• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရေး ဓာတ်အားပေးစက်ရုံ မီးလောင်မှုဖြစ်ပြီးနောက် အချိန်ပိုင်းဖြင့် လျှပ်စစ် ပြန်စပေးနိုင်ပြီ

by ဉာဏ်စိုးဝင်း
7 January 2020
in သတင်း
A A
ရေးမြို့နယ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေစဉ် / အောင်နိုင်ဝင်း

ရေးမြို့နယ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေစဉ် / အောင်နိုင်ဝင်း

3.8k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ အုပ်စု မြို့ဟောင်းကုန်း ရပ်ကွက်မှ မြတ်သူရ ကုမ္ပဏီ၏ လျှပ်စစ်ဓာတ်အားပေး စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တပတ်အကြာတွင် ရေးမြို့ပေါ် ရပ်ကွက်များကို အချိန်ပိုင်းဖြင့် လျှပ်စစ်ဓာတ်အား ပြန်လည် ဖြန့်ဖြူးနေပြီ ဖြစ်ကြောင်း သိရသည်။

မြတ်သူရကုမ္ပဏီ ပိုင်ရှင် ဦးကုလားကြီးက “ရပ်ကွက်လိုက် မီးစပေးတာက ၂ ရက်၊ ၃ ရက်လောက် ရှိပြီ။ ရွာဘက်ခြမ်းကို အခုထိတော့ မပေးနိုင်သေးဘူး။ နောက်ထပ် အင်ဂျင်တွေ ရောက်လာပြီးရင်တော့ ရွာဘက်ခြမ်းကို ပေးနိုင်ဖို့ ကြိုးစားနေ တယ်” ဟု ရှင်းပြသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
106
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.3k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
407

အစိုးရ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်ခြင်း မရှိသေးသော ရေးမြို့နယ်တွင် မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာ ၁၄ ခုအား မြတ်သူရ ကုမ္ပဏီမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ၂၈ ရက်က ယင်းစက်ရုံရှိ 300 KVA စွမ်းအင် မီးစက်အင်ဂျင် အပူလွန်ကဲ၍ အနီးအနားရှိ ဒီဇယ်ပိုက်ထံ မီးကူးစက်ကာ စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် ဒေသခံများ လျှပ်စစ်မီး ပြတ်လပ်မှု ကြုံခဲ့ရကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားပေး စက်ရုံ မီးလောင်မှုမှာ နံနက် ၁၀ နာရီ ၅၀ မိနစ်ဝန်းကျင်မှ စတင် လောင်ကျွမ်းကာ ညနေ ၄ နာရီ ခွဲမှသာ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့သဖြင့် မီးလောင်မှု ကြာမြင့်ချိန် ၅ နာရီခန့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားစဉ် လောင်စာများကို ငြှိမ်းသတ်သည့် ဓာတုအမြုပ်ဆေးရည်မှာ မြို့နယ် မီးသတ်စခန်း၌ အလုံအလောက် မရှိသည့် သဘောမျိုးလည်း တွေ့ရကြောင်း ရေးမြို့အရပ်ဘက် အဖွဲ့အစည်းမှ ဦးအောင်နိုင်ဝင်းက ပြော သည်။

ထို့ပြင် ရေးမြို့နယ်ရှိ ဒေသခံများမှာ ပုဂ္ဂလိက လျှပ်စစ်ကို ၁ ယူနစ် ၅၀၀ ကျပ်နှုန်းဖြင့် သုံးစွဲနေရသည်မှာ အစိုးရနှုန်းထား ထက် မီးတာခ ဈေးမြင့်သည်ဟု ဆိုနိုင်သော်လည်း မိမိကိုယ်ပိုင် မီးစက်ငယ်များဖြင့် သီးခြား သုံးစွဲသည်ထက်စာလျှင် သက် သာခြင်းကြောင့် တွက်ခြေကိုက်ကြကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ရေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မိုးအေးက “ရေးမြို့ဟာ နဂိုကတည်းက မဟာဓာတ်အားလိုင်း မရှိတဲ့မြို့၊ အစိုးရ လျှပ်စစ် ဖြန့်ဝေမှု မရှိတဲ့ အရပ်ဖြစ်တဲ့ အခါကျတော့ ဒီလိုမျိုး တခုတည်းသော ပုဂ္ဂလိတွေကို အားကိုးနေ မယ်ဆိုရင်၊ ဒီလိုမျိုး အရေးပေါ် အခြေအနေမျိုးတွေ ဖြစ်လာရင် နောက်နောင် ဘယ်လို ကုစားမလဲဆိုတဲ့ အစီအမံတွေ ပြည်နယ် အစိုးရက စီမံထားသင့်တယ်” ဟု သုံးသပ် ပြောဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ်သည် ပုဂ္ဂလိက ဆုံးရှုံးမှု မဟုတ်ဘဲ ရေးတမြို့လုံး နီးပါး ထိခိုက်သွားသည့် သဘာဝဘေး ဖြစ်စဉ် တခုဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဦးကျော်မိုးအေးက ဆက်လက်၍ “၂၄ နာရီလုံး လျှပ်စစ်မီး မပြတ်ဘဲနဲ့ နေနေရတဲ့ ဘဝကနေပြီးတော့ ဟိုအရင် ၁၀ နှစ် ကျော် ပတ်ဝန်းကျင်က အခြေအနေမျိုးကို ရုတ်တရက်ကြီး ပြန်ရောက်သွားတော့ ကျနော်တို့မှာ နေမထိ ထိုင်မသာတွေ ဖြစ်ပြီး အကုန်လုံးမှာ စိတ်ဆင်းရဲနေရတယ်” ဟု ဆိုသည်။

၎င်းက ဆက်လက်၍ “ပုဂ္ဂလိက လျှပ်စစ်မီးတွေ မှန်နေတာပဲ။ ရေးမြို့ကလူတွေကလည်း ပိုက်ဆံ ရှိတယ်၊ ပေးနိုင်နေတာပဲ ဆိုပြီးတော့ ဒီလိုမျိုး ခွဲခြားပြီးတော့ ကျနော်တို့ဘက်ကို အခုအချိန်ထိ မဟာဓာတ်အားလိုင်း မရောက်သေးတာကိုတော့ အားမလို၊ အားမရ ဖြစ်မိတယ်ပေါ့” ဟု ဆိုသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကြောင့် ကုမ္ပဏီအနေဖြင့် ငွေကျပ်သိန်း ၁ သောင်းခွဲဝန်းကျင် ဆုံးရှုံးခဲ့ကြောင်း မြတ်သူရ ကုမ္ပဏီဘက်က ဆိုထားသည်။

မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မြတ်သူရ ကုမ္ပဏီ၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေး စက်ရုံတာဝန်ခံ ကိုရဲသီဟ (ခ) အန်း ကူကို ရေးမြို့မ ရဲစခန်းတွင် (ပ) ၂၈၇၅/၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ၂၈၅ (မီးပေါ့ဆမှု) ဖြင့် အမှုဖွင့်ထားကြောင်း ရေး မြို့နယ် မီးသတ် ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

You may also like these stories:

နမ့်ဆန်တွင် RCSS တပ်ဖွဲ့ဝင် ၂ ဦးကို တပ်မတော်က ဖမ်းဆီး

မွန်နှင့် ကရင် ငြိမ်းချမ်းရေး သဘောတူညီမှုအပြီး နောက်နေ့တိုက်ပွဲ ပြန်ဖြစ်

မွန်ပြည်နယ်တွင် ရေကြီးမှု၊ လယ်ဧက ၈၇၀၀၀ ကျော် ရေနစ်မြုပ်ခဲ့

Your Thoughts …
Tags: မီးလောင်ရေးမြို့နယ်လျှပ်စစ်ဓာတ်အားပေးစက်ရုံ
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

စစ်တပ် ပြန်လည်ထိန်းချုပ်ထားသော မိုးမိတ်တွင် ဒေသခံများ နေရပ် မပြန်နိုင်သေး

စစ်တပ် ပြန်လည်ထိန်းချုပ်ထားသော မိုးမိတ်တွင် ဒေသခံများ နေရပ် မပြန်နိုင်သေး

by မိုင်းခြိူဝ်းဇာရ်
10 April 2024
1k

မိုးမိတ်မြို့ပေါ်၌ အိမ်ခြေ ၅၀ ခန့် ပြန်လည်ဝင်ရောက်နေထိုင်ကြသော်လည်း မြို့ခံလူဦးရေ တထောင်ကျော်မှာ နီးစပ်ရာကျေးရွာနှင့် တောတောင်တွေထဲ အချိန် ၂ လခွဲကျော်ကြာသည်အထိ စစ်ရှောင်နေရဆဲဖြစ်ကြောင်း

စစ်သင်္ဘောမှ ပစ်ခတ်၍ ကျိုက်မရောမြို့နယ် ဓမ္မသရွာမှ အိမ် ၃၀၀ ကျော် မီးလောင်

စစ်သင်္ဘောမှ ပစ်ခတ်၍ ကျိုက်မရောမြို့နယ် ဓမ္မသရွာမှ အိမ် ၃၀၀ ကျော် မီးလောင်

by မိအိသဉ္ဇာမြင့်
28 March 2024
880

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရဲစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက်ခဲ့ပြီးနောက် ယင်းစခန်းအနီးရှိ ဓမ္မသကျေးရွာအား စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ် ၃၀၀ ကျော် ပျက်စီးပြီး ဒေသခံ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)...

ရွှေကုက္ကိုက ရထိုက်ဟိုတယ်မီးလောင် (ရုပ်/သံ)

ရွှေကုက္ကိုက ရထိုက်ဟိုတယ်မီးလောင် (ရုပ်/သံ)

by ဧရာဝတီ
20 March 2025
359

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုဒေသက နာမည်ကြီး ရထိုက်ဟိုတယ် မတ်လ ၂၀ ရက်နေ့ နေ့လည် ၁၁ နာရီ ၂၀ မိနစ်လောက်မှာ မီးလောင်ကျွမ်းခဲ့ပါတယ်။

မေ ၂၄ ရက်နေ့ ညပိုင်းက မီးလောင်ခဲ့သည့် ကမြောကင်း အ.ထ.က ကျောင်း  / CJ

ကျောင်းအပ်လက်ခံနေသည့် ထားဝယ်မှ ကျောင်းတချို့ မီးလောင်၊ ဗုံးပေါက်

by ဧရာဝတီ
25 May 2021
52.3k

ထားဝယ်မြို့ရဲ့ အ.ထ.က ၆ က ဗုံးပစ်ခံရတယ်။ သတင်းပေးလုပ်နေတဲ့ Non CDM ကျောင်းအုပ် ဆရာမ ကြီး ရုံးခန်းကို ပစ်တာဆိုပေမယ့် ရုံးအောက်ကိုပဲထိပြီး ပေါက်ကွဲသွားပါတယ်။ အဲဒီ အချိန်နဲ့ သိပ်မကွာတဲ့ အချိန်မှာပဲ မူလ...

ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် စပါးခွံသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲ / ဖေသက်ထက်ခင် / ဧရာဝတီ

စပါးခွံသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဂျပန်အကူအညီဖြင့် နေပြည်တော်တွင်ဖွင့်လှစ်

by ဖေသက်ထက်ခင်
23 March 2017
16k

ဝ.၅ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ဂျပန်နိုင်ငံ အကူအညီဖြင့် နေပြည်တော်တွင် တည်ဆောင်ခဲ့ပြီးနောက် ယနေ့တွင် ဖွင့်လှစ်

ယနေ့ လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများ မီးလောင်နေစဉ် / CJ

တရုတ်နိုင်ငံသားများနှင့် လုပ်ငန်းလုံခြုံရေး အာမခံချက်ပေးရန် တရုတ်သံရုံးတောင်းဆို

by ဧရာဝတီ
14 March 2021
21.4k

ရဲတပ်ဖွဲ့ဝင်များအား ထိရောက်သော အစီအမံများဆောင်ရွက်၍ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများနှင့် လူ ပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံ‌ရေးကို အာမခံချက်ပေးရန် လျင်မြန်စွာ တောင်းဆိုကြောင်း

Next Post
လွန်ခဲ့သော အနှစ် ၂၀ က လွတ်မြောက်နယ်မြေတွင် ပြုလုပ်ခဲ့သော အစည်းအဝေးမှတ်တမ်းပုံများ  / WLB

ခယောင်းလမ်းပေါ်က တွဲလက်များ သို့မဟုတ် WLB

ထိုင်းနိုင်ငံ ဆမွတ်ဆခွန်တွင် ငါးဖမ်းလှေတွင် လုပ်ကိုင်နေသူ အများအပြားမှာ မှတ်ပုံတင်ထားခြင်း မရှိပေ(Bangkok Post)

ထိုင်းနိုင်ငံ၌ လူကုန်ကူးခံရသူ အရေအတွက် စံချိန်တင်များပြားလာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate