သတင်း

ရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲ၌ ဗစ်တိုးရီးယား အမည်ရင်း ထုတ်ဖော် ပြောဆိုမှု ဝေဖန်ခံရ

Want create site? Find Free WordPress Themes and plugins.

ဗစ်တိုးရီးယား အမှုတွင် သံသယတရားခံ ကိုအောင်ကြီးကို တရားရှင် လွှတ်ပေးခဲ့မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဆင့်မြင့် အရာရှိများက ယနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ဗစ်တိုးရီးယား၏ အမည်နှင့် တရားလိုဖြစ်သူ မိခင်၏ အမည်များကို ထုတ်ဖော် ပြောကြားခဲ့သည်။ 

ရဲတပ်ဖွဲ့က ပြည်သူအများသို့ အသိပေးနေသည့် ရဲဇာနည် လူမှုကွန်ရက် စာမျက်နှာတွင်လည်း အဆိုပါ အမှုဖြစ်စဉ်နှင့် ပတ်သက်သည့် သက်သေခံ အထောက်အထား တချို့ကို ထုတ်ပြရာ၌ ဗစ်တိုးရီယား၏ အမည်ရင်းနှင့်တကွ တရားလို ဖြစ်သည့် မိခင်ဖြစ်သူတို့၏ တိုင်ကြားစာများတွင် အမည်အရင်းများဖြင့် တိုင်ကြားထားကြောင်း ယနေ့ ညနေပိုင်းတွင် ထုတ်ဖော် တင်ပြထားသည်။

ထိုသို့ ထုတ်ဖော် ပြောကြားမှုသည် ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်ရာ ရောက်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများ နှင့် ကလေးသူငယ် အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုနေကြခြင်းဖြစ်သည်။

ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ၌ ယခုကဲ့သို့ အမှုဖြစ်စဉ်တွင် သတင်း မီဒီယာများပင် ကလေးများနှင့် ပတ်သက်၍ သတင်း ရယူခြင်း မပြုရသကဲ့သို့ ၎င်းတို့၏ အမည်နာမနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အများပြည်သူ သိစေရန် မကြေညာရကြောင်း ပြဌာန်းထားသည်ဟု Equality Myanmar မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောသည်။

ယခုလို သတင်းစာ ရှင်းလင်းပွဲမျိုးတွင် ပြောဆိုလိုက်ခြင်းသည် ဥပဒေ ချိုးဖောက်ရာရောက်ကြောင်း၊ မလုပ်သင့်သည့် ကိစ္စတခုကို ဥပဒေ အားကောင်းရေး အတွက် လုပ်ဆောင်နေသူများ ကိုယ်တိုင် သတိမမူသည့် ကိစ္စရပ်တခုဟု ယူဆ ကြောင်း သူက ဆက်ပြောသည်။

ဦးအောင်မျိုးမင်း ကကျနော်တို့ဆီမှာက တရားဥပဒေ စိုးမိုးရေး လုပ်တဲ့သူတွေက တရားဥပဒေအရပဲ သူတို့ပြောကြား တာ ဆိုတဲ့အမြင်တွေ ရှိနေတယ်။ ဒါပေမယ့် တရားဥပဒေ အောက်မှာ ရောက်ရှိနေတဲ့ သူတွေရဲ့ အခွင့်အရေး ဘာလဲ ဆိုတာကို သိပ်ပြီး လေ့လာမှုမရှိဘူး။ ဒီလိုကိစ္စတွေမှာ ရဲတွေ၊ တရားရေး ဝန်ထမ်းတွေ၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေ ကို အစိုးရက လူ့အခွင့်အရေး၊ ကလေး အခွင့်အရေး ပို့ချပေးဖို့ အတွက် ပျက်ကွက်တာတွေ ရှိနေတယ်ဟု လည်း ပြော ဆိုသည်။

ကလေးသူငယ် ဥပဒေတွင် ပြစ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသူ ကလေးဖြစ်စေ၊ မှုခင်းတွင် ပါဝင်သည့် ကလေးဖြစ်စေ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် မှုခင်း သတင်း အချက်အလက် ရယူခြင်း၊ ထည့်သွင်းခြင်း၊ ကြော်ငြာခြင်း၊ ဓာတ်ပုံရိုက် ခြင်း၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ၊ စာအုပ်များတွင် ထည့်သွင်းဖော်ပြခြင်း၊ ဖြန့်ချိခြင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လူမှုကွန်ရက်များတွင် ထုတ်လွှင့်ခြင်း ပြုလုပ်မည်ဆိုလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် လမှ နှစ်အထိ ဖြစ် စေ၊ အနည်းဆုံး ဒဏ်ငွေ ကျပ် သိန်းမှ သိန်း ဖြစ်စေ၊ ဒဏ် ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

ဥပဒေဆိုင်ရာ မြန်မာ မီဒီယာ ကွန်ရက် ဥက္ကဋ္ဌ တရားလွှတ်တော် ရှေ့နေ ဦးအောင်စိုး ကလည်း သတင်း မီဒီယာများ တွင်ပင် ကျူးလွန် ခံရသူသာမက သက်သေများတွင်ပင် ကလေးသူငယ်များနှင့် သက်ဆိုင်လျှင် ၎င်းတို့၏ ဂုဏ်သိက္ခာ စောင့်ရှောက်ရေး အတွက် အမည်၊ ဓာတ်ပုံများကို မဖော်ပြရသလို အဆိုပါ ကျင့်ဝတ်သည် တကမ္ဘာလုံးက လိုက်နာ စောင့်သိရသည်ဟု ပြောသည်။

ယခုကဲ့သို့သော သတင်းစာ ရှင်းလင်းပွဲမျိုးတွင် အဆင့်မြင့် ရဲအရာရှိများ ကိုယ်တိုင်က ထုတ်ဖော် ပြောကြားခဲ့ခြင်း သည် အမှတ်တမဲ့ ပြောမိသည်ဟုသာ ယူဆကြောင်း၊ ပြည်သူအများ၊ သတင်း မီဒီယာများကသာ ထုတ်ဖော်ပြောကြား ခဲ့မည် ဆိုလျှင် တရားစွဲခံရမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဦးအောင်စိုး ကဒီအမှုနဲ့ ပတ်သက်ပြီး အင်တာဗျူးမှာ ဖြေတဲ့ ရှေ့နေ၊ ကလေး အဖေတွေတောင်မှ ကလေးတွေရဲ့ အမည် မပါဘဲ အမည်ဝှက်နဲ့ ပြောတာတောင် တရားစွဲခံရသေးတာ။ တရားစွဲတာလည်း ရဲကလက်ခံလို့ တရားစွဲ တာလေ။ ရဲတပ်ဖွဲ့ အနေနဲ့ ဒါကို သတိထားဖို့တော့ လိုတယ်။ ကျင့်ဝတ်အရရော၊ ကလေး ဂုဏ်သိက္ခာအရရော ဒါကို ထုတ်မပြော သင့်တဲ့ အရာပဲ။ ဥပဒေကတော့ ပြည်သူတွေ အတွက်က လိုက်နာရမယ်။ ကျင့်ဝတ်အရ လိုက်နာရသလို တရားပါ စွဲခံရနိုင်တယ်ဟု ဆိုသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်ကလည်း မိမိတို့ သတင်းမီဒီယာများ အနေဖြင့် ဆိုးဝါးသော ဖြစ်စဉ်များကို ခံစားခဲ့ရသူများ အတွက် အမည်၊ မှတ်မိစေနိုင်သည့် ရုပ်အသွင်တို့ကို မဖော်ပြရကြောင်း၊ ရဲတပ်ဖွဲ့ဝင် များ၏ ကျင့်ဝတ်များကိုမူ အတိအကျ မသိသည့်အတွက် ယခုလို ဗစ်တိုးရီးယား၏ အမည်နှင့် မိခင်ဖြစ်သူတို့၏ အမည် အတိအကျကို ထုတ်ဖော် ပြောကြားခဲ့ခြင်းကို မရှင်းပြတတ်ကြောင်း သုံးသပ် ပြောဆိုသည်။

သို့ရာတွင် လူသားဖြစ်တည်မှုအရ ကိုယ်ချင်းစာတရားများ ထားရှိရန်မှာ လူသားတိုင်း၏ တာဝန်ဖြစ်ကြောင်း၊ ယခုလို သတင်းစာ ရှင်းလင်းပွဲမျိုးတွင်မူ တချို့အကြောင်းအရာများက ဖုံးကွယ်သင့်သည်များကို ဖုံးကွယ်ရမည်ပင် ဖြစ်ကြောင်း သူက ပြောသည်။ 

ဦးဇေယျာလှိုင်ကသူတို့ ရဲ့ကျင့်ဝတ်အရ ပြောတာ ဟုတ်မဟုတ်တော့ မပြောတတ်ဘူး။ သူတို့မိသားစုပဲ ဖြစ်ဖြစ်၊ သူတို့ သားသမီးတွေပဲ ဖြစ်ဖြစ် ဒီလိုပြောမလားဆိုတဲ့ မေးခွန်းကိုတော့ ပြန်မေးရမယ်။ အခုလို ကလေးငယ်လေးရဲ့ အမည်ကို ထုတ်ဖော် ပြောကြားခဲ့တာကိုရောပေါ့ဟုလည်း ပြောဆိုသည်။  

ဒီဇင်ဘာ ၁၈ ရက်က နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံး၏ ဗစ်တိုးရီးယား အမှု ၁၃ ကြိမ်မြောက် ရုံးချိန်းတွင် ကြာ ဖမ်းဆီး ချုပ်နှောင် ခံထားရသော သံသယတရားခံ ကိုအောင်ကြီးကို တရားရုံးက တရားရှင် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

You may also like these stories:

သက်ငယ်မုဒိမ်း ပပျောက်ရေး အသိပညာပေး ဟောပြောပွဲမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ခိုင်နှင်းဝေ

ကိုအောင်ကြီး၏ ရှေ့နေကို Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူးက တရားစွဲမည်

Wisdom Hill မှ တင်သည့် သက်သေခံ CCTV မှတ်တမ်းတွင် ဖိုင်များ မပါလာ ဟုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading