• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရသေ့တောင်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ လစာငွေ သိန်း ၄၀ ကျော် လုယူခံရ

by မင်းအောင်ခိုင်
3 January 2020
in သတင်း
A A
ရသေ့တောင်မြို့နယ် အတွင်းရှိ နယ်ခြားစောင့် ရဲကင်းစခန်းတခု / မင်းအောင်ခိုင် / ဧရာဝတီ

ရသေ့တောင်မြို့နယ် အတွင်းရှိ နယ်ခြားစောင့် ရဲကင်းစခန်းတခု / မင်းအောင်ခိုင် / ဧရာဝတီ

20.8k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း သဇင်ပြိုင် နယ်ခြားစောင့် ရဲကင်းစခန်း၌ တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များ၏ လစာငွေ သိန်း ၄၀ ကျော်မှာ လက်နက်ကိုင် အဖွဲ့တခု၏ လုယူခြင်းကို ခံလိုက်ရကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂ ရက်နေ့ မနက်ပိုင်းက ရသေ့တောင်မြို့နယ်၊ သဇင်မြိုင် နယ်ခြားစောင့် ရဲကင်းစခန်းမှ ဒုရဲအုပ် အဆင့်ရှိသူ ရဲအရာရှိ အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦးသည် ၎င်းတို့ စခန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များ၏ လစာငွေများကို စေတီပြင် နယ်မြေ ရဲစခန်းတွင် လာရောက် ထုတ်ယူခဲ့ပြီး အပြန်လမ်းတွင် ထိုသို့ လုယူခံ ရခြင်း ဖြစ် ကြောင်း ရသေ့တောင်မြို့နယ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

RelatedPosts

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

23 May 2025
0
မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

23 May 2025
1.4k
ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
246

ရသေ့တောင်မြို့နယ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲအရာရှိတဦး က “လစာငွေ အလုခံရတယ်ဆိုတဲ့ ဖြစ်စဉ်တော့ ဟုတ်တယ် ဗျ။ မနေ့က သဇင်မြိုင် စခန်းကနေ တပ်ဖွဲ့ဝင် ၄ ဦး၊ စေတီပြင် ရဲစခန်းကနေ သူတို့စခန်းရဲ့ လစာငွေတွေ လာထုတ်ပြီး အပြန်မှာ  စခန်း ရောက်ကာနီး ပြင်ရှည်ရွာ အနားအရောက်မှာ အလုခံရတယ်လို့ ပြောတယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ဧရာဝတီမှ စုံစမ်း သိရှိရချက်များ အရ လုယူခံလိုက်ရသည့် တပ်ဖွဲ့ဝင်များ၏ လစာငွေမှာ ကျပ် သိန်း ၄၀ ကျော်ရှိပြီး ထိုလုယူမှု ဖြစ်စဉ်အတွင်း ပစ်ခတ်မှု တချို့ ဖြစ်ပွားခဲ့ကာ ငွေလာထုတ်သည့် တပ်ဖွဲ့ဝင် ၄ ဦးအနက်  တပ်ဖွဲ့ဝင် ၂ ဦးမှာ လက်ရှိအချိန်အထိ ပျောက်ဆုံးနေကြောင်းလည်း သိရသည်။

ထိုသို့ လစာငွေများကို လမ်းခုလတ်ကနေ လူယူမှုဖြစ်ပွားခဲ့စဉ်တွင် နှစ်ဘက် ပစ်ခတ်မှု တချို့ ဖြစ်ပွားခဲ့ကြောင်းလည်း ရသေ့တောင်မြို့နယ် အတွင်းရှိ ဒေသခံများနှင့်ဌာနဆိုင်ရာများထံကလည်း သိရသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ၏ လစာ  လုယူခံရမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက  ဖြစ်စဉ် အသေးစိတ်နှင့် မည်သည့်အဖွဲ့အစည်းက လုယူသွားခြင်း ဆိုသည်ကို တိတိကျကျ ဖော်ထုတ်ပြောဆိုမှု မရှိသေးပါ။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အဆိုပါ  နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ လစာငွေ လုယူခံရမှုဖြစ်စဉ်အပေါ် ကြားသိရသော်လည်း အသေးစိတ်ကို မသိရှိသည့်အတွက် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ကိုသာ မေးမြန်းရန် ပြောသည်။

၎င်းက “  အဲဒီလိုမျိုး ဖြစ်တယ်ဆိုတာကိုတော့ ကျနော်လည်း ကြားတယ်။ အသေးစိတ်တော့ ကျနော် မသိဘူး။ ရဲတပ်ဖွဲ့ကို မေးလိုက်ပါဗျ” ဟု ဧရာဝတီသို့ ပြောသည်။

ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဖြိုးဝေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းတို့က အဆိုပါ ဖြစ်စဉ် အပေါ် ၎င်းတို့ အနေဖြင့် ကြားသိရသော်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ အပိုင် ဖြစ်သည့်အတွက် အသေးစိတ်ကို မသိရှိ ကြောင်း ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သော ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ ကလည်း ကျောက်တော်မြန်မာ့စီးပွားရေး ဘဏ်မှ တာဝန်ရှိသူများသည် ညနေပိုင်း ဘဏ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီး ဖြစ်သဖြင့် ဆောင်ရွက်နေကျ အတိုင်း ငွေသေတ္တာအား မြို့မရဲစခန်းရှိ ဘဏ်တိုက်ခန်းတွင် ထားရှိရန် ဆိုက္ကားဖြင့် တင်ဆောင်ပြီး သွားရောက်စဉ် လမ်းတွင် မျက်နှာဖုံးစွပ် လူ ၂ ဦး၏ လုယူသွားခြင်းကို ခံခဲ့ရသည်။

ထိုသို့ လုယူခံရမှုတွင် ကျပ်သိန်းပေါင်း ၂၀၀၀ ကျော် ပါရှိသွားသည့်အတွက် ကျောက်တော်ဘဏ်မှ တာဝန်ရှိသူများမှာ လက်ရှိအချိန်အထိ ထိန်းသိမ်း စစ်ဆေးခြင်း ကို ခံနေရသလို ရဲတပ်ဖွဲ့အနေဖြင့် တရားခံအားလည်း ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးပါ။ 

ဆက်စပ်လင့်-

ကျောက်တော် မြန်မာ့စီးပွားဘဏ်မှ ကျပ်သိန်းနှစ်ထောင်ကျော် လုသွားသူများကို ပိတ်ဆို့ရှာဖွေနေ

အပေါက်ဝ ရဲစခန်းမှ ရဲအရာ ရှိ ၁ ဦး ဖမ်းဆီးခံရ

Your Thoughts …
Tags: နယ်ခြားစောင့်ရဲတပ်ဖွဲ့ရသေ့တောင်မြို့နယ်၊ လစာငွေ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

မြန်မာပြည် လက်နက်ကိုင်တိုက်ပွဲအတွင်းမှ လက်တွေ့ရလဒ်များ

မြန်မာပြည် လက်နက်ကိုင်တိုက်ပွဲအတွင်းမှ လက်တွေ့ရလဒ်များ

by အေးချမ်းဆု
5 October 2024
7.6k

စုစုပေါင်း တပ်ရင်းတပ်ဖွဲ့ ၁၂၂ ခုခန့်သည် စစ်တပ် စစ်အင်္ဂါစဉ်ထဲမှ ပျောက်ကွယ်သွားပြီဖြစ်၏။

မောင်တောနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ  / မင်းအောင်ခိုင်

မောင်တော နယ်ခြားစောင့်ရဲ  ၉၀ ကျော်တွင် ကိုဗစ်ပိုး ကူးစက်

by ဧရာဝတီ
1 July 2021
11k

မောင်တောမြို့နယ်အတွင်း လက်ရှိအချိန်တွင် ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၃၉ ဦးအထိ ရှိလာပြီဖြစ်ကာ တနေ့ ထက်တနေ့ ကူးစက်ခံရသူ မြင့်တက်လာနေသည့်အတွက် ပြည်သူများကြား စိုးရိမ်မှု မြင့်တက်လျက် ရှိသည်။

အသက် ၂၈ နှစ်ရှိပြီဖြစ်သော တပ်သား အောင်ဘိုဘိုသိန်းသည် နယ်ခြားစောင့်တပ်ဖွဲ့ (၅) မှ ရဲတပ်သားဖြစ်သည် /  Border Guard Bangladesh / supplied

မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်ကို ဘင်္ဂလားဒေ့ရှ်ပြန်ပို့

by Muktadir Rashid
26 January 2019
53.6k

မြန်မာဘက်ခြမ်းမှ သတင်းပေးပို့ချက်အရ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တပ်သားအဆင့် မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်တဦးကို "ကယ်ဆယ်"ခဲ့ကြောင်း သိရသည်။

Next Post
ဟောင်ကောင်မြို့

၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားအကြား ရေပန်းအစားဆုံးမြို့များ

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ အမှတ်တံဆိပ် ၂ သိန်းကျော် မှတ်ပုံပြန်တင်ရမည် (ရုပ်/သံ)

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ အမှတ်တံဆိပ် ၂ သိန်းကျော် မှတ်ပုံပြန်တင်ရမည် (ရုပ်/သံ)

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
2.6k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate