• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အောင်ရဲထွေး အမှု ဖမ်းထားသူ ၃ ဦးကို အာမခံဖြင့် ပြန်လည်လွှတ်ပေး

by ထွန်းထွန်း
24 December 2019
in သတင်း
A A
အောင်ရဲထွေး အမှု ရုံးထုတ်မြင်ကွင်း  / မျိုးမင်းစိုး  / ဧရာဝတီ

အောင်ရဲထွေး အမှု ရုံးထုတ်မြင်ကွင်း / မျိုးမင်းစိုး / ဧရာဝတီ

18.5k
VIEWS
Share on FacebookShare on Twitter

ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုတွင် ဖမ်းဆီးထားသူ ၃ ဦးအား ယနေ့ရုံးချိန်းတွင် အရှေ့ပိုင်း ခရိုင်တရားရုံးက ကျပ်သိန်းတရာတန် ပိုင်ဆိုင်မှုဖြင့် အာမခံပေးကာ လွှတ်ပေးခဲ့သည်။

လူသတ်မှု၊ အားပေးကူညီမှုများဖြင့် မူလတရားရုံးက စွဲချက်တင်ထားသည့် သန်းထွဋ်အောင်(ခ) သားကြီး၊ ပြည့်ဖြိုး အောင်(ခ) အောင်လေးနှင့် ကျော်ဇောဟန်(ခ) ကျော်ဇောတို့အား ဒီဇင်ဘာ ၁၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှနေ၍ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅ အဖြစ် ပြောင်းလဲခဲ့ပြီးနောက် ယခုကဲ့သို့ အာမခံ ပေးခဲ့ခြင်းဖြစ်သည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
39
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
36
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
469

သန်းထွဋ်အောင်(ခ)သားကြီး၏ ဖခင်ဖြစ်သူ ဦးခင်မောင်လေးက “ တဦးကို ကျပ်သိန်းတရာတန် ပိုင်ဆိုင်မှုနဲ့ အာမခံရခဲ့ တာပါ၊ ဥပဒေကြောင်းအရ အာမခံရခဲ့တာဆိုတော့လည်း ဝမ်းသာပါ တယ်”ဟု ဧရာဝတီသို့ပြောသည်။

ဟာသသရုပ်ဆောင် အောင်ရဲထွေးသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ညက The One Entertainment Park တွင် ပြုလုပ်သည့် နှစ်သစ်ကူးပွဲတွင် လူတစ်စု၏ ဝိုင်းဝန်းထိုးကြိတ် တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုအား အရှေ့ပိုင်းခရိုင်တရားရုံးက ၆ လခန့်စစ်ဆေးပြီးနောက် ၂၀၁၈ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့တွင် ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄(က) အရ အမှုရုပ်သိမ်းကာ လွှတ်ပေးခဲ့သည်။

ထို့သို့ လွှတ်ပေးမှုအပေါ် ပြည်သူများအကြား ဝေဖန်မှုများ မြှင့်တက်ခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဝင်ရောက်ကိုင်တွယ်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေ ချုပ်(ဟောင်း) ဦးဟန်ထူးအပါအဝင် ဥပဒေအရာရှိ အချို့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ အဂတိမှုဖြင့် အရေးယူခံခဲ့ရပြီး ယနေ့တိုင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

အဂတိတိုက်ဖျက်ရေးကော်မရှင်က အရေးယူပြီးနောက် ၎င်းတို့ ၃ ဦးအား အောက်တိုဘာ ၉ ရက်နေ့မှ စတင်ကာ နောက်တကြိမ်ထပ်မံစစ်ဆေးခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် သန်းထွဋ် အောင်(ခ)သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့အား လူသတ်မှု ပုဒ်မ ၃၀၂(၂)ဖြင့် လည်းကောင်း၊ ကျော်ဇောဟန်(ခ) ကျော်ဇောအား လူသတ်ရန်အားပေးမှု ပုဒ်မ ၃၀၂(၂)/၁၁၄ ဖြင့်လည်းကောင်း စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

You may also like these stories:

အောင်ရဲထွေးအမှု လူသတ်မှုမှ အပြင်းအထန် နာကျင်စေမှုသို့ ပြောင်းလဲ စွဲချက်တင်

အောင်ရဲထွေးအမှု လူသတ်မှုစွဲချက် ပယ်ဖျက်ပေးရန် စွဲချက်တင်ခံရသူများ လျှောက်ထား

အောင်ရဲထွေး အမှုတွင် လူသတ်မှုစွဲချက် ပြင်ဆင်ခြင်း တိုင်းတရား လွှတ်တော် လက်ခံ

အောင်ရဲထွေး အမှု စွပ်စွဲခံရသူ တဦးက သမ္မတထံ အသနားခံစာ ပို့ထားရာ အကြောင်းမပြန်သေး

Your Thoughts …
Tags: အောင်ရဲထွေး
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် အောင်ရဲထွေး သတ်မှုဖြင့် ရုံးထုတ်လာမှု မြင်ကွင်း  / ဧရာဝတီ

အောင်ရဲထွေး သေဆုံးမှု အပြစ်မရှိကြောင်း တရားစွဲခံရသူ ၃ ဦး ငြင်းဆို

by ဇူးဇူး
17 March 2020
19.2k

ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုနှင့် ပတ်သက်၍ ၎င်းတို့တွင် အပြစ်မရှိကြောင်း တရားစွဲခံရသူ ၃ ဦးက ယနေ့ ရုံးချိန်းတွင် ထွက်ဆိုသွားသည်။

ဖေ့ဘုတ်ဆယ်လီ အောင်ရဲထွေး / အောင်ရဲထွေး ဖေ့စ်ဘုတ်

ဖေ့စ်ဘုတ်ဆယ်လီ အောင်ရဲထွေး ကွယ်လွန်

by ယုဖြူဟန်
2 January 2018
42.9k

အောင်ရဲထွေး သေဆုံးမှုနဲ့ပတ်သက်ပြီး အမည်မသိလူတစုက ဝိုင်းရိုက်ခဲ့သဖြင့် ဦးခေါင်းတွင် အပြင်းအထန်ဒဏ်ရာရရှိပြီး ဆေးရုံတွင် ခွဲစိတ်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်လွန်းသဖြင့် သေဆုံးသွားခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှ ရေးသားနေကြတာကိုလည်း တွေ့ရပါတယ်။

သေဆုံးသူ ဟာသသရုပ်ဆောင် အောင်ရဲထွေးရဲ့ အသုဘအခမ်းအနားတွင်တွေ့ရတဲ့ မိသားစုဝင်များ / သက်ထွန်းနိုင် / ဧရာဝတီ

အောင်ရဲထွေးနဲ့ ပတ်သက်ပြီး ကောလာဟလများ မရေးသားရန် မိသားစုက မေတ္တာရပ်ခံ

by သဇင်လှိုင်
9 January 2018
23.8k

အဓိကပြောချင်တာက ဘယ်ကောလာဟလမဆို ဘယ်သတင်းမဆို ကျနော်တို့ကို ကိုယ်ချင်းစာပေးပါ။ အငယ်ကောင် (အောင်ရဲထွေး)ကိုလည်း အပြစ်မပြောကြပါနဲ့ သူ့မှာဘာအပြစ်မှ မရှိပါဘူး။ သူဘယ်သူ့ကိုမှ ဒုက္ခပေးထားတာလည်း မရှိဘူး။


ရဲအုပ်ချစ်ကိုကိုသည် တရားခံများ ပြစ်ဒဏ်သက်သာရေး လျော့ပေါ့စစ်ဆေးခဲ့ဟု တရားလိုထွက်ဆို

by ဇူးဇူး
9 January 2019
35.9k

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသူ ရွှေပေါက္ကံနယ်မြေ စခန်းမှူးဟောင်း (ယခင်သုဝဏ္ဏနယ်မြေ စခန်းမှူး) ရဲအုပ်ချစ်ကိုကိုသည် တရားခံများ ပြစ်ဒဏ် သက်သာစေရေးအတွက် လျော့ပေါ့စစ်ဆေးခဲ့ကြောင်း တရားလို ဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးမှူး ဦးမိုးနိုင်က ယနေ့...

ရန်ကုန်တိုင်း ဥပဒေချုပ် အပါအဝင် ၆ ဦးကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ထီးများဖြင့် ကွယ်၍ ရုံးထုတ်လာစဉ်  / မျိုးမင်းစိုး / ဧရာဝတီ

အမှုရုပ်သိမ်းခွင့်ရရန် တိုင်းဥပဒေချုပ်ဟောင်း ဇနီးထံ ချဉ်းကပ်ခဲ့ဟု ဆို

by ဇူးဇူး
30 November 2018
47.9k

သရုပ်ဆောင် အောင်ရဲထွေး အမှု ရုပ်သိမ်းရေး ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း၏ ခွင့်ပြုချက် ရရှိရန်အတွက် ၎င်း၏ ဇနီးထံ ချဉ်းကပ်ခဲ့ကြောင်း ယနေ့ တရားခွင်တွင် ထွက်ဆိုသည်။

ရန်ကုန်တိုင်း တရား လွှတ်တော်တွင် ယနေ့ ရုံးထုတ်လာသည့် ရဲအုပ် ချစ်ကိုကို / မျိုးမင်းစိုး  / ဧရာဝတီ

ရဲအုပ် ချစ်ကိုကို၏ အဂတိအမှု တရားလိုပြသက်သေ ၇ ဦးစစ်ပြီးဟု ဆို

by ဇူးဇူး
9 October 2019
23.4k

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသူ ရွှေပေါက္ကံနယ်မြေ စခန်းမှူးဟောင်း (ယခင် သုဝဏ္ဏ နယ်မြေ စခန်းမှူး) ရဲအုပ် ချစ်ကိုကို အမှု ၁ နှစ်ပြည့်ပြီ ဖြစ်သော်လည်း တရားလိုပြသက်သေ ၇ ဦးသာ စစ်ဆေးပြီးကြောင်း

Next Post
ထိုင်းနိုင်ငံက ဆုမ်ခရမ်ပွဲတော်

ထိုင်း ဆုမ်ခရမ်ပွဲတော်နဲ့ တုံယမ်း ဟင်းရည်ကို ယဉ်ကျေးမှု အမွေအနှစ် စာရင်းသွင်းဖို့ ကြိုးစားနေ

သရုပ်ဆောင်၊ ဒါရိုက်တာ ကျော်သူ / ယုဖြူဟန် / ဧရာဝတီ

ဘာသာရေးကားတွေ လူမကြည့်တာနဲ့ ပတ်သက်ပြီး ရင်လေးနေတဲ့ ကျော်သူ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate