• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးစိုးထွန်းရှိန်အမှု ရင်းနှီးမြုပ်နှံမှုကော်မရှင် ဥပဒေ ကို သက်သေခံအဖြစ် လျှောက်ထား

by ဧရာဝတီ
25 December 2019
in သတင်း
A A
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်  / ဇော်ဇော် / ဧရာဝတီ

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် / ဇော်ဇော် / ဧရာဝတီ

16.8k
VIEWS
Share on FacebookShare on Twitter

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အား သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် ၂ သတ္တုတွင်း လုပ်ငန်းမှ သတ္တုတွင်းနည်းဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် တရားစွဲထားသော အမှုတွင် ၎င်း၏ ရှေ့နေဖြစ်သူက မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် နည်းဥပဒေပုဒ်မ ၉၄ ကို သက်သေအဖြစ် တရားရုံးသို့ လျှောက်ထား ခဲ့သည်။

ရမည်းသင်းမြို့နယ်တရားရုံး၌ ဒီဇင်ဘာလ ၂၄ ရက်က ယင်းအမှု၏ ၇ ကြိမ်မြောက် ရုံးချိန်းအဖြစ် ဆက်လက် စစ်ဆေးစဉ် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်တော်က လျှောက်ထား တင်သွင်းခဲ့ခြင်းဖြစ်သည်။

RelatedPosts

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
4
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
124
မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

21 June 2025
98

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်၊ နည်းဥပဒေ၊ အခန်း ၂၃၊ ပုဒ်မ ၉၄ အရ ထိုဥပဒေနှင့် သက်ဆိုင်သော ကိစ္စများကို ၎င်းဥပဒေဖြင့်သာ ဆုံးဖြတ်ရမည်ဟု ပြဌာန်းထားကြောင်း၊ ယခုအခါ ယင်းဥပဒေဖြင့် မဆောင်ရွက်ဘဲ ယခု သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် တရားစွဲဆိုထားခြင်းကြောင့် သက်သေအဖြစ် တင်သွင်းရခြင်းဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်ခင်တော်က ပြောသည်။

ယင်းဥပဒေပုဒ်မ ၉၄ တွင် “အခြားဥပဒေတရပ်ရပ်တွင် မည်သို့ပါရှိစေကာမူ ဤဥပဒေပါပြဌာန်းချက် တရပ်ရပ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေနှင့် အညီသာ ဆောင်ရွက်ရမည်” ဟု ပြဌာန်းထားသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်တော်က“ဒီရွှေထုတ်တယ်ဆိုတာက မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် MIC ခွင့်ပြုမိန့်နဲ့ ထုတ်တာပေါ့။ အဲဒီခွင့်ပြုမိန့်က ၇ ရက် ၇ လမှာ ခွင့်ပြုမိန့် ရပ်စဲတာ။ သူတို့က ၃ လပိုင်းကတည်းက အမှုက စွဲတာ။ MIC နဲ့ သတ္တုတွင်း ယှဉ်ရင် MIC က ပိုမြင့်တယ်”ဟု သတင်းမီဒီယာများကို ရှင်းပြသည်။

ပြီးခဲ့သည့် တရားရုံး စစ်ဆေးမှုတွင်လည်း ဦးစိုးထွန်းရှိန်ဘက်မှ စာရွက်စာတမ်း သက်သေ ၈ ခုအား တရားရုံးတော်သို့ တင်သွင်းခဲ့သည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက မန္တလေးတိုင်း ရမည်းသင်း မြို့နယ်တွင် ရွှေလုပ်ကွက် လုပ်ကိုင်ခဲ့ပြီးနောက် အစိုးရသို့ ပေးသွင်းရမည့် သတ်မှတ် ရွှေပိဿာချိန်များကို ပေးသွင်းမှု မရှိသည့်အပြင် တရားမဝင် တူးဖော်မှုများ ပြုလုပ်သည်ဟု ဆိုကာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် အပါအဝင် ၅ ဦးကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်း လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးအေးဇော်က တရားလို ပြုလုပ်၍ ၂၀၁၈ ခုနှစ် မတ်လ ၁၉ ရက်က ရမည်းသင်းမြို့နယ် မြို့မရဲစခန်းတွင် သတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ထို့အပြင်၂၀၁၈ ခုနှစ် ဇွန်လ အတွင်းကလည်း မန္တလေးတိုင်း တရားလွှတ်တော်တွင်လည်း တရားမကြောင်းအရ တရားစွဲဆိုထားသည်။

ထို့အတူ အမှတ် (၂) သတ္တုတွင်း လုပ်ငန်းမှ လက်ထောက် အထွေ ထွေမန်နေဂျာ (ထုတ်လုပ်) ဦးတင်မောင်ဆွေ ကလည်း တရားလိုပြုလုပ်၍ ဦးစိုးထွန်းရှိန်နှင့် ဒါရိုက်တာ အဖွဲ့ဝင်များ ကို၂၀၁၉ ခုနှစ် သြဂုတ်လ ၃ ရက်က ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆ (၁) ဖြင့် ထပ်မံ တရားစွဲဆိုထားကြောင်း သိရသည်။

ယခု ရုံးချိန်းတွင် တရားလိုဖြစ်သူ အထွေထွေမန်နေဂျာ ဦးအေးဇော်ကို ပြန်လှန်စစ်မေးမှုများ ပြုလုပ်ပြီးစီးခဲ့သည်။ တခြား တရားလိုဖြစ်သူ ဦးတင်မောင်ဆွေကိုမူ စစ်မေးမှုများ မပြီးပြတ်သည့်အတွက် လာမည့် ရုံးချိန်းတွင် ဆက်လက်စစ်မေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ၂၀၁၉ ဇန်နဝါရီလ ၆ ရက် တွင် ဆက်လက်စစ်ဆေးရန် ရုံးချိန်းသတ်မှတ်ထားပြီး အဆိုပါရုံးချိန်းတွင် တရားလိုဖြစ်သူ ဦးတင်မောင်ဆွ ကို ဆက်လက်စစ်မေးသွားမည်ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: MICရင်းနှီးမြှုပ်နှံမှုကော်မရှင်သတ္ထုတွင်းဦးစိုးထွန်းရှိန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.3k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.4k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.9k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း MIC ဥက္ကဋ္ဌအသစ် ဖြစ်လာ

by ဧရာဝတီ
8 May 2021
61.3k

ကိုဗစ်ကာလမှာ ယိုင်နဲ့နဲ့ဖြစ်နေတာကို ဒီလို အခြေအနေ ဖြစ်လာတော့ ရင်းနှီးမြှုပ်နှံမှုတွေက နိုင်ငံခြားသား မပြောနဲ့ ပြည်တွင်းက လူတွေတောင် မလုပ်နိုင်တော့ဘူး။ နိုင်ငံခြားသားက ပိုဆိုးတာပေါ့

သတ္တုမုဆိုး ဘီလျံနာ ဦးနေဝင်းထွန်း (ရုပ်/သံ)

သတ္တုမုဆိုး ဘီလျံနာ ဦးနေဝင်းထွန်း (ရုပ်/သံ)

by ဧရာဝတီ
2 September 2024
1.1k

ကမ္ဘာကျော် ပတ္တမြား ထွက်ရှိရာ မိုးကုတ်မြေကို ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်တွင် ပလောင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သိမ်းပိုက်လိုက်ခြင်းသည် ပတ္တမြားမြေ၏ အကျိုးစီးပွားကို နှစ်ပေါင်းများစွာ စံစားနေသူတို့အား ရတက်မအေး...

မြဝတီမြို့နယ် အာရှလမ်းမကြီးပေါ်တွင် တွေ့ရသည့် BGF တပ်ဖွဲ့ဝင်များ / ကျော်ခ / ဧရာဝတီ

အစိုးရ ကိုင်တွယ်ရခက်မည့် ကရင်လက်နက်ကိုင်များနှင့် တရုတ်တို့၏ စီမံကိန်းများ

by ဧရာဝတီ
7 August 2020
42.1k

အခမ်းအနားတွင် ချပြထားသော တရုတ်မြို့သစ်စီမံကိန်း နမူနာပုံဒီဇိုင်းတွင် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ဘေးတွင် ခေတ်မီ အထပ်မြင့်အဆောက်အအုံများစွာကို တွေ့မြင်ရသည်။

Next Post
မြဝတီစီးပွားရေးဇုန် / Bangkok Post

မြဝတီဒေသဖွံ့ဖြိုးရေး ထိုင်းက ဘတ်၇၇၇သန်းချေး

ယမန်နေ့က တရားရုံးရှေ့တွင် အမှတ်တရ ဓာတ်ပုံ ရိုက်နေကြသည့် လွတ်မြောက်လာသော ကျောင်းဆရာ ဦးနိုင်အောင်ထွန်း (ယာ) နှင့် အမှုလိုက်ရှေ့နေ ဒေါ်ဦးသန်းခိုင်  / OoThanKhine / facebook

အကြမ်းဖက် ဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံရသည့် ကျောင်းဆရာ လွတ်မြောက်

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.9k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate