• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ခူမီးတိုင်းရင်းသားများကို AA အဖွဲ့က ဝင်ရောက် ရိုက်နှက်ခြိမ်းခြောက်

by လဲ့လဲ့
11 January 2020
in သတင်း
A A
AA တပ်ဖွဲ့ဝင်များ  / နန်းလွင်နှင်းပွင့် / ဧရာဝတီ

AA တပ်ဖွဲ့ဝင်များ / နန်းလွင်နှင်းပွင့် / ဧရာဝတီ

59.8k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကျီးလေးကျေးရွာရှိ အမျိုးသမီးတဦးအား ရက္ခိုင် စစ်တပ် (AA) တပ်ဖွဲ့ဝင်တဦးမှ အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် ဝင်ရောက်တားဆီးဟန့်တားခဲ့သော ကျေးရွာလူကြီးနှင့် မိဘများအား ရိုက်နှက်နှိပ်စက်မှု ပြုခဲ့ကြောင်း သိရသည်။

ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစည်း ညှိနှိုင်းရေး ကောင်စီမှ ညှိနှိုင်းရေးမှူး ဦးစောမြ က “ရွာက ကောင်မလေးကို အဓမ္မကျင့်ဖု့ိ ကြိုးစားတာ။ ရွာက ရွာလူကြီးနဲ့ သူ့မိဘက တားတော့ တားတဲ့သူတွေကို AA က ရိုက်နှက်သွားတယ်။ အရင်ကဆို ဆန်ထမ်းခိုင်းတာ၊ အဝတ်အစား ယူတာ လောက်ပဲ ရှိတာ။ အခုက နည်းနည်း များတယ်” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
89
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
295
UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ  (ရုပ်/သံ)

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ (ရုပ်/သံ)

17 June 2025
47

AA အဖွဲ့ဝင် တဦးသည် ကျီလေကျေးရွာမှ ချင်းအမျိုးသမီးတဦးအား လက်နက်ဖြင့် ခြိမ်းခြောက် အဓမ္မပြုကျင့်ရန် ကြိုးစားသည့်အပေါ် ကျေးရွာလူကြီးနှင့် မိဘများက တားဆီးသည်ကိုအကြောင်းပြုကာ ကျေးရွာ တာဝန်ရှိသူများအား ရိုက်နှက်ခြင်း၊ လူငယ်များအား ကျေးရွာရှိ ကုလားတန်မြစ်ဘေးတွင် နေပူထဲ၌ ချုပ်နှောင် ထားခြင်း၊ ဆန်နှင့် ရိက္ခာများကို သယ်ယူခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစည်း ညှိနှိုင်းရေးကောင်စီက ဇန်နဝါရီ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ ပြုလုပ်သည့် ကိစ္စရပ်များကို အပြင်သို့ မပြောရန် ပိတ်ပင်ခဲ့ကြောင်း ထိုသတင်းပေါက်ကြားမှုပွားလာပါက ထိရောက်သည့် တုန့်ပြန်မှု ပြုလုပ်သွားမည်ဟုလည်း AA အဖွဲ့ဝင်များက ခြိမ်းခြောက်သွားသည်ဟု ဆိုသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကလည်း အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အောက်ခြေအထိ မေးမြန်းစုံးစမ်းမှုများ တိကျစွာလုပ်ဆောင်နေကြောင်း သို့သော်လည်း ယခုအထိ ထိုဖြစ်စဉ်သတင်းမျိုး ကြားသိ ရခြင်းမရှိသေးကြောင်း ပြောသည်။

ထို့အပြင် AA အဖွဲ့မှ ဆီဖလောင်းကျေးရွာမှ ချင်းလူမျိုး ကျောင်းဆရာ အာဗေလနှင့် ကျေးရွာသား ရခိုင်လူမျိုး နှစ်ဦး ဇန်နဝါရီ ၇ ရက်နေ့ညပိုင်းတွင် ဖမ်းခေါ်သွားရာ ယခုအခါ သေဆုံးသွားပြီဖြစ်ကြောင်း ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစည်း ညှိနှိုင်းရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခိုင်သုခ က “ဆီဖလောင်းရွာက ကျောင်းဆရာနဲ့ ကျေးရွာသား ၂ ဦးကို AA က ဖမ်းသွားပြီး သတ်လိုက်တယ် ဆိုတာ တွေ့တယ်။ အဲဒီဖြစ်စဉ်ကတော့ လုံးဝ အခြေအမြစ် မရှိတဲ့ စွတ်စွဲချက်ပဲဖြစ်တယ်။ အဲဒါမျိုး ကျနော်တို့ လုပ်တာ မရှိဘူး။ သူတို့ပြောထားတဲ့ ရွာကလည်း ပလက်ဝ ခလရ ၂၈၉ နောက်ကျောမှာရှိတဲ့ကျေးရွာ ဖြစ်တယ်။ လုံခြုံရေး တင်းကျပ်တဲ့နေရာမှာ ကျနော်တို့ ဝင်ဖမ်းသွားတယ်ဆိုတဲ့ကိစ္စက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ဆိုသည်။

AA အနေဖြင့် ယခင်ကလည်း ပလက်ဝမြို့နယ်ရှိ ကျေးရွာတခုမှ ပညာရေးဝန်ထမ်း ချင်းလူမျိုး ဦးတောင် ပိုင်အား မတရားဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ယခုအချိန်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ချင်းပြည်နယ်ရှိ ပညာရေးဝန်ထမ်းများအား ဦးတည်ပြီး အသက်အန္တရာယ်ထိပါးလာခြင်းသည် ပလက်ဝမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား ခြိမ်းခြောက်နေခြင်းဖြစ်သကဲ့သို့ ပညာရေးကိုပါ ထိခိုက်နစ်နာစေသည်ဟု ဒေသခံအချို့က ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ကျေးရွာပေါင်း ၃၈၈ ရွာရှိပြီး မူလတန်းကျောင်းမှစ၍ အထက်တန်းကျောင်းအထိ ကျောင်းပေါင်း ၃၈၄ ကျောင်းအနက် ၂၁၂ ကျောင်းက လုံခြုံရေးအရ ကျောင်းများ ပိတ်ထားရဆဲဖြစ်ကြောင်း ပလက်ဝဒေသခံ တဦးလည်းဖြစ်သည့် ချင်းပြည်နယ်၏ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးစိုးထက်က ပြောသည်။

တပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံ ချင်းတိုင်းရင်းသားများအပေါ် နည်း အမျိုးမျိုးဖြင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများအပြင် ယခုအခါ အမျိုးသမီးများအပေါ် အကြမ်းဖက်လုပ်ဆောင် လာခြင်းကို ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစည်းညှိနှိုင်းရေး ကောင်စီအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးပါရန် တိုက်တွန်းတောင်းဆိုထားသည်။

Your Thoughts …
Tags: AAခူမီးတိုင်းရင်းသားရိုက်နှက်
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.3k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.3k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
မန္တလေးမြို့   / ဇော်ဇော် / ဧရာဝတီ

မန္တလေးတိုင်းအတွင်း EMP တင်ပြနိုင်ခြင်း မရှိသော စက်ရုံများကို ပိတ်သိမ်းမည်

ထိုင်းစတိုင် ငှက်ပျောဖူးသုပ်

ချဉ်ငန်စပ် အရသာနဲ့ ခံတွင်းမြိန်စေမယ့် ထိုင်းစတိုင် ငှက်ပျောဖူးသုပ်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
6k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.6k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate