ထိုင်းရိုးရာအနှိပ်ပညာဖြစ်သော Nuad Thai ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)က ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်- Intangible Cultural Heritage (ICH)အဖြစ် ကမ္ဘာ့အမွေအနှစ် စာရင်းတွင် ထည့်သွင်းလိုက်သည်။
ပြီးခဲ့သည့် ကြာသပတေးနေ့က ကိုလံဘီယာနိုင်ငံ ဘိုဂိုတာတွင် ကျင်းပသည့် UNESCO အစည်း အဝေးတွင် က Nuad Thai ကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ထိုင်းရိုးရာဆေးပညာဌာနဒုတိယညွုန်ကြားရေးမှူး ဒေါက်တာ ပရာမို့ ဆက်တီယန်ရက်က ထိုအချက်ကို သောကြာနေ့ ကကြေညာသည်။
ထိုင်းရိုးရာအနှိပ်ပညာကို အမွေအနှစ်အဖြစ်စဉ်းစားရန် UNESCO သို့တင်သွင်းခဲ့သည် ယဉ်ကျေး မှုဝန်ကြီးဌာနမှ ယဉ်ကျေးမှုမြှင့်တင်ရေးဌာနကိုလည်း ကျေးဇူးတင်ကြောင်းသူပြောသည်။
လက်ရှိ ထိုင်းရိုးရာအနိုပ် သင်ကြာရေး ဌာန ဝပ်ဖိုဟု လူသိများသည် ဝပ်ပရာ ချက်တူဖွန် ဝိမွန် မင်္ဂလာရမ် ကျောင်းတွင် ဒေါက်တာ ပရာမို့က ကြေညာခဲ့ခြင်းဖြစ်သည်။
ထိုကြေညာချက်ကို ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပြည်တွင်းမှ ပညာရပ်ကို ကမ္ဘာသိလာသော ကြောင့် ထိုင်းပြည်သူများနှင့် ဘုရင့်နိုင်ငံတော်အတွက် အောင်ပွဲဖြစ်ကြောင်း ပြောသည်။
“ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ရိုးရာအနိုပ်ပညာ ကို ထိုင်းပြည်သူတွေ အကျိုးအရှိဆုံး ဖြစ်အောင် ရောဂါလက္ခဏာတွေသက်သာအောင်ကုတဲ့ ရိုးရာဆေးသိပ္ပံအဖြစ်တိုးတက်အောင်၊ ထိုင်းတွေအတွက် အသက်မွေးဝမ်း ကြောင်းဖြစ်အောင်လုပ်သွားမယ်” ဟု သူက ပြောသည်။