• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နမ့်စန်တွင် RCSS တပ်ဖွဲ့ဝင် ၂ ဦးကို တပ်မတော်က ဖမ်းဆီး

by ဇင်လင်းထက်
7 January 2020
in သတင်း
A A
ရှမ်းပြည်နယ် လွိုင်တန်းလျန်း တောင်ပေါ် ဌာနချုပ် စစ်ရေးပြ အခမ်းအနား တခုတွင် တွေ့ရသည့် RCSS တပ်ဖွဲ့ ဝင်များ  / ဧရာဝတီ

ရှမ်းပြည်နယ် လွိုင်တန်းလျန်း တောင်ပေါ် ဌာနချုပ် စစ်ရေးပြ အခမ်းအနား တခုတွင် တွေ့ရသည့် RCSS တပ်ဖွဲ့ ဝင်များ / ဧရာဝတီ

10k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် နားပွဲကျေးရွာတွင် ပြုလုပ်သည့် လူထုအစည်းအဝေးပွဲသို့ အရပ်ဝတ် ဖြင့် တက်ရောက်ခဲ့သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)  မှ အဖွဲ့ဝင် ၂ ဦးကို တပ်မတော် က ဇန်နဝါရီ ၆ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း သိရသည်။

“တပ်ဖွဲ့ဝင် ၂ ယောက် အဖမ်းခံရတယ်ဆိုတာ ဟုတ်ပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေက ရွာထဲမှာ အရပ်ဝတ်နဲ့ နေနေတယ်ပေါ့။ တပ်က တွေ့ပြီးတော့ သူတို့ဖုန်းတွေ ဘာတွေကို စစ်တယ်ပေါ့။ ယူနီဖောင်းနဲ့ ဝတ်ထားတဲ့ ဓာတ်ပုံတွေဘာတွေ တွေ့တော့ အဲဒါ ခေါ်ထားတာ” ဟု RCSS မှ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

24 May 2025
139
တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

23 May 2025
1.1k
ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

23 May 2025
111

RCSS တပ်ဖွဲ့ဝင်များသည် ဒေသခံ လူထုက ပြုလုပ်သည့် ငြိမ်းချမ်းရေးနှင့် မူးယစ်ဆေးဝါး အသိပညာပေးသည့် အစည်းအဝေးပွဲများတွင် တက်ရောက် နားထောင်လေ့ရှိကြောင်း၊ လက်နက် မပါဘဲ အရပ်ဝတ်ဖြင့် လူထု အစည်းအဝေးပွဲ တက်သည့် ၎င်းတို့ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်းသည် မသင့်လျော်ကြောင်း ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက သုံးသပ်သည်။

“လက်ရှိအချိန်အထိတော့ ပြန်မလွှတ်သေးဘူး။ ဒါက နားလည်မှု လွဲတာတော့ မဟုတ်ဘူး။ တမင်ကို ဖမ်းတယ် ဆိုတဲ့ သဘောမှာ ရှိပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ လွတ်လပ်စွာ သွားလာခွင့် ဆိုတာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ဖမ်းဆီးထားသော RCSS တပ်ဖွဲ့ဝင် ၂ ဦးကို ပြန်လွှတ်ပေးရန် တပ်မတော်ဘက်သို့ စာပေးပို့ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ တပ်မတော် ဘက်က RCSS တပ်ဖွဲ့ဝင် ၂ ဦးအား ဖမ်းဆီးထားခြင်းကို ၎င်းအနေနှင့် အတည်မပြုနိုင်ကြောင်း ပြောကြားသည်။

“အဲဒီသတင်းတော့ ကျနော်တို့လည်း တွေ့မိတယ်။ အတည်မပြုနိုင်သေးဘူး ဆိုတာက ကျနော်တို့လည်း မသိသေးဘူး ဖြစ်နေလို့ပါ” ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ခေါင်းဆောင်၊ RCSS ဥက္ကဋ္ဌလည်းဖြစ်သည့် ဗိုလ်ချုပ်ကြီးယွက်ဆစ်သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အကောင် အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကိုတက်ရောက်ရန် ဇန်နဝါရီလ ၆ ရက်နေ့က နေပြည်တော်သို့ ရောက်ရှိနေသည်ဟုလည်း သိရသည်။

ထိုအချိန်နှင့် တိုက်ဆိုင်စွာ နမ့်စန်မြို့နယ်၌ RCSS တပ်ဖွဲ့ဝင် ၂ ဦးမှာလည်း တပ်မတော်၏ ဖမ်းဆီးခံ လိုက်ရခြင်းလည်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ဇန်နဝါရီလ ၈ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် JICM အစည်းအဝေးကို တက်ရောက်မည်ဖြစ်ပြီး နေပြည်တော်သို့ ရောက်ရှိနေစဉ် ကာလအတွင်း ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို နိုင်ငံတော်အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း RCSS ဘက်က သတင်းထုတ်ပြန်ထားသည်။
ထိုသို့ RCSS တပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရခြင်းသည် အစိုးရ ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြားတွင် တိကျသည့် နယ်မြေပိုင်းခြား သတ်မှတ်ထားမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့် က သုံးသပ်သည်။

“NCA ထိုးတာပဲ ဖြစ်ဖြစ် Bilateral ပဲဖြစ်ဖြစ်ပေါ့။ ဘယ်နားကနေ ဘယ်နားအထိ ဆိုတဲ့ တိကျတဲ့ နယ်မြေ သတ်မှတ်ပိုင်းခြားမှုက မရှိပါဘူး။ ဘယ်အဖွဲ့နဲ့မှ ဟုတ်တိပတ်တိ မရှိဘူး။ မရှိထားတော့ ဒီနေရာ မင်းကျော်တယ်။ မကျော်ဘူး ဆိုတာက ဦးတဲ့သူ ပြောကြေးလို ဖြစ်နေတာပေါ့။ ဒါက တိကျတဲ့ နယ်မြေသတ်မှတ်မှုမရှိတဲ့ ပြဿနာလို့ပဲ ပြောလို့ရပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်သည် ပြီးခဲ့သည့် ၂၀၁၉ အောက်တိုဘာလက နေပြည်တော်တွင် ကျင်းပ သည့် နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနားသို့ လာရောက်ရန် စီစဉ်ခဲ့သော်လည်း တပ်မတော်ဘက်က လုံခြုံရေးအရ ခွင့်မပြုသဖြင့် ခရီးစဉ် ဖျက်သိမ်းခဲ့ရသည်။

You may also like these stories:

ကရင်တိုင်းရင်းသားများ အရေး ဖြေရှင်းပေးမည်ဟု ကန်ကရာချန် အုပ်ချုပ်ရေးမှူး ကတိပြု

ပြည်သူများ ဓားစာခံဖြစ်ခဲ့ရတဲ့ မြောက်ပိုင်း တိုက်ပွဲများ

လူနာသယ်ရန် သွားသည့် ပရဟိတကားတစီး ထပ်မံအပစ်ခံရပြန်

Your Thoughts …
Tags: RCSSတပ်ဖွဲ့ဝင်ဗိုလ်ချုပ်ကြီးယွက်ဆစ်
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

by မိုးစက်ငြိမ်းချမ်း
22 July 2023
13.5k

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

by ကိုဦး
9 March 2024
12.1k

SSPP ရော RCSS ပါ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ကို လုံးဝ လက်နက်ကိုင် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ

by Anthony Davis
13 August 2024
8.2k

အခြေခံအချက်အလက် သုံးခုအရ မြန်မာနိုင်ငံမြောက်ပိုင်းမှ နောက်ဆုံး တိုက်ပွဲများသည် ပဋိပက္ခ၏ အခြေအနေကို လုံးဝ ပြောင်းလဲသွားစေသည်။

၂၀၁၉ ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပသော ကရင့်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့် အခမ်းအနား  / AFP

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

by Bertil Lintner
9 May 2022
54.1k

DEA သည် မြန်မာနိုင်ငံတွင်းမှ မည်သူမျှ မကြားဖူးသည့် အပြောကောင်းသော ဂျပန် လူလိမ်တယောက်နှင့် ထိုင်း လူလိမ် သုံးဦးကို ဖမ်းမိခြင်းသာ ဖြစ်နိုင်သည်။

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းမည်ဟု ကြေညာ

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းမည်ဟု ကြေညာ

by စောရယ်
1 February 2024
4.8k

အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့် (ကျားဖြန့်) လုပ်ငန်းများကို တားဆီးနှိမ်နင်းသွားမည်ဟု ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ထုတ်ပြန်ကြေညာသည်။

SSPP ၏ မဟာမိတ် UWSA တပ်သားများ / ဧရာဝတီ

သံလွင်မြစ်ကို ကူးလာတဲ့ UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ

by ကိုဦး
12 April 2023
57.6k

နွေဦးတော်လှန်ရေးတွင် အကျိုးအမြတ်အရှိဆုံးက UWSA ဖြစ်သည်ဟု အချို့သုံးသပ်သည်။

Next Post
စာသင်ချိန် တိုးတာ မိသားစုစီးပွားရေးကိစ္စနဲ့ ဆိုင်လို့လား (ရုပ်/သံ)

စာသင်ချိန် တိုးတာ မိသားစုစီးပွားရေးကိစ္စနဲ့ ဆိုင်လို့လား (ရုပ်/သံ)

မိတ်ဆက် ပြသခဲ့တဲ့ Sony လျှပ်စစ်ကား

လျှပ်စစ်ကား ရှေ့ပြေးမော်ဒယ်ကို ထုတ်ဖော်ပြသလိုက်တဲ့ Sony

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.6k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate