• English
Saturday, December 9, 2023
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          ပညာရေးကဏ္ဍတွင် ဗဟိုချုပ်ကိုင်မှုများ ရှိနေဆဲဟု ဝေဖန်ခံရ

          by ထက်ခေါင်လင်း
          11 January 2020
          in သတင်း
          Reading Time: 7 mins read
          A A
          မတ်လထိ ကျောင်းဖွင့်မည့်အပေါ် ကန့်ကွက်သည့် ကမ်ပိန်းတခု /  Representative Committee of ECSUs

          မတ်လထိ ကျောင်းဖွင့်မည့်အပေါ် ကန့်ကွက်သည့် ကမ်ပိန်းတခု / Representative Committee of ECSUs

          9.3k
          VIEWS
          Share on FacebookShare on Twitter

          မြန်မာ့ ပညာရေးကဏ္ဍတွင် ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်နေသည် ဆိုသော်လည်း ဗဟိုချုပ်ကိုင်မှုစနစ် အားကောင်း နေဆဲဖြစ်ကြောင်း လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို ထောက်ပြ၍ ဝေဖန်နေမှုများ ရှိနေသည်။

          အထူးသဖြင့် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလတွင် ထွက်ပေါ်လာသည့် အခြေခံပညာရေး ဥပဒေထဲတွင် အခြေခံ ပညာရေး ကောင်စီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များတွင် ပညာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များတွင် ပြည်နယ်နှင့် တိုင်း၏ ဝန်ကြီးများက အဖွဲ့ဝင်များအဖြစ် ပါဝင်နေကြောင်း ထောက်ပြကြသည်။

          RelatedPosts

          စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

          စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

          9 December 2023
          6.2k
          လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

          လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

          9 December 2023
          482
          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          9 December 2023
          5.3k

          ထို့အတူ အောက်ခြေအဆင့် ခရိုင်၊ မြို့နယ် စသဖြင့် ပညာရေး ကော်မတီတွင်လည်း အထွေထွေ အုပ်ချုပ်ရေးမှူးများကသာ ဥက္ကဋ္ဌ အနေဖြင့် တာဝန်ယူထားသည်ကို ကြည့်ခြင်းအားဖြင့် တပ်မတော်အစိုးရ လက်ထက်ကလိုပင် ခြားနားမှုမရှိဟု ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ အခြေခံပညာကဏ္ဍ တာဝန်ခံဖြစ်သူ ဦးအေးမင်းထိုက်က ပြောဆိုသည်။

          အခြေခံပညာ ဥပဒေတွင် ဗဟိုချုပ်ကိုင်မှု လျော့ချရေးဆိုသည့် ဥပဒေပုဒ်မ တခု ပါဝင်သော်လည်း လက်ရှိအချိန်အထိ အမိန့်၊ ညွှန်ကြားချက်များဖြင့်သာ ဆောင်ရွက်နေဆဲဖြစ်ပြီး သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်မှ ပညာရေးမှူးများနှင့် လူမှုရေး ဝန်ကြီးတို့ ပူးပေါင်း လုပ်ဆောင်နိုင်မည့် ကဏ္ဍကို ထင်ထင်ရှားရှား ထည့်သွင်းထားခြင်း မရှိဟု ၎င်းက ဆက်ပြောသည်။

          ဦးအေးမင်းထိုက် က “ဒီလ ၆ ရက်နေ့ကမှ အခြေခံပညာ ဦးစီးဌာနကို ဘယ်လိုအခက်အခဲတွေရှိလဲ၊ စိန်ခေါ်မှု ပြဿနာတွေ ဘာတွေရှိလဲ၊ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုပြီး တိုင်းနဲ့ပြည်နယ်အဆင့်က ပညာရေးမှူးတွေဆီကို သဘောထား တောင်း ခံတယ် ဆိုတဲ့စာ ထွက်လာတာ။ တကယ်တော့ အစထဲက စနစ်တကျ စီမံခဲ့ရမှာ။ အခုလို အောက်က အသံတွေ ထွက်လာ တဲ့အခါကြမှ ဘာတွေများဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ” ဟု ဧရာဝတီသို့ ပြောသည်။

          ပြီးခဲ့သည့် ရက်ပိုင်းက အခြေခံပညာအဆင့်တွင် စာသင်ကြားချိန် ၁ လတိုးသည့် စနစ်ကို ဆက်လက် အကောင်အထည် ဖော်သည့် ကိစ္စနှင့် ပတ်သက်ပြီး ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ မိမိတို့ ဆရာ၊ ဆရာမများ၏ အသံကို နားမထောင်ခဲ့လျှင် လာမည့် ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲရုံတာဝန်များမှအစ သင်ကြားရေးနှင့် မဆိုင်သည့် လုပ်ငန်းတာဝန်များကို ဥပဒေနှင့် အညီ ဆန့်ကျင်သွားမည့် အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

          ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်ရေး ကော်မတီဝင် ဖြစ်သည့် သင်္ဃန်းကျွန်းမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးရွှေလှဝင်း ကမူ “ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သီးခြားမှတ်ချက်တော့ မပြုလိုဘူး။ ဒါပေမယ့် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ဆရာ၊ ဆရာမတွေက ဘာတွေ အခက်အခဲရှိနေတယ်၊ ဘယ်လိုပြဿနာတွေ တွေ့ကြုံ နေကြရတယ် ဆိုတာ ကို ပြည်သူ့လွှတ်တော်က ပညာရေးမြှင့်တင်ရေး ကော်မတီထံကို သီးခြား အကြောင်းကြား ပေးပို့ခြင်းမျိုး ယနေ့ အချိန် အထိ မရှိသေးပါဘူး။ တကယ်လို့ အခက်အခဲ ရှိနေတယ်ဆိုရင် သူတို့ကော်မတီထံကို ဆက်သွယ် အကြောင်းကြား စာ ပေးပို့လို့ ရပါတယ်။ အဲဒီအခါမှတော့ သူတို့ ကော်မတီအနေနဲ့ ဒီကိစ္စကို ဆွေးနွေးအဖြေရှာလို့ရမှာပေါ့” ဟု ပြောသည်။

          တကယ့်ကို ပညာရေး ပြုပြင် ပြောင်းလဲမည်ဆိုလျှင် ကျောင်းသားများနှင့် လက်တွေ့ ထိတွေ့ ဆက်ဆံနေကြရသည့် ဆရာ၊ ဆရာများ၏ အဆင့်အတန်းနှင့် စာသင်ကျောင်းများ၏ အဆင့်အတန်းကို တိုးမြှင့် ပေးရမည်ဖြစ်ပြီး ပညာရေး စနစ် တခုတွင် ဆရာ၊ ဆရာမများထက်ပိုပြီး မည်သည့်အရာမှ လုပ်၍မရဟု ဦးအေးမင်းထိုက်က ပြောသည်။

          ကျောင်းသားဗဟိုပြုစနစ်ဟု ဆိုနေသော်လည်း စာမေးပွဲစနစ်တွင် ကျက်ပြီးသား စာများကိုသာ ပြန်ချရေးနေရသည့် စနစ်မျိုး ဆိုလျှင် အောင်မြင်နိုင်ဖွယ်မရှိဟု သူက ဆက်ပြောသည်။

          ဦးအေးမင်းထိုက် က “သင်ရိုးညွှန်းတမ်းတွေ၊ ဆရာတွေရဲ့ အတတ်ပညာနဲ့ စာမေးပွဲစနစ်တွေ အားလုံးကို ဟန်ချက်ညီညီ ပြောင်းလဲဖို့လိုတယ်။ စာအုပ်တွေမှာ အရောင်လေး ထည့်လိုက်ရုံနဲ့၊ ကျောင်းသားတွေကို လှုပ်လှုပ်ရှားရှား ဖြစ်စေရုံနဲ့ နိုင်ငံတကာ အဆင့်မီသွားမှာ မဟုတ်ဘူး။ ဆရာပညာ အတတ်သင်ကျောင်းတွေမှာ ဆရာတွေကို သင်နေတဲ့ သင်ရိုး ညွှန်းတမ်း တွေရော ပြောင်းဖို့ မလိုဘူးလား။ ဟိုနေရာ၊ ဒီနေရာလေး ကွက်လုပ်နေရုံနဲ့တော့ မရဘူး” ဟု ဆိုသည်။

          ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက် NNER မှ အဖွဲ့ဝင်ဖြစ်သူ မသူသူမာ ကလည်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ လက်ထက် ကတည်းက ပညာရေးလောကတွင် ဗဟိုချုပ်ကိုင်မှု ရှိနေသည်ကို အစဉ်တစိုက် ပြောဆိုခဲ့သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်သည့် အစိုးရ တက်လာပြီးနောက်တွင် ဗဟိုချုပ်ကိုင်မှုစနစ်ကို လျော့ချလာမည်ဟု ယူဆခဲ့ကြောင်း၊ သို့သော် ပညာရေးနှင့် ဆိုင်သည့် စီမံကိန်းများ၊ ဆုံးဖြတ်ချက်များ ချမှတ် အကောင်အထည် ဖော်နေမှုများ ကို ကြည့်လျှင် ယခင်ကထက်ပင် ပညာရေးလောကတွင် ဗဟိုချုပ်ကိုင်မှုက ပိုမိုအားကောင်းလာသည်ဟု ယူဆရမည် ဟုဆိုသည်။

          စာသင်ခန်းလွတ်လပ်ခွင့်နှင့် ဆရာ၊ ဆရာများ၏ သင်ကြားရေး လွတ်လပ်ခွင့်များနှင့် ပတ်သက်လျှင် အခြေခံပညာ ဥပဒေတွင် သာမက ပညာရေးနှင့် ပတ်သက်သည့် ပင်မဥပဒေဖြစ်သော အမျိုးသား ပညာရေး ဥပဒေတွင်ပင် အားနည်း ချက်များစွာ ရှိနေကြောင်း၊ NLD အစိုးရ တက်လာသော်လည်း ယခင်အစိုးရလက်ထက်က ကျောင်းသားသပိတ်ကြောင့် ၂ဝ၁၅ ခုနှစ်တွင် အနည်းငယ် ပြင်ဆင်ခွင့် ရရှိခဲ့သည်ကလွဲ၍ အဆိုပါ အမျိုးသား ပညာရေး ဥပဒေကိုပင် စွဲကိုင်ကာ ပညာရေး စီမံကိန်းများကို အကောင်အထည် ဖော်နေသည့်အတွက် ပညာရေးဆိုင်ရာ ပြဿနာများ ပေါ်ပေါက်နေဦးမည် ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

          မသူသူမာ က “ဆရာ၊ ဆရာမတွေဆိုတာ ကျောင်းသား ကျောင်းသူတွေရဲ့  ဖွံ့ဖြိုးတိုးတက်မှုကိုသာ တာဝန် ထမ်းဆောင်ရမှာ။ အခုက အပေါ်က အုပ်ချုပ်သူတွေရဲ့ အချိန်မရွေး ခိုင်းစေ တာဝန်ပေးအပ်တဲ့ သင်ကြားရေးနဲ့ မဆိုင်တဲ့ အလုပ်တွေလည်း တာဝန်ခံနေရတယ်။ ဆရာတယောက်ရဲ့ ဂုဏ်သိက္ခာပိုင်းက တော်တော်လေး ပြောစရာဖြစ်တယ်” ဟု ဆိုသည်။

          ထို့အပြင် ၎င်းက “တံတားဖွင့်ပွဲ၊ လမ်းဖွင့်ပွဲကအစ အခု လာမယ့် ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲတွေမှာလို သင်ကြားရေးနဲ့ မဆိုင်တဲ့ အလုပ်တွေကို ခိုင်းခံနေရတာဟာ အစိုးရကိုပဲ တာဝန်ခံနေရသလို ဖြစ်နေတယ်။ ကျောင်းသား၊ ကျောင်းသူ တွေကို တာဝန်ခံတဲ့ ကဏ္ဍကို မရောက်သေးဘူး” ဟု ထောက်ပြသည်။

          ယခုလို စာသင်နှစ်တနှစ်တွင် အချိန် တလတိုးခြင်းနှင့် ပတ်သက်ပြီး သဘောမတူသလို ကျောင်းသားကျောင်းသူ ကလေးများ အနေဖြင့်လည်း အဆင်သင့်မဖြစ်သေးဟု ရှု့မြင်ကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကလေးများကို ပညာတတ်စေချင်သည့် စိတ်စေတနာ ရှိနေသည်ကို နားလည်သော်လည်း ယခုလို တိုးလိုက် သဖြင့် ကလေးများ မည်မျှတိုးတက်သလဲဟု မေးခွန်းထုတ်ရမည်ဟု ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်နေ ကျောင်းသားမိဘ တဦးဖြစ်သည့် ဦးမြင့်ကြိုင်က ဝေဖန်သည်။

          ယမန်နေ့က အခြေခံပညာအဆင့် စာသင်ချိန် ၁ လတိုးခြင်းကို ဆက်လက်ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ပညာရေးကောလိပ်တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး လာရောက် စဉ် ပညာရေးကောလိပ်မှ ကျောင်းသားများက ကန့်ကွက်သည့် အနေဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

          ထို့အပြင် ရန်ကုန်ပညာရေး တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများကလည်း စာသင်ချိန် ၁ လတိုးခြင်းနှင့် ပက်သက်ပြီး ကန့်ကွက်သည့် အနေဖြင့် ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ဇန်နဝါရီ ၈ ရက်နေ့ ကတည်းက စတင်လှုပ်ရှားမည်ဟု ကြေညာခဲ့ပြီး မိမိတို့ တောင်းဆိုသည့် အချက်များ မရမချင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့သည်။  

          You may also like these stories:

          ဆရာ ဆရာမတွေ အသံလည်း နားထောင်ပါဦး

          Your Thoughts …
          Tags: ပညာရေးကဏ္ဍဗဟိုချုပ်ကိုင်မှုစနစ်
          ထက်ခေါင်လင်း

          ထက်ခေါင်လင်း

          ဧရာဝတီ

          Similar Picks:

          ယခုလာမည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် အတွက် ပညာရေး အသုံးစရိတ် တောင်းခံမှုမှာ ၈ ဒသမ ၃၉ ရာခိုင်နှုန်း ရှိသည် / ဧရာဝတီ

          ပညာရေး ချေးငွေများကို အကျိုးရှိရှိ အသုံးပြုရန် တပ်မတော်သား ကိုယ်စားလှယ် ပြော

          by မိုးမိုး
          8 November 2019
          20.1k

          မြန်မာ့ပညာရေး ကဏ္ဍအတွက် နိုင်ငံတကာမှ ချေးယူသော ငွေများကို အမှန်တကယ် အကျိုးရှိရှိ အသုံးပြုရန် လိုအပ် သည်ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တဦးက လွှတ်တော်တွင် သတိပေး ပြောကြားသည်။

          Next Post
          အကုန်ဝယ်မယ်

          အကုန်ဝယ်မယ်

          စားသောက်မှုပုံစံ မမှန်ရင်လည်း အရေပြားကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

          အရေပြား ပြဿနာတွေ ကြုံတွေ့ရတဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အစားအစာများ

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          1 day ago
          13.5k
          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          6 days ago
          13.3k

          Most Read

          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved