• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အစီရင်ခံစာ အကျဉ်းချုပ်သာ တင်ရသဖြင့် ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အားမရ

by ကျော်ဖြိုးသာ
21 January 2020
in သတင်း
A A
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှ / ထက်ဝေ

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှ / ထက်ဝေ

11.5k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းအစိုးရ၏ အသုံးစရိတ်နှင့် ပတ်သက်ပြီး တိုင်းလွှတ်တော်သို့ အစီရင်ခံစာ အကျဉ်းချုပ်သာ တင်သွင်းခွင့်ရသောကြောင့် ကျေနပ်အားရမှုမရှိကြောင်း နှင့် ထိုသို့ အကျဉ်းချုပ်သာ တင်သွင်းခွင့ရသဖြင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစိုးရအသုံးစရိတ်ကို စနစ်တကျ စိစစ်ရန် အခက်အခဲတွေ့နိုင်ကြောင်း ရန်ကုန်တိုင်း စာရင်းစစ်ချုပ်က ပြောကြားသည်။

ဒေါ်ခင်သန်းလှသည် ၂၀၁၇-၁၈ ဘာဏ္ဍာရေးနှစ် ရန်ကုန်တိုင်းအစိုးရ အသုံးစရိတ်နှင့် ပတ်သက်သည့် သူ၏ တွေ့ရှိချက်များ၏ အကျဉ်းချုပ်ကို ရန်ကုန်တိုင်းလွှတ်တော်သို့ လွန်ခဲ့သောရက်များအတွင်းက တင်သွင်းခဲ့သည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
404
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
273
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.5k

ရန်ကုန်စာရင်းစစ်ချုပ်ရုံးသည် နှစ်စဉ် အစီရင်ခံစာပြုစုပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ ရန်ကုန်တိုင်းလွှတ်တော်သို့ ထိုအစီရင်ခံစာကို တင်သွင်းရသည်။ အစိုးရအသုံးစရိတ်နှင့်ပတ်သက်ပြီး လွှတ်တော်တွင်းဆွေးနွေးပွဲမတိုင်မီ ကိုယ်စားလှယ်များ လေ့လာရန်အတွက် ထိုအစီရင်ခံစာ အပြည်အစုံကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်ပေးပို့သည်။

၂၀၁၈ ခုနှစ်က ပြင်ဆင်ခဲ့သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၂၅ (ဃ) အရ ပြည်နယ်နှင့် တိုင်းစာရင်းစစ်ချုပ်များသည် မိမိတို့၏ ဆောင်ရွက်ချက်နှင့် စစ်ဆေးတွေ့ရှိချက်များကို သက်ဆိုင်ရာဝန်ကြီးချုပ်များ သို့ အစီရင်ခံတင်ပြသည်နှင့် တပြိုင်တည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်များသို့ တပြိုင်နက် တင်သွင်းရမည်ဖြစ်သည်။

သို့သော် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် တိုင်းအစိုးရ အသုံးစရိတ်နှင့် ပတ်သက်သည့် စာရင်းစစ်ချုပ်၏ အစီရင်ခံစာအပြည့်အစုံကို ရန်ကုန်တိုင်းလွှတ်တော်ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များကို မပေးဘဲ ရန်ကုန်တိုင်းဝန်ကြီးချုုပ်ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းတို့ထံသာပေးပို့ရန် တိုင်းအစိုးရက မနှစ်က ညွှန်ကြားခဲ့သည်။ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌတို့က ထိုအစီရင်ခံစာကို ယခင်နှစ်များကကဲ့သို့ ကြိုတင်သုံးသပ်ရန် လွှတ်တော်ကိုယ်စားလှယ်များထံ မဖြန့်ဝေဘဲ တိုင်းလွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီအနေဖြင့် ထိုအစီရင်ခံစာကို သုံးသပ်လေ့လာရန် တာဝန်ပေးသည်။

လက်ရှိ ရန်ကုန်တိုင်းအစိုးရသည် ၂၀၁၆ ခုနှစ်က စတင်တာဝန်ယူသောကြောင့် ၂၀၁၇-၁၈ ဘာဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ချုပ်၏ အစီရင်ခံစာသည် ဦးဖြိုးမင်းသိန်းအစိုးရ၏ ဒုတိယနှစ်အတွင်း ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုများနှင့် ပတ်သက်ပြီး အကဲဖြတ်ချက်ဖြစ်သည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာကို တိုင်းကိုယ်စားလှယ်များထံ မဖြန့်ဝေသည်မှာ ပြည်သူ့လွှတ်တော် လုပ်ထုံးလုပ်နည်းများနှင့် တပြေးညီဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီကပြောသည်။ ပြည်သူ့လွှတ်တော်တွင် စာရင်းစစ်ချုပ်အစီရင်ခံစာကို လွတ်တော်ကိုယ်စားလှယ်များ ကြိုတင်သုံးသပ်လေ့လာခြင်းကို ခွင့်ပြုမထားပေ။ သို့သော် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကကဲ့သို့ တိုင်းအစိုးရအသုံးစရိတ်များ လုပ်ထုံးလုပ်နည်းနှင့်မညီသောကြောင့် လွှတ်တော်တွင် အပြင်းအထန်ဝေဖန်ဆွေးနွေးမှုများ ထပ်မံမပေါ်ပေါက်စေလိုသောကြောင့် ရန်ကုန်စာရင်းစစ်ချုပ် အစီရင်ခံစာ အပြည်အစုံကို လွှတ်တော်ကိုယ်စားလှယ်များထံ မဖြန့်ဝေခြင်းဖြစ်နိုင်သည်ဟူသော ယူဆချက်များလည်း ရှိနေသည်။

ထိုစဉ်က စာရင်းစစ်ချုပ်အစီရင်ခံစာ အပြည့်အစုံကို အခြေခံပြီး ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များသည် မြို့တော်ဘတ်စ်ကား ဝန်ဆောင်မှုအတွက် ပြည်သူ့ဘာဏ္ဍာ အမေရိကန်ဒေါ်လာ ၂.၃ သန်း (ကျပ် ၃.၅ ဘီလျံ) ဆုံးရှုံးခြင်းနှင့် ကျောင်းဘတ်စ်ကားများ ဝယ်ယူရန် ရန်ကုန်တိုင်းအစိုးရက လွှတ်တော်မသိဘဲ ပုဂ္ဂလိက ဘဏ်နှစ်ခုမှ ကျပ် ၁၃.၅ ဘီလျံ ချေးယူခြင်းတို့ကို လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းထုတ်ခဲ့ကြသည်။ ရန်ကုန်တိုင်းအစိုးရသည် လွှတ်တော်၏ ခွင့်ပြုချက်မရဘဲ အငြင်းပွားဖွယ် ရန်ကုန်မြို့သစ်စီမံကိန်းတွင် ကျပ် ၁၀ ဘီလျံ ရင်းနှီးမြှုပ်နှံခြင်းသည် အာဏာအလွဲသုံးစားပြုလပ်ခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောဆိုခဲ့သည်။

ဇန်နဝါရီလ ၈ ရက်နေ့တွင်မူ စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှသည် တိုင်းလွှတ်တော်ဥက္ကဌ၏ ခွင့်ပြုချက်ဖြင့် သူမ၏ အစီရင်ခံစာ အကျဉ်းချုပ်ကို တိုင်းလွှတ်တော်တွင် နှစ်နာရီကြာ ဖတ်ကြားပြီး မြေငှားခကြွေးကျန်များနှင့် အခွန်ရှောင်သည့် ကိစ္စများအတွက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို တိုင်းအစိုးရက ဒဏ်ငွေရိုက်ရန် ပျက်ကွက်ခြင်းနှင့် စရိတ်ကြီးလှသည့် မီးစက်တလုံး ဝယ်ယူခြင်းတို့အပါအဝင် အခြားကိစ္စများကို ထောက်ပြခဲ့သည်။

ယခင်နှစ်များက စာရင်းစစ်ချုပ်သည် လွှတ်တော်ကိုယ်စားလှယ်များသို့ အစီရင်ခံစာမိတ္တူအပြည့်အစုံကို ပေးထားပြီးဖြစ်သောကြောင့်လွတ်တော်တွင် အစီရင်စာအကျဉ်းချုပ်ကို နှုတ်ဖြင့်သာ တင်သွင်းရန်လိုခဲ့သည်။ ယခုနှစ်တွင်မူ ရန်ကုန်တိုင်းအစိုးရသည် အစီရင်ခံစာအကျဉ်းချုပ်ကိုသာ လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေခွင့်ပြုခဲ့သောကြောင့် အစီရင်ခံစာအသေးစိတ်များကို လွှတ်တော်ကိုယ်စားလှယ်များ မသိရကြောင်း စာရင်းစစ်ချုပ်၏ အဆိုအရ သိရသည်။

“မူရင်း အစီရင်ခံစာမှာ အပြည်အစုံ တင်ပြထားပါတယ်။။ အကျဉ်းချုပ်ကတော့ မပြည်စုံနိုင်ဘူး ။လွှတ်တော်ကို အကျဉ်းချုပ်တင်ပြရတာမို့ အားမရဘူး” ဟု ဒေါ်ခင်သန်းလှပြောသည်။

အစီရင်ခံစာအပြည့်အစုံကို လွှတ်တော်သို့ တင်ခွင့်မရသောကြောင့် စာရင်းစစ်ချုပ်ရုံး၏ တနှစ်တာ ထောင့်စေ့အောင်အားထုတ်မှုများ အလဟသဖြစ်ရကြောင်း စာရင်းစစ်ချုပ်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။ အစီရင်ခံစာ အပြည်အစုံ မရသောကြောင့် အစိုးရအသုံးစရိတ်နှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းထုတ်ရာတွင် အခက်အခဲတွေ့နိုင်ကြောင်း ဒေါ်ခင်သန်းလှက ပြော သည်။

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်များက အစီရင်ခံစာတင်သွင်းစဉ်က စာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၂၅(ဃ) နှင့်အညီ အစီရင်ခံစာ အပြည့်အစုံကို ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်တိုင်းထံသို့ ဖြန်ချိကြောင်း ဒေါ်ခင်သန်းလှပြောသည်။

“အခုတော့ အဲဒီလို မဟုတ်တော့ဘူး” ဟု သူပြောသည်။

စာရင်းစစ်ချုပ်သည် သူ၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သော်လည်း အထက်မှ ဖိအားပေးခံနေရပုံရကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ ပြောသည်။ အစီရင်ခံစာ၏ တွေ့ရှိချက်များကို ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်များအတွက် အသေးစိတ်အချက်အလက်များ မရမည်ကို ဒေါ်ခင်သန်းလှကဲ့သို့ပင် သူလည်း ပူပန်နေသည်။

“ ဟုတ်တယ်၊ အသေးစိတ် မသိရတော့ ကျနော်တို့ဆွေးနွေးတာတွေ အားပျော့သွားနိုင်တယ်” ဟု သူပြောသည်။

( Kyaw Phyo Tha ၏ Auditor-General Raises Concerns That Yangon MPs Can’t Properly Debate Govt Spending Without Her Full Report  ကို ဘာသာပြန်သည်။)

You may also like these stories:

ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က လွှတ်တော်သို့တင်ခဲ့သော တိုင်းအစိုးရ၏ မူမမှန်သော အသုံးစားရိတ်များ

ရန်ကုန်တိုင်းအစိုးရ အသုံးစရိတ် ရှင်းတမ်း မချပြခြင်းသည် အဂတိလိုက်စားမှု ဖြစ်သွားနိုင်

ဖုံးဖိဖို့ မကြိုးစားပါနဲ့ ရန်ကုန်တိုင်းအစိုးရရယ်

Your Thoughts …
Tags: စာရင်းစစ်ချုပ်ဒေါ်ခင်သန်းလှရန်ကုန်တိုင်းဒေသကြီးအစိုးရ အသုံးစရိတ်အစီရင်ခံစာ
ကျော်ဖြိုးသာ

ကျော်ဖြိုးသာ

ဧရာဝတီ

Similar Picks:

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

by ဧရာဝတီ
27 August 2024
6.8k

အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုက ထိန်းချုပ်သည့် တခုတည်းသော အကြီးမားဆုံးဒေသ ဖြစ်လာတော့မည်ဟု ICG အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

မြန်မာ့ပညာရေး အကျပ်အတည်းဆိုက်ဟု ကမ္ဘာ့ဘဏ်ပြော

မြန်မာ့ပညာရေး အကျပ်အတည်းဆိုက်ဟု ကမ္ဘာ့ဘဏ်ပြော

by ဧရာဝတီ
20 July 2023
1.5k

မြန်မာနိုင်ငံတဝှမ်း ကျောင်းတက်နိုင်သူ အားလုံး၏ ၂၂ ရာခိုင်နှုန်းသာ ကျောင်းတက်သည်

မြန်မာစစ်တပ်က အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှု အရှိန်မြှင့်ဟု ကုလ အစီရင်ခံ

မြန်မာစစ်တပ်က အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှု အရှိန်မြှင့်ဟု ကုလ အစီရင်ခံ

by ဧရာဝတီ
18 September 2024
1.1k

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကလေး ၈၈ ဦးအပါအဝင် အနည်းဆုံး ၁၈၅၃ ဦးသည် ဖမ်းဆီးခံထားရစဉ် သေဆုံးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောသည်။

လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး / ဧရာဝတီ

မေးစရာတွေ ဗလပွနဲ့ ဦးသိန်းစိုး အစီရင်ခံစာ

by ခင်ထွန်း
16 February 2022
17.8k

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေ ဖြင့် ရွေးကောက်ပွဲတခုလုံး၏ ရလဒ်များကို ပယ်ဖျက်ခွင့် ရှိ မရှိ မေးရမည်။

စစ်တပ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေ တွေ့ရှိ (ရုပ်/သံ)

စစ်တပ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေ တွေ့ရှိ (ရုပ်/သံ)

by ဘုန်းအောင်
14 August 2024
352

နိုင်ငံတစ်ဝန်းမှာ မြန်မာစစ်တပ်က စစ်ရာဇ၀တ်မှုကျူးလွန်တဲ့ အထောက်အထား အမြောက်အမြား တွေ့ရှိထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့က ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းက ဦးဝီရသူကို လှူဖွယ်ပစ္စည်းဆက်ကပ်စဉ်

အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု

by ဧရာဝတီ
21 February 2023
10.1k

အခမ်းအနားကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှ အဓိကအားဖြင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ငွေကြေးထောက်ပံ့လှူဒါန်းထားသည့် သီရိမင်္ဂလာ မဟာသာသနဗိမ္မာန်တွင် ကျင်းပခဲ့သည်။

Next Post
ကိုရီးယား မင်းသား လီဗြောင်ဟွန်း

မကြာခင် ရုံတင်မယ့် ရုပ်ရှင်မှာ သမ္မတကို လုပ်ကြံသူအဖြစ် မြင်တွေ့ရမယ့် မင်းသား လီဗြောင်ဟွန်း

၂၃ ကြိမ်မြောက် အာဆီယံ ခရီးသွားဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ

အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၀ မှာ မြန်မာနိုင်ငံအနေနဲ့ ဆုများစွာ ရရှိခဲ့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

7 days ago
3.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate