• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်သူများ၏ ရှုတ်ချခြင်း ခံလိုက်ရသည့် ရဲတပ်ဖွဲ့

by သဇင်လှိုင်
23 December 2019
in သတင်း
A A
ယနေ့ ရန်ကုန်မြို့လယ်ကောင်တွင် တွေ့ရသည့် ဆန္ဒပြပွဲမြင်ကွင်း  / ဧရာဝတီ

ယနေ့ ရန်ကုန်မြို့လယ်ကောင်တွင် တွေ့ရသည့် ဆန္ဒပြပွဲမြင်ကွင်း / ဧရာဝတီ

10k
VIEWS
Share on FacebookShare on Twitter

“ကျင့်ဝတ်နဲ့ ဥပဒေချိုးဖောက်သော ရဲအရာရှိများအား အရေးယူပေး” ဆိုတဲ့ သံပြိုင်ဟစ်ကြွေးသံတွေ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့လယ်မှာ ပွက်လောညံခဲ့ပါတယ်။ ဒီအသံတွေဟာ ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံ မျက်နှာစာမှာ ရာနှင့်ချီတဲ့ လူထုက သံပြိုင်ဟစ်ကြွေးတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ 

ဒီလို ရာနှင့်ချီတဲ့ လူထု မြို့လယ်ကောင်ထွက်ပြီး ဆန္ဒပြမှု ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လိင်အကြမ်းဖက်ခံရတဲ့ ကလေးငယ်ရဲ့ အမည်နဲ့ နစ်နာသူ မိသားစုဝင်တွေရဲ့ အမည်တွေကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ 

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
17
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
48
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
248

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ပြုလုပ်တဲ့ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ နစ်နာသူ ကလေးငယ်နဲ့ သက်ဆိုင်တဲ့ အချက် အလက်တွေကို နှုတ်က ဖွင့်ပြောခဲ့တဲ့အပြင် “ရဲဇာနည်” အကောင့်နဲ့ ဖွင့်ထားတဲ့ Facebook စာမျက်နှာမှာလည်း ဖော်ပြခဲ့ပါတယ်။ ဒီလိုဖော်ပြချက် အပေါ် ပြည်သူလူထုက ဒေါသထွက်ပြီး ဝေဖန်မှုတွေ မြင့်တက်လာလို့ နာရီပိုင်း အတွင်းမှာ ပြန်ဖြုတ်သွားခဲ့ပါတယ်။ 

ဒီလုပ်ရပ်တွေအပေါ် ဒေါသထွက်နေတဲ့ ပြည်သူတွေဟာ အခုလို လမ်းပေါ် ထွက်လာတာ ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေဟာ နစ်နာသူ မိသားစုဘက်ကနေ မခံမရပ်နိုင်ဖြစ်နေကြပြီး ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သလို ဥပဒေအကြောင်း အရ အရေးယူစေချင်ကြတဲ့ အကြောင်းလည်း ပြောပြကြပါတယ်။ 

ဆန္ဒပြပွဲကို လာရောက်ပူးပေါင်း ဒေါ်လှလှချို က “ကလေးသူငယ် ဥပဒေကို ချိုးဖောက်ရာ ကျတယ်။ နိုင်ငံတကာက လေးစားလိုက်နာရတဲ့ ဥပဒေကို ပြောင်ပြောင် တင်းတင်းနဲ့ မြန်မာနိုင်ငံရဲ့ အာဏာပိုင် အဖွဲ့အသည်း တရပ်ကနေ ချိုးဖောက်လိုက်တာပဲ။ အဲဒီကိစ္စကို ကျမတို့ ဆန့်ကျင်တယ်။ ဗစ်တိုးရီးယား အမည်မှန် အဖေ အမေ  နာမည်ကို မသိချင်ဘူး။ ကျမတို့ သိချင်တာ တရားခံ အစစ်ရဲ့ နာမည်ကို သိချင်တယ်” လို့ ပြောပါတယ်။

ဒေါ်နိုင်နိုင်မော် ကလည်း “ဘယ်အရာကို မထုတ်ဖော်ရဘူး။ ဘယ်အရာကို ထိန်ချန်ရမယ် ဆိုတာ သိသိရက်နဲ့ တာဝန်ရှိရှိ တာဝန် သိသိကြီးနဲ့ ဘာရည်ရွယ်ချက်နဲ့ ဒါကို ချပြလိုက်တာလဲ၊ တရားဝင် ချပြခွင့် ရှိသလား။ ဒီကလေးရဲ့ အနာဂတ်ကို ဒီကလေးရဲ့ ဘဝကို ထည့်မတွက်ဘူးလား။ ဘာလို့ အဲဒီလို ချပြလိုက်တာလဲ ဆိုတာကို သိချင်တယ်” လို့ သူမကလည်း ပြောပါတယ်။ 

ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ဟာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က တရားဝင် အတည်ပြု ပြဌာန်းလိုက်တဲ့ ၅ လမြောက်တဲ့ နေ့လည်းဖြစ်ပါတယ်။ ၅ လသက်တမ်းသာ ရှိသေးတဲ့ အဲ့ဒီဥပဒေ အခန်း ၂၅ မှာ ပြစ်မှုကျူးလွန်ခြင်း ခံရတဲ့ ကလေးသူငယ်တွေနဲ့ ကလေးသူငယ် သက်သေတွေကို  အကူအညီနဲ့ အကာအကွယ် ပေးခြင်းဆိုတဲ့ ခေါင်းစဉ် ပါပါတယ်။ 

ဒီခေါင်းစဉ်အောက်မှာရှိတဲ့ ပုဒ်မ ၉၆ (ဃ) မှာ ပြစ်မှုကျူးလွန်ကြောင်း စွတ်စွဲခံရတဲ့ ကလေးသူငယ် (သို့) မှုခင်းမှာ သက်သေအဖြစ် ပါဝင်နေတဲ့ ကလေးသူငယ်ဟာ မည်သူ မည်ဝါ ဖြစ်ကြောင်းနဲ့ မှုခင်း သတင်း အချက်အလက်များ ရယူခြင်း၊ ထည့်သွင်းခြင်းနှင့် ကြော်ငြာခြင်း၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်ခြင်း၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ စာအုပ် စာတမ်းများမှာ ထည့်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ အသုံးပြုခြင်း မပြုရ (သို့) ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ လူမှုဆက်သွယ်ရေး နည်းလမ်းများမှာ ထုတ်လွှင့်ခြင်း မပြုရလို့ ပြဌာန်းထားပါတယ်။

အဲ့ဒီပုဒ်မ ကိုဖောက်ဖျက်ရင် အနည်းဆုံး ထောင်ဒဏ် ၄ လမှ အများဆုံး ၁ နှစ်ထိ ဖြစ်စေ၊ အနည်းဆုံး ကျပ် ၄ သိန်းမှ အများဆုံး ကျပ် ၆ သိန်း အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ရမယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ပုဒ်မ ၉၆ (င) မှာ ပြစ်မှု ကျူးလွန်းခြင်းခံရတဲ့ ကလေးသူငယ်တွေ၊ သက်သေအဖြစ် ထွက်ဆိုတဲ့ ကလေးသူငယ် တွေနဲ့ ဆက်နွယ် ပက်သက်သူတွေဟာ ကလေးမှုခင်းကိစ္စကို ထုတ်ဖော်ခြင်း မပြုဘဲ လျှို့ဝှက်ထားရှိရမယ်လို့လည်း ပြဌာန်း ထားပါတယ်။ 

နိုင်ငံအတွင်း တည်ဆဲဥပဒေမှာ ဒီလိုပြဌာန်းထားတဲ့ အပြင် ကလေးသူငယ် အခွင့် အရေးဆိုင်ရာ နိုင်ငံတကာ စာချုပ် CRC ကိုလည်း မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ 

ဒီလိုကလေးသူငယ် အကာအကွယ်ပေးမှုတွေနဲ့ ပတ်သက်ပြီး ဥပဒေ ရှိပေမယ့်လည်း အဲဒီဥပဒေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပေါ်ပေါ် ထင်ထင် ဖောက်ဖျက်လိုက်လိုက်တာ ဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ဒေါ်သိင်္ဂ ီဦး က ဆိုပါတယ်။ 

 “တရားဥပဒေ စိုးမိုးရေး လုပ်ရမယ့် အဖွဲ့အစည်း တရပ်က တည်ဆဲ ဥပဒေတွေတွေကို ဖောက်ဖျက်လိုက်တာ ဖြစ်တယ်။ ကလေးသူငယ် စောင့်ရှောက်ရေး ဥပဒေကိုလည်း ဖောက်ဖျက်လိုက်တာ ဖြစ်တယ်။ ကျမတို့အတွက် အင်မတန်ကို မလုံခြုံတဲ့ society ဖြစ်နေတယ်။ တရားဥပဒေ စိုးမိုးရေး လုပ်ရမယ့် အဖွဲ့ကိုယ်၌ကိုက ဥပဒေကို ပေါ်ပေါ်ထင်ထင် ဖောက်ဖျက်လိုက်တယ် ဆိုတာက အင်မတန် ကြောက်စရာ ကောင်းနေပါတယ်” လို့ ဒေါ်သိင်္ဂ ီဦးက ရှင်းပြပါတယ်။ 

Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်း က “အခုလိုမျိုး လုပ်ဆောင်ချင်က ကလေးရဲ့ ကောင်းကျိုးကို မစဉ်စားဘူးဆိုတဲ့ အချက်က ပေါ်လွင်ထင်ရှားစေတယ်။ ဒါနဲ့ပတ်သက်ပြီး လုပ်ဆောင်ပေးဖို့ တာဝန်အရှိဆုံးကတော့ အစိုးရ ဖြစ်လိမ့်မယ်။ ဒီကိစ္စကို အရေးယူမှု မရှိဘူးဆိုရင်တော့ ကလေးသူငယ်တွေကို ဥပဒေရှိပေမယ့် ကာကွယ်မှု မပေးနိုင်ဘူး ဆိုတဲ့ ကိစ္စမျိုး၊ တရားစီရင်မှု မဏ္ဍိုင်ရဲ့ အားနည်းချက်၊ အစိုးရရဲ့ တာဝန်ပျက်ကွက်မှုတွေ အပေါ်မှာ အများကြီး ထောက်ပြစရာ ဖြစ်သွားလိမ့်မယ်” လို့ ထောက်ပြပါတယ်။

ငြိမ်းချမ်းရေးနှင့် တရားမျှတမှု လှု့အဖွဲ့အစည်း မှ ကိုဇာနည် က “တရားစီရင်ရေး မဏ္ဍိုင် ယိမ်းယိုင်လာမှု အပေါ်၊ တရားမျှတမှု မရှိတဲ့ အပေါ်မှာ အုပ်ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင် တွေကလည်း တည့်မတ်ပေးဖို့ တောင်းဆိုပါတယ်” လို့ ဆိုပါတယ်။ 

ရန်ကုန်မြို့လယ်က မြို့တော်ခန်းမကြီးရှေ့ကို ရောက်ရှိလာတဲ့ ရာနှင့်ချီတဲ့ ဆန္ဒဖော်ထုတ်သူတွေဟာ ဗစ်တိုရီးယားရဲ့ နာမည်ကို ထုတ်ဖော် ပြောကြားခဲ့တဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို အရေးယူရန်သာမကဘဲ ကြန့်ကြာနေပြီး တရားခံ အစစ် မဖော်ထုတ်နိုင်သေးဘဲ ဖြစ်နေတဲ့ ဗစ်တိုရီးယားအမှုအတွက်လည်း တရားမျှတမှု ရှာဖွေဖော်ထုတ်ပေးဖို့ တောင်းဆိုကြပါတယ်။ 

ရာနဲ့ချီတဲ့ လူထုရဲ့ တောင်းဆိုသံတွေထဲမှာ Justice for victoria ဆိုတဲ့ အသံတွေအပြင် “ကျင့်ဝတ်နဲ့ ဥပဒေ ချိုးဖောက်သော ရဲအရာရှိများအား အရေးယူပေး” ဆိုတဲ့ အသံတွေကလည်း ကောင်းကင်ယံထိ ပျံ့လွင့်ခဲ့ပါတယ်။

You may also like these stories:

ဗစ်တိုးရီးယားအတွက် အမှန်တရား ကူကယ်ရာမဲ့နေဟု ဖခင်ပြော

ဗစ်တိုးရီးယားအမှု ရဲတပ်ဖွဲ့၏ ပြုမူချက်အပေါ်ဝေဖန်ချက်များ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရှက်ဖွယ်

Your Thoughts …
Tags: ဆန္ဒပြဗစ်တိုးရီးယားရဲတပ်ဖွဲ့
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

by Craig Keating
5 October 2023
6.8k

ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့် တက်ရောက်နေသည့် ညစာစားပွဲတခုတွင် ရဲမှူးတဦးကို အတင့်ရဲစွာ သတ်ဖြတ်လိုက်ခြင်းသည် နိုင်ငံကို တုန်လှုပ်စေသည်။

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

by ဧရာဝတီ
21 March 2024
2.4k

တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့တွင် ပြုလုပ်ခဲ့သော ရိုဟင်ဂျာများ၏ ဆန္ဒပြပွဲသည် စစ်ကောင်စီက ကြိုးကိုင်စီစဉ်ခဲ့ခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောဆိုသည်။

ဆန္ဒပြ အလုပ်သမားများကို စစ်တပ်နှင့်ပေါင်း၍ တရုတ်စက်ရုံ ခြိမ်းခြောက်

ဆန္ဒပြ အလုပ်သမားများကို စစ်တပ်နှင့်ပေါင်း၍ တရုတ်စက်ရုံ ခြိမ်းခြောက်

by ဧရာဝတီ
19 November 2024
1.4k

အလုပ်သမားများက အချက် ၁၈ ချက်ကို တောင်းဆိုထားကြပြီး ထိုထဲတွင် အမျိုးသမီးအလုပ်သမား ၂ဦးကို ကိုယ်ထိ လက်ရောက်ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား စက်ရုံဒါရိုက်တာကို လုပ်ငန်းခွင်မှ ထုတ်ပယ်ပေးရန်၊ အလုပ်ထုတ်ခံရသည့် အလုပ်သမားများကို အလုပ်ပြန်ခန့်ရန်၊ လုပ်ငန်းခွင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်

လားရှို့မြို့ကနေ မဆုတ်ခွာဖို့ MNDAAကို မြို့ခံတွေ ဆန္ဒပြ (ရုပ်/သံ)

လားရှို့မြို့ကနေ မဆုတ်ခွာဖို့ MNDAAကို မြို့ခံတွေ ဆန္ဒပြ (ရုပ်/သံ)

by ဧရာဝတီ
21 March 2025
1.2k

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့တော် လားရှိုးကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အနေနဲ့ မြို့ကနေ ပြန်လည် မထွက်ခွာဖို့ မြို့ခံတွေက မတ်လ ၂၀ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

Next Post
ခရစ်စမတ်လက်ဆောင်

ခရစ်စမတ်လက်ဆောင်

တောင်ကိုရီးယား အမျိုးသား အဆိုတော် အဖွဲ့ BTS

၂၀၂၀ ဂင်းနစ် ကမ္ဘာ့စံချိန်တင် မှတ်တမ်း စာအုပ်မှာ ဖော်ပြခံရတဲ့ BTS အဖွဲ့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate