ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် အစိုးရဌာနပေါင်းစုံသည် နယ်မြေလုံခြုံရေးအတွက် စစ်ကြောင်းလှည့်နေစဉ် ဒုရဲအုပ် တဦးက ရဲတပ်သားတဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှု သက်ဆိုင်ရာသို့ တိုင်ကြားစာ ပေးပို့ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၄ ရက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တွန်းဇံမြို့နယ်မှ ဒုရဲအုပ် ဟံဝင်းအောင်သည် သူ၏ အရှေ့၌ ဆိုင် ကယ် မောင်းနှင်နေသည့် ရဲတပ်သား ထန်လျန်းပေါင်ကို ကျီခါး–ဇမ်ပီးလမ်းခွဲ အရောက်၌ ၆ မမ ပစ္စတိုဖြင့် တခြား ဌာန ပေါင်းစုံမှ ဝန်ထမ်းများ၏ ရှေ့၌ သေနတ်ဖြင့် ၄ ချက် တိတိ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ပစ်ခတ်ခံရသူကဆို သည်။
ရဲတပ်သား ထန်လျန်းပေါင်က “အရင်က သူနဲ့ စကားများ ရန်ဖြစ်တာ မရှိပါဘူး။ အဲဒီချိန်မှာ သူက အရက်သောက်ထား တယ်။ လမ်းမှာ သောက်တာပေါ့။ သူ ကျနော့်ကို ကြောင်တောင်တောင် ဝါးတားတား မလုပ်နဲ့နော်လို့ ခဏခဏ ပြောလာ တော့ ဗိုလ်လေး ဘာလို့ ကျနော့်ကို အဲဒီလို ပြောတာလဲလို့ ပြန်မေးတာကို သူက ငါ့ကိုခံမပြောနဲ့ ဘာညာဆိုပြီး ပြော တယ်။ ပြီးတော့ သေနတ်နဲ့ပစ်တော့တာပဲ” ဟု ရှင်းပြသည်။
ပစ်ခတ်မှု ဖြစ်ပွားရာနေရာ၌ ရဲတပ်သား ထန်လျန်းပေါင်အား ကျည်ဆန်မထိခဲ့ဘဲ လမ်းဘေး ချုံပုတ်ထဲသို့ ပုန်းခဲ့ရကြောင်း၊ စစ်ကြောင်းမှူး ဖြစ်သည့် ဗိုလ်ကြီး အောင်ကိုကိုက အချိန်မှီ ထိန်းသိမ်း ကာကွယ်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ရဲတပ်သား ထန်လျန်းပေါင် က “ကျနော်က တောင်းပန်တာ သိပ်မကြိုက်ဘူး။ ဘာလို့ဆို ကိုယ့်အထက်အရာရှိက ငယ်သား အပေါ် တောင်းပန်တာက မကောင်းဘူးလေ။ ကျနော်ကတော့ သူ့ကို စိတ်ထဲဘယ်လိုမှ မထားပါဘူး။ နောက် သူက ပိုက် ဆံနဲ့ တောင်းပန်ရင် လက်ခံမှာ မဟုတ်ဘူး။ တရားမျှတတဲ့ အရေးယူတာမျိုးပဲ ဖြစ်စေချင်တယ်။ ဘာလို့ဆို ကျနော့်ရဲ့ ဂုဏ် သိက္ခာ ရှိသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “နောက် ဗိုလ်ကြီးအောင်ကိုကိုက ပြန်ခေါ်လာပြီး ခရီးပြန်ဆက်လို့ နားတဲ့ချိန်မှာ ဒုရဲအုပ်က မင်းကို သတ်မယ်လို့ ထပ်ပြောသေးတယ်။ တိုင်ချင်တိုင် လို့လည်း ပြောတယ်။ ပြီးတော့ လူသတ်ရင် သိန်း ၁၀၀၊ ၂၀၀ လောက်နဲ့ လျှော်ရင် ရတယ်လို့ ပြောတာ ကျနော် တော်တော် မကျေနပ်ဘူး။ ဒါကြောင့် လူကြီးတွေကို ကျနော် တိုင်စာ ပို့တာပါ” ဟု ရှင်းပြသည်။
တိုင်ကြားစာတွင် အသက်အန္တရာယ် သေစေရန်နှင့် ဂုဏ်သိက္ခာ ထိပါးစေမှု အတွက် ဒုရဲအုပ် နယ်ထိန်း ခေါင်းဆောင်အား လိုအပ်သလို အရေးယူပေးရန် ဒီဇင်ဘာလ ၁၄ ရက် နေ့စွဲဖြင့် တွန်းဇံ မြို့မ ရဲစခန်းမှူးကို လိပ်မူပြီး လူမူရေးဝန်ကြီး အပါအ ဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ဖလမ်းခရိုင် ရဲတပ်ဖွဲ့ရုံး တို့ကို မိတ္တူ ပေးပို့ထားကြောင်း သိရသည်။
တွန်းဇံမြို့နယ် စခန်းမှူး ရဲအုပ် စိုးဝင်း က “သူ့ကို အရေးယူဖို့တော့ ကျနော်တို့ စာတင်ထားတယ်။ ပြစ်ဒဏ်ကတော့ ပြောလို့ မရသေးဘူး။ ဒါကတော့ သူရဲ့ စစ်ဆေးပေါ်ပေါက်မှု အပေါ်မှာ မူတည်တာပေါ့။ ကျနော်တို့က အဆင့်ဆင့် တင်ရတာ။ တာ ဝန်ချိန်မှာ အရက်သောက်ထားမှာပေါ့။ အဲဒီတော့ စကားပြောရာမှာလည်း အဆင်မပြေတော့ ရုတ်တရက် ဒေါသဖြစ်သွား တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
သေနတ်ဖြင့် ပတ်ခတ်ခဲ့သည့် ဒုရဲအုပ် ဟံဝင်းအောင်ကို ဧရာဝတီမှ အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့သော်လည်း ပြန်လည် ဖြေကြား ခြင်း မရှိခဲ့ပါ။ ၎င်းသည် ဟားခါးမြို့တွင် သင်တန်း တက်ရောက်နေသည် ဟုလည်း သိရသည်။
ပစ်ခတ်ခံရသူ ရဲတပ်သား ထန်လျန်းပေါင်သည် တွန်းဇံမြို့နယ်စခန်းတွင် တာဝန်ကျနေသည်မှာ ၈ လခန့်သာ ရှိပြီး ဒုရဲအုပ် ဟံဝင်းအောင်နှင့် ပတ်သက်၍ ပြဿနာ တစုံတရာဖြစ်ပွားထားခြင်းမျိုး မရှိကြောင်းလည်း သိရသည်။
You may also like these stories:
မူးယစ်ဆေး ဝင်ဖမ်းရာမှ ရဲတပ်ဖွဲ့ဝင် ပစ်သည့် ကျည်ဆံ ဒုရဲအုပ် မှန်
မန္တလေးမြို့လယ် ပစ်ခတ်မှု သေနတ်သမား သေဒဏ်နှင့် ထောင် ၁၀ နှစ် ကျခံရန် အမိန့်ချ
ကျောက်ဆည် သစ်ခိုးမှုကွင်းဆက် တရားမဝင်သစ် တန် ၁၀၀ ကျော် ပိုင်ရှင်မဲ့ထပ်မိ