ဗစ်တိုးရီးယား၏ ခန္ဓာကိုယ်အတွင်းမှ ထုတ်ယူထားပြီး စစ်ဆေးရာတွင် သုပ်ပိုးတွေ့ရှိခဲ့သည့် မှန်ပြားကို ထိုင်းနိုင်ငံတွင် DNA ပြန်လည် စစ်ဆေးရန် ကလေးငယ်၏ ဖခင်ကိုယ်တိုင် က္ခိဏခရိုင် ဥပဒေရုံးသို့ ယနေ့တင်သွင်း လိုက်သည်။
ဗစ်တိုးရီးယားအမှုကို ကူညီဆောင်ရွက်နေသူ ဒေါက်တာဝင်းကိုကိုသိန်း (သက္ကမိုးညို ) က “သမီးလေးရဲ့ ဖခင်ကလည်း ဒါနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားကို ပို့ပြီး စစ်ချင်တယ်ပေါ့။ ကျနော်တို့က ဖြစ်နိုင်ရင် ထိုင်းနိုင် ငံ ချင်းမိုင်က မဟာရတ် ဆေးရုံ ကိုပို့ပြီး ကျနော်တို့ စစ်မယ်ပေါ့နော်” ဟု ယနေ့ သတင်းထောက်များကို ပြောသည်။
အဆိုပါ ဗစ်တိုးရီးယားကို စစ်ဆေးထားသည့် မှန်ပြားတွင် DNA ၂ မျိုးပါဝင်ကြောင်း၊ ဗစ်တိုးရီးယား၏ ခန္ဓာကိုယ်မှ DNA နှင့်ကျူးလွန်သူ၏ DNA ပါနိုင်သဖြင့် ထိုစစ်ဆေးချက်မှ ရရှိလာသည့် အဖြေနှင့် ရဲတပ်မှ သံသယရှိသူများကို စစ်ဆေးထားသည့် အဖြေများကို တိုက်ဆိုင်စစ်ဆေးပါက အမှန်တရားပေါ်ပေါက်လာမည်ဟု ယူဆ၍ ဥပေဒရုံးသို့ လျောက် ထားခြင်း ဖြစ်ကြောင်း ဒေါက်တာဝင်းကိုကိုသိန်း ကဆိုသည်။
ထိုသို့ မူခင်းဖြစ်စဉ်များစွာကို ကိုင်တွယ်ဖြေရှင်းခဲ့သော်လည်း ယခု ဗစ်တိုးရီးယားအမှုတခုသာ ဗစ်တိုးရီးယားကို စစ်ဆေး ထားသည့် သုပ်ပိုး ပါရှိသည့် မှန်ပြားကို CID သို့ လွှဲပြောင်းပေးရခြင်းမှာ ထူးထူးခြားခြား ဖြစ်စဉ်မျိုး ဖြစ်ကြောင်းကိုလည်း ပြီးခဲ့သည့် လအတွင်းက ကုတင် ၁၀၀၀ မှ မှုခင်းဆရာဝန်ကြီး ဒေါက်တာ တင်မိုးမိုးခိုင်က တရားခွင်တွင် ထွက်ဆိုခဲ့သည်။
အဆိုပါလျောက်လွှာကို ဥပဒေရုံးမှ လက်ခံရန်အတွက် သမ္မတရုံးကိုတင်လည်း မိတ္တူ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ထိုသို့ သမ္မတထံ ပေးပို့ရခြင်းမှာ တရားစီရင်ရေးကို ဝင်စွက်ဖက်သည့် သဘောမျိုးမဟုတ်ဘဲ ကူညီ လှုံဆော်ပေးစေလိုသည့် သ ဘာမျိုးဖြင့် ပေးပို့မည် ဖြစ်ကြောင်း သက္ကမိုးညိုက ရှင်းပြသည်။
ယင်းအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ တင်ပြထားသည့် အမှုတွဲများတွင် အောင်ကြီးအပါအဝင် တစုံတယာက်၏ DNA ဆေးစစ်ချက် အထောက်အထားများ လုံးဝမပါရှိကြောင်း၊ တရားခွင် စစ်ဆေးချက်များအရသာ DNA အချက်အလက်များ ပေါ်ပေါက်လာကြောင်း ဒက္ခိခရိုင် ဥပဒေ အရာရှိ ဦးကျော်မင်းအောင်က ပြီးခဲ့သည့်လက တရားခွင်စစ်ဆေးမှုအပြီး သတင်းထောက်များကို ပြောဆိုဖူးသည်။
ဗစ်တိုးရီးယား၏ ခုတင် ၁၀၀၀ ဆေးမှတ်တမ်း ပျောက်ဆုံးမှု၊ သံသယတရားခံအဖြစ်ဖမ်းဆီးထားသည့် အောင်ကြီး၊ ဒေါ်ဥမ္မာလှိုင် သားနှစ်ဦး၊ ဗစ်တိုးရီးယားဖခင်နှင့် ၎င်းတို့တိုက်ခန်းအနီးမှ အမျိုး သားငယ်တဦးတို့ကို DNA စစ် ဆေးခဲ့မှုများ အမှုတွဲတွင်လုံးဝ မပါရှိဘဲ တရားခွင်တွင် လိုပြ သက်သေများကို စစ်ဆေးချက် အရ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ဦး ကျော် မင်အောင်က ရှင်းပြခဲဖူးသည်။
ယင်းအမှုနှင့် ပတ်သက်၍ ၁၃ ကြိမ်မြောက် ရုံးချိန်းကို မနက်ဖန် ၁၈ ရက်နေ့တွင် ဗစ်တိုးရီးယား၏ အတန်းပိုင် ဆရာမ ဖြစ်သည့် ဆရာမ နှင်းနုအပါအဝင် အခြားဆရာမ တဦးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒက္ခိဏ ခရိုင်တရားရုံးမှ သိရ သည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် ဗစ်တိုးရီးယားသည် မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ထိုအမှုကို ဇွန်လ ၃ ရက်တွင် CID က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
You may also like these stories:
ဗစ်တိုးရီးယားအမှုမှ ပျောက်သွားသည့် CCTV မှတ်တမ်း IT ပညာရှင်များ ပြန်စစ်ဆေးပြီ
ဗစ်တိုးရီးယားအမှု အောင်ကြီး ကျူးလွန်ရန် အခွင့်အရေးမရှိနိုင်ဟု ဒေါ်ဥမ္မာလှိုင် ထွက်ဆို
ဗစ်တိုးရီးယားအမှု CCTV မှတ်တမ်းများ ပြန်မရပါက သမ္မတရုံး အမိန့် နာခံမည်ဟု ဆို