• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အလုပ်သမား သံအရာရှိဟောင်း အဂတိလိုက်စားမှုမှ ဘဏ်စာရင်းသက်သေအား တရားရုံးလက်ခံ

by လဲ့လဲ့
15 January 2020
in သတင်း
A A
ရန်ကုန်တိုင်းတရားရုံးတွင် တွေ့ရသည့် အလုပ်သမားသံအရာရှိဟောင်း ဦးစန်းမောင်ဦး  / မျိုးမင်းစိုး  / ဧရာဝတီ

ရန်ကုန်တိုင်းတရားရုံးတွင် တွေ့ရသည့် အလုပ်သမားသံအရာရှိဟောင်း ဦးစန်းမောင်ဦး / မျိုးမင်းစိုး / ဧရာဝတီ

6.4k
VIEWS
Share on FacebookShare on Twitter

အဂတိလိုက်စားမှုဖြင့် စွပ်စွဲခံထားရသည့် ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိဟောင်း ဦးစန်းမောင်ဦး သည် ထိုင်းဘဏ် ၁ ခုမှ လာဘ်ငွေယူခဲ့ကြောင်း ဘဏ်စာရင်းရှင်းတမ်း သက်သေ အား ရန်ကုန်တိုင်း ဒေသကြီး တရားရုံးသို့ တရားလိုဘက်မှ တင်ပြရာ တရားသူကြီး ဦးအောင်မြသိန်းက လက်ခံခဲ့သည်။ 

တရားလိုဖြစ်သည့် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ လက်ထောက် ညွန်ကြားရေးမှူး ဦးမိုးကျော်လွင် ပါဝင်သော အမှုစစ်အဖွဲ့က ထိုင်းနိုင်ငံ K bank မှ တောင်းခံ ရယူထားသည့် ဘဏ်စာရင်း ရှင်း တမ်း ၃၂ ရွက်ကို သက်သေအဖြစ် ဇန်နဝါရီ ၁၄ ရက်နေ့တွင် တရားရုံးသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။ 

RelatedPosts

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
51
နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

21 May 2025
31
စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

21 May 2025
173

ဦးကျော်မိုးလွင် က “တရားသူကြီးက ဒီဟာက နည်းပညာနဲ့အညီ ဆောင်ရွက်ထားတာ ဖြစ်တဲ့အတွက် သူက လက်ခံတယ်ဆိုပြီး အမိန့်ချလိုက်တာ။ ဦးစန်းမောင်ဦးက ထိုင်းမှာအလုပ်လုပ်တာ ဖြစ်တဲ့အတွက် ကျနော်တို့က ထိုင်းဘဏ်ကို သွားရှာခဲ့တာ ဖြစ်တယ်”ဟု ပြောသည်။

ထို ဘဏ်စာရင်းသည် ဦးစန်းမောင်ဦး၏ ရုံးတွင် အလုပ်လုပ်နေသည့် လားလား (ခ) လမိုင်းဆန်း၏ ဘဏ်စာရင်း ဖြစ်ပြီး ဦးစန်းမောင်ဦးက ကုမ္ပဏီ ၁ ခုထံမှ လာဘ်ငွေ ဘတ် ၂ သောင်း ရယူခဲ့ကြောင်း သက်သေဖြစ်သည် ဟု သိရသည်။ 

တရားပြိုင်၏ ရှေ့နေကမူ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် တည်ထောင်ထားသော ဘဏ်မှ ထုတ်ပေး ထားသော ဘဏ်စာရင်းရှင်းတမ်းများ မဟုတ်သဖြင့် ရုံးတော်မှ လက်မခံသင့်ကြောင်း ကန့်ကွက်ခဲ့သည်။

သို့သော် စွပ်စွဲခံရသည့် ဦးစန်းမောင်ဦးသည် ပြည်တွင်းတွင် ခန့်ထားသည့် ဝန်ထမ်းမဟုတ်ဘဲ ပြည်ပတွင် ခန့်အပ်ထားသော မြန်မာနိုင်ငံသား ဝန်ထမ်းဖြစ်ပြီး အမှုစစ်အဖွဲ့အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး နည်းဥပဒေနှင့် အညီ ထိုသက်သေများကို ရရှိရန် ဆောင်ရွက်ထားခြင်း ဖြစ်သည့်အတွက် လက်ခံသင့်သည်ဟု တရားသူကြီးက အမိန့်ချခဲ့သည်။

ဦးစန်းမောင်ဦး၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်မြသိန်း က “ကျနော်က သက်သေတင်ပြ တာကို ကန့်ကွက်တာပါ။ ဘာလို့လည်းဆိုတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ (ဋ) အရ ကန့်ကွက်တာပါ” ဟု ပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ (ဋ) တွင် ဘဏ်လုပ်ငန်းဆိုင်ရာ စာအုပ်စာတမ်းဆိုရာတွင် ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများတွင် အသုံးပြုသော လယ်ဂျာ၊ ဘဏ်နေ့စဉ် လုပ်ငန်းစာအုပ်၊ ရငွေ စာအုပ်၊ စာရင်းစာအုပ်နှင့် ဘဏ်လုပ်ငန်းတွင် အသုံးပြုသော အခြားစာအုပ်နှင့် စာတမ်းအမှတ်အသားများ၊ ကွန်ပျူတာစာရင်းအင်း မှတ်တမ်းများပါဝင်သည်ဟု ဆိုထားသည်။

ထိုင်းအလုပ်သမား သံအရာရှိဟောင်း ဦးစန်းမောင်ဦးသည် ၎င်း တာဝန်ထမ်းဆောင်ခဲ့သည့် ၁ နှစ်အတွင်း ပြည်ပ အလုပ်အကိုင် အေဂျင်စီ ကုမ္ပဏီများထံမှ ထိုင်းဘတ်ငွေ ၄၄၄၇၃၀၀ (မြန်မာငွေ သိန်းနှစ်ထောင်ကျော်) ကို လာဘ်ငွေ ရယူခဲ့ကြောင်း တိုင်ကြားခံထားရသူဖြစ်သည်။

ဦးစန်းမောင်ဦးသည် ပြည်ပ အလုပ်အကိုင် အေဂျင်စီ ကုမ္ပဏီများက အလုပ်သမား အမည်စာရင်း (Name List) များကို တင်ပြရာတွင် အလုပ်သမား တဦးလျှင် ထိုင်းဘတ်ငွေ ၁၀၀ နှုန်း ကောက်ခံပြီး ကုမ္ပဏီ ၁၆ ခုထံမှ ထိုင်း ဘတ်ငွေ ၃၈၇၃၀၀၀ နှင့် အလုပ်ခေါ်စာ (Demand Letter) များကို ခွင့်ပြုမိန့် အမြန် လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီ ၁၂ ခုထံမှ လာဘ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၅၇၄၃၀၀ ကို တောင်းခံယူခဲ့ကြောင်း အဂတိ ကော်မရှင်က စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ ဦးစန်းမောင်ဦးနှင့် အဂတိလိုက်စားမှု ကျူးလွန်ရာတွင် အားပေးကူညီခဲ့သည့် ဦးသန်းထိုက်စိုး (ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက်တို့ကို ဥပဒေ ပုဒ်မ ၅၆/၆၃ အရ ရန် ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းတွင် ၂၀၁၉ ခုနှစ်ဓ အောက်တိုဘာ ၆ ရက်၌ ပထမ သတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူခဲ့ခြင်းဖြစ်သည်။

ထိုကုမ္ပဏီများထံမှ ရရှိငွေများကို ဒေသခန့် ဝန်ထမ်း ဦးသန်းထိုက်စိုး (ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း(ခ) စော ဂျက် အပါအဝင် ဦးစန်းမောင်ဦးက တာဝန် ပေးအပ်ထားသည့် အရပ်သား တချို့ထံမှ တဆင့် လက်ခံရယူခဲ့ခြင်း ဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှု ကျူးလွန်ခဲ့သည်ဟု သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ မည်သူမဆို လာဘ်ပေးလာဘ်ယူ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ဦးစန်းမောင်ဦး၏ အမှုကို ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထပ်မံ ချိန်းဆိုလိုက်ပြီး ထိုရုံးချိန်းတွင် ဦးစန်းမောင်ဦး၏ တပည့်များဖြစ်သော သန်းထိုက်စိုး (ခ) ကိုစိုးနဲ့ စောပြည့်ငြိမ်း (ခ) စောဂျက်တို့ ထွက်ပြေးတိမ်းရှောင်နေမှုနှင့် ပတ်သက်ပြီး စစ်ဆေးသွားမည်ဟု သိရသည်။

 ဆက်စပ်လင့်

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမားသံအရာရှိဟောင်း အဂတိလိုက်စားမှု စတင်စစ်ဆေး

အလုပ်သမား သံအရာရှိဟောင်း၏ အဂတိအမှု ရဲမလာ၍ မစစ်ဆေးဖြစ်

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား သံအရာရှိကို အဂတိ လိုက်စားဖြင့် အရေးယူ

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ လာဘ်စားမှုဖြင့်စစ်ဆေးခံရ

Your Thoughts …
Tags: အဂတိလိုက်စားမှုအလုပ်သမားသံအရာရှိ
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

by အောင်သူရ
9 January 2025
26.8k

စစ်တပ်က အာဏာသိမ်းပြီးနောက် မီဒီယာများတွင် ဖော်ပြခဲ့သော ဓာတ်ပုံ၊ ဗီဒီယိုများအရ ဒေါ်ကြူကြူလှ ကိုင်ခဲ့သည့် Hermes အမှတ်တံဆိပ် အရောင်မတူသည့် လက်ကိုင်အိတ် ရှစ်လုံးရှိသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.3k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.1k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.8k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

Next Post
ကြော်ငြာ ဆိုင်းဘုတ်ထောင်ကာ ကြင်ဖော် ရှာဖွေခဲ့တဲ့ အမျိုးသား

မိန်းမလိုချင်ကြောင်း ကြော်ငြာ ဆိုင်းဘုတ်ထောင်ပြီး ကြင်ဖော် ရှာဖွေခဲ့တဲ့ အမျိုးသား

ရခိုင်ပြည်နယ်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားတဦး  /  ကျော်ခ  / ဧရာဝတီ

နယ်မြေမအေးချမ်းသည့် ပလက်ဝသို့ အစိုးရ ဝန်ထမ်းများ မရွှေ့ပြောင်းချင်ကြ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
2.9k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate