သတင်း

ထိုင်းတွင် သေနတ်ဖြင့် ပစ်ခံရသည့် မြန်မာအလုပ်သမား ၂ ဦး အမှုမဖွင့်ရဲဘဲဖြစ်နေ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ၊ ဖန်ငခရိုင် ဖန်ငမြို့၊ကရုနိင်စရီ ကျေးရွာအမှတ် ရှိ ရာဘာခြံတွင် အလုပ် လုပ်နေသည့် မြန်မာ အလုပ်သမား ဦးကို ခြံရှင် ထိုင်းလူမျိုး၏ တူတော်စပ်သူက  သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဓားဖြင့် ထိုးခြင်း ပြုလုပ်ခဲ့သော်လည်း တရားလိုအလုပ်သမားများက  အမှုဖွင့်ရန် ဆန္ဒမရှိကြောင်း သိရသည်။

ထိုအမှုနှင့်ပတ်သက်ပြီး ရာဘာခြံ အလုပ်သမားတဦးကသူတို့က ရဲစခန်းတို့ အာဏာပိုင်တို့ကို ပြောရင် အလုပ်ရှင်က သူတို့ကို ပြန်ရန်ရှာမှာလာလည်း စိုးရိမ်တယ်။ နောက် တရားခံကလည်း မမိသေးတော့ သူတို့ကို ပြန်လာပြီး ရန်လုပ်မှာစိုးတဲ့အတွက် အမှုမဖွင့်ရဲတာပါ။ အလုပ်ရှင်ကလည်း အာဏာရှိတော့ ကြောက်တယ် လေဟု ဧရာဝတီသို့ ပြောသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ရော်ဘာခြံပိုင်ရှင်၏ တူတော်စပ်သူ နိုင်ရော့စဖတ်( အွတ်)သည်  မြန်မာနိုင်ငံသား ရာဘာခြံအလုပ်သမားများ ၎င်းတို့ အဆောင် အတွင်း အိပ်ပျော်နေစဉ် ဓားဖြင့် ဝင်ခုတ်ကာ သေနတ်ဖြင့် လည်း ပစ်ခတ်ခဲ့သည်။

ထိုသို့ ပစ်ခတ်မှုကြောင့် မြန်မာနိုင်ငံသား ဦးဖြစ်သည့် ဦးလှိုင်ဝင်း၊ ကိုကျော့နှင့် ကိုငယ်တို့ ဦး ထိခိုက်ဒဏ် ရာများ ရရှိခဲ့ပြီး ကိုငယ် ဆိုသူသည် ဖန်ငဆေးရုံတွင် ဒီဇင်ဘာ ၁၄ ရက်နေ့က သေဆုံးသွားကြောင်း သိရသည်။

တရားခံ နိုင်ရော့စဖတ် (အွတ်) သည် ခြံပိုင်ရှင် ဦးလေးမှ ၎င်းအား အလုပ်မခိုင်းဘဲ မြန်မာနိုင်ငံသားများကိုသာ အလုပ်ပေးထားသည်ကို မကျေနပ်သည့်အတွက် မြန်မာအလုပ်သမားများ ခြံထဲတွင် မနေနိုင်အောင် သေနတ်ဖြင့် ပစ်ခြင်း ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းသတင်းစာ စောင်တွင် ဖော်ပြထားသည်။

ထိုအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ အလုပ် သမားရေးနှင့်မှတ်တမ်းတာဝန်ခံ ဦးမင်းဦး ကလောလောဆယ်တော့ ကာယကံရှင်တွေဘက်က မပါတာ တော် တော်ဆိုးတယ်။ အလုပ်ရှင်က ပြန်ရန်မှုမှာလည်း သူတို့က ကြောက်တယ်။ နောက်ပြီး သူတို့က အလုပ် ပြန်လုပ်ချင် နေတယ်ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် မြန်မာသံရုံး၏ ရနောင်းနယ်အခြေစိုက် သံအရာရှိ ဦးကျော်စိုးဝေနှင့် တိုင်ပင်ဆွေးနွေးကာ လိုအပ်သည်ကို ကူညီပေးနိုင်ရန် စီစဉ်နေသည်ဟုလည်း သိရသည်။

၎င်းရာဘာခြံနှင့်အနီးအနားရှိ ခြံပေါင်း  ခြံတွင် မြန်မာအလုပ်သမား စုစုပေါင်း ၁၄ ဦး နေထိုင် လုပ်ကိုင် လျက်ရှိကြောင်း၊ သေနတ်သမားအား ရဲများက လိုက်လံ ရှာဖွေနေဆဲ ဖြစ်ပြီး ဖမ်းဆီး မရသေးသဖြင့် အလုပ်သမားများအား ရှောင်နေကြရန်ပြောသဖြင့် အားလုံးက နီးစပ်ရာ အသိမိတ်ဆွေ မြန်မာနိုင်ငံသားများ၏ အိမ်များတွင် တိမ်းရှောင်နေကြရသည်ဟု ဦးမင်းဦးက ပြောသည်။

ထိုပြဿနာနှင့်ပတ်သက်ပြီး မေးမြန်းရန် ဧရာဝတီသတင်းဌာနမှ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိခဲ့ပါ။

ထိုင်းတောင်ပိုင်းတွင် အလားတူ ဖြစ်ရပ်များ ယခင်ကလည်း ဖြစ်ခဲ့ဖူးပြီး ကာယကံရှင်များသည် အမှုစတင်ချိန် တွင် ပါဝင်ပြီးနောက် အချိန်ကြာလာပါက လိုက်ပါဆောင်ရွက်လိုခြင်း မရှိတော့ဘဲ ပြောင်းရွှေ့သွားခြင်း၊ တိမ်းရှောင်ခြင်းနှင့် အမှုပိတ်စေခြင်းများကို ပြုလုပ်ခဲ့သည့် နမူနာများ အနေဖြင့် ယခုနှစ်တွင် ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ကြိမ် ရှိခဲ့ကြောင်း သိရသည်။

အလားတူ ဖြစ်ရပ် တခုမှာ ထိုင်းနိုင်ငံသားတဦးက မြန်မာနိုင်ငံသား ရာဘာခြံလုပ်သား မိသားစုနေအိမ်သို့ ကျူးကျော် ဝင်ပြီး ပိုက်ဆံတောင်းရာမှ မရသဖြင့် ဓားဖြင့် ခုတ်ခဲ့သည့်အတွက် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ FED အနေဖြင့် ကာယကံရှင်များ ဆေးဝါးကုသရေးနှင့် ရဲစခန်းတွင် တိုင်ချက်ဖွင့်ကာ ဥပဒေပိုင်းအရ အရေးယူနိုင်ရေး အတွက် အကူအညီပေးခဲ့သော်လည်း ကာယကံရှင်များက ရဲစခန်းတွင် နှစ်ကြိမ်မြောက်စ စ်ချက်ယူပြီးနောက် အမှု အတွက် လိုက်ပါလုပ်ဆောင်လိုခြင်း မရှိတော့သဖြင့် ရှောင်တိမ်းသွားခဲ့သည့် ဖြစ်စဉ် ဖြစ်ခဲ့ဖူးကြောင်း သိရသည်။

You may also like these stories:

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းလူမူဖူလုံရေး အကျိုးခံစားရနိုင်သည်

ထိုင်းဆောက်လုပ်ရေး လုပ်ငန်းခွင် မတော်တဆမှု မြန်မာအလုပ်သမား သုံးဦးသေဆုံး

ထိုင်းတွင် အနိမ့်ဆုံးလုပ်ခလစာ မြှင့်တင်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading