• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငြိမ်းချမ်းရေး ရလဒ်ကောင်းများ ထွက်ပေါ်ရန် ကြိုးပမ်းသင့်ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ် တိုက်တွန်း

by ဇင်လင်းထက်
8 January 2020
in သတင်း
A A
JICM အစည်းအဝေးသို့ တက်ရောက် ဆွေးနွေးနေသည့် ဗိုလ်ချုပ်ကြီး ယွက်ဆစ်  / ထက်နိုင်ဇော် / ဧရာဝတီ

JICM အစည်းအဝေးသို့ တက်ရောက် ဆွေးနွေးနေသည့် ဗိုလ်ချုပ်ကြီး ယွက်ဆစ် / ထက်နိုင်ဇော် / ဧရာဝတီ

5.3k
VIEWS
Share on FacebookShare on Twitter

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရလဒ်ကောင်းများ ထွက်ပေါ်ရန် ကြိုပမ်းသင့်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)၏ ယာယီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောသည်။

ဇန်နဝါရီလ ၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော PPST အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

RelatedPosts

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
119
ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
92
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
676

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က“လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေးအခြေအနေအရ JICM အစည်းအဝေးရဲ့ရလဒ်ကို တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက စိတ်ဝင် တစား စောင့်မျှော် နားစွင့်နေပါတယ်။ ဒီနေ့ အစည်းအဝေးကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် ကောင်းမွန်တဲ့ ရလဒ် ရရှိအောင် ကြိုးပမ်း ဆွေးနွေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောဆိုသည်။

ယနေ့ (ဇန်နဝါရီ ၈ ရက်) တွင် နေပြည်တော်၌ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) လည်း ကျင်းပနေပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်၁၀ ဖွဲ့မှ ခေါင်းဆောင်များ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးလျက် ရှိသည်။

JICM အစည်းအဝေးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့် တရားဝင် ပြန်လည် စတင်နိုင်ရန် အရေးပါသောအစည်း အဝေးဖြစ်သဖြင့် နှစ်ဖက် လက်ခံနိုင်သော ဆုံးဖြတ်ချက်များ၊ လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် အားလုံးတွင် တာဝန်ရှိကြောင်း နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင်လည်း လက်တွေ့ကျပြီး လက်ရှိ အခင်းအကျင်းနှင့် လိုက်လျောညီထွေ ဖြစ်မည့် လုပ်ငန်းစဉ်များ ချမှတ်ရန် လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဆက်လက် ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်ကြီး ယွက်ဆစ် ထိုသို့ ပြောဆိုခြင်းမှာ အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် လက်နက်ကိုင် အဖွဲ့များ အားလုံးတွင် တာဝန်ရှိ သည်ဟု ရည်ညွှန်းခြင်း ဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေ အတွင်းရေး မှူး (၁) ဦးစိုင်းကျော်ညွန့်က သုံးသပ်သည်။

၎င်းက ဆက်လက်၍ “သူပြောသွားတဲ့ အခင်းအကျင်း ဆိုတာကတော့ ပြည်တွင်း အခင်းအကျင်းလို့ ပြောပြန်ရင်လည်း သူက ရပ်နေတာ ကြာပြီလေ။ အလွတ်သဘော အကြို ဆွေးနွေးပွဲတွေ လုပ်လိုက် ပျက်လိုက်။ တိုက်ပွဲတွေ ဖြစ်နေလိုက် ဆိုတော့ သုံးသပ်ဖို့တော့ ခက်တယ်။ သူက ဘယ်အခင်း အကျင်းကို ပြောမှန်း မသိဘူး” ဟု ဦးစိုင်းကျော်ညွန့်က မှတ်ချက် ပေးသည်။

အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံကာ ငြိမ်းချမ်းရေး ဆွေးနွေးကြခြင်းသည် ကောင်းမွန်သော်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် အချိန် နီးကပ်လာပြီဖြစ်သဖြင့် ဆွေးနွေးမှုများသည် ထိရောက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“သင်္ကြန်အထိတော့ ဆွေးနွေးလို့ အတိုင်းအတာ တခုအထိ ရောက်ရင် ရောက်သွားမယ်။ သင်္ကြန်ကျော် သွားရင်တော့ ပါတီ ပဲဖြစ်ဖြစ်၊ အခုအစိုးရပဲ ဖြစ်ဖြစ် သူက ရွေးကောက်ပွဲ ကမ်ပိန်းအတွက်က လုပ်ကြတော့မှာလေ။ စည်းရုံးရေးဘာညာ စသဖြင့် လုပ်ကြမှာဆိုတော့ လုပ်နိုင်လည်း သင်္ကြန်မတိုင်ခင်မှာ ထိရောက်အောင် လုပ်ပေါ့။ အဲဒီလိုမဟုတ်ရင် လုပ်ရတာ နည်း နည်းခက်သွားမယ် ထင်တယ်” ဟု ဦးစိုင်းကျော်ညွန့် က ပြောသည်။

ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဆက်လက်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် NCA လက်မှတ်ထိုးထားသည့် အပစ်အရပ် ၁၀ ဖွဲ့နှင့်သာ ပြီးပြည့်စုံသည် အထိ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ သတိမမူ ဂူမမြင် မဖြစ်ရန် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် အသေးအမွှား ကိစ္စရပ်တွေက အစ သတိထား ကိုင်တွယ်ရန် လိုအပ်ကြောင်းလည်း PPST အစည်းဝေးအပြီး နိဂုံးချုပ် မိန့်ခွန်း၌ ပြောကြားသွားသည်။

အစိုးရအဖွဲ့၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေက မူ “သတိမမူ ဂူမမြင် ဆိုတာကတော့ ဘယ်ကိစ္စမဆို သေသေချာချာ စဉ်းစားပြီး လုပ်သင့်တယ်လို့ အကြံပြုတဲ့ သဘောလို့ ယူဆပါတယ်” ဟု ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။

JICM ညှိနှိုင်း အစည်းအဝေးသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆိုင်းငံ့ထားသည့် အနေအထားမှ တရားဝင် ဆွေးနွေးပွဲများ ပြန်လည် ဆောင်ရွက်နိုင်ခြင်း ဖြစ်သောကြောင့် ထူးခြားကြောင်းလည်း ၎င်းက သုံးသပ် ပြောဆိုသည်။

JICM ညှိနှိုင်း အစည်းအဝေးမှ တဆင့် လာမည့် သင်္ကြန်ကာလ မတိုင်မီတွင် ကျင်းပရန် မျှော်မှန်းထားသော ငြိမ်းချမ်းရေး ညီလာခံ ဖြစ်မြောက်ရေး ဆောင်ရွက်သွားနိုင်မည့် အနေအထား ရှိပြီး အစည်းအဝေးပြီးပါက နှစ်ဖက် သဘောတူညီချက် များကို သတင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဦးလှမောင်ရွှေက ပြောကြားသည်။

You may also like these stories:

လာမည့်လ တရားဝင်ဆွေးနွေးပွဲများ ပြန်စရန် အစိုးရနှင့် အပစ်ရပ်အဖွဲ့များ မျှော်မှန်း

ခရီးလမ်းကိစ္စက ငြိမ်းချမ်းရေးစကားဝိုင်းကို လှန်မှောက်နိုင်သလား

Your Thoughts …
Tags: JICMPPSTဗိုလ်ချုပ်ကြီး ယွက်ဆစ်
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

ယနေ့ နေပြည်တော်၌ ပြုလုပ်သည့် JICM အစည်းအဝေးတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်  / ထက်နိုင်ဇော် / ဧရာဝတီ

လက်နက်ကိုင် နည်းလမ်းဖြင့် စိတ်ကူးမယဉ်ဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး

by ထက်နိုင်ဇော်
8 January 2020
16.4k

လက်နက်ကိုင် ပဋိပက္ခ၏ ဆိုးကျိုးကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ရပြီး ပြည်သူများမှာ ဒုက္ခသည် စခန်းများသို့ ရောက်ရှိသွားခြင်းသည် မြင်သာသည့် ဆိုးကျိုးများ ဖြစ်ကြောင်း၊ မမြင်သာသည့်ဆိုးကျိုးမှာ ဒေသခံ တိုင်း ရင်းသားများ၏ အနာဂတ် မှေးမှိန် ပျောက်ကွယ်သွားရခြင်း...

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး  / ဧရာဝတီ

PPST ဦးဆောင်နာယကအဖြစ် KNU ဥက္ကဋ္ဌ လက်ခံ

by ဧရာဝတီ
23 August 2022
14.7k

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသောအဖွဲ့များနှင့် ဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ဦးဆောင်နာယကအဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက လက်ခံလိုက်ကြောင်း PPST ထံမှ သိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် / ဧရာဝတီ

ဗိုလ်ချုပ်ကြီး ယွက်စစ် အပစ်ရပ် ၁၀ ဖွဲ့ခေါင်းဆောင် အဖြစ်မှ နှုတ်ထွက်

by ဧရာဝတီ
7 July 2021
45.2k

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်သွားပြီ ဖြစ်ကြောင်း ယနေ့ တရားဝင်ထုတ်ပြန်လိုက်သည်။

NCA လက်မှတ်ထိုးထားသည့် ၈ ဖွဲ့နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံနေစဉ်  / တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်

KNU ဦးမဆောင်၍ တပ်မတော်နှင့် သူတို့ ၈ဖွဲ့ သီးခြားတွေ့ခဲ့ရဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြော

by ထက်နိုင်ဇော်
30 October 2019
16.4k

အဖွဲ့များ သီးသန့် တွေ့ဆုံကြသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်အဝေး (JICM) ခေါ် ယူနိုင်ရေး ဆွေးနွေးနိုင်ခဲ့ကြသည်ဟု...

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်  / ကျော်ခ၊ ဧရာဝတီ

PPST တွင် ပါဝင်မှု အဆင့် RCSS လျှော့ချ

by ဧရာဝတီ
5 April 2022
12.7k

(PPST) တွင် ပါဝင်နေမှု အဆင့်ကို လျှော့ချလိုက်ပြီ ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) က ပြောသည်။

စစ်ကောင်စီနှင့် LDU

စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးပွဲ RCSS နဲ့ NMSP ဘာကြောင့်မတက်သလဲ

by ဧရာဝတီ
29 December 2022
5.3k

အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်သည့် ဆွေးနွေးပွဲကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် (EAOs) ၅ ဖွဲ့ တက်ရောက်သော်လည်း သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ တက်ရောက်ခြင်း...

Next Post
America’s Got Talent ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ Junior Creative အဖွဲ့

America’s Got Talent ပွဲမှာ မြန်မာကို ကမ္ဘာသိအောင် စွမ်းဆောင်ခဲ့တဲ့ Junior Creative အဖွဲ့

၂၀၁၉ ဒီဇင်ဘာ ၂၆ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် / Myanmar State Counsellor Office

ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားတွင် လူထုတွေ့ ဆုံပွဲ ပြုလုပ်မည်

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
4.8k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

5 days ago
4.8k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate