၀၁၂ ခုနှစ်က ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့သည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ပုဒ်မ ၄၂ တွင် မည်သူမျှ အလုပ်သမားများ၏ သပိတ်မှောက်ခြင်း ပြုနိုင်သည့် အခွင့်အရေးကို နှောင့်ယှက်ဟန့်တားခြင်း မပြုရန် ပြဋ္ဌာန်းထားပြီး အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ထင်ရှားလျှင် ကျပ်သိန်း ၂၀ ထက် မနည်းသော ငွေဒဏ်ကို ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

သပိတ်မှောက်မှုများ ဖြစ်ပွားနေသည့် ဟွာမန် အထည်ချုပ် စက်ရုံသို့ ဧရာဝတီတိုင်း၊ အလုပ်သမားညွန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဌေးဌေးမြင့် ဦးဆောင်သည့် အဖွဲ့က ဒီဇင်ဘာလ ၉ ရက်က လာရောက်ခဲ့ပြီး ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ် ချက်အား ရက်ပေါင်း ၉၀ ပြည့်မှသာ ပြင်ဆင်နိုင်မည် ဖြစ်သည့်အတွက် အလုပ်ခွင် ပြန်ဝင်ကြရန် ပြောဆိုမှုများ ဆောင် ရွက်ခဲ့သည်။

ဧရာဝတီတိုင်း၊ အလုပ်သမား ညွန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဌေးဌေးမြင့်က “ဥပဒေအရ အလုပ်သမားများက သပိတ်မှောက်ခွင့် ရှိတဲ့အတွက် ဒီသပိတ်မှောက်မှုက ဥပဒေနဲ့ ညီပါတယ်။ ဒါပေမယ့် သပိတ်မှောက်တယ် ဆိုတာက အလုပ် မလုပ်တဲ့အတွက် လုပ်အားခ မရဘူး။ ရေရှည်ဆိုရင် အလုပ်သမားရဲ့ အကျိုးစီးပွားရော၊ အလုပ်ရှင်ရဲ့ ကုန်ထုတ် လုပ်ငန်းပါ ထိခိုက်ပါတယ်။ ဒါကြောင့် ရက်ပေါင်း ၉၀ အတွင်း ခုံသမာဓိ ဆုံးဖြတ်ချက်က ပြင်လို့ မရတဲ့အတွက် ရက်ပေါင်း ၉၀ ပြန်ပြီး လုပ်ငန်းခွင်ဝင်ပါ။ ၃ လကျော်ရင် ပြန်ညှိနှိုင်းပေးလို့ရတဲ့ဟာကို ညှိနှိုင်းပေးမယ်လို့ လာရှင်းပြတာပါ” ဟု ပြော သည်။

သပိတ်မှောက်မှု ရက်ရှည်ကြာလာ၍ ကုန်ထုတ်လုပ်မှုကို ထိခိုက်လာပါက မရှိမဖြစ် ဝန်ဆောင်မှုလုပ်ငန်းကို ပြောင်းသွား နိုင်ကြောင်း၊ ထိုသို့ ပြောင်းသွားပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်မှု ခံရနိုင်ကြောင်း တိုင်းဦးစီးမှူး ဒေါ်ဌေးဌေး မြင့်က သပိတ်မှောက်အလုပ်သမားများကို သတိပေး ပြောဆိုခဲ့သည်။

ပုသိမ်မြို့ အခြေစိုက် အလုပ်သမား အချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့ သင်တန်း ရေးရာနှင့် အငြင်းပွားမှု ဖြေရှင်းရေး တာဝန်ခံ မခခက “ဒီပြဿနာ ပြေလည်ဖို့ဆိုရင် အလုပ်သမားတွေ ဘာကြောင့် မကျေနပ်သလဲ ဆိုတာကို တိုင်းအစိုးရ၊ ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့၊ အလုပ်ရှင်၊ အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမားနဲ့ အလုပ်သမားကိုယ်စားလှယ် ဒီလူတွေ အားလုံး ဝိုင်းထိုင်ပြီး အပြတ်ဖြတ်ပြီး ချက်ခြင်း စာချုပ်ချုပ်လိုက်ရင် ပြေလည်သွားမယ့် ကိစ္စတွေပါ။ ရန်ကုန်မှာဆိုရင် ဒါတွေက အမြန်ဆုံး ပြေလည်သွားတဲ့ ကိစ္စတွေပါ။ ဒါပေမယ့် ဧရာဝတီတိုင်းမှာ ဘာဖြစ်လို့ အဲဒီလောက် ကြာနေတာလဲ မေးခွန်း ထုတ်စရာ ဖြစ်နေတယ်” ဟု ပြောသည်။

အဆိုပါ အလုပ်သမား သပိတ်နှင့် ပတ်သက်၍ စက်ရုံဘက်မှ တာဝန်ရှိသူများကို မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

၃ ရက်တာ ကြာမြင့်ခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ကန်ကြီးထောင့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လေးမြင့်နှင့် ကန်ကြီး ထောင့်မြို့၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်စုံတို့ အလုပ်သမား သပိတ်သို့ ရောက်ရှိလာခဲ့ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေရ ခွင့်ပြုမိန့် တင်ကာ သပိတ်မှောက်ရန်နှင့် ငြိမ်းစုစီ မတင်ပါက ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု လာရောက် ပြောဆိုခဲ့ကြောင်း၊ အလုပ်သမား သပိတ်ခေါင်းဆောင်များက ဥပဒေနှင့် အညီ သပိတ်မှောက်ခြင်း ဖြစ်၍ ငြိမ်းစုစီ မတင်နိုင်ဟု အကြောင်းပြန် ထားကြောင်း သိရသည်။

You may also like these stories:

မြန်မာသို့ အာရှနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဝင်ရောက်ရန် ရှိနေ

ဝန်ကြီးက အလုပ်ရှင်ဘက်ကလို့ ပြောရင် မှားပါလိမ့်မယ်

အလုပ်သမားထုအတွက် အကာအကွယ်တွေ အများကြီး လိုအပ်နေသေးတယ်

Your Thoughts …
Tags: သပိတ်မှောက်ဟွာမန်အထည်ချုပ်စက်ရုံ
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စပြီလား (ရုပ်/သံ)

စစ်ကောင်စီကို သံဃာတော်တွေ သပိတ်မှောက် (ရုပ်/သံ)

by ယဉ်မွန်
25 June 2024
769

ရဟန်းသံဃာတွေနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ရဟန်းတို့ရဲ့ ဝိနည်းနဲ့အညီ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်လိုက်ပြီ ဖြစ်တယ်လို့ သပိတ်မှာပါဝင်တဲ့ ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေက ဧရာဝတီကို မိန့်ပါတယ်။

တရုတ်ကို ကမ္ဘာ့အနှံ့ သပိတ်မှောက်ဖို့ ဆော်ဩ (ရုပ်/သံ)

တရုတ်ကို ကမ္ဘာ့အနှံ့ သပိတ်မှောက်ဖို့ ဆော်ဩ (ရုပ်/သံ)

by ဧရာဝတီ
9 December 2024
546

ကမ္ဘာ့အနှံ့မှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တရုတ်နိုင်ငံဆန့်ကျင်ရေးနဲ့ တရုတ်ပစ္စည်း ထုတ်ကုန်တွေကို အသုံးမပြုရေး ဆန္ဒထုတ်ဖော်ကြဖို့ အမေရိကန်ရောက် မြန်မာတွေက တောင်းဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီး တလခန့်အကြာ ၂၀၂၁ ခုနှစ်၊ မတ်လက သီတဂူဆရာတော်နှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

မြန်မာပြည်က သားသုံးသား အယူအဆ အရွေ့

by အုန်းညို
20 February 2023
8k

သားသုံးသားကတော့ ကျောင်းသား၊ စစ်သား၊ ဘုရားသားတို့ပဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏ မိသားစု 

အာဏာသိမ်းခေါင်းဆောင် မိသားစုစီးပွားရေးများကို သပိတ်မှောက်ရန် NUG တိုက်တွန်း

by ဧရာဝတီ
21 October 2021
10.7k

စစ်အာဏာသိမ်းခေါင်းဆောင် မိသားစုက စီမံသည့် စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်းမပြုရန် NUG က ပြည်သူလူထုကို တိုက်တွန်းထားသည်။

ကြော်ငြာ နှင့် သတ်

ကြော်ငြာ နှင့် သတ်

by မောင်သစ်လွင် (လူထု)
7 June 2025
291

ကြော်ငြာမှာ သတင်းစာများ အတွက် အသက် သွေးကြော တခု ဖြစ်သည်။ ဤ “အကြော” ကို သိသော ဗြိတိသျှ အစိုးရက အမျိုးသား သတင်းစာများကို ကြော်ငြာ မပေးဘဲ “သတ်ရန်” ကြံသည်။

ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိမ်နေ (ရုပ်/သံ)

ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိမ်နေ (ရုပ်/သံ)

by ဧရာဝတီ
16 May 2025
167

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူတွေ သပိတ်မှောက်ပြီး မဲလာမပေးမှာကို ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေစိုးရိမ်ချက် ရှိနေကြပါတယ်။

Next Post
--

ICJ တရားရုံး၌ နှစ်ဖက် လျှောက်လဲချက် အပေါ် အမြင်များ

ယနေ့ ICJ တရားရုံးတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် / Reuters

လူမျိုးသုဉ်း သတ်ဖြတ်မှု မမြောက်ကြောင်း ICJ တွင် ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate