• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၂ဝ၂ဝ ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်ရန် အဆင်သင့်ဖြစ်နေပြီဟု NLD ပြော

by ထက်ခေါင်လင်း
3 January 2020
in သတင်း
A A
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / Myanmar State Counselor Office

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / Myanmar State Counselor Office

27.8k
VIEWS
Share on FacebookShare on Twitter

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လာမည့် ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲအတွက် ပါတီကို ဦးဆောင်ကာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကျန်းမာရေး အခြေအနေ မှာ ဒေါင်ဒေါင်မြည် ရှိပြီး အဆင်သင့်ရှိနေကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

ဒေါက်တာမျိုးညွန့်က “NLD ပါတီရဲ့ ဥက္ကဋ္ဌ က ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ ပါတီရဲ့ လုပ်ထုံးလုပ်နည်းအရ ပါတီခေါင်းဆောင်ဟာ ပါတီကို ဦးဆောင်ပြီး ဝင်ရောက် ယှဉ်ပြိုင်ကာ အစိုးရအဖွဲ့ကို ဦးဆောင်မယ်။ ဒါက လုပ်ထုံး လုပ်နည်းပါ။ သူ့ကျန်းမာရေးကလည်း လာမယ့် ရွေးကောက်ပွဲအတွက် ဒေါင်ဒေါင်မြည်တယ်လို့ ပြောလို့ရတယ်။ ဆေးစစ်ချက်တွေ အရလည်း အင်မတန် ကျန်းမာတယ်လို့ သိရတယ်” ဟု ဆိုသည်။

RelatedPosts

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
56
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
206
တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
620

သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် အကြောင်း၊ ဝင်ရောက် မယှဉ်ပြိုင်တော့ကြောင်း စသည့် အခြေအနေ အရပ်ရပ် ကိုမူ ပါတီဘက်သို့ တစုံတရာ ညွှန်ကြားထားခြင်းမျိုး ယနေ့အထိ မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

NLD ပါတီ၏ ဒုဥက္ကဋ္ဌ ၁ ဖြစ်သူ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အနေဖြင့် ပါတီတွင် ဆက်လက် တာဝန် ထမ်းဆောင်ရန် ကျန်းမာရေး အခြေအနေ ကောင်းသော်လည်း ဒုဥက္ကဋ္ဌ ၂ ဖြစ်သူ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ ကျန်းမာရေး အခြေအနေမှာ အလွန် ဂရုစိုက်ရမည့် အနေအထားမျိုးရှိကြောင်း  သိရသည်။ 

ပါတီအတွင်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးမှ အနားယူသွားမည့် ကိစ္စမျိုး ရှိလာပါကလည်း မိမိတို့ပါတီ၏ ဖွဲ့စည်းပုံများ အရ အစဉ်အလာအတိုင်း သတ်မှတ်ထားပြီး အဆင့်ဆင့် တာဝန် လွှဲပြောင်းယူသွားရန် ပြင်ဆင်ထားသည်ဟု ဒေါက်တာ မျိုးညွန့်က ပြောသည်။

လက်ရှိအချိန်တွင် NLD ပါတီအနေဖြင့် ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲနှင့် ပက်သက်ပြီး ဦးတည်လှုပ်ရှားမှုများ မရှိ သေးကြောင်း၊ အောက်ခြေလူထုနှင့် အောက်ခြေပါတီဝင်များ၏ စည်းရုံးလှုပ်ရှားမှုများ အပေါ်သာ အာရုံ စိုက်နေသေး ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

သို့ရာတွင် နယ်မြေ မငြိမ်းချမ်းဘဲ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာများ တွင် ပါတီ၏ စည်းရုံးလှုပ်ရှားမှုများသည် အခက်အခဲရှိနေသေးကြောင်း သူက ဆက်ပြောသည်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးဖြစ်သည့် ဦးမောင်မောင်စိုးကမူ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ အတွင်း အဓိက ပုံရိပ်ကောင်းသူ ဖြစ်သောကြောင့် ကိုယ်တိုင် ဦးဆောင်ကာ လာမည့် ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်ခြင်းက ကျန်သည့်သူများထက် ပိုမို ထိရောက်ကြောင်း သုံးသပ်သည်။

ဦးမောင်မောင်စိုးက “တိုင်းရင်းသား ဒေသတွေမှာတော့ တိုင်းရင်းသားပါတီတွေရဲ့ မဲအရေအတွက်က ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲထက်ကို ပိုတိုးလာလိမ့်မယ်လို့ ထင်တယ်။ ပြည်မ ဖြစ်တဲ့ တိုင်းဒေသကြီး ၇ ခုမှာတော့ လူထုက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေကြတုန်းပဲ။ ICJ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖြေရှင်းတာဟာ ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲနဲ့ တိုက်ရိုက် ပတ်သက်တယ်လို့ စွပ်စွဲဖို့ ခက်သော်လည်း ကျွဲကူးရေပါအနေနဲ့ ဂယက်တော့ ရှိမှာပဲ” ဟု ဆိုသည်။

လက်ရှိအချိန်အထိ အရပ်သား အစိုးရ အနေဖြင့် တာဝန်ယူခဲ့သည့် ၄ နှစ်ကျော် ကာလအတွင်း အနီးစပ်ဆုံးအဖြစ် နိုင်ငံတကာ တရားရုံး ICJ သို့ လူမျိုးသုဉ်း သတ်ဖြတ်မှုဟု စွပ်စွဲခံရသည့် အနေအထားကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ သွားရောက်ဖြေရှင်းခဲ့ရာတွင် လူထု၏ ထောက်ခံမှုကို ကြည့်ခြင်းအားဖြင့် တိုင်းဒေသကြီးများတွင် NLD ပါတီ၏ အနေအထားက အားကောင်းလျက် ရှိသည်ကို တွေ့မြင်ရသည်ဟု သူက ပြောသည်။

သို့သော် တိုင်းရင်းသား ဒေသများဖြစ်သည့် ပြည်နယ်များတွင် NLD ၏ တိုင်းရင်းသား ပါတီများနှင့် မဟာမိတ်ဖွဲ့မှု မရှိ သဖြင့် တိုင်းရင်းသားပါတီများနှင့် အပြိုင်ဆိုင် ယှဉ်ပြိုင်ရမည်ဟု သူက ဆက်ပြောသည်။

၎င်းက ဆက်ပြီး “သူ(ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင် ခေါင်းဆောင် စည်းရုံးတာတော့ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် လာမယ့် ရွေးကောက်ပွဲမှာ ပြည်နယ်တွေမှာ ဝင်ပြိုင်တဲ့အခါ တိုင်းရင်းသား ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ရေးကိုတော့ အလေးထား စဉ်းစားသင့်တယ်လို့ ထင်တယ်” ဟု ပြောသည်။ 

တပ်မတော်အနေဖြင့် လွှတ်တော်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ၎င်းတို့၏ လက်ရှိ ရထား သည့် နိုင်ငံရေးအခွင့်အရေးများကို အလျှော့ ပေးရမည်ကို စိုးရိမ်နေသည့် အနေအထား ရှိကြောင်း၊ ထို့အတွက် ICJ ကိစ္စတွင် တပ်မတော်နှင့် အရပ်သား အစိုးရတို့ ပူးပေါင်း ဆောင်ရွက်သည် ဆိုသော်ငြားလည်း ၎င်းတို့နှစ်ဘက်တွင် ခြားနားချက်များစွာ ရှိနေသေးသည်ဟု သုံးသပ်ရမည်ဖြစ်ကြောင်း ဦးမောင်မောင်စိုးက ဆက်ပြောသည်။ 

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မိုးကုတ်၊ တောင်ကြီး၊ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးများတွင် ပြီးခဲ့သည့် နှစ်ပိုင်း အတွင်း တွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည်။

ဆက်စပ်လင့်-

မိုင်းပေါက်ကွဲမှု ဆက်တိုက်ဖြစ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် စက်ရုံဖွင့်ပွဲကိုတက်ရောက်

ရခိုင်သို့ ဒေါ်အောင်ဆန်းစုကြည် သွားမည်

Your Thoughts …
Tags: NLD ပါတီဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲ
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.5k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.1k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

Next Post
ရန်ကုန်မြို့တွင်ပြုလုပ်သော ကားပြပွဲတခု  / ဧရာဝတီ

အစိုးရ အရာရှိကြီးများကို ကားတင်သွင်းခွင့်ပြုမည်

ယနေ့ ရုံးချိန်းသို့ သွားရောက် ဝန်းရံခဲ့သည့် ကူကီးအမျိုးသမီးစင်တာနှင့် ဟုမ္မလင်းလူငယ်ကွန်ရက်အဖွဲ့ဝင်များ  / ကူကီးအမျိုးသမီးစင်တာ

ကျောင်းသူ ၃ ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည့် ကျောင်းဆရာ ထောင်အနှစ် ၄၀ ချမှတ်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate