သတင်း

တရုတ်က ထူးဆန်း ရောဂါ မကူးစက်ရေး မန္တလေး လေဆိပ်၌ တရုတ် ခရီးသည်များကို ကြပ်မတ် စစ်ဆေး

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ထူးဆန်းသော နမိုးနီးယား ရောဂါ ကူးစက်မှု မရှိစေရန် တရုတ်နိုင်ငံ ဝူဟန်မြို့မှ လာသည့် ခရီးသည်များကို မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အထူးကြပ်မတ် စစ်ဆေးနေကြောင်း သိရသည်။

တရုတ်နိုင်ငံမှ လာသော ခရီးသည်များအား အထူးကြပ်မတ် စစ်ဆေးရာတွင် Thermoscan စက်၂ လုံးဖြင့် စစ်ဆေး လျက် ရှိပြီး ယနေ့အချိန်အထိ ရောဂါသံသယရှိသူ မတွေ့ရှိရသေးဟု မန္တလေးတိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေး နှင့် ကုသရေး ဦးစီးဌာနက ပြောသည်။

မန္တလေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာ သန်းသန်းမြင့် ကအဓိကတော့ ဝူဟန်ကလာတဲ့ ခရီးသည်တွေကို တဦးချင်းဝင်စေပြီး Thermoscan နဲ့ စစ်တာပါ၊ ဝူဟန်ကလာတဲ့ ခရီးသည်တွေကို အထူးဂရုပြုတဲ့ သဘောပေါ့၊ ကျန်တဲ့ ပြည်နယ်ကလာတဲ့ ခရီးသွားတွေကိုလည်း စစ်ဆေးတယ် ဆိုပေမယ့် လေဆိပ်ဘက်က အခက်အခဲရှိနိုင်တာကြောင့် အကုန်လုံး ဖြတ်သွားတာကို ကင်မရာကနေ ချိန်ပြီး စစ်ဆေး နေပါတယ်ဟု ပြောပြသည်။

Thermoscan စက်သည် လေဆိပ်သို့ ဝင်ရောက်လာသည့် ခရီးသည်များ၏ ကိုယ်အပူအချိန်ကို တိုင်းတာစစ်ဆေးခြင်း ဖြစ်ပြီး ကိုယ်အပူချိန် ၁၀၁ ဒီဂရီ ဖာရင်ဟိုက် (၃၈ ဒသမ ဒီဂရီ စင်တီဂရိတ်)နှင့် အထက်ရှိသည့် ခရီးသည်များကို သီးသန့် ခွဲထုတ်ကာ ကျန်းမာရေး အခြေအနေအား ဆက်လက်စစ်ဆေး၍ ရောဂါသံသယ ရှိပါက ကုသပေးနိုင်ရန် အတွက် လည်း စီစဉ်ထားသည်ဟု ဆိုသည်။

ဒေါက်တာ သန်းသန်းမြင့်က “Thermoscan စက်နဲ့ တိုင်းတာလို့ သတ်မှတ်အပူချိန်ထက် ကျော်တာနဲ့ အဲဒီလူကို လေဆိပ်မှာရှိတဲ့ Waiting Room ထဲမှာ ထားပြီး အရင်စစ်ဆေးတာတွေ လုပ်မယ်၊ ရောဂါလို့ သံသယရှိခဲ့ရင် တခါတည်း မန္တလေးဆေးရုံကြီးကို ပို့ပေး သွားမှာပါဟု ပြောသည်။

ထိုကဲ့သို့ ရေဂါသံသယ ရှိသူများအား မန္တလေး အထွေထွေရောဂါကု ဆေးရုံးကြီးသို့ ပို့ဆောင်နိုင်ရန် အတွက် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ လူနာတင်ကားများ ထားရှိရန်နှင့် အတူ တာဝန်ကျ ဆရာဝန်၊ လက်ထောက် ဆရာဝန်၊ လူနာတင်ကား ဒရိုင်ဘာများကို တလစာ ဂျူတီ ရေးဆွဲထားကြောင်း သိရသည်။

သံသယရှိသူတွေကို ဆေးရုံကြီးမှာ ထားတဲ့အခါမှာလည်း အရင်က ကူးစက်ရောဂါတွေကို ထားခဲ့တဲ့အတိုင်း သီးသန့် ခန်းမှာ ထားမယ်၊ ကုသရေး အပိုင်းကိုလည်း အရင်ကလိုပဲ အထူးဂရုစိုက် ကုသပေးသွားမှာပါ၊ သူတို့ကို တာဝန်ယူ ကုသတဲ့ သူတွေနဲ့ ပို့ဆောင်ပေးတဲ့ သူတွေကို ရောဂါ မကူးစက်စေဖို့လည်း စနစ်တကျ စီစဉ်ထားပါတယ်ဟု ဒေါက်တာ သန်းသန်းမြင့်က ပြောသည်။

အဆိုပါ အစီအစဉ်များ ပြုလုပ်နိုင်ရန်အတွက် တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေဆိပ်တာဝန်ရှိသူများ၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူများ၊ တိုင်းကျန်မားရေးနှင့် ကုသရေးဦးစီဌာနမှ တာဝန်ရှိသူများဖြင့် ဇန်နဝါရီ ရက်နေ့က အစည်းအဝေး ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ ဝူဟန်မှ လာရောက်မည့် ခရီးသည်များ၏ ကျန်းမာရေး အခြေအနေကို စနစ်တကျ စစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထို့ပြင် မန္တလေး အထွေထွေရောဂါကု ဆေးရုံးကြီးတွင် ယခင်ကလည်း ကူးစက်ရောဂါများ ဖြစ်ပွားမှုရှိပါက ကုသ ပေးနိုင်ရန် ကြိုတင်စီစဉ်မှုများ ပြုလုပ်ခဲ့သလို ယခုဖြစ်စဉ်နှင့် ပတ်သက်၍လည်း ကုသရေး လုပ်ငန်းများ ပြုလုပ်နိုင်ရန် အတွက် ဇန်နဝါရီ ရက်နေ့တွင် အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့တွင် ထူးဆန်းသော နမိုးနီးယား ရောဂါတမျိုး ပျံ့နှံ့ ဖြစ်ပွားခဲ့ခြင်းကြောင့် ရောဂါကူးစက်ခံရသူ ၄၀ ကျော်အထိ ရှိခဲ့ပြီး ၁၁ ဦးကို ပြင်ထန်းသော အခြေအနေအဖြစ် စာရင်း သွင်းထားသည်ဟု တရုတ်နိုင်ငံ အများပြည်သူ ကျန်းမာရေး စောင့်ကြည့်အဖွဲ့၏ သတင်း ထုတ်ပြန်ချကိကို AFP သတင်း ဖော်ပြထားသည်။

ဒေါက်တာ သန်းသန်းမြင့်ကတရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှာ ထူးဆန်းသော နမိုးနီးယားရောဂါ ဖြစ်ပွားနေတယ်ဆိုတာကို ဒီဇင်ဘာ ၂၄ ရက် က အတည်ပြုခဲ့တာပေါ့၊ အဲဒီရောဂါက လက်ရှိအချိန်အထိလည်း ဆက်ပြီး ပျံ့ပွားနေတယ်လို့ သိရတယ်၊ ဒါကို တရုတ် နိုင်ငံ အများပြည်သူ ကျန်းမာရေး စောင့်ကြည့်အဖွဲ့က သတင်း ထုတ်ပြန်ထားတာကြောင့် ကျမတို့အနေနဲ့ အခုလို စစ်ဆေးဖို့ လုပ်ဆောင်ခဲ့တာပါဟု ပြောပြသည်။

အဆိုပါ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ အတွင်း၌လည်း ၂၀၀၂၊ ၂၀၀၃ ခုနှစ်က လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့သည့် ဆားစ် (SARS) ဗိုင်းရပ်စ် ပြန်လည် ခေါင်းထောင်လာပြီ ဆိုသည့် ထင်မြင် ယူဆချက်များလည်း ဖြစ်ပေါ်နေပြီး စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်ဟု AFP သတင်းက ဆိုသည်။

ယခုအခါ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက် ပြေးဆွဲနေသည့် လေကြောင်းလိုင်းများ အနက် အပတ်စဉ် တနင်္လာ၊ သောကြာနေ့များတွင် မန္တလေးဝူဟန် တိုက်ရိုက် လေကြောင်းလိုင်း နှစ်ကြိမ် ပျံသန်းပြေးဆွဲမှုနှင့် အတူ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် တရုတ်နိုင်ငံကြား တိုက်ရိုက်ပျံသန်း ပြေးဆွဲနေသည့် လေကြောင်း ခရီးစဉ် ၁၀ ခုကျော်ရှိပြီး နေ့စဉ် တရုတ်နိုင်ငံသား ခရီးသွားဧည့်သည် ၁၀၀၀ ကျော် ဝင်ရောက်လျက် ရှိကြောင်း သိရ သည်။

You may also like these stories:

ကျောက်ပတ်တီးအစားထိုး ရေစိုခံလက်ပတ်တွေ တီထွင်လိုက်တဲ့ အမေရိကန်နိုင်ငံသား

ဒီလို ကျန်းမာရေး ပြဿနာတွေ ရှိရင် ချင်းကို မစားသုံးသင့်ပါဘူး

ဗိုင်းရပ်ပိုးတမျိုး တရုတ်ပြည်မှာ ပျံ့နေ

Did you find apk for android? You can find new Free Android Games and apps.
Loading