ထိုင်း- မြန်မာနယ်စပ်မြို့ မြဝတီရှိ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးအတွက် ထိုင်းအစိုးရက အနိမ့်ဆုံး အတိုးနှုန်းဖြင့် ချေးငွေ ဘတ်၇၇၇သန်းကို နှစ် ၃၀ စာချုပ်ဖြင့် ချေးရန် ထိုင်းအစိုးရက အတည်ပြုကြောင်း Bangkok Post သတင်းကဆိုသည်။
အိမ်နီးချင်းနိုင်ငံများ စီးပွားတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Neda) ၏ မဲခေါင် ဒေသခွဲ တိုးတက်ရေး စီမံကိန်းအရ နယ်စပ် မြဝတီမြို့ အခြေခံ အဆောက်အအုံများအတွက် မြန်မာနိုင်ငံသို့ တတိယ အဆင့် ဘဏ္ဍာရေး အကူအညီပေးရေး အဆိုပြုချက်ကို ယမန်နေ့က ကျင်းပသည့် ထိုင်းအစိုးရ အစည်းအဝေးတွင် အတည်ပြုလိုက်ခြင်း ဖြစ် ကြောင်း အစိုးရ၏ လက်ထောက် ပြောခွင့်ရ ရာချဒါ သနာဒတ်က ပြောသည်။
ထိုအဆိုပြုချက်အရ အတိုးနှုန်း ၁.၅ ရာခိုင်နှုန်းဖြင့် နှစ် ၃၀ ချေးငွေ ဘတ် ၇၇၇ သန်းကို မြန်မာနိုင်ငံသို့ပေးမည်ဖြစ်ပြီး ဆိုင်းငံ့ကာလမှာ ၁၀ နှစ်ဖြစ်ကြောင်း သူပြောသည်။
ချေးငွေစည်းကမ်းချက်များအရ စာချုပ်တန်ဖိုး၏ ထက်ဝက်မှာ ထိုင်းနိုင်ငံမှ ကုန်စည်များနှင့် ဝန်ဆောင်မှုများမှာ ထိုင်းနိုင်ငံမှ ဖြစ်ရမည်ဖြစ်ပြီး၊ တည်ဆောက်သူများနှင့် စီမံကိန်းအကြံပေး များသည် ထိုင်းနိုင်ငံသားများဖြစ်ရမည်ဖြစ်ပြီး ထိုစာချုပ်ကို ထိုင်းနိုင်ငံဥပဒေများအရ ဆောင်ရွက်ရမည်ဖြစ်သည်။
မြဝတီမြို့သည် တပ်ခ်ပြည်နယ် မဲဆောက်ခရိုင် မှတဆင့် မြန်မာနှင့် ထိုင်းကုန်သွယ်ရာတွင် အဓိကနယ်စပ်ဖြစ်သော ကြောင့် ထိုင်းနှင့် မြန်မာနိုင်ငံစီးပွားတိုးတက်ရေးတွင် အရေးပါသော အခန်းမှပါဝင်သည်။ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုမှာ နှစ်စဉ် ဘတ် ၇၀ ဘီလျှံရှိပြီး ဆက်လက်တိုးပွားနေသည်ဟု လက်ထောက် ပြောခွင့်ရ ရာချဒါ သနာဒတ်ကပြောသည်။
မြဝတီနယ်စပ်မြို့သည် ထိုင်းနိုင်ငံသားများနှင့် ကုန်စည်များ မြန်မာနိုင်ငံမှ အရေးပါသော အခြားမြို့များသို့ သွားလာ သယ်ယူပို့ဆောင်ရာလမ်းကြောင်းတွင် တည်ရှိသည်။
ထိုစီမံကိန်းအတွက် ထိုင်းနိုင်ငံ၏ ဘာဏ္ဍာရေးအကူအညီသည် မဲခေါင်ဒေသခွဲ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ မြို့နှင့် နိုင်ငံ အဆင့် စီးပွားရေးဆောင်ရွက်မှုများကို အထောက်အကူပြုမည့် အခြေခံအဆောက်အအုံစနစ်များပိုမို ကောင်းမွန်စေ ရန် အထောက်အကူပြုမည်ဖြစ်သည်။
ထိုသို့ ဘဏ္ဍာရေးအကူအညီပေးခြင်းကြောင့် မြဝတီတွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။
မြဝတီတွင်နေထိုင်သူများသည် ပိုက်လိုင်းမှ ရေရရှိမည်ဖြစ်ပြီး မိုအိမြစ်ကမ်း(သောင်ရင်းမြစ်) တလျှောက်မှ ထိုင်းပြည်သူများ၏ အသက်မွေးဝမ်းကြောင်း တိုးတက်မည်ဖြစ်သည်ဟု ထိုင်းနိုင်ငံမှ ထုတ်ပြန်ကြေညာသည်။
လက်ရှိ မြဝတီမြို့နယ်တွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)က ဦးစီးကာ မြေ ၂၅.၅ ဧကပေါ်တွင် အမေရိကန်ဒေါ်လာ ၂၂.၅ သန်းတန် ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းကို တရုတ်လုပ် ငန်းစု JILIN YATAI GROUP ၏ရင်းနှီးမြုပ်နှံမှုဖြင့် BGF ၏ ချစ်လင်းမြိုင်ကုမ္ပဏီတို့က ပူးပေါင်း တည်ဆောက် နေပြီး ကက်ဆီနို လောင်းကစားရုံများ လည်း ရှိသည်။
ဆက်စပ်ဖတ်ရှု့ရန်
ဝေဖန်မှုများနေသည့် ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်း MIC တိုင်းဦးစီးမှူး ကွင်းဆင်းစစ်ဆေး
ခြေလွန်လက်လွန် ဖြစ်သွားတဲ့ မြဝတီက တရုတ်မြို့သစ် စီမံကိန်း ဘာဆက်ဖြစ်မလဲ
ရွှေကုက္ကိုမြို့သစ်စီမံကိန်း တိုးချဲ့မှု ရပ်နားထားရဟု ဗိုလ်မှူးကြီး စောချစ်သူပြော
မယ့်ဟောင်ဆောင်- မယ်စဲ့ နယ်စပ်ဂိတ် တရားဝင်ဖွင့်လှစ်နိုင်ရန် ညိုနှိုင်းနေ
မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေး ဒေါ်လာ ၁ ဘီလီယံ ရောက်ဖို့ မျှော်မှန်း
နယ်စပ်ကုန်သွယ်ရေးတွင် ထိုင်းဘတ် နှင့် မြန်မာကျပ်ငွေ အသုံးပြုရေး MoU ရေးထိုး
မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် ၂ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ်တို့ ဖွင့်လှစ်