သတင်း

ချင်းပြည်နယ် ခရီးသွား ယခင်နှစ်ထက် ၇ ရာခိုင်နှုန်းခန့် တိုးလာဟု ဆို

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်သို့ လာရောက် လည်ပတ်သည့် ခရီးသည် ယခင်နှစ်ထက် ရာခိုင်နှုန်းခန့် တိုးလာကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် က ဧရာဝတီသို့ ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနစ်တွင် ချင်းပြည်နယ် မြောက်ပိုင်းသည် တောင်ပိုင်းထက်ပို၍ ခရီးသွားလာမှု နည်းပါးခဲ့ရာမှ ၂၀၁၉ ခုနစ်တွင် ပြည်တွင်း ခရီးသွားသာမက ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ လာရောက်ကြသည့် ခရီးသွား ပိုများလာ သည် ဟု သိရသည်။

၂၀၁၈ ခုနှစ်တွင် ပြည်ပခရီးသည် ၁၅၀၀ နှင့် ၂၅၀၀ ကြား ဝင်ရောက်ပြီး ပြည်တွင်းက ၃၅၀၀၀ ဝန်းကျင်ရှိကြောင်း၊ ယခုနှစ်တွင် ၂၀၁၈ ခုထက် ရာခိုင်နှုန်းခန့် တိုးလာကြောင်း စည်ပင်သာယာ ဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။

ဝန်ကြီးချုပ်ကခရီးသွားတွေက နှစ်တိုင်းနှစ်တိုင်း အများကြီး တိုးတက်လာတယ်။ မြေပြန့်နဲ့ယှဉ်ရင် ချင်းပြည်နယ် ခရီးသွား လာရောက် လည်ပတ်တာ နည်းပေမယ့် ရာခိုင်နှုန်းက ချင်းပြည် အတွက်တော့ တိုးလာတယ်လို့ ပြောလို့ရ တယ်ဟု ပြောသည်။

ချင်းပြည်နယ်သို့ ခရီးသွားလာမှု များလာသော်လည်း ခရီးသွားဧည့်သည်များ အနေဖြင့် နေထိုင်စားသောက်မှု အခက် အခဲ ဖြစ်နေရသည်ဟု မန္တလေးမှ ချင်းပြည်နယ်သို့ လာရောက် လည်ပတ်သည့် မြန်မာနိုင်ငံ ခြေလျင် တောင်တက် အဖွဲ့ချုပ်မှ ဦးစိုးဝင်းက ပြောပြသည်။

ထိုအခက်အခဲနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်ကဒီအတွက် ကျနော်တို့က ထမင်းဆိုင်တွေ ဖွင့်ခိုင်းတယ်။ ဟိုတယ် တည် ဆောက်ဖို့လည်း ခေါ်တယ်။ ပုဂံညောင်ဦးက ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းလုပ်နေတဲ့ ဟိုတယ် ပိုင်ရှင်ကြီး တွေကအစ ကျနော်တို့ အများကြီးဖိတ်ခေါ်တယ်။ သူတု့ိလည်း လာလေ့လာတယ်။ ဒါပေမယ့် လာရောက် လည်ပတ်တဲ့ ဧည့်သည်၊ နောက် လမ်းပန်း အခြေအနေကြောင့် ဒါတွေကို သူတို့ကြည့်တဲ့အခါမှာ နည်းနည်း နောက်ပြန်ဆုတ်တာတွေ များ တယ်ဟု ရှင်းပြသည်။

ချင်းပြည်နယ် ဟားခါးမြို့ (ထက်ဝေ/ဧရာဝတီ)

ချင်းပြည်နယ်သို့ သွားရောက် လည်ပတ်သည့် ခရီးသွားများကို လိုက်လံပို့ဆောင် ပေးနေသည့် ကိုသန်းနိုင်က ချင်း ဒေသတွင် လမ်းမကောင်းသလို အန္တရာယ်လည်းများပြီး စားသောက်နေထိုင်မှုပါ ခက်ခဲခြင်းကြောင့် ထိုအချက်များကို မပြင်ဆင်ပါက နောက်ပိုင်းတွင် ခရီးသွားများ နည်းသွားနိုင်ကြောင်း ထောက်ပြသည်။ 

၎င်းကအရင်နှစ်တွေထက်တော့ ဒီနှစ်က ခရီးသွား အရမ်းများလာတယ်။ ကျနော်တို့ အရင်နှစ်တွေကဆိုရင် ကား မလိုက် ရဘူး။ ဒီနှစ်ဆိုရင် ဒီတလလုံး ရက်အပြည့် ရှိတယ်။ သူတို့ပြန်တာနဲ့ နောက်တခေါက် ပြန်ထွက်ရမှာဟု ပြော သည်။

ချင်းပြည်နယ် ခရီးသွားလာမှု တိုးတက်ရေး အတွက် ပြည်ထောင်စု အစိုးရက ချပေးသည့် ဘတ်ဂျက်ထဲမှ ၅၀ ရာခိုင် နှုန်းကို လမ်းတံတား၊ ပို့ဆောင် ဆက်သွယ်ရေး ကဏ္ဍအတွက် အသုံးပြုသွားမည်ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။

ထို့ပြင် နိုင်ငံခြားသား ခရီးသွား တိုးတက်လာစေရန် အိန္ဒိယမြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး နှစ်ဘက် သဘောတူ (MOU) အရ ကုန်လမ်းမှ နှစ်နိုင်ငံ သွားလာခွင့် လမ်း သွယ် ဖောက်လုပ်ထားပြီး တံတားထိုးရန် ကျန်ရှိနေသေးသည် ဟု ဆိုသည်။

လက်ရှိတွင် အိန္ဒိယမှ မြန်မာနိုင်ငံသို့ ၁၀မိုင်သွားခွင့်ရသလို မြန်မာနိုင်ငံမှလည်း အိန္ဒိယသို့ ၇ရက်နှင့် ၁၄ရက် ခွင့်ပြုပေး ထားသည်။ 

၁၀ မိုင် ခရီးသည် ချင်းပြည်နယ် အတွင်းသို့ သွားရောက် လည်ပတ်ရန် အချိန် မလုံလောက်သဖြင့် အချိန် ပတ်ပေး ရန် နှစ်ဘက် အစိုးရ ညှိနှိုင်းနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

ချင်းပြည်နယ်ရှိ ရိဒ်ရေကန်သို့ လာရောက် လည်ပတ်သော ခရီးသွား ဧည့်သည် တချို့ (ဓာတ်ပုံ – ထက်ဝေ/ဧရာဝတီ)

အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်နှင့် မဏိပူ ပြည်နယ်တွင် နေထိုင်သည့် လူဦးရေ ဘီလီယံခန့် ရှိသည့် အတွက် ထိုလူ များ ချင်းပြည်နယ် အတွင်းသို့ လာရောက်လည်ပတ်ပါက တနိုင်ငံလုံး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာနိုင်ပြီး ချင်းပြည်နယ် ဒေသခံ များလည်း လုပ်ငန်းများ ရှိလာနိုင်မည်ဟု ချင်းပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးစိုးထက်က ပြောသည်။ 

၎င်းကအဓိကကတော့ လျှပ်စစ်မီးရမှ ခရီးသွားလုပ်ငန်းအဆင်ပြေနိုင်မယ်။ အခုက ခရီးသွားတွေလာလို့ရှိရင် တော ထိုင် နေရတယ်။ ဗိုလ်ထိုင်အိမ်သာမရှိတော့။ နိုင်ငံခြားသားတွေလာရင် အိမ်သာပြဿနာရှိတယ်ဟု ပြောဆိုသည်။

လက်ရှိ ချင်းပြည်နယ်တခုလုံးတွင် လိုင်စင်ရ ဟိုတယ် ၁၀ လုံးသာရှိပြီး ကန်ပက်လက်၌ ၇လုံး၊ မင်းတပ်တွင် လုံး နှင့် မတူပီ၌ လုံးရှိကာ ချင်းပြည်နယ်၏ မြို့တော်ဖြစ်သည့် ဟားခါးတွင် ယခုမှ ဟိုတယ် တည်ဆောက်ဆဲ ဖြစ်သည်ဟု ဆိုသည်။

ခရီးသွားများ အနေဖြင့် ချင်းပြည်နယ် တောင်ပိုင်းကို လာရောက်မည်ဆိုပါက ဝိတိုရိယတောင်၊ မင်းတပ်၊ မတူပီ မြို့ များသို့ လည်ပတ်နိုင်ပြီး မြောက်ပိုင်းတွင် ကနေဒီတောင်၊ ရိဒ်ရေကန်သို့ သွားရောက် လည်ပတ်သူ များကြောင်း သိရ သည်။

You may also like these stories;

အနောက်ဥရောပ ခရီးသွားအဖွဲ့ မြန်မာနိုင်ငံ၏ မြို့ ၉ မြို့သို့ ကားဖြင့် လည်ပတ်မည်

မတူပီခရိုင်ရုံးမြေနေရာ ကိစ္စ ချင်းပြည်နယ်အစိုးရ လျစ်လျူရှုထား ဟုဆို

အာရှခရီးသွားတွေကြောင့် ပိုမို အောင်မြင်လာတဲ့ ဗီယက်နမ် ခရီးသွားလုပ်ငန်း

Did you find apk for android? You can find new Free Android Games and apps.
Loading