• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရာအိမ်မှူးကို ဓာတ်ပုံရိုက်မှုဖြင့် လယ်သမား ခေါင်းဆောင် ၁ ဦး ထောင်၂ နှစ် ချမှတ်ခံရ

by ဆလိုင်းသန့်စင်
10 January 2020
in သတင်း
A A
ထောင် ၂ နှစ် ချမှတ်ခံရသည့် လယ်သမား ခေါင်းဆောင် ဦးငြိမ်းမောင်  / ဆလိုင်းသန့်စင်

ထောင် ၂ နှစ် ချမှတ်ခံရသည့် လယ်သမား ခေါင်းဆောင် ဦးငြိမ်းမောင် / ဆလိုင်းသန့်စင်

74.7k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ် ပလောင်ကျေးရွာရှိ ရာအိမ်မှူးအား ဓာတ်ပုံရိုက်သည့်အတွက် လယ်သမား ခေါင်း ဆောင် ၁ ဦးဖြစ်သူ ဦးငြိမ်းမောင်ကို မအူပင်မြို့နယ် တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ်၂ နှစ် ချမှတ်ခဲ့ကြောင်း သတင်း ရရှိသည်။

ပလောင်ကျေးရွာ အတွင်းရှိ လုပ်ငန်းရှင် ဒေါက်တာ မြင့်စိန် ပိုင်ဆိုင်သည့် အော့ချက်ဒ် ကုမ္ပဏီနှင့် ဒေသခံလယ်သမားများ မြေယာအငြင်းပွားမှု ဖြစ်ပွားနေသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧက ၅၅၀ ပေါ်တွင် ဝင်ရောက် စိုက်ပျိုးလုပ်ကိုင် နေထိုင် သူအားလုံး ဖယ်ရှားထွက်ခွာပေးရန် ပလောင်ကျေးရွာ ရာအိမ်မှူး အဖွဲ့က၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းက လော်စပီ ကာဖြင့် လိုက်လံ ကြေညာခဲ့သည်။

RelatedPosts

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
233
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
66
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
53

ထိုသို့ ကြေညာသည့် ရာအိမ်မှူး ဦးမောင်ရင်ထွေးကို ပလောင်ကျေးရွာမှ လယ်သမား ခေါင်းဆောင် ဦးငြိမ်းမောင်က ဓာတ် ပုံ ရိုက်ကူးခဲ့သည့် အတွက် ဦးမောင်ရင်ထွေးက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုကို ၁ နှစ်ခန့် ကြားနာ စစ်ဆေးပြီးနောက် မအူပင်မြို့နယ် တရားသူကြီး ဒေါ်သင်းသင်းဇော်က ဦးငြိမ်းမောင်ကို ထောင်ဒဏ်၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဦးငြိမ်းမောင်၏ ရှေ့နေ ဦးငြိမ်းချမ်းမျိုး က “ကိုငြိမ်းမောင်ဟာ ဒီပုဒ်မနဲ့ စတင် တရားစွဲ ခံရကတည်းက အာမခံလျှောက်ထား ခဲ့တယ်။ မအူပင်မြို့နယ် တရားရုံးရော၊ ခရိုင် တရားရုံးကပါ အာမခံ မပေးခဲ့ပါဘူး။ ဒါ ကြောင့် အချုပ်ထဲကနေ တရားရင် ဆိုင်ခဲ့ရတယ်။ အခုလည်း အဲဒီ ပုဒ်မနဲ့ပဲ ထောင်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဦးငြိမ်းမောင်မှာ ဓာတ်ပုံရိုက်ကူးရန်အတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ ခွင့်ပြုချက် တောင်းခံခဲ့ကြောင်း၊ ရာအိမ်မှူး ဦးမောင်ရင်ထွေးကို ဓာတ်ပုံရိုက်သည်မှာ မှန်ကန်သော်လည်း အဆိုပါ ဓာတ်ပုံအား ဦးမောင်ရင်ထွေး သိက္ခာ ကျဆင်းစေ ရန် အသုံးပြုခဲ့ခြင်း၊ လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့ခြင်း လုံးဝမရှိခဲ့ကြောင်း၊ တရားခွင်တွင် ထိုသို့ စစ်ဆေးပေါ်ပေါက်သော် လည်း ထောင်ဒဏ်၂ နှစ် ချမှတ်ခဲ့ခြင်းမှာ တရားမျှတမှု မရှိကြောင်း ဦးငြိမ်းမောင်၏ မိသားစုဝင်များက ပြောသည်။

ဦးငြိမ်းမောင်၏ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမော်က “မြန်မာပြည်မှာ လူတယောက်ကို ဓာတ်ပုံရိုက်လို့ ထောင်၂ နှစ် ချတယ်ဆို တာ လူကြားလို့တောင် မကောင်းဘူး။ ဒါက လုံးဝကို တရားမျှတမှု မရှိတဲ့ကိစ္စလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်တွင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းခဲ့သည့် နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၁၀ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်ရမည် ဖြစ်ပြီး အနည်းဆုံး ၃ သိန်းကျပ်မှ အများဆုံး ၁၅ သိန်း အထိ ဖြစ် သော ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အစိုးရက ၁၉၉၉ ခုနှစ်တွင် ပလောင် ကျေးရွာရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဧက ၁ ထောင်ကို သိမ်းယူပြီး အော့ချက်ဒ် ကုမ္ပဏီပိုင်ရှင် ဒေါက်တာ မြင့်စိန်ထံ လုပ်ကိုင်ခွင့် ချထားပေးခဲ့ ရာ ဒေါက်တာ မြင့်စိန်က ဧက ၅၅၀ ကို ၂၀၀၄ ခုနှစ်တွင် ငါးကန် တူးဖော်ခဲ့သည်။

ငါးကန်တူးပြီးနောက် ငါးမွေးမြူခြင်းမရှိဟု ဆိုကာ ဒေသခံ လယ်သမားများနှင့် မြေယာမဲ့များက ၂၀၁၃ ခုနှစ်တွင် ဧက ၅၅၀ ငါးကန် အတွင်းရှိ လယ်ယာမြေများကို ပြန်လည် ဖော်ထုတ်၍ ထွန်ယက် စိုက်ပျိုးခဲ့ကြပြီး ထိုသို့ စိုက်ပျိုးသည့်အတွက် လယ်သမား ခေါင်းဆောင် ဦးငြိမ်းမောင်၊ ဒေါ်ပြုံးစိန် အပါအဝင် လယ်သမား ၃၀ ကျော်ကို ၂၀၁၇ ခုနှစ်တွင် မြေလွတ်၊ မြေ လပ်၊ မြေရိုင်း ဥပဒေပုဒ်မ ၂၆၊ ၂၇၊ ၂၈ နှင့် ရေချိုငါးလုပ်ငန်း ဥပဒေများဖြင့် အော့ချက်ဒ် ကုမ္ပဏီက တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ဦးငြိမ်းမောင်သည်၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေဖြင့် ထောင် ၂ နှစ်ချမှတ် ခံထားရသူလည်း ဖြစ်သည်။ ၎င်းနှင့်အတူ ကျန် လယ်သမား ၈ ဦးမှာလည်း ထောင်ဒဏ် ၂ နှစ်စီ မအူပင် အကျဉ်းထောင်၌ ပြစ်ဒဏ် ကျခံနေရလျက် ရှိသည်။

ဦးငြိမ်းမောင်သည် ယခု ရာအိမ်မှူးကို ဓာတ်ပုံရိုက်သဖြင့် နိုင်လွတ်လုံ ပုဒ်မဖြင့် ထပ်မံ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသည့် အတွက် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ကျခံရမည် ဖြစ်သည်။ ကျန်လယ်သမားများမှာမူ အမှုကို ဆက်လက် ရင်ဆိုင်နေရ လျက် ရှိကြောင်း သိရသည်။

ထိုသို့ ထောင်ဒဏ် ချမှတ်သည့်ကိစ္စနှင့် ပတ်သက်၍ မအူပင်မြို့နယ် တရားရုံးသို့ ဆက်သွယ် မေးမြန်းခဲ့ရာ တရားရုံး ပြန် ကြားရေး အရာရှိ ဖြစ်သူက ဇန်နဝါရီ ၉ ရက် အမိန့်ချသည့် ကိစ္စကို ဇန်နဝါရီလ ၁၃ ရက်ကျမှသာ ဖြေကြားပေးနိုင်မည် ဖြစ်ကြောင်း ပြန်လည် ပြောဆိုသည်။

မလက်တို အုပ်စု ပလောင်ကျေးရွာရှိ အငြင်းပွားမြေ ဧက ၅၅၀ နှင့်ပတ်သက်၍ ပေါ်ပေါက်ခဲ့သည့် တရားစွဲဆိုမှုများကြောင့် မအူပင် အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသူ လယ်သမားများမှာ မလက်တို ကျေးရွာ အုပ်စု၊ ပလောင်ကျေးရွာမှ ဦးငြိမ်းမောင်၊ ဒေါ်ပြုံးစိန်၊ ဦးကျော်ခင်၊ ဦးကျော်ဌေး၊ ဦးကျော်မင်း၊ ဦးမင်းတင်၊ အဒိတ်ကျေးရွာမှ ဦးကိုဆွေ၊ ဦးသံလုံးနှင့် ကွန်ဒိုင်းလေး ကျေးရွာမှ ဦးကံမြင့်နှင့် ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်မှ ဦးမိုးကျော်တို့ အပါအဝင် ၁၀ ဦး ဖြစ်ကြောင်း သိရ သည်။

You may also like these stories:

ရှေ့နေ ဦးကိုနီအမှု တရားခံများအပေါ် ပြစ်ဒဏ်တိုးရန် အယူခံလျှောက်ထားမှု ပလပ်ခံရ

အကြမ်းဖက် ဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံရသည့် ကျောင်းဆရာ လွတ်မြောက်

ကလေးစစ်သားဟောင်း အောင်ကိုထွေး၏ အမ ကိုယ်တိုင်လာရောက် အဖမ်းခံ

Your Thoughts …
Tags: နိုင်လွတ်လုံမအူပင်မြို့နယ်လယ်သမားခေါင်းဆောင်
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ကာကွယ်ရေး ဥပဒေဖြင့် တရားစွဲခံထားရသည့် ဦးရဲထွဋ်၊ ဦးလှဆွေနှင့် ဦးဘိုဘိုကျော်ငြိမ်

ဦးလှဆွေ၊ ဦးရဲထွဋ်၊ ဦးဘိုဘိုကျော်ငြိမ်းတို့ကို သူရဦးရွှေမန်းဘက်မှ အမှုဖွင့်ထားမှု ပိတ်သိမ်းခံရ

by ထက်နိုင်ဇော်
16 October 2019
26.2k

အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ၊ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်နှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ကို သူရဦးရွှေမန်းဘက်မှ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ် မြေရဲစခန်းတွင် အမှုဖွင့်ထား ရာ မြို့နယ် ဥပဒေရုံးက ခွင့်မပြုသဖြင့် အမှု ပိတ်သိမ်းလိုက်ပြီ...

ယခုနှစ် ပြည်ထောင်စုလွှတ်တော် မြင်ကွင်း  / ဧရာဝတီ

နိုင်လွတ်လုံ ဥပဒေပြင်ရန် လွှတ်တော် ကြိုးပမ်း

by ကျော်မျိုး
18 February 2020
4.9k

နိုင်ငံသားများကို အကာအကွယ်ပေးရန် ရည်ရွယ် ပြဋ္ဌာန်းခဲ့သော်လည်း လူပုဂ္ဂိုလ် တဦးနှင့်တဦး မသင့်မြတ် မှုများအပေါ် ယခု ဥပဒေကို အသုံးချနေ၍ နစ်နာမှုများ ဖြစ်နေရသည့်အတွက် ပြင်ဆင်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး နှင့် ဥပဒေရေးရာ...

Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် အား ယနေ့ရုံးချိန်းတွင် တွေ့ရစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

အမှန်တရားကို တရားရုံးတွင် ချပြမည်ဟု Wisdom Hill ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် ပြော

by မိုးမိုး
7 October 2019
39.1k

ဒေါ်စုဒါလီအောင်သည် ရှေ့နေ အလုပ်ကို လုပ်ခြင်းဖြစ်တယ်။ သူ့ တရားခံ အောင်ကြီး အတွက် ကာကွယ်တယ်။ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားတယ်။ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့ အတွက် ပြဿနာ တက်တယ်လို့ ကျနော် ယူဆတယ်

Next Post
မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်  / ထက်ဝေ / ဧရာဝတီ

တရုတ်က ထူးဆန်း ရောဂါ မကူးစက်ရေး မန္တလေး လေဆိပ်၌ တရုတ် ခရီးသည်များကို ကြပ်မတ် စစ်ဆေး

မြန်မာ့ရွှေဈေးကွက် ပြန်လည်တည်ငြိမ်လာ

မြန်မာ့ရွှေဈေးကွက် ပြန်လည်တည်ငြိမ်လာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate