• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ-ဗီယက်နမ် တို့ကြား ဗီဇာကင်းလွတ်ခွင့် ရက်ပေါင်း ၃၀ အထိ တိုးမြှင့်

by အောင်သီဟ
2 January 2020
in သတင်း
A A
ဗီယက်နမ်နိုင်ငံ၌ ခရီးသွားများ စိတ်တစား လည်ပတ်ကြသည့် အထင်ကရ နေရာတခု / သက်နှင်းထွေး

ဗီယက်နမ်နိုင်ငံ၌ ခရီးသွားများ စိတ်တစား လည်ပတ်ကြသည့် အထင်ကရ နေရာတခု / သက်နှင်းထွေး

38.5k
VIEWS
Share on FacebookShare on Twitter

မြန်မာ–ဗီယက်နမ် နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ကို ယခင်က ၁၄ ရက်မှ ယခု ရက်ပေါင်း ၃၀ အထိ တိုးမြှင့်လိုက် ကြောင်း သိရသည်။

ယင်းသို့ တိုးမြှင့်လိုက်ခြင်းကြောင့် မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများသည် တဖက်နိုင်ငံ၏ နိုင်ငံအတွင်း ရက်ပေါင်း ၃၀ လည်ပတ်နေထိုင်ခွင့် ရရှိမည် ဖြစ်သည်။

RelatedPosts

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

22 May 2025
995
မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

22 May 2025
55
မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
260

ဗီယက်နမ်နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံကြား ခရီးသွားကဏ္ဍ ပိုမိုတိုးတက်လာရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

၎င်း က “ခရီးသွားလုပ်ငန်း ပိုတိုးတက်ဖို့ အတွက်၂၀၁၈ ခုနှစ် ၉ လပိုင်း လောက်ကတည်းစပြီး ဆိုက်ရောက်ဗီဇာအဖြစ်နဲ့ သာမန် နိုင်ငံကူး လက်မှတ်ကို ထပ်တိုး ခွင့်မပြု ရက် ၃၀ (၃၀ ရက်ထပ် ပိုခွင့်မပြု) နဲ့ ပေးနေတာပေါ့” ဟု ဆိုသည်။

ယင်းသို့ ရက်ထပ်တိုးခြင်းသည် ကောင်းမွန်သော်လည်း အရှေ့နိုင်ငံများမှ ခရီးသွားများသည် အနောက်နိုင်ငံများမှ ခရီးသွား များကဲ့သို့ နိုင်ငံတနိုင်ငံကို သီတင်းပတ် ၂ ပတ် မှ ၃ ပတ် လာရောက်လည်ပတ်ကြလေ့ မရှိသောေ ကြာင့် သိသာသည့် ပြောင်းလဲမှုများ မရှိနိုင်ကြောင်း မြန်မာနိုင်ငံ သွားလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ဧရာဝတီကို ပြော သည်။

ဦးသက်လွင်တိုးက “အာဆီယံနိုင်ငံ တချို့ကိုလည်း ဒီလို ပေးနေတာပဲလေ။ တကယ့် ဧည့်သည်တွေ လည်နိုင်ရင် ကောင်းတာပေါ့။ ဒါပေမယ့် ကျနော့် အတွေ့အကြုံအရ ဒီလိုအရှေ့နိုင်ငံသားတွေက အနောက်နိုင်ငံသားတွေနဲ့ မတူဘူး။ သူတို့က လေးငါးရက် လောက်နဲ့ နေရာနှံ့အောင် သွားကြတာပေါ့” ဟု ဆိုသည်။ 

ယခုလို ရက် ၃၀ အထိ နေထိုင်ခွင့်ရှိလာမည် ဖြစ်ခြင်းကြောင့် မိမိနိုင်ငံအတွင်းသို့ တရားမဝင် စီးပွားရေး လာရောက် လုပ် ကိုင်ခြင်းနှင့် အလုပ်ပါမစ် မရယူဘဲ အလုပ်လုပ်ကိုင်ခြင်းများ ဖြစ်လာနိုင်ခြင်းကြောင့် ဒီလိုကိစ္စမျိုးကိုလည်း စောင့်ကြည့်ရန် လိုအပ်လာမည် ဖြစ်ကြောင်း ဦးသက်လွင်တိုးက ထောက်ပြ ပြောဆိုသည်။

ဒီဇင်ဘာလက ၁၇ ရက်က နေပြည်တော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိလာသည့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ယင်းအစည်းအဝေးတွင် နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်ကို ယခင် ၁၄ ရက်မှ ရက် ၃၀ သို့ တိုးမြှင့် နေထိုင်ခွင့်ပြုသည့် နား လည်မှု စာချွန်လွှာ၊ လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နားလည်မှု စာချွန်လွှာနှင့်၂ နိုင်ငံကြား အဆင်မြင့် အရာရှိများ အပြန်အလှန် လည်ပတ်ရေး နားလည်မှု စာချွန်လွှာ တို့ကိုပါ လက်မှတ် ရေးထိုးခဲ့ကြသည်။

ယခုနှစ်ပိုင်းများတွင် ပြည်တွင်း ခရီးသွားအနေနှင့် ပြည်ပ ခရီးစဉ်များကို သွားရောက်ရာ၌ ဗီယက်နမ်နိုင်ငံသည် လူစိတ်ဝင် စားမှု မြင့်တက်လာသော နိုင်ငံတနိုင်ငံဖြစ်လာသော်လည်း ၅ ရက်ခရီးစဉ် (၄ ညအိပ် ၅ရက်) များနှင့် အများဆုံး ၁၀ ရက် ခရီးစဉ်များဖြင့်သာ သွားရောက် လည်ပတ်လေ့ရှိကြကြောင်း ဗီယက်နမ်ခရီးစဉ်ကို ဝန် ဆောင်မှု ပေးနေသော ခရီးသွား လုပ်ငန်း အေဂျင်စီများထံက သိရသည်။

Beautiful Memories Travels & Tour ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်ဆုမြတ်ထိုက်က “ တကယ် ပုံမှန် ခရီးတခု အနေနဲ့ပဲ သွားမယ်ဆိုရင် ၁၀ ရက်က အများဆုံးပဲပေါ့။ ရက်အကြာကြီးကျတော့ ဘတ်ဂျက်အခြေအနေက ရှိသေးတယ်လေ” ဟု ဧရာဝတီသို့ ပြောသည်။

အလည်ပတ် ခရီးစဉ်တခု အနေဖြင့်သာမက အခြား ပုဂ္ဂိုလ်ရေးကိစ္စများနှင့် စီးပွားရေးဆိုင်ရာ ကိစ္စများအတွက် ဗီယက် နမ်သို့ သွားရောက်ချင်သူများအဖို့ ယခုလို ရက် ၃၀ ရရှိခြင်းသည် အဆင်ပြေနိုင်ကြောင်း ၎င်းက ဆိုသည်။

ဗီယက်နမ်ရှိ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဟာလောင်းပင်လယ် (Halong Bay)၊ ဟနွိုင်းမြို့၊ Trang An၊ Danang မြို့မှ Bana Hill နှင့် Golden Hand Bridge နေရာများ လည်ပတ်နိုင်သော ခရီးစဉ်တခုသည် ၅ ရက် ကြာမြင့်မည်ဖြစ်ပြီး ခရီးစရိတ်အနေဖြင့် အမေရိကန်ဒေါ်လာ ၅၀၀ ကျော်မှ ၆၀၀ ေ ကျာ် အထိရှိကြောင်း သိရသည်။ 

မြန်မာနိုင်ငံခရီးသွားများ ဗီယက်နမ်နိုင်ငံသို့ သွားရောက် လည်ပတ်မှုများသည် ယခုနှစ်ပိုင်းများတွင်သာ တိုးတက်လာ လျက် ရှိသော်လည်း ဗီယက်နမ် နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ခရီးသွားဦးရေ သည် ၂၀၁၉ ခုနှစ် အတွင်း (အောက်တိုဘာလအထိ) ၄ သောင်းကျော်အထိ ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်း များအရ သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာလှည့် ခရီးသွားများ ပိုမိုဝင်ရောက်လာစေရန် အတွက် စပိန်၊ အီတလီ၊ ဆွစ်ဇာလန်၊ သြစတြေး လျ၊ ဂျာမနီ အစရှိသည့် ဥရောပနိုင်ငံပေါင်း ၁၀ နိုင်ငံခန့်နှင့် မလေးရှားနိုင်ငံမှ အပ ကျန်အာဆီယံနိုင်ငံများ အပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံများ အပါအဝင် အာရှနိုင်ငံပေါင်း ၅ နိုင်ငံကျော်ကို ရက် ပေါင်း ၃၀ နေထိုင်ခွင့်ရရှိမည့် ဆိုက် ရောက်ဗီဇာကို ခွင့်ပြုပေးထားသည်။ 

ဆက်စပ်ဖတ်ရှုရန်

အာရှခရီးသွားတွေကြောင့် ပိုမို အောင်မြင်လာတဲ့ ဗီယက်နမ် ခရီးသွားလုပ်ငန်း

စီးပွားရေးဖွံ့ဖြိုးလာသည့် ဗီယက်နမ်ကို အထင်ကြီးမိဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Your Thoughts …
Tags: ခရီးသွားဗီဇာကင်းလွတ်ခွင့်ဗီယက်နမ်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်

မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်

by Anthony Davis
17 July 2024
8.6k

လာမည့်နှစ်အတွင်း မြန်မာ၏ ဖရိုဖရဲနိုင်သည့် စစ်မြေပြင်ကို ပုံဖော်ရာတွင် အဓိက အချိန်မရွေး ပြောင်းလဲနိုင်သည့် အခြေအနေ နှစ်ခုသည် အရေးပါမည်ဖြစ်သည်။

ငပလီတွင် ပိတ်မိနေသူများအား ကုန်းလမ်းမှတဆင့် ပြန်ခွင့်ပြုနေ

ငပလီတွင် ပိတ်မိနေသူများအား ကုန်းလမ်းမှတဆင့် ပြန်ခွင့်ပြုနေ

by The Irrawaddy
15 November 2023
4.1k

ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်များအားလုံး ပိတ်လိုက်သဖြင့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ငပလီကမ်းခြေသို့ လာရောက် အပန်းဖြေကြမည့် ခရီးစဉ်များ၊ ကြိုတင်မှာယူထားသည့် အခန်းများအားလုံးကို ဖျက်သိမ်းကာ ငွေပြန်အမ်းနေခြင်းများကို ပြုလုပ်နေရသည်

စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်

စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်

by အောင်သစ်
26 October 2024
3.1k

ဧရာဝတီက စုံစမ်းရရှိသည့် အချက်အလက်များထဲတွင်လည်း ဦးမြဟန်၏ ကုမ္ပဏီက စစ်ထောက်ချုပ်ရုံးပိုင်မြေ ၅ ဒသမ ၆၅ ဧကအား ဟိုတယ် ဆောက်လုပ်ရန် ခွင့်ပြုမိန့်ကို ၂၀၁၅ ခုနှစ်တွင် ရရှိထားသည်ကို တွေ့ရသည်။

မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

by ဧရာဝတီ
3 December 2023
3k

ဗီယက်နမ်နိုင်ငံသား ၇၀၀ ခန့် မြန်မာတွင် ပိတ်မိနေကြောင်းနှင့် ၎င်းတို့ကို ပြန်လည်ခေါ်ယူရန် ကြိုးစားနေကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ဝါရင့်အမေရိကန် သံတမန်နှင့် စစ်ကောင်စီ ရေတပ်အရာရှိ ဗီယက်နမ်တွင် တွေ့ဆုံ

ဝါရင့်အမေရိကန် သံတမန်နှင့် စစ်ကောင်စီ ရေတပ်အရာရှိ ဗီယက်နမ်တွင် တွေ့ဆုံ

by ဧရာဝတီ
26 June 2024
2.8k

ဧရာဝတီက ထိုကိစ္စကို မေးမြန်းစုံစမ်းသောအခါ အမေရိကနိုင်ငံခြားရေးဝန်ကြီးဌာနက မငြင်းဆိုသလို အတည်ပြုခြင်းလည်း မရှိပေ။

အရှေ့တောင်အာရှအတွက် တကျော့ပြန် ထရမ့်ကို အဖြေထုတ်ခြင်း

အရှေ့တောင်အာရှအတွက် တကျော့ပြန် ထရမ့်ကို အဖြေထုတ်ခြင်း

by Thitinan Pongsudhirak
24 December 2024
2k

MAGA စိတ်ဓာတ်သည် အခြေခံအစိတ်အပိုင်း သုံးခုအပေါ် အခြေခံသည်။

Next Post
ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ရှင်းလင်းနေစဉ်  / ထက်နိုင်ဇော်  / ဧရာဝတီ

ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူများကို တရားစွဲရန် ပြင်ဆင်နေ

ဖလမ်းမြို့နယ်ရှိ ဆူရ်ဘုန် လေဆိပ်တည်ဆောက်နေမှုအခြေအနေ  / Chin Gov

ဖလမ်းလေဆိပ် ယခုနှစ်အတွင်း ဖွင့်လှစ်မည်ဟု ဝန်ကြီးချုပ်ပြော

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate