သတင်း

နယ်မြေမအေးချမ်းသည့် ပလက်ဝသို့ အစိုးရ ဝန်ထမ်းများ မရွှေ့ပြောင်းချင်ကြ

အသက် အန္တရာယ် ဘေးကင်းမှု၊ လုံခြုံမှု မရှိသည့်အတွက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တာဝန်ကျသည့် အစိုးရဝန်ထမ်းများ အနေဖြင့် တာဝန် ထမ်းဆောင်ရန် ငြင်းဆန်မှုများ ရှိနေကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ဦးစိုးထက်က ဧရာဝတီသို့ ပြောသည်။

ချင်းပြည်နယ် စည်ပင် သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် ကအစိုးရဝန်ထမ်းတွေက ငြင်းဆန်တယ် ဆရာ၊ ဆရာမ တင်မဟုတ်ဘူး ရဲဝန်ထမ်းတွေ၊ အခြားဝန်ထမ်းတွေ ပလက်ဝ ကို ပြောင်းရွှေ့ရမယ်ဆိုရင် ထွက်စာတင်ပြီး ထွက်သွားတဲ့ အဆင့်ထိ ဖြစ်တယ်။ ပြောင်းရွှေ့ရမယ် ဆိုရင် မလာလိုဘူးပေါ့ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်မျိုးသည် ၂၀၁၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း အဆိုးဆုံး အခြေအနေ ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

ဝန်ကြီး ဦးစိုးထက် ကအဲဒီလို ငြင်းဆိုမှုတွေက ဒီ ၂၀၁၈ မှာဖြစ်တယ်၊ ၂၀၁၉ ကတော့ အဆိုးဆုံးပေါ့။ နယ်မြေ မအေးချမ်းတာက ၂၀၁၅ က စတော့ ၂၀၁၆ တုန်းကတော့ ပြောင်းရွှေ့သွားတာ နည်းနည်းပါးပါးတော့ ရှိတာပေါ့။ အရင်တုန်းက နယ်မြေ အေးချမ်းတုန်းကဆိုရင် ပြည်မက လာတဲ့သူတွေလည်း ပျော်ပျော်ရွှင်ရွှင်ပဲ နေကြတယ် သင်ကြတယ်။ နယ်မြေမအေးချမ်းတဲ့ အခါကျတော့ မနေရဲတော့ဘူးပေါ့။ လစာမဲ့ခွင့်တွေနဲ့ နေကြတယ်ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း  ၃၈၄ ကျောင်းရှိသော်လည်း ဆရာ၊ ဆရာမများ မရှိသည့်အတွက် ၂၀၁၉ ခုနှစ် စာသင်နှစ်တွင် ကျောင်းပေါင်း ၂၁၂ ကျောင်း ပိတ်ထားရကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

ထိုအခြေအနေမှာ ပညာရေး ဝန်ထမ်းများအပြင် ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန သစ်တော ဦးစီးဌာန အပါအဝင်  ဌာနပေါင်း ၂၇ ဌာနရှိ ဝန်ထမ်းများတွင်လည်း ဖြစ်ပေါ်လျက်ရှိကြောင်း ဝန်ကြီး ဦးစိုးထက်က ဆိုသည်။

ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုးအောင် ကဒီမှာတော့ အားလုံးက စိုးရိမ်ပြီး နေကြရတယ်။ ဝန်ထမ်းတွေကို အနှောင့်အယှက်ပေးမလား ဆိုတာ ကြောင့်ကြနေရတယ်ပေါ့။ ပလက်ဝမြို့မှ အပ နယ်မှာ တာဝန်ကျတဲ့ ဝန်ထမ်းတိုင်းက ပြန်ဖို့ အခက်အခဲ အများကြီး ရှိပါတယ်။ စိုးရိမ်ကြောင့်ကြမှုကြောင့်ပေါ့နော် မြို့ပေါ်မှာဆိုရင်တော့ လုံခြုံမှုက မရှိတာ နယ်ကိုသွားရင်တော့ ပိုဆိုးတာပေါ့ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် ကျေးရွာပေါင်း ၃၈၈ ရွာ ရှိပြီး  လူဦးရေ ၁၁၀၀၀၀ ခန့်ရှိကာ လူဦးရေ သောင်းခန့်သည် စစ်ဘေးဒဏ် ခံနေရကြောင်း၊ စစ်ရှောင်လူဦးရေသည် ထောင်နှင့် ထောင်ကြားတွင်ရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ အချက်အလက်များ အရ သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် နယ်မြေ လုံခြုံရေး အခြေအနေအရ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဇန်နဝါရီ ရက်နေ့ ကစပြီး သက်တမ်း ထပ်တိုးကြောင်း ပလက်ဝမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ညမထွက်ရ အမိန့်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ရက်နေ့က သက်တမ်းပြည့်သွားသည့် အတွက် ထပ်တိုး သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ 

ယမန်နှစ် အတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ဒေသအချို့တွင် နယ်မြေမငြိမ်းချမ်းမှုများကို အခြေပြု၍ အစိုးရ ဝန်ထမ်းများ၊ ဒေသခံများ ဖမ်းဆီး ခံရသည့် ဖြစ်စဉ်များစွာ ရှိခဲ့သည်။ 

ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ အစိုးရတာဝန်ဖြင့် သွားသည့် ဝန်ထမ်း ၁၆ ဦးကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့က  ရက္ခိုင့် တပ်မတော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့သည်။ 

AA လက်ထဲတွင် အဖမ်းခံနေရသည့် ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်းမှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့က တပ်မတော်မှ ပစ်လိုက်သော လက်နက်ကြီးကျည် ထိမှန်၍ သေဆုံးသွားကြောင်း AA က ထုတ်ပြန်ချက်မှာလည်း အငြင်းပွားစရာ ဖြစ်နေခဲ့သည်။

ထို့ပြင်  ပြီးခဲ့သည့် နိုဝင်ဘာလ ရက်နေ့က ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဝှေ့တင်းကို AA ကဖမ်းဆီးသွားရာမှာ ယနေ့ အထိပြန်လည်လွတ်မြောက်ခြင်း မရှိသေးပါ။

ဆက်စပ်လင့်-

ရခိုင်တွင် အစိုးရ ဝန်ထမ်း ၁၆ ဦး ထပ်အဖမ်းခံရ

ပလက်ဝတွင် အရပ်သား ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှု တပ်နှင့် AA ငြင်းဆို

Loading