• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်း ကော်မတီမှ ကြံ့ခိုင်ရေး ပါတီဝင်၂ ဦး ထပ်မံနုတ်ထွက်

by မိုးမိုး
17 December 2019
in သတင်း
A A
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်း ကော်မတီမှ နုတ်ထွက်သွားသည့် USDP အမတ်နှစ်ဦး  / မိုးမိုး / ဧရာဝတီ

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်း ကော်မတီမှ နုတ်ထွက်သွားသည့် USDP အမတ်နှစ်ဦး / မိုးမိုး / ဧရာဝတီ

32k
VIEWS
Share on FacebookShare on Twitter

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီဝင် ကိုယ်စားလှယ် ၂ ဦး ယနေ့ ထပ်မံ နုတ်ထွက်သွားကြောင်း သတင်း ရရှိသည်။

ကြံ့ခိုင်ရေး ပါတီဝင်များ ဖြစ်ကြသည့် ဦးစိုင်းကျော်မိုးနှင့် ဦးဆီဟူးဒွေ့တို့ ၂ ဦးသည် ၎င်းတို့၏ သဘောဆန္ဒအရ နုတ်ထွက် ခွင့်ပြုသည့် အမိန့်ကြေညာစာတခုကို ယနေ့ ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ ထံသို့ ဖြန့်ဝေထားသည်ဟု သိရသည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
447
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
275
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.5k

ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးက “ကျနော်တို့ ၂ ယောက် ထွက်လိုက်လည်း ကျန်တဲ့ ဟာလည်း ထူးမလာနိုင်ဘူး။ အင်အား အနည်းအများနဲ့ အင်အား အသာစီး ရယူထားတဲ့ အဖွဲ့အစည်းကပဲ အတည်ဖြစ်သွား မှာပါ” ဟု လွှတ်တော်တွင် သတင်း ထောက်များကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီဖွဲ့စည်းရာတွင် လွှတ်တော် အတွင်းရှိ ပါတီ၊ အစုအဖွဲ့အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များ အချိုးကျ ပါဝင် ဖွဲ့စည်းထားသည့် ၄၅ ဦး ကော်မတီ ဖြစ်သည်။

အဆိုပါ ၄၅ ဦး ကော်မတီအဖွဲ့ ဖွဲ့စည်းစဉ်က ဦးတည်ချက် လုပ်ငန်း တာဝန်များတွင် တရားလွှတ် တော်ချုပ်၊ ဝန်ကြီးချုပ်များ နှင့် တွေ့ဆုံဆွေးနွေး၍ အကြံဉာဏ်များ ယူသင့်ပါက ယူမည် ဖြစ်ကြောင်း ပါရှိသော်လည်း ယခုထိ ယင်းအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း မရှိသေးကြောင်းကို လည်း မိုင်းပန် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးက ထောက်ပြ သည်။

“ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာ မူကြမ်းဆိုတာ ပူးပေါင်း ကော်မတီဝင် အားလုံးရဲ့ ဆန္ဒ သဘောထား ပါဝင်ရပါမယ်။ အခု လက်ရှိ ကြုံတွေ့နေရတဲ့ အနေအထားအရဆိုရင် ပူးပေါင်း ကော်မတီက ထွက်လာမယ့် အစီရင်ခံစာက ကော်မတီဝင် အား လုံးရဲ့ ဆန္ဒမဟုတ်ဘူး ဆိုတာကို ကျနော်တို့ သိရတဲ့အတွက်ကြောင့် နုတ်ထွက်တာ ဖြစ်ပါတယ်” ဟု ၄၅ ဦးကော်မတီမှ နုတ် ထွက်သူ ဦးဆီဟူးဒွေ့ကလည်း ယနေ့ သတင်းထောက်များကို ပြောသည်။

ယခု ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ်၂ ဦး နုတ်ထွက်ခွင့် မပြုမီ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ကိုယ် စားလှယ်တဦး၊ ရခိုင်အမျိုးသား ပါတီမှ ကိုယ်စားလှယ် ၂ ဦးတို့ အသီးသီး နုတ်ထွက်ထားကြပြီး လီဆူအမြိုးသား ဖှံ့ဖွိုးတိုးတကျရေးပါတီ (ဒူလေးပါတီ) ကိုယ်စား လှယ် ဦးလာမာလေးမှာ ယင်းအစည်းအဝေးကို တက်ရောက်ခြင်း မရှိသည်မှာ ၇ လရှိပြီ ဖြစ်သဖြင့် အဆိုပါ ကော်မတီတွင် ၃၉ ဦးသာ ကျန်ရှိသည်။

၄၅ ဦး ပူးပေါင်း ကော်မတီတွင် ပြင်ဆင်လိုသည့် အချက်များကို လက်ညိုးထောင်၊ ခေါင်ငြိမ့် စနစ်ဖြင့် သွားခြင်းမဟုတ်ဘဲ မဲပေးသည့် စနစ်ဖြင့် သွားခြင်းဖြစ်ကြောင်း NLD ပါတီဘက်မှ တင်ပြသည့် အချက်များကို အခြား တိုင်းရင်းသား ပါတီများ ကလည်း သဘောထား တူညီသဖြင့် မဲပေးသည့် အချက်အလက်များ များစွာရှိကြောင်း ဖွ့ဲစည်းပုံပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က သတင်းထောက်များကို ပြောသည်။

NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင် အဖွ့ဲတဦးလည်း ဖြစ်သူ ဦးအောင်ကြည်ညွန့်က “သူတို့ ထွက်သွားလည်း ပုံမှန် အတိုင်းပဲ သွားမယ်။ သိပ်ပြီးတော့ အများကြီး မကျန်တော့ဘူး။ ပြီးခဲ့တဲ့ အပတ်ကလည်း ပြောထားတာပဲ။ ဇန်နဝါရီလ လောက် ပြီးမယ် ဆိုတာကိုလည်း ပြောထားပြီ သားလေ” ဟု ဆိုသည်။

လက်ရှိ ပြင်ဆင်ရန် ကြိုးစားနေသည့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပုဒ်မပေါင်း ၄၅၇ ခုနှင့် ပတ်သက်၍ ပြင်ဆင်လိုသည့် အချက်ပေါင်း ၃၇၀၀ ကျော်ကို နိုင်ငံရေးပါတီ ၁၄ ခု၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့တို့မှ လူပုဂ္ဂိုလ် ၄၅ ဦး ပါဝင်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီက အစီရင်ခံစာ တရပ် ရေးသားပြုစု၍ ပြည်ထောင်စု လွှတ်တော်သို့ ဇူလိုင် ၁၅ ရက်က တင်ပြခဲ့ပြီး ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မည်ဟု ပြောဆိုပြီး၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် NLD သည် အာဏာရပြီး ၃ နှစ် အကြာ၌ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီ တရပ် ဖွဲ့စည်းရန် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ပြည်ထောင်စု လွှတ်တော်သို့ အရေးကြီး အဆိုအဖြစ် တင်သွင်းကာ မဲအသာဖြင့် အတည်ပြုနိုင်ခဲ့သည်။

ထိုနေ့က ပူးပေါင်း ကော်မတီဖွဲ့စည်းမှုကို အဆုံးအဖြတ်ရယူရာ USDP နှင့် တပ်မတော်တို့က သဘောမတူသဖြင့် မဲခွဲဆုံး ဖြတ်ခဲ့ပြီး ဆန္ဒမဲပေးခွင့် ရှိသူ ၅၉၄ ဦးတွင် ထောက်ခံသူ ၃၈၉ ဦး၊ ကန့်ကွက်သူ ၁၉၂ ဦး၊ ကြားနေ ၃ ဦးဖြင့် အတည်ပြုနိုင် ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီ အသီးသီးမှ ကိုယ် စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင် ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။

You may also like these stories:

အပစ်ရပ်ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ တက်ရန်ဆုံးဖြတ်

ဗိုလ်ချုပ်တဦး ၏ ဆဲဆိုမှု လွှတ်တော်နှင့် တပ်မတော်သို့ စာပို့ တိုင်ကြား

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီမှ N.U.D ပါတီ နုတ်ထွက်

Your Thoughts …
Tags: ပူးပေါင်းကော်မတီဖွဲ့စည်းပုံပြင်ဆင်ရေး
မိုးမိုး

မိုးမိုး

...

Similar Picks:

ဇန်နဝါရီ ၂၇ ရက် ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်တဦးကို မြင်ရစဉ် / ထက်ဝေ

ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်နိုင်ချေ သော့ချက် ၂ ချက်

by စမ်းယမင်းအောင်
10 February 2020
21.6k

ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုပြုချက် ၁၁၄ ချက်တွင် အဓိကအကျဆုံး အချက်နှစ်ချက်ကို တွေ့ရသည်။

ပြည်ထောင်စုလွှတ်တော်  /  သီဟလွင် / ဧရာဝတီ

ဖွဲ့စည်းပုံပြင်ဆင်ရေး ပထမနေ့ ရှုံးနိမ့်၊ အရေးပေါ်ကာလ တပ်ချုပ်သာ ဆက်ဦးဆောင်မည်

by ထွန်းထွန်း
10 March 2020
54.5k

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ယနေ့မဲခွဲရာတွင် တပ်မတော်အား အာဏာလျော့ချသည့် ပြင်ဆင်ချက်ပုဒ်မများ ရှုံးနိမ့်ခဲ့ပြီး ပုဒ်မ ၂ ခုသာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့သည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်သည့် တပ်မတော်သား ကိုယ်စားလှယ်များ  / သီဟလွင် / ဧရာဝတီ

ဖွဲ့စည်းပုံ စိစစ်ရေး ပူးပေါင်းကော်မတီ တာဝန်ရှိသူများကို အရေးယူရန် တပ်မတော် တိုင်ကြား

by ထက်နိုင်ဇော်
28 February 2020
20k

ထိုကဲ့သို့ ကျန်ရှိနေခြင်းသည် “ရည်ရွယ်ချက် ရှိရှိ မရိုးမဖြောင့်သော သဘောဖြင့် ချန်လှပ်ခဲ့ခြင်းဟု ယူဆရပါသည်” ဟု လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ပြည်ထောင်စု လွှတ်တော်သို့ တိုင်ကြားထားသည့် စာ၌ ဖော်ပြထားသည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး မျိုးထက်ဝင်း မီဒီယာများအား ဖြေကြားနေစဉ်  / မိုးမိုး / ဧရာဝတီ

ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီ ဆုံးဖြတ်ချက် NLD သဘောထားဖြစ်နေဟု တပ်မတော် ပြော

by မိုးမိုး
17 September 2019
51k

လွှတ်တော်က ဖွဲ့စည်းပေးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ (၄၅ ဦး ကော်မတီ)၏ ဆုံးဖြတ်ချက်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ သဘောထား ဖြစ်နေကြောင်း

ပြည်ထောင်စုလွှတ်တော် မြင်ကွင်း / သီဟလွင် / ဧရာဝတီ

ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှု အားမရဟု တိုင်းရင်းသား အမတ်များပြော

by သီဟလွင်
29 February 2020
11.5k

လွှတ်တော်တွင်း ဆောင်ရွက်နေသော ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းမှုကို အားမရသည့်အပြင် ထိရောက်သည့် ပြင်ဆင်မှုများ ရရှိနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်မှ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များ က ပြောသည်။

၁၉၈၈ ခုနှစ်မှစ၍ နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဘက်ခေါင်းဆောင်များ အကြိမ်ကြိမ် တွေ့ဆုံမှုများ ရှိခဲ့သော်လည်း ခိုင်မာသော ရလဒ် မထွက်ခဲ့ / Reuters

တဖက်သတ် နားထောင်ရုံဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး အလုပ်မဖြစ်

by ကျော်စွာမိုး
22 March 2019
14.8k

မဆွေးနွေးချင်သူများသည် နိုင်ငံရေး အခြေအနေကို မပြောင်းလဲ လိုသောကြောင့် ဖြစ်သည်။ မည်သူတို့နည်း။

Next Post
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည် မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်များ  /  ကျော်ခ  / ဧရာဝတီ

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ဆွေးနွေးပွဲ ရေရာသည့် အဖြေမထွက်

ဗစ်တိုးရီးယား အမှု တရားမျှတမှု ရရှိရေး လှုံ့ဆော်သည့်ပုံ

ဗစ်တိုးရီးယား အမှု ထိုင်းနိုင်ငံတွင် DNA စစ်ဆေးခွင့်ပြုရန် ဖခင်ဖြစ်သူ တောင်းဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

7 days ago
3.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate