• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အီရန် တိုက်ခိုက်မှု အပျက်အစီးနည်း ဟုဆို

by ဧရာဝတီ
9 January 2020
in သတင်း
A A
ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီးနောက် အယ် အာဆတ် လေတပ်စခန်းကို ကောင်းကင်ဂြိုလ်တုမှ ရိုက်ထားသည့် ပုံ (Planet Lab)

ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီးနောက် အယ် အာဆတ် လေတပ်စခန်းကို ကောင်းကင်ဂြိုလ်တုမှ ရိုက်ထားသည့် ပုံ (Planet Lab)

18k
VIEWS
Share on FacebookShare on Twitter

အီရန် ဒုံးကျည် တိုက်ခိုက်ခံရသော အမေရိကန် စစ်စခန်းကို စီးပွားရေးဂြိုလ်တုမှ ရိုက်ကူးထားသောပုံများအရ အပျက် အစီးအနည်းငယ်သာ တွေ့ရသော်လည်း အီရန်၏ အင်အားပြသရန်သာ ရည်ရွယ်သည့် သဘောတရားကို ပိုမိုခိုင်မာစေ ကြောင်း ရုရှားသတင်းဌာန RT ကဆိုသည်။

အီရတ်နိုင်ငံ အန်ဘာပြည်နယ်ရှိ အယ်လ်အဆတ် စစ်အခြေစိုက်စခန်းနှင့် အီရတ် ကာဒစ်စတန်ရှိ အာဘေးလ် စစ်စခန်း တို့ကို ယမန်နေ့က အီရန်က ဒုံးကျည်များဖြင့် ညလုံးပေါက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
86
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
126
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
113

အမေရိကန် Planet Labs ကထုတ်ပြန်သော ပုံများအရ ထိုနေရာနှစ်ခုလုံးတွင် အပျက်အစီး အနည်းငယ်သာတွေ့ ရသော်လည်း ထိုအပျက်အစီးများမှာ ကုန်လှောင်ရုံနှင့် လက်နက်ကိရိယာ သိုလှောင်ရုံများကိုသာ ထိခိုက်စေပြီး စစ်တန်းလျှားကို မထိခိုက်စေကြောင်း တွေ့ရသည်။

လွန်ခဲ့သော အပတ်က ဘဂ္ဂဒက် မြိုကပြင်တွင် အီရန် ထိပ်တန်း တပ်မှူးတဦးဖြစ်သော ဗိုလ်ချုပ် ကက်ဆမ် ဆိုလေမန်နီကို မောင်းသူမဲ့လေယာဉ်ဖြင့် သတ်ဖြတ်ခြင်းကို လက်စားချေရန် အီရန်၏ အစ္စလမ်မစ်တော်လှန်ရေး အစောင့်တပ် (IRCG)က ထိုဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုပစ်ခတ်မှုအတွင်း အမေရိကန် သို့မဟုတ် အီရတ်မှ မည်သည့်စစ်သားမျှ သေဆုံးခြင်းမရှိပေ။ ၎င်းတို့၏ ကြိုတင်သတိ ပေးသော စနစ်သည် ထိုဒုံးကျည်ပစ်ခတ်မှုကို ကြိုတင်သိသောကြောင်း အားလုံးအကာအကွယ်ယူနိုင်ခဲ့ကြောင်း ပင်တာဂွန် က ကြေညာသည်။

အီရတ်အစိုးရကလည်း အီရန်က ထိုပစ်ခတ်မှုမလုပ်မီ ၎င်းတို့ကို ကြိုတင်အသိပေးသဖြင့် အမေရိကန်ကို သတိပေးခဲ့ ကြောင်းပြောသည်။ ထိုစစ်စခန်းနှစ်ခုတွင် ဖင်လန်နှင့် လစ်သူယေးနီးယားနိုင်ငံတို့မှ တပ်များလည်း ရှိရာ ယင်းနိုင်ငံများကို အီရန်က ကြိုတင် အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

ထိုအချက်များကြောင့် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုသည် အီရန်နှင့် အမေရိကန်အကြား တင်းမာမှု မြင့်မားလားခြင်း မဟုတ်ဘဲ သင်္ကေတဖြစ်သည်ဟူသော ခန့်မှန်းပြောဆိုမှုများကို ဖြစ်စေခဲ့သည်။

အီရန်နိုင်ငံအနေဖြင့် အမေရိကန်တပ်ဖွဲ့များကို သတ်ဖြတ်ရန် ရည်ရွယ်ပါက သတ်ဖြတ်နိုင်ကြောင်း ပြသပြီး သတ်ဖြတ် ခြင်းကို ရည်ရွယ်ချက်ရှိရှိ လက်ရှောင်နေကြောင်း ယခင်မရိန်းတပ်ဖွဲ့ဝင်ဟောင်းနှင့် ကုလသမဂ္ဂလက်နက်စစ်ဆေးရေးမှူး စကော့ရစ်တာပြောသည်။
သို့သော်အမေရိကန် ထိပ်တန်းဗိုလ်ချုပ်တဦးက IRGC သည် သတ်ဖြတ်ရန်ရည်ရွယ်သည်ဟု သူ၏ ပုဂ္ဂလိက အမြင်အရ မြင်ကြောင်း ပြောသည်။
“ကျနော်သိမြင်ရသလောက်ကို အခြေခံပြောရရင် ဒီတိုက်ခိုက်မှုတွေဟာ အဆောက်အအုံ၊ မော်တော်ယာဉ်၊ လက်နက် ကိရိယာ၊ လေယာဉ်တွေပျက်စီးအောင်နဲ့ တပ်ဖွဲ့ဝင်တွေ သေအောင်ရည်ရွယ်တယ်” ဟု ကြည်းတပ်ဗိုလ်ချုပ် မာ့ခ် မိုင်လီက သတင်းထောက်များကိုပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အီရန်ရဲ့ လက်တုန့်ပြန် တိုက်ခိုက်မှုမှာ အမေရိကန်နိုင်ငံသား တဦးမှ သေဆုံးမှု မရှိကြောင်း ၊ ပြည်သူတွေအနေနဲ့ ဝမ်းပန်းတသာ စိတ်သက်သာရ ကျေးဇူးတင်ရမှာဖြစ်ကြောင်း ပြောသည်။

You may also like these stories:

အီရန်ဗိုလ်ချုပ်ကို အမေရိကန်သတ်ဖြတ်မှု စစ်ပွဲဆီ ဦးတည်နေ

ဆော်ဒီရေနံတွင်း တိုက်ခိုက်ခံရမှုကြောင့် ရေနံဈေး ၁၅ ရာခိုင်နှုန်း ခုန်တက်

ကက်ရှ်မီးယားကို အိန္ဒိယ ပိတ်ဆို့၊ တပ်ဖွဲ့ဝင် သောင်းချီ ပို့

Your Thoughts …
Tags: ဒုံးကျည်အမေရိကန်အီရတ်အီရန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.3k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.3k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

မြန်မာကို ဟန့်တားရန် Gripen ဂျက်တိုက်လေယာဉ်များ ထိုင်းဝယ်ယူမည်

မြန်မာကို ဟန့်တားရန် Gripen ဂျက်တိုက်လေယာဉ်များ ထိုင်းဝယ်ယူမည်

by Gabriel Honrada
4 September 2024
10.7k

ထိုင်းနိုင်ငံသည် ကြားဖြတ်ဟန့်တားနိုင်သည့် စွမ်းရည် မရှိသောကြောင့် မဟုတ်ဘဲ နိုင်ငံရေးသုံးသပ်ချက်ဖြင့် ၎င်း၏ လေပိုင်နက်သို့ မြန်မာက ယခင် ကျူးကျော်မှုများကို ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ခဲ့သည်။

Next Post
မင်းသမီး မီဂန်မာကယ်နဲ့ တော်ဝင်မင်းသားဟယ်ရီ

ဗြိတိန်ထီးနန်းနဲ့ ဝေးရာမှာနေတော့မယ့် တော်ဝင်မင်းသားဟယ်ရီနဲ့ မီဂန်မာကယ်

အဆိုတော်အစ္စဏီရဲ့ မိခင် / ယုဖြူဟန် / ဧရာဝတီ

သားဖြစ်သူကို မှီခိုနေရလို့ အခုဘယ်လိုရှေ့ဆက်ရမလဲလို့ အစ္စဏီမိခင်ပြော

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.4k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate