သတင်း

ထိုင်းရွှေပြောင်းလုပ်သားများ သက်တမ်းတိုးရေး စာရွက်စာတမ်းကိစ္စရပ်တချို့ လျော့ချပေး

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်ခွင့်နှင့် နေထိုင်ခွင် လက်မှတ်များကို မတ်လ ၃၁ရက် နောက်ဆုံးထား သက်တမ်းတိုးရမည်ဖြစ်ရာ အလုပ်ရှင်များအနေဖြင့် လျှောက်လွှာတင်ရာ၌ လွယ်ကူစေရန် အာဏာပိုင်များက စာရွက်စာ တမ်းကိစ္စများကို လျော့ချကာ အင်တာနက်မှ လျှောက်ထားခြင်းကို စတင်ဆောင်ရွက်နေကြောင်း Bangkok Post ကဆို သည်။

ထိုသို့မှတ်ပုံတင်ရာတွင် ပန်းရောင်ကတ် ကိုင်ဆောင်သည် ရွှေပြောင်းလုပ်သား ၁.၆သန်းကျော်သည် အလုပ်လုပ်ခွင့် လက်မှတ်များ သက်တမ်းမကုန်ဆုံးမီ ပြန်လည်သက်တမ်းတိုးရမည်ဖြစ်သည်။

သက်တမ်းတိုးခြင်းလုပ်ငန်းကို မတ်လ ၃၁ ရက်နေ့အထိ တပတ်လျှင် ၇ ရက်ဖွင့်ထားသော တနေရာတည်းတွင် ဝန်ဆောင် မှုပေးသည့် ဌာန ၄၂ ခုအနက် မည်သည့်နေရာတွင်မဆို လုပ်ကိုင်နိုင်ကြောင်း အလုပ်အကိုင်ဌာန ညွန်ကြားရေးမှူးချုပ် ဆူချတ် ပွန်ချိုင်ဝီဆက်ကူက ပြောသည်။ ဘန်ကောက်တွင် ထိုသို့သောနေရာ လေးခုရှိသည်။

သတ်မှတ်ကာလအတွင်း သက်တမ်းတိုးရန်ပျက်ကွက်သော အလုပ်သမားများသည် နိုင်ငံရင်းသို့ ပြန်ပြီးမှ ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။

ယခုအခါ အလုပ်သမားအနည်းငယ်သာ အလုပ်အကိုင်သက်တမ်းတိုးရန် လာရောက်သေးကြောင်းလည်း ညွန်ကြားရေးမှူး ချုပ် ဆူချတ် ပွန်ချိုင်ဝီဆက်ကူက ဆက်ပြောသည်။

အလုပ်အကိုင် သက်တမ်းတိုးရန် စာရွက်စာတမ်းကိစ္စများကို အကြီးအကျယ်လျှော့ချထားသော် လည်း ဌာနသို့မလာ ရောက်မီ အလုပ်သမားများ အနေဖြင့် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရန်လို သည်။

အလုပ်သမားများသည်ယခင်က စာရွက်စာတမ်း ၁၆ ခုတင်ပြရန်လိုသော်လည်း ယခုအခါ ၇ ခုသာ တင်ပြရန် လိုကြောင်း သိရသည်။

အလုပ်ရှင်များသည် ၎င်းတို့၏ ရွှေ့ပြောင်းလုပ်သားများ နှင့်အတူ အလုပ်အကိုင် သက်တမ်း တိုးဌာနသို့ လိုက်ပါရန်လိုသည်။ စာရွက်စာတမ်းများကို အင်တာနက်မှ တင်နိုင်သော်လည်း သက်တမ်းတိုးခကို အလုပ်အကိုင် သက်တမ်းတိုးဌာနတွင် လာရောက်ပေးဆောင်ရန်လိုသည်။

ထိုင်းနိုင်ငံ၏ အလုပ်သမားအင်အားစုများတွင် မြန်မာလုပ်သား ၁.၂ သန်း၊ ကမ္ဘောဒီးယား ၃ သိန်း ၆ သောင်းနှင့် လာအို ၈ သောင်း ၆ ထောင်ပါဝင်သည်။

အဆင်ပြေစေရန်နှင့် လူကြပ်ခြင်းမဖြစ်စေရန် အလုပ်အကိုင်သက်တမ်းတိုးလုပ်ငန်းကို ခရိုင် ရုံးများတွင် လုပ်သင့်ကြောင်း အမည်မဖေါ်လိုသော လုပ်ငန်းရှင်တဦးပြောသည်။

You may also like these stories:

ထိုင်းတွင် အနိမ့်ဆုံးလုပ်ခလစာ မြှင့်တင်မည်

အချိန်မီ မှတ်ပုံမတင်နိုင်၍ ရွှေ့ပြောင်းအလုပ်သမား ၆သောင်းခန့် တရားမဝင်ဖြစ်ဖွယ်ရှိ

Loading