• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံတကာ အမြင်လွဲမှားမှုများကို ဒေါ်အောင်ဆန်းစုကြည် ရှင်းပြနိုင်ဟု တပ်မတော်ပြော

by ထက်နိုင်ဇော်
12 December 2019
in သတင်း
A A
ICJ တရားရုံးတွင် သွားရောက် ရင်ဆိုင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / Reuters

ICJ တရားရုံးတွင် သွားရောက် ရင်ဆိုင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / Reuters

15.6k
VIEWS
Share on FacebookShare on Twitter

တပ်မတော်အပေါ် နိုင်ငံတကာ၏ အထင်အမြင် လွဲမှားနေသည့် ကိစ္စရပ်တချို့ကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြ ပေးခဲ့သည်ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် လူမျိုးသုဉ်း သတ်ဖြတ်သည် ဆိုသော ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်ကို သွား ရောက် ရင်ဆိုင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ မနေ့က တရားခွင်အတွင်း ပြောဆိုချက်များကို တပ်မတော်မှ အကောင်းမြင်ကြောင်း သိရသည်။

RelatedPosts

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
75
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
1.5k
ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

16 June 2025
651

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “နိုင်ငံတကာ အသိုင်းအဝိုင်းက အမြဲတမ်း ထောက်ပြပြောဆိုနေတဲ့ နယ်မြေ ရှင်းလင်း ရေးပေါ့။ Clearance Operation နဲ့ ပတ်သက်ပြီးတော့လည်း ဒါကို နိုင်ငံတကာရဲ့ အထင်အမြင် လွဲမှားနေတာ ဖြစ်တဲ့ အကြောင်းကို ပြောပြသွားတာ တွေ့ရှိရပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် က “Clearance Operation” ရှင်းလင်းမှု စစ်ဆင်ရေး ဆိုသည်မှာ မြန်မာနိုင်ငံ၏ သမိုင်းတွင် သုံးခဲ့သည်မှာ ကြာပြီ ဖြစ်ကြောင်း၊ ကွန်မြူနစ်ပါတီကို ရှင်းလင်းခဲ့စဉ်ကလည်း ယခုစကားလုံးကို အသုံးပြုကြောင်း၊ သောင်းကျန်းသူများကို ရှင်းလင်းရာတွင် ယခု စကားလုံးကို သုံးကြောင်း တရားခွင်တွင် ပြောဆိုခဲ့သည်။

သို့သော် မြန်မာနိုင်ငံတွင် အစိုးရသည် တပ်မတော်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တရားစီရင်ခွင့် မရှိကြောင်း ၊သို့သော် စစ်တရားရုံးများသည် ၂၀၁၈ ခုနှစ်မှစ၍ တပ်မတော်သားများကို အရေးယူမှု ပိုများလာကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။

“တပ်မတော်ရဲ့ တရားစီရင်ရေး စနစ်ပေါ့။ တရားစီရင်ရေး စနစ်နဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ တပ်မတော်အနေနဲ့ တာ ဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ဆောင်ရွက်နေတာကိုလည်း ပြောပြသွားနိုင်တာကို တွေ့ရပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ပြောသည်။

၎င်းက ဆက်၍ “နိုင်ငံတကာ အသိုင်းအဝိုင်းကနေပြီးတော့ ဖျောက်ထားတဲ့ ရခိုင်ပဋိပက္ခ စတင်ဖြစ်ပွားရတဲ့ အကြောင်း ရင်း၊ ARSA ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကိုလည်း ရရှိတဲ့ အချိန်အတွင်းမှာ နိုင်ငံတကာ သိအောင် ပြောပြသွားနိုင် တာကို မြင်ပါတယ်” ဟု ဆိုသည်။

ရခိုင်အရေး တာဝန်ခံရမည်မှာ တပ်မတော် ဖြစ်သော်လည်း နိုင်ငံတကာ ဥပဒေများအရ အစိုးရတွင် တာဝန်ရှိနေသဖြင့် လူမျိုးသုဉ်း သတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အစိုးရအဖွဲ့ ခေါင်းဆောင် အနေ ဖြင့် သွားရောက် ဖြေရှင်းရခြင်း ဖြစ်ကြောင်း သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြော သည်။

“အရေးကြီးတာက တပ်မတော် အပေါ်မှာ သူ့ သြဇာညောင်းအောင် လုပ်နိုင်ဖို့၊ ကိုယ်က တခုခု ကျေးဇူးပြုနိုင်လို့ ရှိရင် အကောင်းဆုံးပေါ့။ ဒီကိစ္စ အောင်မြင်ရင် သမိုင်းမှာ ကြီးမားတဲ့ ကျေးဇူးပြုမှုတခု ဖြစ်သွားမယ်။ အဲဒီလို ဖြစ်သွားရင် သူ့ သြဇာက တပ်မတော်အပေါ်မှာ ထူထောင်ပြီးသား ဖြစ်သွားမယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သည် ၎င်း၏ ထိန်းချုပ်မှုအောက်တွင် မရှိ ကြောင်း အရိပ်အမြွတ် ပြောဆိုခဲ့ပြီး အခြေခံ ဥပဒေအရ တပ်မတော်တွင် လွတ်လပ်သည့် တရားစီရင်ရေး စနစ်တခု ရှိနေကြောင်း ချပြသွားသည်ကို တွေ့ရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

ဦးအောင်လှိုင်ဝင်း က “ပြဿနာက ဘာလဲဆိုတော့ လုံလောက်အောင် ပြည်တွင်း အခြေအနေတွေကို ရှင်းမပြနိုင်ဘူး။ ရှင်းပြတာက ပြောင်း ပြန်ကြီး ဖြစ်ပြီးတော့ တပ်မတော်က လွတ်လပ်စွာ လုပ်ဆောင်နေတယ်ဆိုပြီး အတိုင်ပင်ခံက တပ်မတော်ဘက်က ပြောတယ်ဆိုပြီး နိုင်ငံတကာ ထင်သွားတယ်” ဟု ပြောသည်။

လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ တရားစွဲဆို ထားမှုနှင့် ပတ်သက်၍ ရာဇဝတ်မှု ကျူးလွန်သည့် အနေအထားမျိုး ဖြစ်ခဲ့သော်လည်း ရှုပ်ထွေးသည့် အနေအထား တွင် လူမျိုးသုဉ်း သတ်ဖြတ်မှုဟု ကောက်ချက်ချ၍ မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုခဲ့သည်။

“ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ပိုဆိုးသွားအောင် တရားရုံးက မဆုံးဖြတ်ပါနဲ့လို့ မျှော်လင့်ပါတယ်”ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံဘက်မှ ရှေ့နေ ပါမောက္ခ ဝီလျံရှဘတ်စ်ကလည်း လူမျိုးသုဉ်း သတ်ဖြတ်မှု၏ အဓိပ္ပာယ် ဖွင့်ဆိုချက်အပေါ် နားလည်မှု လွဲနေခြင်းများ ရှိပြီး ဂမ်ဘီယာဘက်မှ လျှောက်ထားသူများ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် လူမျိုးသုဉ်း သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး အတိအကျ ပြောဆိုနိုင်ခြင်း မရှိကြောင်း၊ လိုအပ်ချက်များ ရှိကြောင်း တရားခွင်တွင် ပြောသည်။

ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ပထမအကျော့ နှုတ်ဖြင့် ကြားနာမှုကို ဒီဇင်ဘာ ၁၀ ရက်က စတင် ခဲ့ခြင်း ဖြစ်ပြီး ထိုနေ့တွင် ဂမ်ဘီယာဘက်မှ တာဝန်ရှိသူများက လျှောက်လဲ တင်ပြခဲ့ကြပြီး ဒီဇင်ဘာလ ၁၁ ရက်တွင် မြန်မာနိုင်ငံဘက်က ပြန်လည်ချေပ လျှောက်လဲ တင်ပြခြင်း ဖြစ်ကာ ယနေ့ ဒီဇင်ဘာ ၁၂ ရက်၌ နှစ်ဖက် လျှောက်လဲမှု များ ပြုလုပ်နေပြီ ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

လူမျိုးသုဉ်း သတ်ဖြတ်မှု မမြောက်ကြောင်း ICJ တွင် ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ

Your Thoughts …
Tags: ICJတပ်မတော်ဒေါ်အောင်ဆန်းစုကြည်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.2k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.3k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.6k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.8k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
မြန်မာ အထည်ချုပ် လုပ်ငန်းခွင် တခု / ဧရာဝတီ

၂၀၂၀ ခုနှစ် မြန်မာ့စီးပွားရေးအတွက် GSP က စိန်ခေါ်မှု ဖြစ်နေ ဟုဆို

ကချင်ပြည်နယ် ဝိုင်းမော်မြို့အတွင်းရှိ တစ်ရှုးငှက်ပျောစိုက်ခင်းကိုတွေ့ရစဉ်  / ဇော်ဇော် / ဧရာဝတီ

ကချင်ပြည်နယ် တစ်ရှုးငှက်ပျော စိုက်ပျိုးခြင်းများမှ အခွန်ရရေး လွှတ်တော်တွင် ဆွေးနွေး

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate