Global Banking & Finance Review မှ ပေးအပ်သည့် ၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံမှ တနှစ်တာ အကောင်းဆုံး ဘဏ်လုပ်ငန်း CEO ဆုကို uab ဘဏ်၏ မန်နေဂျင်း ဒါရိုက်တာနှင့် စီးအီးအို ဖြစ်သူ မစ္စတာ ခရစ္စတို ဖာလော့ချ် (Mr. Christopher Loh) က ရရှိသည်။
Global Banking & Finance Review သည် ကမ္ဘာ့သတင်းနှင့် အချက်အလက်များ၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ဈေး ကွက် စိစစ်သုံးသပ်ချက်များကို ထုတ်လွှင့် တင်ပြပေးနေသော ကမ္ဘာ့ဦးဆောင်ကဏ္ဍတွင် ရှိနေသည့် အွန်လိုင်းနှင့် ပုံ နှိပ် သတင်းမီဒီယာ တခု ဖြစ်ပါသည်။
မစ္စတာ ခရစ္စတိုဖာသည် အဆိုပါ ဆုသာမက International Business Magazine မှ ပေးအပ်သော မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းများတွင် အကောင်းဆုံး CEO နှင့် ၁ နှစ်တာ အများဆုံး တီထွင်ဖန်တီး ဆန်းသစ်နိုင်ဆုံး CEO ဆု၊ Business Worldwide မှ ချီးမြှင့်သည့် ၂၀၁၉ ၏ မြန်မာနိုင်ငံမှ ၁ နှစ်တာ ဘဏ်လုပ်ငန်း CEO ဆုတို့ကိုလည်း ရရှိခဲ့ သည်။
ပြီးခဲ့သည့် ၂၀၁၉ ဇူလိုင်လတွင်လည်း uab Bank သည် Euromoney မှ ချီးမြှင့်သည့် Myanmar’s Best Bank 2019 နှင့် Asian Banking & Finance Awards ဆုချီးမြှင့်ပွဲတွင် Domestic Retail Bank of the Year Myanmar ဆုတို့ကို လည်း လက်ခံရရှိခဲ့ကြောင်း သိရသည်။
၂၀၁၀ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် uab သည် ယခုအခါ မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့နယ် ၄၇ ခုတွင် ဘဏ် ခွဲပေါင်း ၇၈ ခုဖြင့် ဝန်ဆောင်မှုပေးလျက် ရှိသည်။
You may also like these stories:
မြန်မာ့ ကုန်သွယ်မှု ဘဏ္ဍာငွေ ထောက်ပံ့ရေးတွင် ADB ပါဝင်လာ