သတင်း

စစ်ကိုင်းတိုင်း၌ ဆီစက် လုပ်ငန်း ရာကျော် ရှိသော်လည်း FDA ထောက်ခံချက် ၃ ခုသာရှိဟု ဆို

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်း ဒေသကြီးတွင် ဆီစက် လုပ်ငန်းပေါင်း ၁၀၀ ကျော် ရှိသော်လည်း FDA ထောက်ခံချက် ရယူထားသည့် လုန်ငန်း ခုသာ ရှိသေးကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး (တာဝန်ခံ) FDA မှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းလင်းအောင် က “FDA ထောက်ခံချက်ရဖို့ လျှောက်ထားဖို့ ကြောက်နေကြတယ် ထင်ပါတယ်။ ပိုက်ဆံတွေ အကုန်အကျ များပြီး ပြုပြင်ပြောင်းလဲမှု လုပ်မှရမယ် ထင်ပြီး မလာကြတာဟု ပြောသည်။ 

စစ်ကိုင်းတိုင်းသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ အများဆုံးထွက်သည့် ဒေသတခုဖြစ်၍ ဆီစက် လုပ်ငန်းပေါင်း ရာချီ ရှိနေသော်လည်း FDA ထောက်ခံချက် လျှောက်ထားရယူမှု မရှိသလောက်ဖြစ်နေပြီး ဆီစက်လုပ်ငန်း ခုကသာ FDA ထောက်ခံချက် ရယူထားကြောင်း၊ လျှောက်ထားဆဲ ဆီစက်လုပ်ငန်း ခုသာ ရှိကြောင်း ဒေါက်တာ ထွန်းလင်းအောင်က ရှင်းပြသည်။ 

FDA ထောက်ခံချက် ယူရန်အတွက် လုပ်ငန်းရှင်များက ကြီးကျယ်ခမ်းနားသည့် အဆောက်အအုံများ ဆောက်ပြစရာ မလို ကြောင်း၊ သန့်ရှင်း သန့်ရပ်ပြီး စနစ်တကျ ထုတ်လုပ်ရောင်းချရန်နှင့် ချမှတ်ထားသည့် စည်းကမ်းချက်များကိုလိုက်နာပါက FDA ထောက်ခံချက် ရရှိမည် ဖြစ်ကြောင်းလည်း ဆိုသည်။

သု့ိသော် မြန်မာတနိုင်ငံလုံးရှိ ဆီကြိတ်သည့် လုပ်ငန်းရှင် အများစုသည် FDA ထောက်ခံချက် ယူထားခြင်းမရှိဘဲ လုပ်ငန်း လည်ပတ်နေသည်ကို မြေပြင် အခြေအနေအရ သိရသည်။ 

FDA ထောက်ခံချက် ရယူရန် သွားရောက်ရာတွင် ရုံးပိုင်းဆိုင်ရာ လုပ်ငန်းစဉ် အခက်အခဲများရှိနေသဖြင့် ထောက်ခံချက် မယူဘဲ မူလအတိုင်း ရောင်းချမှုများ ပြုလုပ်ကြခြင်း ဖြစ်ကြောင်း နေပြည်တော်ရှိ ဆီစက်လုပ်ငန်းရှင် တချို့က ပြောသည်။  

ဒေါက်တာ ထွန်းလင်းအောင်ကမူစာရွက်စာတမ်း ကိစ္စ အလုပ်များတာတော့ မှန်ပါတယ်။ ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ဖော်ပြ ပေးရတယ်။ အမှတ်တံဆိပ်တွေ နဲ့ ပတ်သက်ပြီး ပြရမယ်။ အရမ်း ရှုပ်ထွေးနေပြီး ခက်ခဲတဲ့ ကိစ္စ မဟုတ်ပါဘူးဟု ပြောဆိုသည်။ 

မြေပြင်ကွင်းဆင်း စစ်ဆေးချက်များအရ လုပ်ငန်းရှင်အများစုသည် FDA ထောက်ခံချက်ယူရန် အတွက် ငွေကြေး များစွာ ကုန်ကျမည်ဟု ထင်မြင်နေကြောင်း၊ သက်ဆိုင်ရာ ဝန်ထမ်းများကို ငွေပေးမှ ရမည်ထင်နေသည့် ခေါက်ရိုးကျိုးနေသော အသိစိတ်များ ရှိနေသေးကြောင်း၊ ယခင်က လုပ်ငန်းရှင် အများစုက Agency များနှင့် လုပ်ကိုင်ခဲ့သည့်အတွက် မလိုအပ် ဘဲ ငွေကြေးကုန်ကျသည့် ဖြစ်ရပ်များကို စိုးရွံ့မှုများ ရှိနေကြောင်းလည်း ဒေါက်တာ ထွန်းလင်းအောင်က ရှင်းပြသည်။ 

နေပြည်တော် သပြေကုန်းဈေးတွင်းရှိ ဆီမျိုးစုံ ရောင်းချနေသည့် လုပ်ငန်းရှင် ဦးကျော်မြင့် ကဦးတို့က ကိုယ်တိုင်လည်း ကြိတ်တယ်။ ရောင်းလည်း ရောင်းတယ်။ ကြိတ်တာပဲ ရောင်းရင် လူတိုင်း ဝယ်မစားနိုင်ဘူး။ ဝယ်စားနိုင်အောင် ဆိုင်ပေါ် တင်ရတယ်။ ဆီအမျိုးအစားပေါင်း မျိုးလောက်ရှိတယ်ဟု ပြောသည်။

FDA လက်မှတ် ကိစ္စကိုမူ မပြောဆိုလိုဟု ၎င်းက ဆိုသည်။

ဈေးကွက်အတွင်း ရောင်းချနေသည့် ဆီအများစုသည် ပဲဆီနှင့် စားအုန်းဆီ ရော၍ ပဲဆီ ဈေးနှုန်းဖြင့် ရောင်းချမှုများ ရှိနေ သဖြင့် အမှန်တကယ် နစ်နာသူမှာ စားသုံးသူများ ဖြစ်နေကြောင်း၊ ထို့ကြောင့် FDA အနေဖြင့် လုပ်ငန်းရှင်များ လိုက်နာ ရမည့် စံသတ်မှတ်ချက်တွင် ပဲဆီဖြစ်ပါက ပဲဆီ၊ နှင်းဆီ ဆိုပါက နှင်းဆီ၊ စားအုန်းဆီ ဖြစ်ပါက စားအုန်းဆီ အစ ရှိသဖြင့် ပါဝင်ပစ္စည်း အတိုင်း ဘူးအပေါ်တွင် အမှတ်တဆိပ် ကပ်နှိပ်ရန် ဖော်ပြပေးရမည်ဟု ပါရှိသည်။ 

ဒေါက်တာ ထွန်းလင်းအောင်ကရောနှောခွင့် ပေးတယ်။ ဒါက ပဲဆီ ၈၀ ရာခိုင်နှုန်း၊ စားဆီ ၂၀ ရောထားတယ်။ ဘူးပက်ကင်မှာ မှန်မှန်ကန်ကန် ဖော်ပြရ မယ်။ ပဲဆီပါဆိုပြီး ရောရောင်းရင်တော့ ဓာတ်ခွဲစစ်လိုက်ရင် ပေါ်မှာပဲလေ။ လုံးဝ မရောရဘူးလို့ မပြောဘူး။ ပဲဆီသန့်လို့ ပြောပြီး ပြန်ကြော်ဆီတွေ ရောထားရင်တော့ ခွင့်မပြုဘူး။ ကျန်တာကတော့ ကိုယ်ရောင်းနိုင်တဲ့ ဈေးနဲ့ရောင်းလို့ ရတယ်။ စားသုံးသူက ရွေးချယ်လိမ့်မယ်ဟု ပြောသည်။ 

ပျဉ်းမနားမြို့မှ အိမ်ရှင်မ တဦးဖြစ်သူ ဒေါ်အေးအေးမော် ကလည်းတခါတလေ အပြင်က ဆီကြော် အစားအစာ ဝယ်စားရင် လည်ချောင်းထဲ ယားလာတာ။ ဆီမသန့်တာလေ။ အခုနောက်ပိုင်းဆို ဈေးထဲကဆီလည်း ဝယ်မစားရဲတော့ဘူး။ ဒါကြောင့် ကိုယ်တိုင်ကြိတ်ပြီး စားတယ်ဟု ပြောပြသည်။ 

လက်ရှိ ဈေးကွက်ထဲတွင် ပဲဆီသန့်သန့် (ဆုံဆီ) တပိဿာ ကျပ် ,၀၀၀၊ ,၀၀၀ ဝန်းကျင် ရှိပြီး၊ ပဲပိစပ်၊ နေကြာဆီ အစ ရှိသည့် ဆီအမျိုးအစားပေါ် မူတည်ပြီး တပိဿာလျှင် ကျပ် ,၀၀၀ မှ ,၀၀၀၊ ,၀၀၀ အထိ ရှိကြောင်း ဈေးကွက် ပေါက်ဈေး အရ သိရသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မှ အိမ်ရှင်မတဦးဖြစ်သူ ဒေါ်နွဲ့ကပဲဆီပဲ သုံးတယ်။ ပဲဆီက ကြော်တာပဲဖြစ်ဖြစ်၊ ချက်တာပဲ ဖြစ်ဖြစ် အသုံးခံတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တယ်။ စားအုန်းဆီက ဈေးသက်သာတာ မှန်ပေမယ့် တကယ် ချက်ကြည့် အချက် မခံဘူးဟု ပြောသည်။ 

FDA အနေဖြင့် စားသုံးရန် မသင့်သည့်  အစားအသောက်များကို ဈေးကွက်အတွင်း ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများ ကို Mobile Lab ဖြင့် (ရွေ့လျား ဓာတ်ခွဲခန်း) ဓာတ်ခွဲ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း၊ အန္တရာယ်ရှိသည့် ပစ္စည်းများ နှင့် ခွင့်မပြု ဓာတုပစ္စည်းများ စစ်ဆေးတွေ့ရှိပါက ရောင်းချမှုကို ချက်ချင်း ရပ်ဆိုင်းစေပြီး သတိပေးတားမြစ်ချက်များ ပြုလုပ် ကြောင်း ယင်းဌာနမှ သိရသည်။ 

အဆိုပါ ရွေ့လျား ဓာတ်ခွဲစစ် ပါရှိသည့် Mobile Lab မှာ တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ရှိပြီး ဈေးများ၊ ကျောင်းမုန့်ဈေး တန်းများ၊ တနိုင်တပိုင် လုပ်ကိုင်နေသည့် စားသောက်ကုန် လုပ်ငန်းများထံသို့ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ဇော်ကလည်း ပြောသည်။

ထို့ကြောင့် ဈေးကွက်အတွင်း ရောင်းချနေသည့် စားသောက်ကုန်များ မဖြစ်မနေ မှတ်ပုံတင်ရန်အတွက် အစားအသောက် ဥပဒေကို ပြင်ဆင် ရေးဆွဲနေကြောင်း၊ ယင်းဥပဒေ ပေါ်ထွက်လာပါက ဥပဒေအတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

ဒေါက်တာ ခင်ဇော်ကအစားအသောက် ထုတ်လုပ်သည့် လုပ်ငန်းတိုင်းသည် မှတ်ပုံတင် တင်ကို တင်ရမယ်။ အဲ့ဒီအချိန် ကျရင်တော့ အရေးယူမှုတွေ အကုန်လုံး ပါကို ပါလာမှာပဲဟု ပြောသည်။ 

ပြည်တွင်းလုပ်ငန်းရှင် အများစုသည် FDA ထောက်ခံချက် ယူရန် စိုးရွံ့မှုရှိနေကြကြောင်း၊ ရှေးရိုးစွဲများ ရှိနေကြသေးပြီး ခေတ်နှင့်အညီ အပြောင်းအလဲကို လက်မခံသဖြင့် ယခုကဲ့သို့ FDA ထောက်ခံချက်ရယူမှု အားနည်းနေခြင်း ဖြစ်ကြောင်း ဒေါက်တာ ထွန်းလင်းအောင်ကလည်း ပြောဆိုသည်။ 

မြန်မာနိုင်ငံအတွင်းရှိ အစားအသောက် လုပ်ငန်းအများစုသည် FDA ထောက်ခံချက် ရယူထားခြင်းမရှိသည့် ကုန်ပစ္စည်းများ ရှိနေသဖြင့် FDA အနေဖြင့် လိုအပ်သော အသိပညာပေး လုပ်ငန်းများ၊ အသိပညာပေး ပြပွဲ အစီအစဉ်များကို ပြုလုပ်လျက် ရှိကြောင်းလည်း သိရသည်။

You may also like these stories:

လယ်ယာကဏ္ဍအတွက် နိုင်ငံတကာ စံချိန်စံညွှန်းမီ မူဝါဒများ ပြင်ဆင်လျက်ရှိ ဟုဆို

BPI စက်ရုံမှူး ဒေါက်တာ အောင်ဇော်အမှု ရုပ်သိမ်းရန် လျှောက်ထားခြင်း ပယ်ချခံရ

ပဲသွေးအချို့ ဖော်မလင် သုံးထားကြောင်း FDA စစ်ဆေးတွေ့ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading