• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးတွင် အုပ်စုဖွဲ့ ရိုက်နှက် လုယက်သူများကို ညတွင်းချင်း ဖမ်းမိ

by ဒီလှိုင်းဝင်း
20 January 2020
in သတင်း
A A
ဖမ်းဆီးရမိထားသည့် အုပ်စုဖွဲ့ လုယက်သူများ / မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့

ဖမ်းဆီးရမိထားသည့် အုပ်စုဖွဲ့ လုယက်သူများ / မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့

11.1k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀၊ ၆၈ လမ်းနှင့် ၇၀ လမ်းကြား၊ ရုံးပေါင်းစုံဝင်းရှေ့  မြို့လယ်ခေါင်နေရာ တွင် ဇန်နဝါရီ ၁၉ ရက် နံနက် ၁ နာရီအချိန်ခန့်က ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား ၂ ဦး ကို ရိုက်နှက်ကာ ဆိုင်ကယ် လုယူသွားသူများကို ညတွင်းချင်း ဖမ်းမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိတဦး က “ဖြစ်စဉ်ကို သတင်းရပြီးပြီးချင်း တရားခံတွေကို အမြန်ဆုံး ဖမ်းဆီးနိုင်အောင် လှည့်ကင်း အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့မှ ဆောင်ရွက်ခဲ့တာ။ ကျူးလွန်တဲ့ တရားခံတွေ အားလုံးကို ညတွင်းချင်းပဲ ဖမ်းမိခဲ့ပါတယ်။ သူတို့ကို တရားစွဲတင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
105
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2.1k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
102

ဖမ်းဆီးရမိခဲ့သူများမှာ အောင်မြေသာစံမြို့နယ်နေ အသက် ၂၃ နှစ်အရွယ် ဝေဖြိုး၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီ ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် ထွန်းထွန်းကျော် (ခ) ထွန်းကျော်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး အရှေ့မုဒ်နေ အသက် ၂၆ နှစ်အရွယ် နေထက်လင်း (ခ) တရုတ်နီနှင့် အသက် ၂၅ နှစ်အရွယ် ကျော်ထက် တို့ဖြစ်ကြပြီး ယခုအခါ ချုပ်ရမန်ယူ၍ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၉ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်က ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ဟိုတယ်တခုမှ မန်နေဂျာ ကိုဇင်ကိုကို နှင့် ဟိုတယ်တွင် လာရောက်တည်းခိုနေသူ ထိုင်းနိုင်ငံသား Mr. WANNACHAI PROMME တို့သည် ကိုဇင်ကို ကို ပိုင်ဆိုင်သည့် ဆိုင်ကယ်ဖြင့် လမ်း ၃၀ အတိုင်း မောင်းနှင်လာစဉ် ၆၈ လမ်းနှင့် လမ်း ၇၀ ကြား ဗဟိုအမျိုးသမီး ဆေးရုံအနီးတွင် လူငယ် ၄ ဦး စီးနင်းလာသော ဆိုင်ကယ် ၁ စီးက နောက်မှ ကပ်လိုက်လာပြီး ကိုဇင်ကိုကိုအား ခါးပတ်ဖြင့် ရိုက်ခဲ့သည်။

ထိုသို့ ခါးပတ်ဖြင့် ရိုက်နှက်ခံရခြင်းကြောင့် ကိုဇင်ကိုကိုသည် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်လိုက်ရာ လူငယ် ၄ ဦးက ထပ်မံ၍ ဝိုင်းဝန်း ရိုက်နှက်ကြခြင်းကြောင့် ကိုဇင်ကိုကိုနှင့် ထိုင်းနိုင်ငံသားတို့သည် ဆိုင်ကယ်အား ထားရစ်ခဲ့ပြီး ဗဟိုအမျိုးသမီး ဆေးရုံဝန်းအတွင်းသို့ ဝင်ပြေးခဲ့ပြီးနောက် ၎င်းတို့က ဆိုင်ကယ်ကို ယူငင်သွားခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ခါးပတ်ဖြင့် ရိုက်နှက် လုယက်ခံရခြင်းကြောင့် ကိုဇင်ကိုကို၏ နောက်ကျောတွင် နာကျင်ဒဏ်ရာ၊ ထိုင်းနိုင်ငံသား Mr. WANNACHAI PROMME ၏ နောက်ကျောတွင် နာကျင် ဒဏ်ရာတို့ ရရှိခဲ့ပြီး ၎င်းဖြစ်စဉ်အား အရေးယူပေးရန်အတွက် ချမ်းအေးသာစံမြို့နယ် အမှတ် ၃ နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ရာ (ပ)၃၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ (လုယက်မှုကျူးလွန်ရာတွင် နာကျင်စေမှု)ဖြင့် အမှုဖွင့်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖမ်းဆီးနိုင်ရေး လှည့်ကင်းတပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၄ နာရီကျော် အချိန်၌ ၃၂ လမ်းနှင့် ၆၈ လမ်းထောင့်တွင် ဆိုင်ကယ် ၂ စီးနှင့် လူ ၄ ယောက်အား မသင်္ကာ၍ စစ်ဆေးစဉ် မောင်းနှင် ထွက်ပြေးခဲ့ကြသည်။

ထိုသို့ ထွက်ပြေးခဲ့သဖြင့် လိုက်လံဖမ်းဆီးစဉ် ၂၇ လမ်းနှင့် ၆၄ လမ်းထောင့်တွင် ဆိုင်ကယ်ရိုက်လုသူ ၄ ဦးကို လုယူသွားသော ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

တရားစီရင်ရေးနဲ့ ဥပဒေစိုးမိုးရေးကို ပြည်သူတွေ မယုံကြည်မှာ စိုးတယ်

ဟင်္သာတနှင့် ငပုတောမြို့နယ်တို့တွင် ဖဲကြိုးစိမ်းကမ်ပိန်း၂ ရက် ဆက်တိုက် ပြုလုပ်

Your Thoughts …
Tags: ဆိုင်ကယ်လုယက်မှု
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

ဟွန်ဒါ စူပါကပ် ဆိုင်ကယ် ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ်တဲ့

ဟွန်ဒါ စူပါကပ် ဆိုင်ကယ် ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ်တဲ့

by ဧရာဝတီ
16 November 2024
3.3k

ကောက်စာ - ဟွန်ဒါဟာ စူပါကပ် ဆိုင်ကယ်တွေကို ၁၉၅၈ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့ပြီး ကမာ္ဘပေါ်မှာ ထုတ်လုပ်မှု အများဆုံး ဆိုင်ကယ် အဖြစ် အစီးရေပေါင်း သန်း ၁၀၀ ကျော် ထုတ်လုပ်ပြီးခဲ့ပြီလို့ သိရပါတယ်။

ရုပ်ရှင် စတန့် မင်းသမီး ခင်ခင်စန်း

ရုပ်ရှင် စတန့် မင်းသမီး ခင်ခင်စန်း

by စောမုံညင်း
10 February 2024
760

ခင်စန်းမှာ မော်တော်ကားမောင်း၊ မော်တော်ဆိုင်ကယ်စီး၊ မြင်းစီးရာတွင်လည်း ကျွမ်းကျင်သူ ဖြစ်သည်။ ယောက်ျား မင်းသားများနှင့် အပြိုင် ကြမ်းနိုင်သူ စတန့် မင်းသမီး ဖြစ်သည်။

စစ်တပ် တပ်စွဲထားသော ကျိုက်မရော ကော့သပ်ရွာ၌ အိမ်များ ဖောက်ထွင်းခံနေရ

စစ်တပ် တပ်စွဲထားသော ကျိုက်မရော ကော့သပ်ရွာ၌ အိမ်များ ဖောက်ထွင်းခံနေရ

by မိအိသဉ္ဇာမြင့်
20 April 2024
575

ကော့သပ်ဒေသခံတဦးက “ရွာမှာက ယိုးဒယားဘီးတွေပဲစီးကြတာ။ ကာလပေါက်ဈေးဆို သိန်းငါးဆယ် လောက်ရှိတယ်။ အဲဒါတွေကို ဝင်ခိုးပြီး ဘာဘူကုန်းရွာမှာ သွားရောင်းကြတယ်။ကျမတို့ လက်ရှိ သိရသလောက်ဆို ၆ စီး လောက်ရှိပြီ။ လိုင်စင်မပါတော့ သူခိုးဈေးပဲ ပေးတာပေါ့။ အရပ်ဝတ်တွေနဲ့ပဲ သွားရောင်းကြတာ”...

အရည်အသွေး စိတ်ချရတဲ့ လက်ဟောင်း Honda Dream 125

အရည်အသွေး စိတ်ချရတဲ့ လက်ဟောင်း Honda Dream 125

by လင်းထက်(IA)
11 January 2017
37.6k

Honda အစစ်က အသံထွက် ညင်သာတယ်၊ ဂီယာချက် ပျော့တယ်၊ နောက်ဘက် ဂီယာနင်းတံကို မနင်းရဘဲ ရှေ့ဘက်ဂီယာကိုပဲ ခြေထောက်နဲ့ ကော်လိုက်ပြီး ပြောင်းလဲ မောင်းနှင်နိုင်ပါတယ်။

Honda Zoomer X ဆိုင်ကယ်

ဒီဇိုင်းဆန်းဆန်းနဲ့ Honda Zoomer X ဆိုင်ကယ်

by လင်းထက်(IA)
10 June 2017
16.1k

အခု ပြောပြမယ့် မော်ဒယ်ကတော့ Scooter တန်းဝင်ပဲ ဖြစ်ပေမယ့် လူကြိုက်များပြီး မြင်နေကျဖြစ်မယ့် Click နဲ့ Fino လို ရုပ်ထွက်တွေနဲ့ မဟုတ်ဘဲ Sport ဆန်တဲ့ ရုပ်ထွက်မျိုးနဲ့ ဖန်တီးထားတဲ့ Honda ရဲ့မော်ဒယ်...

၂၀၁၇ထုတ် Honda Scoopy Flying Higherဆိုင်ကယ်

ဈေးကွက်မှာ အကောင်းဆုံးလို့ ဆိုတဲ့ Honda Scoopy Flying Higher ဆိုင်ကယ်

by လင်းထက်(IA)
14 May 2017
11.6k

ပြည်တွင်းဈေးကွက်မှာလည်း လူငယ်တွေအကြိုက် မော်ဒယ်အဖြစ် ရပ်တည်နေပြီး ကျောင်းသူ၊ ကျောင်းသူ တွေ နှစ်သက်မှု ပိုများတာ တွေ့ရပါတယ်။

Next Post
ICOE အစီရင်ခံစာကို သမ္မတ ဦးဝင်းမြင့်ထံ ပေးအပ်နေစဉ်  / ဧရာဝတီ

ICOE နောက်ဆုံး အစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မှု မခိုင်လုံကြောင်း ပါရှိ

မီးလောင်ကျွမ်းခဲ့သည့် မန္တလေးရတနာပုံ စူပါစင်တာကိုတွေ့ရစဉ်  / ဇော်ဇော် / ဧရာဝတီ 

မန္တလေးရတနာပုံ စူပါစင်တာ မဖြိုဘဲ အကြီးစား ပြန်လည် ပြုပြင်မည်ဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate