သတင်း

အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ပေးရန် အလုပ်သမား ၅ ထောင်ကျော် ဆန္ဒပြ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ စက်ရုံအလုပ်ရုံများမှ အလုပ်သမား ၅ ထောင်ကျော်က တရက် အနည်းဆုံး လုပ်ခလစာနှုန်းထားကို ခေတ်ကာလနှင့် ညီသော နှုန်းထားတရပ် ပြင်ဆင်ပေးရန် ဇန်နဝါရီလ ၁၉ ရက်တွင် ဆန္ဒပြခဲ့ကြသည်။

လက်ရှိ သတ်မှတ်ထားသော တရက်လုပ်ခလစာ နှုန်းထား ကျပ် ၄၈၀၀ သည် ယနေ့ကာလ ကုန်ဈေးနှုန်း အခြေအနေများနှင့် နေထိုင်မှု စရိတ်များကြောင့် လုံလောက်မှုမရှိတော့သည့်အတွက် ယင်းသို့ ဆန္ဒပြတောင်း ဆိုရခြင်း ဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများက ဧရာဝတီသို့ ပြောသည်။

အနည်းဆုံးလုပ်ခလစာရရှိနေသော  ပုံမှန်တလဝင်ငွေနှုန်းထားသည် မိသားစုလိုအပ်ချက် ဖြည့်ဆည်းပေးနို င်ရန် မလုံလောက်ခြင်းကြောင့် အလုပ်သမားများအနေဖြင့် အချိန်ပိုလုပ်အားခများကို ပို၍ အားကိုးနေရကြောင်း ဟန်ကီးအထည်ချုပ်စက်ရုံမှ အလုပ်သမား မနန္ဒာဝင်းက ဆိုသည်။

မနန္ဒာဝင်းက “သူတို့ပေးတဲ့ လစာက ဈေးဖိုးတို့ ဆေးတို့နဲ့ ပြန်ကိုက်လိုက်မယ်ဆိုရင် ဘာမှ အပို ပြန်မထွက်လာတော့ ဘူးပြန်ပြီးတော့တောင် စိုက်နေရတဲ့ အနေအထားမှာ ရှိနေတယ်” ဟု ပြောဆိုသည်။

ယနေ့ ဆန္ဒပြပွဲတွင် အလုပ်သမားများက အစိုးရကို လူနေမှုစရိတ် မြင့်မားလာမှုနှင့် ကုန်ဈေးနှုန်းမြင့်မားမှုကို ထိန်းချုပ်ပေးရန်၊ ခေတ်ကာလ နှင့် အညီ ဖူလုံသော လုပ်ခလစာ ရရှိရန် နှင့် ၂၀၂၀ မေလတွင် လုပ်ခလစာ နှုန်းထားအသစ်ကို သတ်မှတ်ပေးရန် အစရှိအချက်များကို တောင်းဆိုခဲ့ကြသည်။

အစိုးရ နှင့် စီးပွားရေးလုပ်ငန်းများသည် အလုပ်သမားများက လုပ်ခလစာ နှုန်းထားတိုးမြှင့်တောင်းဆိုခြင်း တခုကိုသာ မြင်နေကြပြီး ယင်းနောက်မှ ကုန်ဈေးနှုန်းကြီးမြင့် လာမှုကို လျစ်လျူရှုထားကြောင်း

အစိုးရ နှင့် စီးပွားရေးလုပ်ငန်းများသည် အလုပ်သမားများက လုပ်ခလစာ နှုန်းထားတိုးမြှင့်တောင်းဆိုခြင်း တခုကိုသာ မြင်နေကြပြီး ယင်းနောက်မှ ကုန်ဈေးနှုန်းကြီးမြင့် လာမှုကို လျစ်လျူရှုထားကြောင်း MIANYI အထည်ချုပ်စက်ရုံမှ အလုပ်သမား ကိုချစ်ကိုက ဆိုသည်။

၎င်းက “ကျနော်တို့က နာမည်ကြီးထမင်းငတ်တွေပါ။ အလုပ်သမားတွေ လစာတိုးပြီးဆိုရင် နောက်ကကုန်ေ ဈးနှုန်းက ဆက်တိုက်လိုက်နေတာလေ။ အစိုးရက ကုန်ဈေးနှုန်းကိုသာ မထိန်းချုပ်နိုင်ရင် အလုပ်သမားတွေကို ဘယ်လောက်ပဲ လစာတိုးတိုး အဆင်ပြေမှာ မဟုတ်ဘူး” ဟု ပြောဆိုသည်။

ယခုနှစ်အတွင်း ပြင်ဆင်သတ်မှတ်ပေးရမည့် အနည်းဆုံးလုပ်ခလစာ နှုန်းများကို တရက်လျှင် ကျပ် ၇၀၀၀ မှ ၉၈၀၀ ကျပ် သို့ ပြောင်းလဲပေးမှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (CTUM) က ရန်ကုန်၊ မန္တလေး၊ ရှမ်း၊ ကချင် နှင့် ကရင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ၈ ခုတွင် လူတဦးလျှင် တနေ့တာ လိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေး၊ ကျန်းမာရေး နှင့် ပညာရေးအပေါ်တွင် အဓိကထား ကောက်ယူခဲ့သော စစ်တမ်းတခုအရ အနည်းဆုံးလုပ်ခလစာနှုန်းထားသည် ကျပ် ၇၂၀၀ မှ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းနှုန်းထားသည် အလုပ်ချိန် ၈ နာရီတွင် ၁ နာရီလုပ်အားခ ၉၀၀ ကျပ်နှုန်းထားဖြင့် တွက်ချက်ထား ခြင်းဖြစ်သည်။ အလုပ်သမားများ လက်ရှိရနေသော အနည်းဆုံးတရက် လုပ်ခလစာသည် ၁ နာရီ လုပ်အားခ ၆၀၀ ကျပ်ဖြစ်သည်။

အစိုးရ နှင့် စီးပွားရေးလုပ်ငန်းများသည် အလုပ်သမားများက လုပ်ခလစာ နှုန်းထားတိုးမြှင့်တောင်းဆိုခြင်း တခုကိုသာ မြင်နေကြပြီး ယင်းနောက်မှ ကုန်ဈေးနှုန်းကြီးမြင့် လာမှုကို လျစ်လျူရှုထားကြောင်း

Myan Mode အထည်ချုပ်စက်ရုံ၏ အခြေခံအလုပ်သမားသမဂ္ဂအတွင်းရေးမှူး ကိုမောင်မိုး က “ကျနော်တို့ေ တာ့ နှုန်းထား ဘယ်လောက်ရယ်ဆိုပြီး မတောင်းထားသေးဘူး။ ဒါပေမဲ့ ဖူလုံတဲ့ လုပ်ခလစာဖြစ်ဖို့ပေါ့” ဟု ဧရာဝတီသို့ပြောသည်။

လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားများ လုပ်အားခတိုးမြှင့်တောင်းဆိုလျှင် နိုင်ငံတကာမှ အလုပ်သမား၏ ကျွမ်းကျင်မှုများနှင့် အလုပ်လုပ်နိုင်စွမ်းများဖြင့် နှိုင်းယှဉ်ပြောကြားလေ့ရှိပြီး လုပ်အားခနှုန်းထားများကိုလည်း နှိုင်းယှဉ်ကြည့်ရန် လိုအပ်ပြီး ဖူလုံသော လုပ်ခလစာရရှိမှသာလျှင် လုပ်ငန်းခွင်အပေါ်ကိုလည်း ပိုမိုအာရုံစို  က်လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အနည်းဆုံး အခကြေးငွေ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဦးဆုံး အကြိမ် သတ်မှတ်နိုင်ခဲ့ပြီး နေရာ ဒေသနှင့် လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ ၁ နာရီလျှင် ၄၅၀ ကျပ်နှုန်းဖြင့် တနေ့ အလုပ်ချိန် ၈ နာရီ အတွက် ကျပ် ၃၆၀၀ နှုန်းသတ်မှတ် ထုတ်ပြန်ခဲ့သည်။

အလုပ်သမား အဖွဲ့အစည်းများက အနိမ့်ဆုံး လုပ်ခလစာကို ကျပ် ၅၆၀၀ တောင်းဆိုထားသော်လည်း အလုပ်သမား အဖွဲ့ အစည်း အများအပြား ကန့်ကွက်နေသည့် ကြားမှ ကျပ် ၄၈၀၀ ဖြင့်သာ ၂၀၁၈ ခုနှစ် မေလတွင် အတည်ပြုပေးခဲ့သည်။

အနည်းဆုံး အခကြေးငွေဥပဒေတွင် အနည်းဆုံး အခကြေးငွေ နှုန်းထားကို ၂ နှစ် တကြိမ် သုံးသပ် ပြင်ဆင်  ပြင်ဆင်ရမည် ဟု ပြဋ္ဌာန်းထားသဖြင့် တတိယ အကြိမ်နှုန်းထား ပြင်ဆင်မှုကို ဥပဒေအရ ၂၀၂၀ မေလတွင်  ပြင်ဆင် သတ်မှတ်ရမည် ဖြစ်သည်။

You may also like these stories:

လူကုန်ကူးခံရသည့် ရွှေ့ပြောင်း အလုပ်သမားများကို ကူညီရန် သင်တန်းပို့ချ

လူမှုဖူလုံရေးက အလုပ်သမားအခွင့်အရေး တကယ် အာမခံနိုင်လား

Loading