ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တောင်ပဇာ နယ်မြေစခန်းတွင် တာဝန်ကျနေသော အလုပ် သမား၊ လူဝင်မှုကြီးကြပ် ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ လဝက အရာရှိ ၃ဦး ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ညနေပိုင်း အမည်မသိ လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခံ ရကြောင်း သတင်း ရရှိသည်။
ဖြစ်စဉ်မှာ ယင်း လဝက အရာ ရှိ ၃ ဦးသည် ယမန်နေ့ ညနေ ၂ နာရီအချိန်ခန့်က ဘူးသီးတောင် မြို့မှနေ တာဝန်ကျရာ တောင်ပဇာ နယ်မြေစခန်းသို့ သွားရောက်ရန် ခရီးသည် စက်လှေတစီးဖြင့် လိုက်ပါလာခဲ့ရာ ကျောက်ရစ်ရွာအနီးတွင် အမည် မသိလက်နက် ကိုင်အဖွဲ့တခုက စက်လှေအား ဟန့်တားစစ်ဆေးပြီး ၎င်းတို့ ၃ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး မောင်မောင်စိုးက “AA ကဖမ်းသွားတယ်ဆိုတာကတော့ အဲဒီလိုပဲ ဖြစ်မယ် ထင်တယ် ။ အတိကျတော့ ပြောလို့ မရသေးဘူး။ လဝက အရာရှိ ၃ ယောက် ပျောက်နေတယ်လို့ တော့ ပြောတယ် ဗျ။ အဲဒီကိစ္စကို ကျနော်တို့ စုံစမ်းမှုတွေ လုပ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးခံရသည့် လဝက အရာရှိ ၃ ဦးမှာ ဘူးသီးတောင်မြို့နယ် တောင်ပဇာ နယ်မြေမှူး တာဝန် ထမ်းဆောင်နေ သော လက်ထောက် လဝက ညွန်ကြားရေးမှူး ဦးတင်မျိုးအောင် ၊ လက်ထောက် လဝကမှူး မျိုးဆွေဦး နှင့် လက်ထောက် လဝကမှူး အောင်ဖြိုးကျော် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်လှေတွင် ခရီးသည် စုစုပေါင်း ၁၈ ဦး ပါရှိပြီး ၎င်းလဝက အရာရှိ ၃ ဦးကို ဖမ်းဆီး ပြီး နောက် စက် လှေအား ပြန်လွှတ်ပေးလိုက်ကြောင်းလည်း သိရသည်။
ဖြစ်စဉ်အား အသေးစိတ် သိရှိနိုင်ရန် ဘူးသီးတောင်မြို့နယ် လဝကဦးစီးမှူး ဦးမျိုးတင့်ထွန်းအား ဆက်သွယ်ခဲ့ရာ ခွင့်ယူ ထားသဖြင့် ၎င်းဖြစ်စဉ်အား မသိရှိကြောင်းပြောသည်။
ဘူးသီးတောင်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေကတော့ လဝက အရာရှိ ၃ ဦး ပျောက် ဆုံးနေသည် သတင်းကို ကြားသိရသော်လည်း အသေးစိတ်ကို မသိရှိကြောင်း ၊ နယ်ခြား စောင့် ရဲတပ်ဖွဲ့ဌာနချုပ်ကိုသာ မေးမြန်းရန် လမ်းညွန်ခဲ့သည်။
မောင်တောနယ်စပ် ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲမှူးချုပ် မြင့်တိုးအား ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။
အဆိုပါ ဘူးသီးတောင်မြို့နယ် တောင်ပဇာ နယ်မြေစခန်းတွင် တာဝန်ကျနေသော လဝက အရာရှိ ၃ ဦးကို AA က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း သက်ဆိုင် ရာ အဖွဲ့အစည်း များကတော့ မည်သည့် အဖွဲ့က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဆိုသည်ကို တိတိ ကျကျ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။
ယင်း လဝက အရာရှိ ၃ ဦးအား AA အဖွဲ့ ဖမ်းဆီးခေါင်းဆောင်သွားသည် ဆိုသည့် သတင်း ထွက်ပေါ်နေမှုနှင့် ပတ်သက် ပြီး AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခအား ဧရာဝတီမှ ဆက်သွယ်ခဲ့ရာ ၎င်းအနေဖြင့် မသိရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲကာလတွင်း ဌာနဆိုင်ရာဝန်ထမ်းများ ထိုသို့ ဖမ်းဆီးခံရမှု များ ရှိသလို ၊ ဖမ်းဆီးသတ်ဖြတ်ခံရ၍ အရပ်သားများ သေဆုံးမှုမှာလည်း တဖြည်းဖြည်း များပြားလာနေသည်။
ဆက်စပ်ဖတ်ရှု့ရန်
ရက္ခိုင် ပြည်သူ့ အာဏာပိုင် အဖွဲ့ကို ထူထောင်တော့မယ်
AA ၏ ဖမ်းဆီးခံ ရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများ လွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်
AA ဖမ်းဆီးထားသည့် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရန် ချင်းအဖွဲ့အစည်း ၄၃ ဖွဲ့ တောင်းဆို
ပြည်သူ့ကိုယ်စားလှယ်ကို ဖမ်းဆီးချုပ်နှောင်တယ်ဆိုတာ သင့်တော်တဲ့ ကိစ္စမဟုတ်ဘူး
ICJ ထောက်ခံပွဲကို မကြိုက်၍ NLD ဥက္ကဋ္ဌကို ဖမ်းလိုက်တာဟု AA ပြော