သတင်း

တနင်္သာရီတိုင်းအတွင်း အမျိုးသမီးများအကြမ်းဖက်ခံရမှု တိုးလာ

တနင်္သာရီတိုင်းအတွင်း ထားဝယ်အမျိုးသမီးများ သမဂ္ဂသို့ တိုင်ကြားလာသည့် အမျိုးသမီးများ အပေါ် နည်းမျိုးစုံ ဖြင့် အကြမ်းဖက် ခံရသည့် အမှုများ နှစ်ထက် နှစ် တိုးလာကြောင်း သိရသည်။

ထားဝယ်အမျိုးသမီးများ သမဂ္ဂသို့ တိုင်ကြားလာသည့် အမှုမှာ၂၀၁၆၂၀၁၈ ခုနှစ်အထိ နှစ်အတွင်း ၁၈၆ မှုသာ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ အထိ နှစ်ဝန်းကျင်အတွင်း ၁၄၉ မှု ရှိခဲ့ကြောင်း သမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူး မယ်းနုနုလှိုင်က ဧရာဝတီသို့ ပြောသည်။

မယ်းနုနုလှိုင်ကကျမတို့ သမဂ္ဂက သုံးသပ်တာက အသိပညာပေးမှုတွေ လုပ်လာတော့ ပြည်သူတွေက ဒါကို တိုင်ကြားရမယ်လို့ နားလည်လာပြီး တိုင်ကြတာဖြစ်တယ်။ အကြမ်းဖက်မှုတွေက နဂိုကတည်းက ရှိနေပေမယ့် ထုတ်ဖော် ပြောတာတွေ မရှိဘူး။ အခု လက်ရှိ ကျမတို့ လက်ခံရရှိတဲ့ အမှုတွေက နှစ်ထက် နှစ် များလာ တာပါဟု ပြောသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ၁၄ လအတွင်း အကြမ်းဖက်ခံရသည့် အမှုပေါင်း ၁၄၉ မှုတွင် ထားဝယ်ခရိုင်၌ ၇၃ မှုရှိပြီး ၎င်းတို့ထဲတွင် အိမ်တွင်း အကြမ်းဖက်မှုသည် အများဆုံးဖြစ်ကြောင်း၊ မြိတ်ခရိုင်၌ အမျိုးသမီးများ အကြမ်းဖက်ခံရသည့်အမှု ၇၆ မှုရှိရာ ထိုအထဲတွင် သက်ငယ်မုဒိမ်းမှုက အများဆုံး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၁၄၉ မှု အနက် ၄၆ မှုသည် ကာယကံရှင်များက သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း သိရသည်။

သက်ငယ်မုဒိမ်းမှု ကျုးလွန်ခံခဲ့ရသူ မနီနီ (အမည်လွှဲ) ကအစကတော့ ရဲစခန်းမှာ တိုင်ရမှန်း မသိဘူး။ တိုင်လို့ရတယ်လို့ သိရတော့လည်း မတိုင်ရဲဘူး။ သွားတိုင်ရင်လည်း မုဒိမ်းမှုဆိုတာ သေချာလား။ ဟုတ်လား။ ခင်ဗျားကိုတောင်မှ အသရေဖျက်မှုနဲ့ စွဲလို့ရတယ်ဆိုတာမျိုး ပြောတော့ မသွားချင်တော့လို့ သွားမတိုင်တာဟု ဧရာဝတီသို့ ပြောသည်။

သို့သော် သမဂ္ဂနှင့် ချိတ်ဆက်မိပြီး နောက်ပိုင်းတွင် ၎င်းခံစားရသည့် ကိစ္စအတွက် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား ခဲ့သည်ဟု ရှင်းပြသည်။

ထိုသို့ အမျိုးသမီးများအပေါ် နည်းမျိုးစုံနှင့် အကြမ်းဖက်ခံ နေရသည့် ကိစ္စရပ်များအပေါ် ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးရန် ထားဝယ်အမျိုးသမီးသမဂ္ဂက အချက် ချက်ပါသော တိုက်တွန်းချက် စောင်ကို ဇန်နဝါရီ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ပပျောက်စေရန်အတွက် တိုင်း ဒေသကြီးလွှတ်တော် အတွင်း ကော်မတီ ရပ် အမြန်ဆုံး ဖွဲ့စည်း အကောင်အထည်ဖော်ရန်၊ လုပ်ထုံးလုပ် နည်းနှင့် မကိုက်ညီဘဲ အဂတိ လိုက်စားနေသော ဌာနဆိုင်ရာ ဝန်ထမ်းများအား ထိရောက်စွာ အရေးယူ ဆောင် ရွက်ပေးရန်၊ အိမ်တွင်း အကြမ်းဖက်မှုနှင့် ပတ်သက်သည့် တိုင်တန်းချက်များကို သက်ဆိုင်ရာ ရဲစခန်းများမှ အလေးအနက်ထားကာ အရေးယူ ဆောင်ရွက်ရန် စသည့် အချက်များ ပါဝင်သည်။

မယ်းနုနုလှိုင် ကကျမတို့ သမဂ္ဂဆိုရင် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ နည်းပညာပိုင်းဆိုင်ရာအရ ဘာတွေ ကျမတို့က ပံ့ပိုးပေးနိုင်တယ်။ ဖမ်းဆီးဖို့ကတော့ ကျမတို့က လုပ်လို့မရဘူး။ အဲဒါကျတော့ တိုင်းဒေသကြီးအစိုးရ ကနေ ရဲဌာနကို ဘာလုပ်ရမယ်။ လူမှုဝန်ထမ်းက ဒါကို ဘာလုပ်ရမယ်။ လွှတ်တော်မှာဆိုရင် ဘယ်လိုဆိုတာမျိုး တွေ ဒါတွေအတွက် သီးခြား ကော်မတီ ဖွဲ့ပြီးတော့မှ အသေးစိတ်ကို လုပ်ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်ဟု ပြောသည်။

လက်ရှိတွင် ပြည်သူများ အကြား ၎င်းတို့၏ အခွင့်အရေးကို သိရှိမှု၊ ဗဟုသုတများကို လက်လှမ်းမီမှုမှာ အားနည်းနေသေးခြင်းက အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများကို ဆက်လက်ဖြစ်ပွားရန် အားပေးနေသယောင် ဖြစ်နေကြောင်း ၎င်းက ထောက်ပြသည်။

ထို့ကြောင့် အဆိုပါ ကိစ္စများအပေါ် အစိုးရ အနေဖြင့် ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးရန် တိုင်းအစိုးရ အဖွဲ့ထံသို့  အချက် ချက်ဖြင့် တောင်းဆိုထားကြောင်း သိရသည်။ 

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဟိုပင် က  “ကျနော် ဖတ်ကြည့်တော့ ကျနော့်ဌာနက တိုက်ရိုက် ဆောင်ရွက်ရမယ့် ကိစ္စတွေက နည်းပါတယ်။ ဥပမာအားဖြင့် အကြမ်းဖက်မှုကို ထိန်းသိမ်းဖို့ ကာကွယ်ဖို့ အရေးယူဖို့ဆိုတဲ့ ကိစ္စတွေက ကျနော် တို့က တိုက်ရိုက် လုပ်လို့မရဘူး။ သို့သော် နေ့စဉ် အစည်းအဝေးဆိုတာ ရှိပါတယ်။ ဝန်ကြီးဌာနတွေအားလုံး တက်ပါတယ်။ အဲဒီမှာ သူတို့တင်ပြထားတဲ့အချက်ကို တင်ပြပြီးတော့ ဆွေးနွေးပေးပါမယ်။ တိုက်တွန်းပေးပါ့ မယ်ဟု ပြောသည်။

၎င်းတို့ဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ချရေးအတွက် ၁၆ ရက်တာ လှုပ်ရှားမှုများ၊ ရင်ခွင်မဲ့ကလေး လျော့ချရေး လုပ်ငန်းစဉ်များကို ထားဝယ်အမျိုးသမီး သမဂ္ဂ၏ အကူအညီဖြင့် လုပ်ဆောင် နေသည်ဟုလည်း ရှင်းပြသည်။

အစိုးရအနေဖြင့်လည်း အမျိုးသမီး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ အဆင့်ဖြစ်သည့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘာတူစာချုပ် (စီဒေါ)ကို လက်မှတ် ထိုးထားသကဲ့သို့ ကမ္ဘာ့ ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ကို လိုက်နာ ဆောင်ရွက်ရန် တာဝန်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့အပြင် နိုင်ငံအဆင့်ဖြစ်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (NSPAW) ကို ချမှတ် ဆောင်ရွက်နေသော်လည်း အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်ပြီး လက်တွေ့ အကောင် အထည်ဖော်မှုက အားနည်းနေကြောင်း ထားဝယ်အမျိုးသမီးများသမဂ္ဂက ထောက်ပြထားသည်။

ထားဝယ်အမျိုးသမီးများသမဂ္ဂ (TWU)ကို ၁၉၉၅ ခုနှစ်၊ မေလ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ငြိမ်းချမ်းမှု ရှိသော မြန်မာနိုင်ငံ ဖြစ်လာစေရေးအတွက် အမျိုးသမီးများ အပါအဝင် ပြည်သူ လူထုအား အသိပညာပေးခြင်း၊ စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ပေးနေ သော အဖွဲ့အစည်းဖြစ်သည်။

ထို့အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းလာစေရေးအတွက် အသိပညာပေးခြင်း၊ စည်းရုံး လှုံဆော်ခြင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား နှစ်သိမ့်ပေးခြင်းများအပြင် ယာယီတည်းခိုရန် (safe house) စီစဉ်ပေးခြင်း၊ အခြေခံ လိုအပ်ချက်ဖြစ်သည့် အစားအသောက်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပံ့ပိုးပေးခြင်း၊ ဥပဒေအကြံပေးခြင်း၊ အခမဲ့ ရှေ့နေ လိုက်ပေးခြင်း လိုအပ်ပါက သက်ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်း များသို့ ချိတ်ဆက်ပေးခြင်းများ လုပ်ဆောင်ပေးလျှက် ရှိကြောင်း သိရသည်။

ဆက်စပ်လင့်

အမျိုးသမီးနဲ့ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လက်တွဲဖြေရှင်းကြပါစို့

America’s Got Talent ပွဲမှာ မြန်မာကို ကမ္ဘာသိအောင် စွမ်းဆောင်ခဲ့တဲ့ Junior Creative အဖွဲ့

ဗစ်တိုးရီးယားအမှု ရဲတပ်ဖွဲ့၏ ပြုမူချက်အပေါ်ဝေဖန်ချက်များ

Loading