သတင်း

မြေပုံက စစ်ဘေးရှောင် မိသားစု ပစ်ခတ်ခံရ၍ ၁၀ လအရွယ် ကလေး ၁ ဦးသေဆုံး

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ၊ မြေပုံမြို့နယ် ၊ ညောင်ကန်ကျေးရွာမှ စစ်ဘေးရှောင် မိသားစုဝင် ၃ ဦး လိုက်ပါလာ သော စက်လှေတစီး သည် ဇန်နဝါရီ ၁၁ရက် နံနက်ပိုင်းက မင်းကြောင်းမြစ်အတိုင်းမောင်းနှင်လာစဉ် ပစ်ခတ်ခံရသဖြင့် ၁၀ လ အရွယ် ကလေး ငယ် ၁ဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

ကျည်ဆန်ထိမှန်၍ သေဆုံးသွားသည့် ကလေးငယ်မှာ အသက် ၁၀ လအရွယ် မောင်ကိုဖြိုးဝင်းဟု သိရပြီး၊ ကလေးငယ် မိသားစု လိုက်ပါလာသည့် စက်လှေကို တပ်မတော် စစ်ကြောင်းက ကမ်းစပ်က လှမ်း၍ ပစ်ခတ်လိုက်သည့်အတွက် နောက်ကျောဘက်မှ ကျည်ဆန် ဖောက်ဝင်ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးမောင်အေးစိန်က ပြောသည်။

သေဆုံးသူ ကလေး၏ ဖခင် ဦးမောင်အေးစိန် “ ကျနော်တို့ မိသားစုတွေ စစ်ဘေးရှောင်ဘဝနဲ့ တိမ်းရှောင်နေတာကနေ မနေ့က ကျနော့် ညီမက ဖုန်းဆက်တယ်။ ရွာမှာ လူတွေ ပြန်ရောက်နေ ကြပြီ၊ လုပ်ကိုင်စားသောက်လို့လည်း ရတယ်။ ရွာပြန်လာလို့ ရပြီ ဆိုလို့ ကျနော်တို့ မိသားစုဝင် ၃ ဦး စက်လှေနဲ့ ရွာပြန်လာတာ စစ်သားတွေက ကမ်းကနေ လှမ်းပစ်တယ်။ ကျနော်က စက်လှေမောင်းနေ ရင်း ကျနော့် မိန်းမနဲ့ ကလေးကို ဝပ်နေ ဝပ်နေဆိုပြီး သတိပေးတဲ့ အချိန် လှေဦးက ဟိုဘက်လှည့် သွားပြီး အဲဒီမှာ ကျနော့်သားကို ကျည်ဆန်လာမှန်တာပါ ” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းမိသားစုသည် ၂၀၁၉ ဒီဇင်ဘာလ အတွင်းက မြေပုံမြို့နယ် ၊ ညောင်ကန်ကျေးရွာအနီး တပ်မတော်နှင့် AAအဖွဲ့တို့ တိုက်ပွဲ ဖြစ်သည့်အတွက် ဆွေမျိုးများ ရှိရာ မြောက်ဦးမြို့နယ် ပါးတောင်ရွာသို့ ထွက်ပြေးရာမှ အခြေအနေ တည်ငြိမ်စပြု ချိန် ရွာပြန်လာစဉ် မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်အကြား လမ်းတွင် ထိုသို့ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ကာယကံရှင် များက ဆိုသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ တပ်မတော် အနေဖြင့် ပြည်သူများ ထိခိုက်စေမည့် လုပ်ရပ်များကို လုပ်ဆောင်ခြင်း မရှိကြောင်း ပြောသည်။

ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ ကျနော်တို့က ပြည်သူ လူထုရဲ့ အသက်အိုးအိမ် စည်းစည်ကို ကာကွယ်နေတဲ့ အဖွဲ့အစည်း တခုဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် မလုပ်ဘူူးခင်ဗျ။ ပြည်သူလူထု ဘာလိုအပ်သလဲ ၊ ပြည်သူလူထု လိုအပ်ချက်ကိုပဲ ဖြည့်စည်းပေးတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဲဒါကြောင့်မို့ တပ်မတော် စစ်ကြောင်းက ပစ်တယ်ဆိုတာ မှန်ကန်မှု မရှိဘူးလို့ပဲ ကျနော် ပြောချင်တယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။

သေဆုံးသူ ကလေး၏ ဖခင်ဖြစ်သူ ဦးမောင်အေးစိန်ကတော့ မည်သည့်အတွက် ကြောင့် ပစ်ခတ် သည်ကို မသိရှိသော် လည်း ကမ်းစပ်ကနေ လှမ်းပစ်ခတ်သည့် တပ်မတော်သား များကို ကိုယ်တိုင် မြင်တွေ့ လိုက်ကြောင်း ပြောသည်။

သေဆုံးသူ မောင်ကိုဖြိုးဝင်း၏ ဖခင် ဦးမောင်အေးစိန်က “ပစ်တာကိုတော့ ကျနော် ကိုယ်တိုင်မြင် တယ်။ ကျနော့် ဘေးနားကို ကျည်ဆန်တွေ လာကျသေးတယ်။ ကမ်းစပ်ကနေ စစ်သားတွေ လှမ်းပစ် တာကို ကျနော် ကိုယ်တိုင်မြင်တယ်။ ကျနော့် ရင်ထဲမှာ ရှိတာတခုကို ပြောလိုက်မယ်။ သူတို့ နှစ်ဘက ဖြစ်ကြတာမှာ ပြည်သူတွေ ဒုက္ခ မရောက်အောင် အာဏာတွေကို အလွဲသုံးစား မလုပ်ပါနဲ့ လို့ ပြောချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ တိုက်ပွဲကြားတွင် ညှပ် ပါခြင်း မဟုတ်ဘဲ ရည်ရွယ် ချက်ရှိရှိ အရပ်သားများကို ထိခိုက်အောင် လုပ်ခြင်းမှာ သူရဲဘောကြောင်သော လုပ်ရပ်သားဖြစ်ကြောင်း ၊ စစ်သားပီပီ စစ်မြေပြင်တွင် တိုက်ခိုက်သင့်ပြီး အရပ်သား ပြည်သူ မထိခိုက်အောင် နှစ်ဘက်လုံးဝင် တာဝန်ရှိကြောင်း ပြောသည်။

ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ တိုက်ပွဲထဲမှာ နှစ်ဘက်ညှပ်ပြီးတော့ ဖြစ်သွား တာမျိုး မဟုတ်ဘဲ ဒီလို ရည်ရွယ်ချက် ရှိရှိ တဘက်ဘက်က ပစ်ခတ်တယ်ဆိုတဲ့ လူထုအသံကို ကြားနေရတယ်။ ဒါတွေက ပြည်သူလူထုကို ထိခိုက် တယ်။ ပြည်သူတွေကို တမင်ကြောက် လှန့်အောင် ခြောက်လှန့်တယ် ဆိုတာတွေက သူရဲဘော ကြောက်တဲ့ လူတွေရဲ့ လုပ်ရပ်သာ ဖြစ် တယ်။ စစ်သားပီသတဲ့ လူတွေရဲ့ လုပ်ရပ်မဟုတ်ဘူး။ စစ်သားဆိုရင် စစ်မြေပြင်မှာပဲ ဖြစ်သင့် တယ်။ လူထု ကို တတ်နိုင်သမျှ မထိခိုက် ရှောင်ဖို့ တာဝန်က နှစ်ဘက် စလုံးမှာ တာဝန်ရှိတယ်လို့ မြင်တယ် ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ သေဆုံးသွားသည့် အသက် ၁၀ အရွယ် မောင်ကိုဖြိုးဝင်း၏ ရုပ်အလောင်းအား ယမန်နေ့ ညနေပိုင်းက မင်းပြား မြို့နယ် ပြည်သူ့ဆေးရုံ ပို့ဆောင်ထားပြီး ယနေ့ သဂြိုဟ်မည် ဖြစ်ကြောင်း လည်း မိသားစုဝင်များထံမှ သိရသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့သည့် ၂၀၁၈ ခုနှစ် ၊ နှစ်ကုန်ပိုင်း ကတည်းက နှစ်ဘက် တိုက်ပွဲများ ပြင်းထန် စွာ ဖြစ်ပွားနေမှုမှာ တနှစ်ကျော်အထိ ကြားမြင့်လာပြီ ဖြစ်ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများမှာလည်း အရပ်သား အစိုးရလက် တိုက်ပွဲဖြစ်ပွားမှုတွင် ထိခိုက် ကျဆုံးမှု အများဆုံး တိုက်ပွဲတခုလည်း ဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နှစ်ဘက် ထိတွေ့ တိုက်ခိုက်မှုမှာလည်း နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျှက် ရှိပြီးတိုက်ပွဲ အချိန်ကြာလာသည်နှင့်အမျှ အရပ်သား ထိခိုက်သေဆုံး ၊ ဖမ်းဆီးခံ ခံရမှု များမှာလည်း တနေ့ထက် တနေ့ များပြား လာမှုနှင့်အတူ စစ်ပွဲ ဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန့် လာနေ သည်။

ဧရာဝတီမှ စာရင်းပြုစုထားချက်အရ ပြီးခဲ့သော ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် ကျောက်တော်၊ မြောက်ဦး ၊ မြေပုံ ၊ မင်းပြား ၊ အမ်း ၊ ပလက်ဝ စသည့်မြို့နယ်များတွင် အရပ်သားသေဆုံးမှု ၁၄ ဦး ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၂၆ ဦးအထိ ရှိခဲ့သည်။

ရခိုင်စစ်ပွဲအတွင်း တိုက်ပွဲနှင့်မသက်ဆိုင်ဘဲ အပြစ်မယ့် အရပ်သားများ သေဆုံးမှုနှင့် ပက်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ဦးဆောင်ကာ စုံစမ်းရေး အဖွဲ့ဖွဲ့စည်း၍ စုံစမ်းရန် မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က လွှွတ်တော်တွင် အဆို တရပ်တင်သွ င်းခဲ့သည်။

အဆိုအပေါ် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တပ်မတော် သားလွှတ် တော်ကိုယ်စားလှယ်များ ကန့်ကွက်ခဲ့ကြသော်လည်း ပါတီအသီးသီးမှ ကိုယ်စားလှယ်များက ထောက်ခံခဲ့ကြသည့်အတွက် စက်တင်ဘာလ ၂၃ ရက်နေ့ ကျင်းပသော ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ၎င်းအဆိုးအား အတည်ပြုခဲ့သည်။

ထိုသို့ အဆိုအောင်သော်လည်း အစိုးရအနေဖြင့် လက်ရှိအချိန်အထိ အကောင် အထည်ဖော်ဆောင်ရွက် ခြင်း မရှိသလို တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိကြောင်းလည်း မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဧရာဝတီသို့ ပြောဆိုသည်။

စစ်ပွဲကာလအတွင်း အရပ်သား သေဆုံးမှု ၈၀ ဦးနှင့် ထိုခိုက် ဒဏ်ရာ ရရှိသူ ၁၂၀ ကျော်အထိ တိုးလာ နေကြောင်းလည်း ပြီးခဲ့သော ၂၀၁၉ခုနှစ် စက်တင်ဘာလအတွင်းက ကျင်းပခံသော ရခိုင်ပြည်နယ်လွှတ်တော်တွင် ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်ပြ ဆွေး နွေးခဲ့သည်။

နေ့စဉ်နှင့်အမျှ သေဆုံးမှု ၊ထိခိုက်ဒဏ်ရာရရှိမှု နှင့် ဖမ်းဆီး ခံရမှုများ ရှိေ နသည့်အတွက် နောက်ထပ်တိုးလာသည့် သေဆုံးသူ ၊ ထိခိုက်သူ အရေ အတွက်ကို အတိ အကိုတော့ စာရင်း မပြုစု နိုင်သေးပေ။

အလားတူ AA လက်နက်ကိုင်အဖွဲ့သည်လည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ကျီးလေး၌ ၎င်းတို့ အဖွဲ့ဝင်တဦးက အမျိုးသမီးတဦး အဓမ္မပြုကျင်ရန် ကြံစည်ရာ ရပ်ရွာက ဝင်ရောက်ဟန့်တားသဖြင့် ထိုကျေးရွာလူကြီးများကို ရိုက်နှက်မှု ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။

ဆက်စပ်ဖတ်ရှု့ရန်

ခူမီးတိုင်းရင်းသားများကို AA အဖွဲ့က ဝင်ရောက် ရိုက်နှက်ခြိမ်းခြောက်

Did you find apk for android? You can find new Free Android Games and apps.
Loading