သတင်း

အောင်သပြေဖြစ်စဉ်မှ တရားရှင်လွတ်မြောက်လာသူက စက်ရုံမန်နေဂျာကို တရားပြန်စွဲမည်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာ အနီးရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ စီမံကိန်း ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်သည် ဟုဆိုကာ မီးရှို့မှုနှင့် တရားစွဲဆို ခံရပြီးနောက် တရားရှင် ပြန်လည် လွတ်မြောက် လာသည့် ဦးမြင့်ခိုင်က နိုင်ငံသားတယောက်၏ အခွင့်အရေး ဆုံးရှုံးနစ်နာမှုများအတွက် ပြန်လည် တရားစွဲဆိုမည်ဟု ပြောပြသည်။

ဦးမြင့်ခိုင် ကကျနော့်ကို ပြစ်မှုများ ကျုးလွန်ကြောင်း ထင်ရှားမှု မရှိတာကြောင့် တရားရုံးကနေ လွှတ်ပေးခဲ့တာပါ၊ ကျနော့်ရဲ့ ဆုံးရှုံး နစ်နာမှုတွေ အတွက်ရော နောက်နောင် အပြစ်မဲ့ ပြည်သူတွေကို ဒီလို မဟုတ်မမှန်တာတွေနဲ့ မတရား စွပ်စွဲခံရတာမျိုး မဖြစ်အောင် ပြန်လည် တရားစွဲဆိုတာကို အမြန်ဆုံး လုပ်နိုင်သမျှ လုပ်သွားမှာပါ၊ နောက်အကျဆုံးဆို လပိုင်းပါပဲဟု ပြောသည်။

ဦးမြင့်ခိုင်အနေဖြင့် ၎င်းအား မဟုတ်မမှန် လိမ်လည်တိုင်တန်းခြင်းကြောင့် အမှုဖွင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံရခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ရှိခဲ့သဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည့် ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းမှ အုပ်ချုပ်/စီမံဌာန မန်နေဂျာ ဦးဟန်ဇော်လင်းအား ပြန်လည် တရားစွဲဆိုသွားမည်ဟု သိရသည်။

မီးရှို့မှုနှင့် တရားစွဲဆို ခံရသည့် အောင်သပြေ ဒေသခံ ဦးကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နေ့က စွဲချက်တင် အမိန့် ချမှတ်ခဲ့ရာ ဦးကိုသာ စွဲချက်တင် အမိန့်ချမှတ်ခဲ့ပြီး အသက် ၅၁ နှစ်အရွယ်ရှိ ဦးမြင့်ခိုင်မှာ အပြစ်မရှိကြောင်း တွေ့ရှိရသဖြင့် ကျင့်ထုံးပုဒ်မ ၂၅၃ () အရ ပုသိမ်ကြီးမြို့နယ်တရားရုံးက စွဲချက်မတင်မီ တရားရှင် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဦးမြင့်ခိုင်ကစွဲချက်တင်ခံရသူတွေကတော့ သက်သေထွက်ချက်တွေမှာ အနည်းငယ် ငြိစွန်းမှု ရှိတဲ့အတွက် စွဲချက်တင်ခံရတယ်လို့ ထင်ပါတယ်၊ ကျနော်ကတော့ သက်သေတွေရဲ့ ထွက်ချက်မှာလည်း ပါဝင်ထားခြင်း မရှိသလို အမှန်တကယ်လည်း ပါဝင်ပတ်သက်ခဲ့တာ မရှိတဲ့အတွက် အခုလို လွှတ်ပေးခဲ့တာလို့ ထင်ပါတယ်ဟု ရှင်းပြသည်။

အောင်သပြေဒေသခံ ဦးမြင့်ခိုင်၊ ကိုနိုင်ထွန်းအောင်၊ ကိုမင်းသိန်း၊ ကိုဖိုးမာ၊ ကိုကျော်ဇေယျနှင့် ရာအိမ်မှူး ကိုမိုးလင်းတို့ ကို၂၀၁၉ ခုနှစ် အတွင်းက ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းမှ ဦးဟန်ဇော်လင်း က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဒေသခံ ဦးကို ရဲတပ်ဖွဲ့က မေလ ၁၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့တွင် တရားစွဲတင်ခဲ့ရာ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် တရားရုံးက တရားစွဲဆိုခံရသူများအနက်မှ အသက် ၅၁ နှစ်အရွယ်ရှိ ဦးမြင့်ခိုင် အား စွဲချက်မတင်မီ တရားရှင်လွှတ်ပေးခဲ့ပြီး ကျန် ဦးအား  မီးရှို့မှုပုဒ်မ ၄၃၆၊ ဒဏ်ရာရရှိအောင် ပြုလုပ်မှု ၄၄၀၊ ပုဒ်မ ၁၁၄(အားပေးကူညီမှု) တို့ဖြင့် စွဲချက်တင်ခဲ့သည်။

တရားရှင် လွတ်မြောက်လာသည့် ဦးမြင့်ခိုင်မှာ အိုးဘိုအကျဉ်းထောင် အတွင်း၌ လကျော်ကြာအောင် အချုပ်ဖြင့် တရား ရင်ဆိုင်ခဲ့ရ၍ နိုင်ငံသားတယောက်၏ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှုများ အပြင် စီပွားရေး၊ လူမှုရေးနှင့် သားသမီးများ၏ ပညာရေး ဆုံးရှုံးမှု နစ်နာမှုများလည်း ရှိသည်ဟု ဆိုသည်။

ဦးမြင့်ခိုင် ကကျနော့်မှာ ခြံမြေဥယျာဉ်တွေ ရှိပါတယ်၊ တောင်သူလည်း လုပ်ပါတယ်၊ ဒါတွေကို ကျနော်ကိုယ်တိုင် မလုပ်လိုက်ရတဲ့ အတွက် မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေ ဆုံးရှုံးရတယ်။ အခြားလူမှုရေး ဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်၊ သား သမီးလေးတွေရဲ့ ပညာရေး အတွက်လည်း ဝင်ငွေ မရှိတော့ ပြည့်စုံအောင် မထောက်ပံ့ ပေးနိုင်ခဲ့ပါဘူး၊ ပိုဆိုးတာက ကျနော့်ရဲ့လူ့အခွင့်အရေး ဆုံးရှုံးရမှုပါပဲဟု ပြောသည်။

လကျော်ကြာ ထိန်းသိမ်းချုပ်နှောင်ခံခဲ့ရသဖြင့် ၎င်း၏ စီးပွားရေး ဖြစ်သည့် ငှက်ပျောခြံမှာလည်း ပြုပြင်ထိန်းသိမ်းမှု မရှိသဖြင့် ပျက်စီးကုန်ကြောင်း၊ စိန်တလုံ သရက်ခြံမှာလည်း ပြုပြင်မှုများ မလုပ်လိုက်ရသဖြင့် ထွက်နှုန်း လျော့သွား နိုင်ကြောင်း ရှင်းပြသည်။

ထိုကဲ့သို့ ဆုံးရှုံးနစ်နာမှုရများအတွက် ရာဇဝတ်ကြောင်းအရ ပြန်လည် တရားစွဲဆိုခွင့်ရှိသလို တရားမကြောင်းအရလည်း နစ်နာမှု လျော်ကြေးတောင်းခံနိုင်သည်ဟု ဥပဒေတွင် ပြဌာန်းထားကြောင်း၊ ရာဇသတ်ကြီးပုဒ်မ ၁၈၂ အရ တရားစွဲနိုင်သလို ပုဒ်မ ၂၁၁ အရလည်း စွဲဆိုနိုင်ကြောင်း သိရသည်။

အောင်သပြေ အမှုများအား လိုက်ပါဆောင်ရွက် ပေးလျက် ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးစည်သူကကိုမြင့်ခိုင် အနေနဲ့ တရားစွဲမယ်ဆိုရင် တရားမကြောင်း အရ တရားစွဲခွင့် ရှိသလို ရာဇဝတ်ကြောင်း အရလည်း တရားစွဲ ဆိုခွင့်ရှိတယ်၊ တရားလိုဖြစ်တဲ့ ဦးဟန်ဇော်လင်းက တရားစွဲ တဲ့အမှုမှာ မမှန်တဲ့ ကိစ္စရပ်တခုကို ရဲစခန်းမှာ သတင်းပေးပြီး တိုင်တန်းသလား၊ အမှုနဲ့ ပတ်သက်ပြီးတော့ မမှန်စွပ်စွဲခြင်းတွေ ဖြစ်သလား၊ ဒါဆိုရင်တော့  ရာဇဝတ်ကြောင်းအရ စွဲလို့ရတယ်ဟု ပြောသည်။

ဖြစ်စဉ်အခြေအနေသိရှိရန် အတွက် ဦးဟန်ဇော်လင်းကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရရှိသဖြင့် သီးခြား မှတ်ချက် ဖော်ပြနိုင်ခြင်း မရှိပါ။ 

ရာဇသတ်ကြီးဥပဒေ ပြဌာန်းချက်များ အရ တဦးဦးကို နစ်နာစေရန် မမှန်သတင်းပေး တိုင်ကြားခြင်း ပေါ်ပေါက်ခဲ့လျှင် နစ်နာသူက သက်ဆိုင်ရာ ရဲစခန်းသို့ တင်ပြလာလျှင် စခန်းမှူးက တရားလိုပြုလုပ်၍ ရာဇသတ်ကြီးပုဒ်မ ၁၈၂ အရ အမှုဖွင့် တရားစွဲဆိုရမည် ဖြစ်ကြောင်း၊ ထို့အပြင် မမှန်စွပ်စွဲသည့် ကိစ္စရပ်များ ရှိခဲ့လျှင်လည်း ရာဇသတ်ကြီးပုဒ်မ ၂၁၁ အရလည်း ပြန်လည် တရားစွဲဆိုနိုင်ကြောင်း သိရသည်။

ရာဇသတ်ကြီး ပုဒ်မ ၂၁၁ မှာဆိုရင် ပိုင်းရှိတယ်၊ တပိုင်းကတော့ ပုံမှန် အနေအထားတခုအရ ထောင်ဒဏ် ကာလ အပိုင်း အခြားကို စွဲဆိုတဲ့ အနေအထားတခု၊ နောက်တပိုင်းက မူလ စွဲဆိုထားတဲ့ အမှုရဲ့ပြစ်ဒဏ်က များနေသလား၊ သေဒဏ် ချမှတ်လို့ ရတဲ့ အမှုလား၊ နှစ်၂၀ ထိ ချမှတ်လို့ရတဲ့ အမှုလား၊ နှစ် ဒါမှမဟုတ် နှစ် အထက် ချမှတ်လို့ရတဲ့ အမှုလား ဆိုတာကို ပြန်ကြည့်ရမယ်၊ အဲဒီလို အမှုမျိုးနဲ့ စွဲဆိုခံရတယ်ဆိုရင် ရာဇသတ်ကြီးပုဒ်မ ဒုတိယပိုင်းအရ ပြန်လည် တရား စွဲဆိုခွင့် ရှိတယ်ဟု ဦးစည်သူက ဆက်၍ ရှင်းပြသည်။

ရာဇသတ်ကြီးပုဒ်မ ၂၁၁ တွင် သီးခြား အပိုင်း ပိုင်းဖြင့် ပြဌာန်းထားပြီး ပထမပိုင်းအရ စွဲဆိုခံရလျှင် ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် နှစ်အပြင် ငွေဒဏ်လည်း ချမှတ် ခံရနိုင်ကြောင်း၊ ဒုတိယပိုင်းအရ တရားစွဲဆိုမည်လျှင် ထောင်ဒဏ် နှစ် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ရာဇသတ်ကြီးဥပဒေ ပြဌာန်းချက်များ အရ သိရသည်။

ပုသိမ်ကြီးမြို့နယ် တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ် ၄၇၀/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၃၆၊ ၄၄၀ ဖြင့် လက်ခံ စစ်ဆေးခဲ့သော အမှုတွဲမှ တူးဝေယံသည် ဖမ်းဆီးစဉ်က အသက် ၁၈ နှစ် မပြည့်သေးသဖြင့် ကလေးသူငယ်တရားရုံးတွင် အမှုရင်ဆိုင် နေရဆဲ ဖြစ်သလို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅()ဖြင့် အမှုဖွင့်လှစ်ခံထားသူ ရာအိမ်မှူး ဦးမိုးလင်းကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင်လည်း အမိန့်ချမှတ်သွားမည်ဟု သိရသည်။

စီမံကိန်းပဋိပက္ခနှင့် ပတ်သက်၍ ဇွန်လ ရက်နေ့က ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း သည် မန္တလေးဗဟိုအကျဉ်း ထောင်အတွင်း အကျဉ်းသားများ၏  ရိုက်နှက် နှိပ်စက်ခံရခြင်းများကြောင့်  ဟုဆိုကာ ဇွန်လ ရက်နေ့က သေဆုံးခဲ့ရသည်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေ စက်ရုံစီမံကိန်းကို ဒေသခံများက ကန့်ကွက်မှုများ၊ ဆန္ဒ ဖော်ထုတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာက မေလ ၁၄ ရက်နေ့တွင် စက်ရုံ စီမံကိန်း ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီး ထားသော တောင်သူ များကို အမြန်ဆုံး လွှတ်ပေးရန် အတွက် ကျေးရွာအဝင်လမ်းကို ပိတ်ဆို့၍ အောင်သပြေကျေးရွာမှ ရွာသူရွာသားများက ဆန္ဒပြခဲ့ကြသည်။

အဆိုပါကဲ့သို့ ဆန္ဒထုတ်ဖော်ရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ လာရောက်ခဲ့ပြီး လမ်းပိတ်ဆို့မှုအား ဖယ်ရှားပေးရန် ပြောဆိုရာ ဒေသခံများနှင့် တင်းမာမှု ဖြစ်ပေါ်ခဲ့ကာ မေလ ၁၅ ရက်နေ့ နံနက် နာရီခွဲ ခန့်က ဆန္ဒပြနေကြသည့် ဒေသခံတို့ကို ရဲတပ်ဖွဲ့ဝင် အင်အား ၁၅၀ ကျော် အင်အားသုံး၍ ရာဘာကျည်များ၊ မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ် လူစုခွဲခဲ့သည်။ 

ထို့နောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် ကုမ္ပဏီတို့က တရားလိုပြုလုပ်၍ လမ်းတံတားဥပဒေပုဒ်မ ၂၂/ ၂၃၊  ငြိမ်းစုစီပုဒ်မ ၁၉ အပါအဝင် ရာဇဝတ်ဥပဒေပုဒ်မ ၃၅၃ (ပြည်သူ့ဝန်ထမ်းကို နှောက်ယှက်ဟန့်တားမှု) ၃၃၂( ပြည်သူ့ဝန်ထမ်းကို သာမန်ဒဏ်ရာ ရအောင် ပြုလုပ်မှု) ၃၃၃(ပြည်သူ့ဝန်ထမ်းကို ပြင်းထန်ဒဏ်ရာ ရအောင်ပြုမှု) ၄၃၆ (မီးရှို့မှု) ၃၃၆ (လုံခြုံရေးကို ဘေးဖြစ်စေသော ပြုလုပ်မှု) ၄၃၅ (မီး၊ ပေါက်ကွဲစေသောအရာဖြင့် အကျိုးဖျက်စီးမှု) ၄၄၇(ရာဇဝတ်မကင်းသော ကျော်နင်းမှု) ၁၄၇(ရုန်းရင်းဆန်ခတ် မှု) ၁၁၄(အားပေးကူညီမှု) လက်နက်မှုပုဒ်မ ၁၉ () နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ () အစရှိသည့် ပုဒ်မများဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးစည်သူ ကလက်ကျန်အမှုတွေလည်း ကျန်နေသေးတယ်၊ ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်မှူး ရဲမှူးမျိုးညွှန့်သန်း တရားလိုပြုလုပ်တဲ့ ဒေသခံများနှင့် ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်တဲ့အမှု ကျန်တယ်၊ ပုသိမ်ကြီးမြို့နယ် ထွေအုပ်ကနေ တရားလိုလုပ်စွဲတဲ့ နိုင်ငံတော် အကြည်ညို ပျက်တဲ့ ၅၀၅ တမှု ကျန်တယ်၊ ရဲတပ်ဖွဲ့ကပဲ စွဲထားတဲ့ လက်နက်မှုလည်း ကျန်သေးတယ်၊ ဖမ်းမိတဲ့သူလည်း ရှိသလို ဖမ်းဝရမ်း ထုတ်ခံထားရတဲ့သူတွေလည်း ရှိတယ်၊ လက်ရှိမှာကို အချုပ်နဲ့ အမှု ရင်ဆိုင်နေရတာ ဦးရှိတယ်ဟု ပြောသည်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ အောင်သပြေကျေးရွာဒေသခံ ၁၀၀ ဝန်းကျင်ခန့်ကို ရဲတပ်ဖွဲ့က အမှုဖွင့် ဖမ်းဝရမ်း ထုတ်ထားသဖြင့် ဒေသခံအချို့မှာ ထွက်ပြေးတိမ်း ရှောင်နေရဆဲ ဖြစ်သော ကြောင့် ၎င်းတို့၏ သား၊သမီးအချို့မှာ ယခုပညာသင်နှစ်တွင် ကျောင်းမတက်ရောက်နိုင်သူများလည်း ရှိကြောင်း သိရသည်။

ယင်းပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ဘိလပ်မြေစက်ရုံ စီမံကိန်းကို မြင့်ရင်းနှီးမြုပ်နှံကုမ္ပဏီမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀၀ ကျော် ရင်းနှီးမြုပ်နှံထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ တရားဝင်ခွင့်ပြုချက်လည်း ရရှိထားခြင်းလည်း ဖြစ်သည်။

You may also like these stories:

အောင်သပြေ ပဋိပက္ခဖြစ်စဉ်မှ ဒေသခံ ၅ ဦးကို စွဲချက်တင်၊ တဦးလွတ်

ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အိုးဘိုထောင်တွင်း သေဆုံးသူ ကာယကံရှင်မိသားစု မကျေနပ်

အောင်သပြေဖြစ်စဉ် ပါဝင်သူများအားလုံးကို ဖမ်းဆီးအရေးယူမည်

ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး သေနတ်ဒဏ်ရာဖြင့် သေဆုံး

Loading