• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နယ်မြေမအေးချမ်းသည့် ပလက်ဝသို့ အစိုးရ ဝန်ထမ်းများ မရွှေ့ပြောင်းချင်ကြ

by သဇင်လှိုင်
15 January 2020
in သတင်း
A A
ရခိုင်ပြည်နယ်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားတဦး  /  ကျော်ခ  / ဧရာဝတီ

ရခိုင်ပြည်နယ်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားတဦး / ကျော်ခ / ဧရာဝတီ

7.5k
VIEWS
Share on FacebookShare on Twitter

အသက် အန္တရာယ် ဘေးကင်းမှု၊ လုံခြုံမှု မရှိသည့်အတွက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တာဝန်ကျသည့် အစိုးရဝန်ထမ်းများ အနေဖြင့် တာဝန် ထမ်းဆောင်ရန် ငြင်းဆန်မှုများ ရှိနေကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ဦးစိုးထက်က ဧရာဝတီသို့ ပြောသည်။

ချင်းပြည်နယ် စည်ပင် သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် က “အစိုးရဝန်ထမ်းတွေက ငြင်းဆန်တယ် ဆရာ၊ ဆရာမ တင်မဟုတ်ဘူး ရဲဝန်ထမ်းတွေ၊ အခြားဝန်ထမ်းတွေ ပလက်ဝ ကို ပြောင်းရွှေ့ရမယ်ဆိုရင် ထွက်စာတင်ပြီး ထွက်သွားတဲ့ အဆင့်ထိ ဖြစ်တယ်။ ပြောင်းရွှေ့ရမယ် ဆိုရင် မလာလိုဘူးပေါ့” ဟု ပြောသည်။

RelatedPosts

စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

21 May 2025
8
တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
83
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
693

အဆိုပါ ဖြစ်စဉ်မျိုးသည် ၂၀၁၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း အဆိုးဆုံး အခြေအနေ ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

ဝန်ကြီး ဦးစိုးထက် က “အဲဒီလို ငြင်းဆိုမှုတွေက ဒီ ၂၀၁၈ မှာဖြစ်တယ်၊ ၂၀၁၉ ကတော့ အဆိုးဆုံးပေါ့။ နယ်မြေ မအေးချမ်းတာက ၂၀၁၅ က စတော့ ၂၀၁၆ တုန်းကတော့ ပြောင်းရွှေ့သွားတာ နည်းနည်းပါးပါးတော့ ရှိတာပေါ့။ အရင်တုန်းက နယ်မြေ အေးချမ်းတုန်းကဆိုရင် ပြည်မက လာတဲ့သူတွေလည်း ပျော်ပျော်ရွှင်ရွှင်ပဲ နေကြတယ် သင်ကြတယ်။ နယ်မြေမအေးချမ်းတဲ့ အခါကျတော့ မနေရဲတော့ဘူးပေါ့။ လစာမဲ့ခွင့်တွေနဲ့ နေကြတယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း  ၃၈၄ ကျောင်းရှိသော်လည်း ဆရာ၊ ဆရာမများ မရှိသည့်အတွက် ၂၀၁၉ ခုနှစ် စာသင်နှစ်တွင် ကျောင်းပေါင်း ၂၁၂ ကျောင်း ပိတ်ထားရကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

ထိုအခြေအနေမှာ ပညာရေး ဝန်ထမ်းများအပြင် ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ၊ သစ်တော ဦးစီးဌာန အပါအဝင်  ဌာနပေါင်း ၂၇ ဌာနရှိ ဝန်ထမ်းများတွင်လည်း ဖြစ်ပေါ်လျက်ရှိကြောင်း ဝန်ကြီး ဦးစိုးထက်က ဆိုသည်။

ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုးအောင် က “ဒီမှာတော့ အားလုံးက စိုးရိမ်ပြီး နေကြရတယ်။ ဝန်ထမ်းတွေကို အနှောင့်အယှက်ပေးမလား ဆိုတာ ကြောင့်ကြနေရတယ်ပေါ့။ ပလက်ဝမြို့မှ အပ နယ်မှာ တာဝန်ကျတဲ့ ဝန်ထမ်းတိုင်းက ပြန်ဖို့ အခက်အခဲ အများကြီး ရှိပါတယ်။ စိုးရိမ်ကြောင့်ကြမှုကြောင့်ပေါ့နော် မြို့ပေါ်မှာဆိုရင်တော့ လုံခြုံမှုက မရှိတာ နယ်ကိုသွားရင်တော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် ကျေးရွာပေါင်း ၃၈၈ ရွာ ရှိပြီး  လူဦးရေ ၁၁၀၀၀၀ ခန့်ရှိကာ လူဦးရေ ၆ သောင်းခန့်သည် စစ်ဘေးဒဏ် ခံနေရကြောင်း၊ စစ်ရှောင်လူဦးရေသည် ၄ ထောင်နှင့် ၆ ထောင်ကြားတွင်ရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ အချက်အလက်များ အရ သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် နယ်မြေ လုံခြုံရေး အခြေအနေအရ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဇန်နဝါရီ ၉ ရက်နေ့ ကစပြီး သက်တမ်း ၂ လ ထပ်တိုးကြောင်း ပလက်ဝမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ညမထွက်ရ အမိန့်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က သက်တမ်းပြည့်သွားသည့် အတွက် ၂ လ ထပ်တိုး သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ 

ယမန်နှစ် အတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ဒေသအချို့တွင် နယ်မြေမငြိမ်းချမ်းမှုများကို အခြေပြု၍ အစိုးရ ဝန်ထမ်းများ၊ ဒေသခံများ ဖမ်းဆီး ခံရသည့် ဖြစ်စဉ်များစွာ ရှိခဲ့သည်။ 

ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ အစိုးရတာဝန်ဖြင့် သွားသည့် ဝန်ထမ်း ၁၆ ဦးကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့က  ရက္ခိုင့် တပ်မတော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့သည်။ 

AA လက်ထဲတွင် အဖမ်းခံနေရသည့် ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်းမှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့က တပ်မတော်မှ ပစ်လိုက်သော လက်နက်ကြီးကျည် ထိမှန်၍ သေဆုံးသွားကြောင်း AA က ထုတ်ပြန်ချက်မှာလည်း အငြင်းပွားစရာ ဖြစ်နေခဲ့သည်။

ထို့ပြင်  ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဝှေ့တင်းကို AA ကဖမ်းဆီးသွားရာမှာ ယနေ့ အထိပြန်လည်လွတ်မြောက်ခြင်း မရှိသေးပါ။

ဆက်စပ်လင့်-

ရခိုင်တွင် အစိုးရ ဝန်ထမ်း ၁၆ ဦး ထပ်အဖမ်းခံရ

ပလက်ဝတွင် အရပ်သား ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှု တပ်နှင့် AA ငြင်းဆို

Your Thoughts …
Tags: ပလက်ဝလုံခြုံရေးဝန်ထမ်း
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.2k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ

by ဧရာဝတီ
14 January 2024
18.8k

စစ်တပ်ထဲသို့ ၁၉၉၃ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး အလုပ်သင်ဗိုလ် အပတ်စဉ် ၂၃ သင်တန်းဆင်းဖြစ်ကာ မိခင်တပ်ရင်းမှာ အမှတ် ၁၈ ခြေမြန်တပ်ရင်း ဖြစ်သည်

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

မြေပြင်လှုပ်ရှားမှုများ တွေ့လာရသည့် မွန်ပြည်သစ်တပ်များ

မြေပြင်လှုပ်ရှားမှုများ တွေ့လာရသည့် မွန်ပြည်သစ်တပ်များ

by ဧရာဝတီ
27 July 2023
11.6k

NMSP တပ်ဖွဲ့ဝင်များသည် မြေပြင်တွင် စစ်ရေးလှုပ်ရှားနေသော်လည်း KNU နှင့် တော်လှန်ရေးတပ်များ၏ လုပ်ရပ်များအပေါ် ဆန့်ကျင်မှု တစုံတရာ မရှိသေးကြောင်း

ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

by ဧရာဝတီ
28 November 2023
8.2k

ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့များက သံချပ်ကာယာဉ်များဖြင့် ဟန်ရေးပြခြင်း၊ စစ်ယာဉ် တန်းများ နံနက်နှင့် ညပိုင်းတို့၌ တကြိမ်စီ ကင်းလှည့်ခြင်း၊ ရဲစခန်းနှင့်ဌာနဆိုင်ရာ အဆောက်အအုံများအတွင်း အင်အား ဖြည့်တင်းကာ တပ်စွဲမှုများရှိ

စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

by ဧရာဝတီ
27 November 2023
6.6k

“တုနှိုင်းမမီသည့်စံ” ရုပ်ရှင်ဇာတ်ကားအား ဒါရိုက်တာဝိုင်းက ရိုက်ကူးပေးခဲ့ပြီး ဗိုလ်မှူးကြီးမြင့်အောင်က နာမည်ခံပေးခြင်းဖြစ်သည်ဟု ရုပ်ရှင်အသိုင်းအဝိုင်းက ပြောဆိုကြသည်။

Next Post
နီပေါနိုင်ငံ

နီပေါ - ထိုင်း ခရီးသွားလုပ်ငန်း ပိုမို တိုးတက်လာနိုင်ဖွယ်ရှိ

ရန်ကုန်မြို့လည် ညရှုခင်း / ထက်ဝေ

ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က လွှတ်တော်သို့တင်ခဲ့သော တိုင်းအစိုးရ၏ မူမမှန်သော အသုံးစားရိတ်များ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

24 hours ago
2.7k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate