သတင်း

A-6 သဘာဝ ဓာတ်ငွေ့သိုက်မှ စီးပွားဖြစ် ထုတ်လုပ်နိုင်မည် ဟုဆို

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အနောက်ဖက် ကီလိုမီတာ (၈၀) အကွာတွင်ရှိသော ကမ်းလွန်လုပ်ကွက် A-6 မှ သဘာဝ ဓာတ်ငွေ့ကို စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် အလားအလာကောင်း များစွာရှိကြောင်း ယင်းလုပ်ကွက်ကို စမ်းသပ် ရှာဖွေခွင့် ရရှိထားသော MPRL E&P ကုမ္ပဏီက သိရသည်။

ထိုသို့ စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် အခြေအနေကောင်းများ ရှိလာပြီ ဖြစ်သည့်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) နှင့် ပြည်တွင်း ကုမ္ပဏီ MPRL E&P အပါအဝင် A-6 လုပ်ကွက် အတွက် ဖက်စပ် (JV) ကုမ္ပဏီများကြား ထုတ်လုပ်မှု ခွဲဝေခံစားခြင်းဆိုင်ရာ စာချုပ်၊ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှု (Upstream) နှင့် သယ်ယူပို့ဆောင်ရောင်းချခြင်း (Midstream) ဆိုင်ရာ အချိုးအစား သဘောတူညီမှု စာချုပ်များကို ဒီဇင် ဘာလ ၁၆ ရက်တွင် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

လုပ်ကွက် A-6 တွင် စမ်းသပ် ရှာဖွေရေးတွင်း တွင်း တူးဖော်ခဲ့ပြီး ယင်း ရှာဖွေရေးတွင်း တချို့၌ ရေအနက် မီတာ ၂၀၃၀ (၆၆၆၀ ပေ) တွင် စတင် တူးဖော်ခဲ့ပြီး စုစုပေါင်း အနက် မီတာ ၅၃၀၆ (၁၇၄၀၈ ပေ) ရောက်ရှိခဲ့ပြီး သဘာဝဓာတ်ငွေ့ နမူ နာများကို စမ်းသပ်ရယူနိုင်ခဲ့ကာ ရေနက်ပိုင်းတွင် အလားအလာကောင်းသည့် သဘာဝဓာတ်ငွေ့သိုက် တည်ရှိမှုကို ရှာဖွေ တွေ့ရှိခြင်းနှင့် မူလရည်မှန်းထားသည့်ထက် ပိုများသော Gross Gas Columm ၁၄၃ မီတာ (၄၆၉ ပေ) တွင် ၄၁ မီတာ (၁၃၅ ပေ) ရှိသော သဘာဓာတ်ငွေ့ ခိုအောင်းနေသော သဲကြောအထူကို တွေ့ရှိခဲ့ကြောင်း သိရသည်။

စမ်းသပ်မှုများအရ သဘာဝဓာတ်ငွေ့ စီဆင်းနှုန်းမှာ (တွင်းတူး သဘောၤပေါ်တွင် ပါရှိသည့် စမ်းသပ်ကိရိယာများ၏ အကန့် အသတ်ကြောင့်) 40/64” Choke တွင် ရက်လျှင် ကုဗပေ ၅၃ သန်း အထိ ရှိကြောင်း တွေ့ရှိခဲ့ခြင်းကြောင့် A-6 လုပ် ကွက်တွင် ဖက်စပ် လုပ်ဆောင်နေသော ကုမ္ပဏီများအနေဖြင့် သဘာဝဓာတ်ငွေ့ကို စီးပွားဖြစ် ထုတ်လုပ်နိုင်ရေး အတည်ပြု နိုင်ရန် ပိုမိုအားကောင်းစေခဲ့ကြောင်း MPRL E&P ကုမ္ပဏီထံက သိရသည်။

MPRL E&P ကုမ္ပဏီ၏ အမှုဆောင် ဒါရိုက်တာ ဦးတင့်ဆွေကကျနော်တို့တွေ အဆင့်ဆင့် စမ်းသပ်နောက်မှာ သူက စီး ပွားဖြစ် ထုတ်နိုင်မယ့် ရှာဖွေတွေ့ရှိမှု ဖြစ်သွားတဲ့အတွက် လာမယ့်အဆင့်က ဖွံ့ဖြိုးတိုးတက်မှု အဆင့်ပေါ့။ ဒီအဆင့်မှာ ထုတ်လုပ်ရေး တွင်းတွေ ထပ်တူးပြီးတော့ ဒီကနေတဆင့် သဘာဝဓာတ်ငွေ့တွေ ထုတ်လုပ်သွားမယ်ဟု ဧရာဝတီသို့  ပြောသည်။

ယင်းလုပ်ကွက်မှ ပထမဦးဆုံး သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ တွင် စတင် ထုတ်လုပ်သွား မည်ဟု ကုမ္ပဏီအနေဖြင့် အစိုးရကို ကတိပေးထားကြောင်း ၎င်းက ဆိုသည်။

ဦးတင့်ဆွေ က၂၀၂၃၂၄ လောက်ဆိုရင် နိုင်ငံရဲ့သဘောဝဓာတ်ငွေ့ အားကိုးနေရတဲ့ ကမ်းလွန်လုပ်ကွက် စီမံကိန်းတွေက အကျဘက်ကို ရောက်သွားနိုင်မယ့် အခြေအနေဆိုတော့ အခု A-6 ကို ဖွံ့ဖြိုးတိုးတက်မှု အဆင့်ကို သွားနိုင်ဖို့ လုပ်လိုက် နိုင်တာက နိုင်ငံရဲ့ စွမ်းအင် ကဏ္ဍအတွက် အလားအလာ အများကြီး ကောင်းတာပေါ့ဟု ပြောသည်။

ယခု ကမ်းလွန်လုပ်ကွက် A-6 သည် မြန်မာနိုင်ငံနှင့် အာဆီယံဒေသတွင်း၌ ပထမဆုံးသော ရေနက်ပိုင်း (Ultra-deep water) စီမံကိန်းမှ သဘာဝဓာတ်ငွေ့ စီးပွားဖြစ် ထုတ်လုပ်နိုင်မည့် စီမံကိန်းတခု ဖြစ်သည်။

ရေနက်ပိုင်းမှ သဘောဝဓာတ်ငွေ့ ထုတ်လုပ်နိုင်ခြင်းကြောင့် အခြားကမ်းလွန်လုပ်ကွက် ရေတိမ်ပိုင်းမှ ထုတ်လုပ်နိုင်သော သဘာဝဓာတ်ငွေ့များထက် အရည်အသွေး ပိုကောင်းပြီး ပမာဏ ပိုမိုထုတ်လုပ်မည့် အခြေအနေ ရှိသော်လည်း ထုတ်လုပ်မှု ကုန်ကျစရိတ်သည် အခြား စီမံကိန်းများထက် ဆမှ ၅ဆ ကျော် ကုန်ကျမည် ဖြစ်သလို နည်းပညာ အခက်အခဲ စိန်ခေါ်မှု များလည်း ရှိနေသည်။

ယခု A-6 လုပ်ကွက်မှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များသည်  ပြည်တွင်းရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ အတွက် အဓိက အသုံးပြုသွားမည် ဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း စီမံရေးရာဌာန၏ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်အေးက ဧရာဝတီသို့ ပြောသည်။

၎င်းကအခုက ရှာဖွေနေဆဲ ကာလဖြစ်တဲ့အတွက် MOGE က မပါသေးဘူး သူတို့ဘာသာ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံပြီး လုပ်ကြရတာ ထွက်တာ သေချာပြီ ဆိုတော့မှ အစိုးရက ပါလို့လည်းရ မပါလို့လည်း ရတယ်။ ဝင်ပါမယ်ဆိုရင် ၁၅ ရာခိုင် နှုန်းကနေ၂၀ ရာခိုင်နှုန်းအထိ ဝင်ပါလို့ ရမယ့်ဟု ဆိုသည်။ 

A-6 လုပ်ကွက်သည် ၂၀၂၃ ခုနှစ်ခန့်တွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု အကျဘက်သို့ ရောက်ရှိမည့် ရေတိမ်ကမ်းလွန် လုပ်ကွက်များ ဖြစ်သော ဇောတိက၊ ရွှေနှင့် ရတနာ အစရှိသည့် လုပ်ကွက်များနေရာတွင် အမှန်တကယ် ဖြည့်ဆည်းနိုင် ခြင်း ရှိမရှိကို ပြောကြားရန် အချိန်စောသေးကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ A-6 လုပ်ကွက်ကို ၂၀၀၇ ခုနှစ်တွင် MPRL E&P ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ကြား ထုတ်လုပ်မှု ခွဲဝေခံစားခြင်း ဆိုင်ရာ စာချုပ် (PSC) ကြား လက်မှတ်ရေထိုးခဲ့ပြီး နောက်ပိုင်းတွင် သြစတေးလျ အခြေစိုက် Woodside Energy(မြန်မာ) ကုမ္ပဏီနှင့် ပြင်သစရေနံကုမ္ပဏီ Total E&P (မြန်မာ) တို့ပါ ဝင်ရောက် ရင်းနှီးမြှုပ် နှံလျက်ရှိသည်။

MPRL E&P သည် A-6 ထုတ်လုပ်မှု ခွဲဝေခံစားခြင်းဆိုင်ရာ စာချုပ်၏ အော်ပရေတာအဖြစ် ဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံမှု ၂၀ ရာခိုင်နှုန်း၊ Woodside Energy Ltd နှင့် Total E&P မြန်မာတို့က ၄၀ ရာခိုင်နှုန်းစီ ရင်းနှီးမြှုပ်နှံထားကြကြောင်း သိရ သည်။

ပြည်တွင်း လျှပ်စစ်ပညာရှင် တဦးဖြစ်သော ဦးအေးကျော်ကျော် က “A-6 အကြောင်းကိုတော့ အစိုးရက ပြောနေတာတော့ ကြာနေပြီ၊ အလားအလာရှိနေတဲ့ ဟာဆိုပြီးတော့ပေါ့။ အဲဒီ ဂတ်စ်ထွက်လာလို့ တကယ်ရလာပြီဆိုရင်တော့ လျှပ်စစ် အတွက်က အင်မတန် ကောင်းပါတယ်ဟု ပြောသည်။

သို့သော်လည်း လာမည့်နှစ်များတွင် လိုအပ်လာမည့် နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်ကို ပြည့်မီရန် ဆောင်ရွက်နိုင်မှုရန် အတွက် အခက်အခဲများ ရှိနိုင်သေးကြောင်း ၎င်းက ဆိုသည်။

A-6 လုပ်ကွက်သည် ယခင်က ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ကွက်များကဲ့သို့ နိုင်ငံခြားကုမ္ပဏီများကို လုပ် ပိုင်ခွင့် အပြည့်အဝ ပေးထားသည့် လုပ်ကွက်မျိုးမဟုတ်ဘဲ အစိုးရက ထိန်းချုပ် ကိုင်တွယ်ကာ  ပြည်တွင်းလျှပ်စစ်လိုအပ် ချက်များကို ဖြည့်ဆည်းခြင်းနှင့် နိုင်ငံ့ဝင်ငွေ ရရှိရန်အတွက် ပြည်ပသို့ ရောင်းချခြင်းများ လုပ်ဆောင်နိုင်မည့် စီမံကိန်းဖြစ်  ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ အငြိမ်းစား အရာရှိတဦးက ပြောသည်။

လာမည့် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် အစိုးရ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၃၀ ကျော်ကို တင်ဒါခေါ်ယူသွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားသည်။

မြန်မာ့ကမ်းလွန် ပင်လယ်ပြင်တွင် သဘာဝဓာတ်ငွေ့လုပ်ကွက် ၅၁ ကွက် ရှိပြီး ဦးသိန်းစိန် အစိုးရလက်ထက်၌ ၃၈ ကွက် တင်ဒါပေးထားခဲ့ပြီး တင်ဒါခေါ်ယူရန် ၁၃ ကွက် ရှိနေသည်။

ကုန်းတွင်းလုပ်ကွက်တွင် ၅၃ ကွက် ရှိပြီး ဦးသိန်းစိန် အစိုးရနှင့် တပ်မတော် အစိုးရ လက်ထက်တို့တွင် ၃၅ ကွက်ကို တင်ဒါ ခေါ်ယူခဲ့ပြီး ၁၈ ကွက် ကျန်ရှိနေကြောင်း ဝန်ကြီးဌာနထံက သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ရခိုင်ကမ်းလွန် သဘာဝ ဓာတ်ငွေ့သိုက် တွေ့ရှိမှု စိစစ် အတည်ပြုမည်

ကမ်းလွန် သဘာဝဓာတ်ငွေ့ စီးပွားဖြစ် ထုတ်ယူနိုင်ကြောင်း ထပ်မံ စမ်းသပ်တွေ့ရှိ

ရွှေရည်ထွန်း – ၂ သဘာဝ ဓာတ်ငွေ့ လုပ်ကွက် ၁ ရက် ကုဗပေ သန်း ၅၀ ထုတ်ယူနိုင်ရန် ခန့်မှန်း

Did you find apk for android? You can find new Free Android Games and apps.
Loading