• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်အတွက် ယူနန်ပြည်နယ်နှင့် MOU ထိုးရန်စီစဉ်

by မြတ်ပြည့်ဖြိုး
2 January 2020
in သတင်း
A A
၂၀၁၇ ခုနှစ် မေလအတွင်း ဘေဂျင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှီကျင့်ဖျင်တို့ တွေ့ဆုံစဉ် / Reuters

၂၀၁၇ ခုနှစ် မေလအတွင်း ဘေဂျင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှီကျင့်ဖျင်တို့ တွေ့ဆုံစဉ် / Reuters

9.5k
VIEWS
Share on FacebookShare on Twitter

တရုတ်–မြန်မာစီးပွားရေး စင်္ကြန်အတွက် မန္တလေးတိုင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရတို့ ခေါင်းစဉ် ၅ ရပ် အခြေခံသော နားလည်မှု စာချွန်လွှာကို (MOU) ရေးထိုးတော့မည်ဟု မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။ 

တရုတ်–မြန်မာ စီးပွားရေးစင်္ကြန် ပူးတွဲကော်မတီ၏ ဒေသအဆင့် ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းအဖွဲ့ဝင် တဦးလည်း ဖြစ်သူ ဦးမြတ်သူ က “စီးပွားရေး စင်္ကြန်အောက်မှာပဲ မန္တလေးတိုင်းနဲ့ ယူနန်ပြည်နယ် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး တွေ လုပ်နိုင်ဖို့ MOU ထိုးမှာ ဖြစ်တယ်။ မူကြမ်းကို စီးပွားရေး ကော်မတီဘက်က အတည်ပြုပြီးသွားပြီ” ဟု ဆိုသည်။ 

RelatedPosts

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
1
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
7
အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

13 May 2025
64

အဆိုပါ စီးပွားရေး စင်္ကြန်သည် တရုတ်နိုင်ငံ၏ မဟာဗျူဟာ စီမံကိန်းဖြစ်သော ခေတ်သစ် ပိုးလမ်းမ စီမံကိန်း (Belt & Road Initiative-BRI) ၏ အစိတ်အပိုင်း တခုဖြစ်ပြီး ယူနန်ပြည်နယ်ကဲ့သို့ ကုန်းတွင်းပိတ် ပြည်နယ်များ ဖွံ့ဖြိုးလာရန်နှင့် ကမ္ဘာ့အရှေ့ အလယ်ပိုင်း ဒေသများနှင့် ချိတ်ဆက်နိုင်ရန်အတွက် မြန်မာနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိနေသည်။ 

ထို့ကြောင့် ယူနန်ပြည်နယ်နှင့် မန္တလေးတိုင်း အတွက် ပေါ်လစီရေးရာ ညှိနှိုင်းဆောင်ရွက်မှု၊ အခြေခံ အဆောက်အအုံ များ ချိတ်ဆက်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်း ချင်း အပြန်အလှန် ဖလှယ်မှုဆိုသည့် ခေါင်းစဉ် ၅ ခု အခြေခံသော နားလည်မှု စာချွန်လွှာကို ယခုနှစ်ဆန်းပိုင်း အတွင်း လက်မှတ် ရေးထိုးမည်ဟု သိရသည်။ 

အဆိုပါ နားလည်မှု စာချွန်လွှာမူကြမ်းကို ပြုစုရန် မန္တလေးတိုင်း ဝန်ကြီးချုပ်က အဖွဲ့ခေါင်းဆောင် အဖြစ် တာဝန်ယူရ ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ၌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော ပြည်ထောင်စု စီးပွားရေး ကော်မတီက အတည်ပြုချက် ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

တရုတ်–မြန်မာ စီးပွားရေးစင်္ကြန်ကို အကြောင်းပြု၍ မြန်မာအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာ အခြေခံ အဆောက်အအုံပိုင်းတွင် တိုးတက်လာမည် ဖြစ်သလို ယခု နားလည်မှု စာချွန်လွှာအရ ယူနန်ပြည်နယ်နှင့် ဘဏ္ဍာရေး၊ ငွေကြေးကဏ္ဍနှင့် ဆက်စပ်သော ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ရာ ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးလာနိုင်မည်ဟု တရုတ်နိုင် ငံနှင့် ချိတ်ဆက် လုပ်ကိုင်နေသော ဒေသခံ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်က တရုတ်ယွမ်ငွေအား တရားဝင် ဘဏ်အကောင့် ဖွင့်ခွင့် မပြုသေးသောကိစ္စ ပြေလည်မည်ဆို ပါက နှစ်နိုင်ငံ ငွေကြေးစီးဆင်းမှု ပိုမိုအားကောင်းလာနိုင်သလို တရားမဝင် ငွေလွှဲလုပ်ငန်းများ၊ ငွေကြေးခဝါချမှုများ လည်း ကြတ်မတ်လာနိုင်မည်ဟု လုပ်ငန်းရှင်များက သုံးသပ်ကြသည်။  

ပို့ကုန် လုပ်ငန်းရှင် တဦးဖြစ်သူ လမင်းသဇင်ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဝင်းဌေး က “တရုတ်ရဲ့ စီမံကိန်း ရည်ရွယ်ချက်က အကြီးကြီးပဲ။ အဲဒီတော့ ကိုယ့်ဘက်က ဘယ်လို အခန်းကဏ္ဍကနေ အကျိုးခံစားခွင့် ရအောင်လုပ်မလဲ ဆိုတာ သေချာ စီမံတတ်ဖို့ လိုမယ်။ ဥပမာ–စီးပွားရေး ဘက်မှာလည်း ထုတ်လုပ်မှုဘက်မှာ ဘယ်လို ပါဝင်မလဲ၊ ကိုယ်တွေ ဘာလုပ်နိုင် မလဲဆိုတာမျိုး ကြိုတင် ပြင်ဆင်သင့်တယ်။ အဲဒီလိုမဟုတ်ရင်တော့ ကိုယ့်နိုင်ငံသားတွေက အလုပ်သမားပဲ ဖြစ်သွားလိမ့် မယ်” ဟု ဧရာဝတီကို ပြောသည်။ 

ထိုသို့ ကြိုတင်ပြင်ဆင်မှုများ လုပ်နိုင်ရန်အတွက် အစိုးရက နိုင်ငံသားများအား သိသင့်သိထိုက်သော သတင်းအချက် အလက်များ ချပြရန် လိုအပ်ပြီး လက်ရှိတွင် အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူများထံ သတင်း အချက်အလက် စီးဆင်းမှုသည် အားနည်းနေသေးသည်ဟု တရုတ်နှင့် ချိတ်ဆက်ကာ နှစ် ၂၀ ကျော် သွင်းကုန် လုပ်ငန်းလုပ်ကိုင်နေသူ အမည်မဖော်လိုသူ ဒေသခံလုပ်ငန်းရှင် တဦးက ဧရာဝတီကို ပြောသည်။ 

၎င်းက “ဒီမြစ်ကြီးက စီးလာပြီလေ။ ပြီးတော့ တချို့ကိစ္စတွေက မလုပ်လု့ိမရတဲ့ ကိစ္စဆိုတော့ ကြောက်လန့်ပြီး ပိတ် ထားမယ့်အစား ဒီအပေါ်မှာ အကောင်းဆုံး ဘယ်လိုကစားမလဲ ဆိုတဲ့ ပေါ်လစီကောင်းကောင်း အစိုးရကချဖို့ လိုအပ် ပါတယ်။ ဒါ့ပြင် ကိုယ့်အလုပ်ကိုယ် လုပ်နေကြတာမျိုး မတွေးဘဲ ဒီလှေမှောက်ရင် အကုန်နစ် သွားနိုင်တယ်ဆိုတဲ့ အမျိုးသားရေး စိတ်ဓာတ်နဲ့ အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုမယ်လို့ မြင်တယ်” ဟု ဆိုသည်။ 

တရုတ်၏ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း(BRI) ၏ အစိတ်အပိုင်း ဖြစ်သော တရုတ်–မြန်မာ စီးပွားရေး စင်္ကြန်အား နှစ်နိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်ရန်၂၀၁၈ ခုနှစ် စက်တင်ဘာက နှစ်ဖက်အစိုးရချင်း နားလည်မှု စာချွန်လွှာ ရေးထိုးထားပြီး ဖြစ်သည်။ 

ပြီးခဲ့သော နိုဝင်ဘာလလယ်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော တရုတ်–မြန်မာ နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင် ရွက်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတခု၌ တရုတ် ကောင်စစ်ဝန်ရုံး (မန္တလေး)မှ ဒုတိယ ကောင်စစ်ဝန်ချုပ် Mrs. Li libei က မြန်မာ အခြေခံ လူတန်းစား စားဝတ်နေရေး ပြေလည်စေရေး အတွက် တရုတ်–မြန်မာစီးပွားရေး စင်္ကြန် စီမံကိန်းကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် စီးပွားရေး စင်္ကြန်ကို အမှီပြုကာ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး၊ ကုန်သွယ်ရေးများ ယခုထက် ပိုမို ပူးပေါင်းကာ နှစ်နိုင်ငံ အကျိုးရလဒ်များ ခံစားနိုင်ရန် ဆောင်ရွက်လိုသည့် စိတ်ဆန္ဒ တရုတ်နိုင်ငံတွင် ရှိသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။  

ဆက်စပ်ဖတ်ရှုရန်

မြန်မာပြည်က BRI စီမံကိန်းများ (သို့မဟုတ်) ပုလင်းသစ်ထဲက ဝိုင်အဟောင်း

အခြေခံလူတန်းစားများအတွက် တရုတ်- မြန်မာ စီးပွားရေး စင်္ကြန်ကို အကောင်အထည်ဖော်ခြင်းဟုဆို

တရုတ်-မြန်မာ စီးပွားရေး စြင်္ကံ စီမံကိန်း MoU ထိုးတော့မည်

 

Your Thoughts …
Tags: BRIMOUစီးပွားရေးစင်္ကြန်တရုတ်-မြန်မာ
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

by ဧရာဝတီ
26 September 2023
14.1k

စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော  စစ်ကောင်စီ

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

by လျှပ်စီး
18 October 2023
13.9k

စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

by Ankit K
18 March 2025
10.9k

တရုတ်၏ မြန်မာကို ချဉ်းကပ်ပုံနည်းလမ်းသည် ပါကစ္စတန်နှင့် အခြား BRI နိုင်ငံများဖြစ်သည့် သီရိလင်္ကာနှင့် အာဖရိက နိုင်ငံအများအပြားတွင် လုပ်သည့်နည်းလမ်းကို ထင်ဟပ်နေသည်။

တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်

တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်

by သက်ထားမောင်
19 November 2024
10.6k

တရုတ်တို့သည် ၎င်းတို့ လုံခြုံရေးကုမ္ပဏီအား မြန်မာပြည်သို့ စေလွှတ်ရန် ၂၀၁၉ ခုနှစ်ကတည်းက စီစဉ်ဆောင်ရွက်မှုများရှိပြီး ယခု လက်တွေ့အကောင်အထည် ဖော်လာသည်ဟု ဆိုရမည်။

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

by Jonathan Head
14 February 2025
8.6k

ယာထိုင်ကုမ္ပဏီသည် BBC သတင်းဌာနကို ဖိတ်ခေါ်သည်။

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

by နွေနေ
5 May 2025
7.4k

တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ဘဲ ပျက်ပြားသွားကြောင်း သတင်းထွက်ပေါ်လာပြီးသည်နှင့် တပြိုင်နက်တည်း ထွက်ပေါ်လာသည့်သတင်းမှာ မိုးကုတ်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်သည်။

Next Post
မိခင်နဲ့ ကလေးများကို ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးထောက်ပံ့မှုတွေ ပေးဖို့ UNICEF က တိုက်တွန်းထားပါတယ်။

၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံးရက်မှာ ကမ္ဘာတဝှမ်း ကလေးငယ် ၃၉၀,၀၀၀ ကျော် မွေးဖွားခဲ့

ယမန်နေ့ညက သီပေါမြို့တွင် လေရောမိုးပါ ကျလသဖြင့် သစ်ပင်များ ပြိုလဲခဲ့သည်။  / Shar Htat Paing

ဇန်နဝါရီ ပထမပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမည်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 day ago
4.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate