သတင်း

ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူများကို တရားစွဲရန် ပြင်ဆင်နေ

Want create site? Find Free WordPress Themes and plugins.

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို ပုဒ်မ၂ ခုတပ်၍ တရားစွဲဆိုရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ  ဦးခင်မောင်ဇော်က ဧရာဝတီသို့ ပြောသည်။ 

တရားစွဲဆိုမည့် ပုဒ်မ ခုမှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ (က) () နှင့် ကလေးသူငယ် နစ် နာ၍ ရယူလိုမှု ဖြစ်သော တရားမမှုတို့ဖြင့် အမှုဖွင့်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ 

ရှေ့နေ ဦးခင်မောင်ဇော် ကတရားမအမှု စွဲမယ်ဆိုရင် တရားမအမှုက စီရင်ပိုင်ခွင့်ဆိုတာ ရှိပါတယ်။ ဘယ်ရုံးမှာ စွဲရမလဲ၊ ဘယ်လိုစွဲမယ်ဆိုတာ စဉ်းစားနေတုန်း ရှိပါသေးတယ်ဟု ပြောသည်။ 

တရားမမှုမှာ နစ်နာသူ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အစရှိသဖြင့် ဆုံးရှုံးမှု တန်ဖိုးကို တွက်ချက်ရပြီး တန်ဖိုးဖြတ်ရ ကြောင်း၊ တန်ဖိုးမှာ သိန်း သောင်း အထက်ဆိုပါက မန္တလေးတိုင်း တရားလွှတ်တော်တွင် တရားစွဲဆိုရပြီး၊ သိန်း သောင်း အောက်ဆိုပါက နေပြည်တော်ခရိုင် တရားရုံးတွင် တရားစွဲဆိုရကြောင်း ဦးခင်မောင်ဇော်က ရှင်းပြသည်။ 

ဗစ်တိုးရီးယား အမှုမှန် ပေါ်ပေါက်ရေးအတွက် အမှန်တရား တောင်းဆိုမှု ကော်မတီမှ စာရေးဆရာ ထင်လင်းဦးထံသို့ ဗစ် တိုးရီးယား ဖခင်ကိုယ်တိုင်က ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်က ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို တရားစွဲဆိုရန် ကိုယ်စားလှယ် လွှဲစာ ပေးအပ်ခဲ့ပြီး၊ ယနေ့ (ဇန်နဝါရီ ရက်) ဦးထင်လင်းဦးမှ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း (ILAM) အဖွဲ့သို့ ပြန်လည် လွှဲအပ်လိုက်ခြင်း ဖြစ်သည်။ 

ဗစ်တိုးရီးယား၏ အခွင့်အရေး အပြည့်အဝ ရရှိရန်နှင့် ၎င်း၏ မိသားစုဝင်များ အပေါ် အပြည့်အဝ ရပ်တည်ရန်အတွက် အမှန်တရား တောင်းဆိုမှု ကော်မတီကို ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း၊ ထိုသို့ တရားစွဲဆိုရာတွင် ရှေ့နေတဦးချင်း အနေဖြင့် မဟုတ်ဘဲ ILAM အဖွဲ့အနေဖြင့် လိုက်ပါဆောင်ရွက်မည် ဖြစ်ကြောင်း ဦးထင်လင်းဦးက ရှင်းပြသည်။

ယင်းအမှု တရားစွဲဆိုမှု ပြုလုပ်ရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အမှုဖွင့်မည် ဖြစ်သဖြင့် ဥပဒေကြောင်းအရ ခံစစ် အဆင့် ဆင့်ကို ကြိုတင် ပြင်ဆင်ရန် လိုအပ်ကြောင်းနှင့် တရားစွဲဆိုမည့် နည်းဗျူဟာကို စနစ်တကျ ကြိုတင်၍ စနစ်တကျ ရေးဆွဲ နေကြောင်း သို့သော်လည်း ယခုလအတွင်း တရားစွဲဆိုနိုင်မည် ဖြစ်ကြောင်း ဦးခင်မောင်ဇော်က ရှင်းပြသည်။ 

တရားပြိုင်ဘက်ကလည်း ခုခံပိုင်ခွင့် မဟာဗျူဟာကို ဆွဲမှာပါပဲ။ ကျနော်တို့ကလည်း တဖက်က တိုက်ခိုက်လာရင် တဖက် ကလည်း ခံစစ်၂ စီး ဖြစ်အောင် ဆွဲထားပါတယ်”  ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို တရားပြန်လည် စွဲဆိုမည့် ယခုကဲ့သို့ ဖြစ်စဉ်မှာ မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ဖြစ်ကြောင်း၊ နောက်လာမည့် အမှုများအတွက် လမ်းပွင့်ပြီ ဖြစ်ကြောင်းလည်း ဦးခင်မောင်ဇော်က ရှင်းပြသည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တချို့ထံသို့ ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။ 

ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ (၁၀၁)က ()တွင် မည်သူမျှ ပြစ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ် (သို့) မှုခင်းတွင် သက်သေအဖြစ် ပါဝင်နေသော ကလေးသူငယ်သည် မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် မှုခင်း သတင်း အချက်အလက် ရယူခြင်း၊ ထည့်သွင်းခြင်းနှင့် ကြေငြာခြင်း၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်ခြင်း၊ သတင်းစာ၊ မဂ္ဂဇင်းများ ဂျာနယ်နှင့် စာရွက်စာတမ်းများတွင် ထည့်သွင်းခြင်း၊ ဖြန့်ချီခြင်း၊ အသုံးပြုခြင်း မပြုရ (သို့) ရေဒီယို ရုပ်မြင်သံ ကြားနှင့် လူမှု ဆက်သွယ်ရေး နည်းလမ်းများတွင် ထုတ်လွှင့်ခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။ 

အဆိုပါ ဗစ်တိုးရီးယား အမှုတွင် စွပ်စွဲခံရသူ သံသယ တရားခံ ကိုအောင်ကြီးကို တရားစွဲတင်ရန် ခိုင်လုံသည့် သက်သေ ထွက်ချက်များ မရှိသဖြင့် တရားလိုပြ သက်သေများ စစ်ဆေး မပြီးခင် တရားသူကြီးက ဒီဇင်ဘာ ၁၈ ရက်တွင် တရားရှင် လွှတ်ပေးခဲ့သည်။ 

ထိုသို့ ကိုအောင်ကြီး လွတ်မြောက်ပြီး နောက်တရက် ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နစ်နာသူ ဗစ်တိုးရီးယား၏ အမည်ရင်း၊ မိဘများ၏ အမည်များနှင့် ကိုယ်ရေး အချက်အလက်များကို ထုတ်ဖော် ပြောသည့် အပြင်ရဲဇာနည်” Facebook စာမျက်နှာတွင် ထုတ်ဖော် ပြသမှုကြောင့် ယခုကဲ့သို့ တရားစွဲဆိုမှုများ ပြုလုပ်ရ ခြင်း ဖြစ်ကြောင်း သိရသည်။ 

ထိုသို့ ရဲဇာနည် Facebook စာမျက်နှာမှ ရေးသားဖော်ပြမှုများကြောင့် ရဲတပ်ဖွဲ့ကို ဝေဖန်မှုမျာ များစွာ မြင့်တက်ခဲ့ပြီး ရေး သားဖော်ပြသူများနှင့် အမည် ထုတ်ဖော်ပြောဆိုသူများကို ရှုတ်ချကြောင်းနှင့် ထိုက်သင့်သည့် ပြစ်ဒဏ်ပေးရန် ရန်ကုန်မန္တလေး မြို့ကြီးများတွင် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြသည်။ 

နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသော Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် ကလေးငယ် ဗစ်တိုးရီးယားသည် ယခုနှစ် မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင်ကိုယ်တိုင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ထိုအမှုကို ဇွန်လ ရက်တွင် မှုခင်းတပ်ဖွဲ့(CID) က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ရဲတပ်ဖွဲ့တာဝန်ရှိသူများကို တရားစွဲရန် စာရေးဆရာ ထင်လင်းဦးအား ကိုယ်စားလှယ် လွှဲအပ်

ပြည်သူများ၏ ရှုတ်ချခြင်း ခံလိုက်ရသည့် ရဲတပ်ဖွဲ့

ဗစ်တိုးရီးယားအမှု ရဲတပ်ဖွဲ့၏ ပြုမူချက်အပေါ်ဝေဖန်ချက်များ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရှက်ဖွယ်

ရဲတပ်ဖွဲ့ကို တရားစွဲမည်ဟု ဗစ်တိုးရီးယား၏ ဖခင် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading