ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ပြည်နယ် ဖရာ့ မန်ဂရိုင်းခရိုင်ရှိ ငှက်ပျောစိုက်ခင်းတွင် အလုပ်လုပ်နေသည့် မြန်မာ အလုပ် သမား ၄၀ကျော်မှာ လနှင့်ချီကာ လစာမရသည့် အမှုနှင့် ပတ်သက်၍ ပြည်နယ် အလုပ်သမားရုံးက စုံစမ်းမှု ပြုလုပ် နေကြောင်း Bangkok Post သတင်းကဆိုသည်။
မြန်မာအလုပ်သမား ၄၅ ဦးတို့သည် ပြီးခဲ့သည့် တနင်္လာနေ့က အလုပ်သမားရုံးတွင် စုဝေးကာ အကူအညီတောင်းခံခဲ့ ခြင်းဖြစ်ပြီး လစာမရသည်မှာ ၆ လကျော်ပြီဖြစ်ကြောင်း ၎င်းတို့ကပြောသည်။
ထိုငှက်ပျောစိုက်ခင်းတွင် မြန်မာနိုင်ငံမှ တရားဝင် မှတ်ပုံတင်ပြီး လုပ်ကိုင်နေသူ ၈၀ ခန့်ရှိပြီး ခြံရှင်များထဲတွင် တရုတ်နိုင်ငံသားနှစ်ဦး ရှယ်ယာပါကြောင်း မြန်မာအလုပ်သမားတဦးက ပြောသည်။
ယင်း မြန်မာအလုပ်သမားသည် ဖရာမန်ဂရိုင် ခရိုင်ရှိ ထိုစိုက်ခင်းတွင်လုပ်ကိုင်နေသည်မှာ ၃ နှစ်ကျော်ပြီဖြစ်ကြောင်း ထိုကုမ္ပဏီသည် ဇွန်လမှစတင်ပြီး ငွေကြေးအခက်အခဲရင်ဆိုင်ရကာ ထိုမှ စတင်ပြီး လစာထုတ်ပေးမှု နောက်ကျသည်ဟု သိရသည်။
ယခုလအစောပိုင်းတွင်မူ ထိုစိုက်ခင်းသည် အကြောင်းပြချက်မပေးဘဲ အလုပ်သမားအများအပြားကို အလုပ်မှ ထုတ်ခဲ့ ကြောင်းလည်း သိရသည်။
မြန်မာအလုပ်သမားက ဆက်လက်၍ သူ၏အလုပ်ရှင်သည် သူ့ထံသို့ ၂၇၅၀၀ ဘတ်ပေးရန်ရှိပြီး သူ၏ဇနီးသို့ ၁၂၀၀၀ ဘတ်ပေးရန်ရှိကြောင်း၊ အစားအစာနှင့် အခြားလိုအပ်သည်များကို ပေးရန်ထိုငွေကိုလိုကြောင်း သူပြောသည်။
စိုက်ခင်းကုမဏီသည် လစာပေးရမည့်ရက်များ အကြိမ်ကြိမ်ကျော်နေသည်ဟု ပြည်နယ်အလုပ်သမားနှင့် လူမှုဖူလှုံရေး အရာရှိ ကိုရာဝန် ဂျောင်ဆက်သာပေါင်ပန် ကပြောသည်။ ထိုလုပ်ငန်းသည် ငွေကြေးအရ ရုန်းကန်နေရပြီး ရှယ်ယာရှင် တဦးသည်ထောင်ကျနေကာ အခြားတဦးမှာ ကျန်းမာရေးမကောင်းသောကြောင့် ငွေကြေးကျပ်တည်းနေသည်ဟု ဆိုသည်။
ပြည်နယ်အလုပ်သမားရုံးကမူ လစာလက်ကျန်ငွေများကို ဇန်နဝါရီလ ၁၅ ရက်နေ့နောက်ဆုံးထားပေးရန် အလုပ်သမားရုံးက ညွှန်ကြားထားသည်။
You may also like these stories:
ထိုင်းတွင် သေနတ်ဖြင့် ပစ်ခံရသည့် မြန်မာအလုပ်သမား ၂ ဦး အမှုမဖွင့်ရဲဘဲဖြစ်နေ
မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းလူမူဖူလုံရေး အကျိုးခံစားရနိုင်သည်
သေဆုံး ဆောက်လုပ်ရေးလုပ်သားများအတွက် ထိုင်းကလျှော်ကြေးပေးမည်