“Avengers: End Game” ရုပ်ရှင် ပြသမပြီးစီးခင်ကတည်းက Iron Man ဇာတ်ကောင်နေရာကနေ အနားယူတော့မှာဖြစ်ကြောင်း Robert Downey Jr. နဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်ခဲဖူးပါတယ်။ Iron Man လို့ ပြောလိုက်တာနဲ့ Robert Downey Jr. ကို တန်းမြင်ကြရတဲ့အထိ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည် ၊ ဇာတ်ကောင်နဲ့ အံဝင်ခွင်ကျဖြစ်မှုစတာတွေဟာ အောင်မြင်မှု မှတ်တိုင်တွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။
သိပ်မကြာခင်အချိန်မှာလည်း သူ့ရဲ့ ရုပ်ရှင်အသစ် Dolittle ရုပ်ရှင်အတွက် ပရိုမိုးရှင်းပွဲတပွဲ ကျင်းပခဲ့ပြီး ဇာတ်ကောင်အသစ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေဟာ RDJ ဆီ ဆူညံပွက်လော ရိုက်ခဲ့ရတာပါ။
Marvel ရဲ့ တခမ်းတနား အောင်မြင်နေချိန်မှာ RDJ အနေနဲ့ Iron Man နေရာကနေ နုတ်ထွက်ပြီး အခုလို တိရစ္ဆာန်တွေနဲ့ စကားပြောတတ်တဲ့ ဆရာဝန်ဇာတ်ကောင် အသစ်နေရာအတွက် သရုပ်ဆောင်ဖြစ်သွားရတာလဲဆိုတာ ကတော့ အကျယ်လောင်ဆုံး မေးခွန်းတခုဆိုလည်း မှားမယ် မထင်ပါဘူး။
Yahoo! Entertainment နဲ့ အင်တာဗျူးတခုမှာတော့ RDJ ဘက်က “ကျနော့်အနေနဲ့ ဒီဇာတ်ကောင်အတွက် ဘာအနုပညာကြေးမှ မရတော့လို့ပါ”လို့ ရွှတ်နောက်နောက်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ Marvel နဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့တဲ့ ကာလတလျှောက်မှာ နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ပေါင်းများစွာ ရရှိခဲ့တာဖြစ်သလို RDJ အနေနဲ့ အနုပညာအရ အောင်မြင်မှုကိုလည်း လက်ဝယ် ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။
Celebrity Network ရဲ့ သတင်းတပုဒ်မှာတော့ RDJ ဟာ Iron Man ပထမဆုံးရုပ်ရှင်ရဲ့ သရုပ်ဆောင်ခအဖြစ် ဒေါ်လာ ၅ သိန်း ၊ Iron Man 2 အတွက် ဒေါ်လာ ၁၀ သန်း ၊ Avengers ရုပ်ရှင်တွေအတွက် ဒေါ်လာ သန်း ၅၀ ၊ Iron Man 3 အတွက် ဒေါ်လာ ၇၅ သန်းအထိ ရရှိခဲ့ဖူးတာ ဖြစ်ပါတယ်။
Iron Man ကနေ “Avengers: End Game” အထိ သူ့ရဲ့ ဝင်ငွေဟာ ဒေါ်လာ သန်း ၃၀၀ ခန့်အထိ ရှိတယ်လို့လည်း ထပ်မံဖော်ပြထားပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
“Iron Man” ရုပ်ရှင်ကို ကြည့်ပြီး Marvel မှာ သရုပ်ဆောင်ချင်ခဲ့တာလို့ စကားလက်ဂျိုဟန်ဆန် ပြော
“Black Widow” ရုပ်ရှင်မှာ Iron Man အဖြစ် ပါဝင်လာဖွယ်ရှိတဲ့ Robert Downey Jr
Iron Man ဇာတ်ရုပ်နဲ့ အော်စကာဆု မလိုချင်တဲ့ မင်းသား Robert Downey Jr