• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုင်းရင်းသားတွေကို “လက်နက်မပေးဘူး” လို့ တရုတ်ပြောကြားမှု မယုံကြည်ကြ

by ထက်နိုင်ဇော်
19 January 2020
in သတင်း
A A
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သမ္မတ ရှီကျင့်ဖျင်   / တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သမ္မတ ရှီကျင့်ဖျင် / တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

15.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများကို တရုတ်နိုင်ငံက လက်နက်၊ ခဲယမ်းများ ထောက်ပံ့ ခြင်း မရှိကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ပြောဆိုမှုကို ယုံကြည်မှု မရှိကြောင်း မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက တုန့်ပြန်ပြောဆိုသည်။

နေပြည်တော်တွင် ဇန်နဝါရီ ၁၈ ရက်နေ့က တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ ဆုံစဉ် မည်သည့်အဖွဲ့အစည်းဖြစ်စေ တရုတ်နိုင်ငံပိုင်နက်ကို အသုံးပြုပြီး မြန်မာကို ထိခိုက်အောင် ဆောင်ရွက်ခြင်းမျိုးကို လက်မခံကြောင်း၊ အများက စွပ်စွဲနေသလို မြန်မာက လက်နက်ကိုင် အဖွဲ့တွေကိုလည်း တရုတ်က လက်နက် မထောက်ပံ့ကြောင်း ပြောဆိုခဲ့သည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
191
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.5k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
47

ထို့ပြင် အခြားနည်းလမ်းနှင့် ရရှိနိုင်သည်ဖြစ်၍ ၎င်းတို့က သေချာစွာ စိစစ်ဖြေရှင်းပေးမည် ဖြစ်ကြောင်း တရုတ်သမ္မတ က ပြောသည်။

ရက္ခိုင်တပ်မတော် (AA) ခေါင်းဆောင်များ အပါအဝင် တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့၏ ခေါင်းဆောင်များကို တရုတ်က လက်ရှိ အချိန်အထိ လက်ခံပေးထားသည်။ ထိုကြောင့် တရုတ်သည် မြန်မာ လက်နက်ကိုင်အဖွဲ့များကို ကြားခံထား၍ မြန်မာ့နိုင်ငံရေး ချိနဲ့အောင် ပြုလုပ်၍ လိုသလို ကစားနေသည်ဟု မြန်မာအသိုင်းအဝိုင်းက ပြောဆိုမှုများရှိနေသည်။

ရှမ်းပြည်နယ် သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း က “သူ (သမ္မတ ရှီကျင့်ဖျင်) ပြောတာကို မြန်မာပြည်သူ လူထုကတော့ ယုံမယ် မထင်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

တကယ့်လက်တွေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များထံ၌ တရုတ်နိုင်ငံထုတ် လက်နက်အကောင်းစားများ အပြင် လေယာဉ်ပစ် လက်နက်များပင် ရှိနေသဖြင့် ယခုလက်နက်များ မည်ကဲ့သို့ ရရှိသည်ကို မေးချင်ကြောင်း၊ ယ ခင်က ဗမာပြည်ကွန်မြူနစ်ပါတီကို တရုတ်က ပေါ်ပေါ်တင်တင် ထောက်ပံ့ခဲ့စဉ်ကလည်း ဝန်မခံခဲ့ကြောင်း ဦးရဲထွန်းက ပြောသည်။

၎င်း ဆက်၍ “ငြိမ်းချမ်းရေးမှာလည်း သူတို့က ဒီအဖွဲ့ တွေအပေါ်မှာ သြဇာရှိနေတယ်ဆိုတာက ဘာကြောင့် သြဇာ ရှိ တာလဲ။ အလကား သက်သက်တော့ သြဇာမရှိဘူး။ ဒီလို အပေးအကမ်း အထောက်အပံ့တွေ မရှိရင် ဘယ်လိုလုပ် သြဇာရှိမှာတုန်း” ဟု မေးခွန်းထုတ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာတွင် ပလောင် (တအန်း) အမျိုးသားလွတ် မြောက်ရေး တပ်မတော် (TNLA) မှ သိုလှောင်ထားသည့် လေယာဉ်ပစ် ဒုံးလက်နက် အပါ အဝင် လက်နက်ခဲယမ်း လေးသောင်းကျော်ကို သိမ်းဆည်းရမိခဲ့ရာ တရုတ်လက်နက် အများစု ဖြစ်ကြောင်း တပ် မတော်က ထုတ်ဖော်ပြောဆိုခဲ့သည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင် က “TNLA ဆီက မိတဲ့လက်နက်တွေအထဲမှာ တရုတ် လက် နက်တွေက အများကြီးပဲ။ အဲဒီမှာ M – 16 မိတာက ၉ လက်ပဲ တွေ့ တယ်။ ကျန်တာတွေက တရုတ်ပြည်က လက်နက်တွေ ဖြစ်နေတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံ ဗဟိုအစိုးရ၏ ပေါ်လစီအရ မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့ အစည်းများကို လက်နက် တိုက်ရိုက် ရောင်း ချမည် မဟုတ်သော်လည်း ယင်းအဖွဲ့ အစည်းသည် ၎င်းတို့ လိုအပ်သည့် လက်နက်ခဲယမ်းများကို တရုတ်ဘက်မှ ဝယ်ယူ၍ ရနေကြောင်း၊ ယခုလက်နက် အရောင်းအဝယ် ကိစ္စများကို သမ္မတရှီကျင်ဖျင် တာဝန်ယူနိုင်လိမ့်မည် မထင်ကြောင်း ဦးသန်းစိုးနိုင်က ပြောသည်။

ဦးသန်းစိုးနိုင် က “ဒီကိစ္စက နိုင်ငံတော် ပေါ်လစီ မဟုတ်ပေမယ့် ဒေသဆိုင်ရာ ပါဝင်ပတ်သက်နေတဲ့ သူတို့ တပ်မတာ်က အစိတ်အပိုင်း တချို့တော့ ရှိကောင်းရှိနိုင်တယ်လို့ ထင်ပါတယ်။ ရှိကို ရှိပါလိမ့်မယ်။ ကုန်သွယ်ရေး လုပ်သလို တရားဝင်လမ်းကြောင်း ကနေတော့ လာနေတာမျိုး မဟုတ်ဘူးပေါ့” ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များထဲတွင် UWSA “ဝ” အဖွဲ့ ၊ မိုင်းလားနှင့် ကိုးကန့် အဖွဲ့ များသည် တရုတ်နှင့် အ လွန် နီးစပ်မှု ရှိသလို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သည်လည်း တရုတ်နှင့် ဆက်စပ်မှု ရှိသည့် အဖွဲ့ အစည်းတခု ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်များ တိုးတက်မှုရှိလာအောင် အကူအညီ ပေးမည်ဟု အစဉ် တစိုက် ထုတ်ဖော်ပြောဆိုလေ့ရှိသည့်နည်းတူ မြန်မာအစိုးရကိုလည်း တရားဝင် ငွေကြေးထောက်ပံ့မှုများ ပေးအပ် လျက် ရှိသည်။

ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ် ဦးစိုင်းထွန်းအေး က “တရုတ် အစိုးရအနေနဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေကို အားပေးထောက်ပံ့မှု မရှိဘူးလို့ ပြောပေမယ့် မြေပြင် မှာက ဝ ဒေသ၊ ကိုးကန့်နဲ့ မိုင်း လား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွေမှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေ ကြည့်လိုက်လို့ ရှိရင် သူတို့လက် နက်တွေဟာ တရုတ်က ထုတ်တဲ့ လက်နက်တွေ ဖြစ်နေတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံက ပံ့ပိုးမှု မရှိကြောင်း ပြောဆိုနေသော်လည်း တိုင်းရင်းသားများသည့် လက်နက်များ အင်အားအပြည့်ဖြင့် တည်ဆောက်နိုင်မှုသည် တရုတ်က အားမပေးသည့်တိုင် မျက်စိမှိတ်ပေးထားသည့် သဘောဟု ယူဆ၍ ရကြောင်း ဦးစိုင်းထွန်းအေး က ပြောသည်။

သေနင်္ဂ အင်စတီကျူမှ ဒါရိုက်တာ တဦးဖြစ်သူ ဦးသိန်းထွန်းဦး က “နိုင်ငံခြား ဆက်ဆံမှု လမ်းကြောင်း ဒီပလိုမေစီ အရတော့ ဘာထောက်ပံ့မှုမှ မရှိဖူးလို့ ငြင်းမှာပဲ။ တရုတ်ထုတ်လက် နက်တွေ၊ ကော်ပီကူးထားတဲ့ ပုံစံတွေ အထူး သဖြင့် လေယာဉ်ပစ်ဒုံးလို ဟာမျိုးတွေက မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ EAOs တွေမှာ ရှိနေတဲ့ ကိစ္စက တရုတ်ကို မေးခွန်းထုတ်ရမယ့် အရေးအကြီးဆုံး အချက်ပါပဲ”ဟု ပြောသည်။

မြန်မာသည် တရုတ်နိုင်ငံက လိုလားနေသည့် စီးပွားရေး စင်္ကြန်နှင့် BRI စီမံကိန်းများကို ပိုမို ပူးပေါင်း ဆောင်ရွက်ပြီး အကောင်အထည် ဖော်ပေးမည် ဆိုပါက တရုတ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် ပတ်သက်ပြီး သဘောထား ပြောင်းသွားနိုင်ကြောင်း ဦးသိန်းထွန်းဦးက သုံးသပ်သည်။

တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အများက စွပ်စွဲပြောကြားနေသလို မြန်မာမှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေကို တရုတ်က လက်နက် ထောက်ပံံ့ပေးနေတယ် ဆိုတဲ့ ကိစ္စမျိုး မရှိပါဖူးလို့ ငြင်းသွားတယ်။ တခြား နည်း လမ်းတွေနဲ့ ရှိနေရင်လည်း စုံစမ်းပေးမယ့် သဘောမျိုး ပြောသွားတာပါ” ဟု ပြောသည်။

မနေ့က နေပြည်တော်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတည်ငြိမ် အေးချမ်းရေးကို ဆန့်ကျင်သည့် အကြမ်းဖက် ဆူပူမှုများကို မည်သည့်နိုင်ငံကမှ လက်ခံမည် မဟုတ်သလို အစိုးရကို ဆန့်ကျင် ၍ လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှုများဆိုလျှင် ပို၍ပင် လက်ခံလိမ့်မည် မဟုတ်ကြောင်း ပြောဆိုသည်။

မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍနှင့် သြဇာမှာ အလွန်ကြီးမားပြီး တရုတ် သမ္မတ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကာလအတွင်း လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြစ်ပွားမှု မရှိသလောက်ပင် ဖြစ် သည်။

စာရေးဆရာ သန်းစိုးနိုင်က “တရုတ်ပြည်က ကူညီတာကောင်းတယ်။ ဒါပေမယ့် တရုတ်ကို မှီခိုပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ လိုအပ် တာထက် ပါဝင်နေတဲ့ကိစ္စကို ကျနော်တို့က မူအရ သဘောမကျဘူး။ ဒီကိစ္စတွေက ကိုယ့်ဘာသာကိုယ် ယုံကြည်မှု တည်ဆောက်ပြီးတော့ အချင်းချင်းပဲ ဖြေရှင်းစေချင်တယ်”ဟု ပြောသည်။

Your Thoughts …
Tags: တရုတ်သမ္မတတိုင်းရင်းသားရှီကျင်ဖျင့်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

by Gordon Chang
9 September 2023
7.1k

တရုတ်နိုင်ငံ တည်ငြိမ်သည်ဟု မိမိတို့ မယူဆနိုင်ပေ။ ရှီကျင့်ဖျင်သည် အိန္ဒိယကို မကြိုက်သောကြောင့် နယူးဒေလီသို့ မသွားခြင်းဖြစ်သည်ဟု ရိုးရှင်းစွာ မိမိတို့ မယူဆနိုင်ပေ။

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

by ဧရာဝတီ
18 October 2023
5.7k

စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို ထောက်ခံနေသော်လည်း မင်းအောင်လှိုင်၏ ဘေ့ဂျင်းသို့ ဖိတ်ခေါ်ရေး တောင်းဆိုမှုကို ဆက်လက်ပယ်ချနေသည်။

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

by ဧရာဝတီ
19 September 2023
5.7k

ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်အစိုးရတွင် အရေးပါသည့် နိုင်ငံတော်ကောင်စီဝင် ဗိုလ်ချုပ်ကြီး လီရှန်းဖုကို စုံစမ်းစစ်ဆေးရန် ဖမ်းဆီးထားသည်

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

by ဖီးနစ်
7 December 2023
3.5k

အမျိုးသားနေ့သည် ကျောင်းသားလူငယ်တို့၏ မဟုတ်မခံ တော်လှန်လိုသော စိတ်ဓာတ်၊ အာဏာရှိသူကို တော်လှန်လိုသော စိတ်ဓာတ်တို့မှ ပေါက်ဖွားလာသည့် နေ့ထူးနေ့မြတ်တခု ဖြစ်လေသည်။

ရှီကျင့်ဖျင် မိသားစု ဒေါ်လာသန်းပေါင်းများစွာ ပိုင်ဟု အမေရိကန် ထောက်လှမ်းရေးပြော

ရှီကျင့်ဖျင် မိသားစု ဒေါ်လာသန်းပေါင်းများစွာ ပိုင်ဟု အမေရိကန် ထောက်လှမ်းရေးပြော

by ဧရာဝတီ
26 March 2025
2.6k

အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (ODNI) က "တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်း၏ ချမ်းသာကြွယ်ဝမှုနှင့် အကျင့်ပျက်ခြစားသော လုပ်ရပ်များ" ဟု အမည်ရှိ အစီရင်ခံစာကို မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

Next Post
နွားနို့မှာပါဝင်တဲ့ အာဟာရဓာတ်တချို့ဟာ အိပ်ပျော်ဖို့ခက်စေပါတယ်

နို့နဲ့နို့ထွက်ပစ္စည်းတွေကို မကြာခဏ မသောက်သုံးသင့်ကြောင်း သတိပေးနေတဲ့ လက္ခဏာများ

အဆိုတော် အက်စတာဒေါ့သ်ချင်းဆုန်  / ချစ်ပိုး / ဧရာဝတီ

ခင်ပွန်းရှိတယ်ဆိုတဲ့ ကောလာဟလကို ပြန်လည်ဖြေရှင်းလိုက်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate