• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်တိုင်းအစိုးရ ပြည်သူ့ဘဏ္ဍာများကို မိမိသဘောဆန္ဒအတိုင်း သုံးနေ ဟု ဝေဖန်

by အောင်သီဟ
21 January 2020
in သတင်း
A A
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တက်ရောက်နေသည့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / Yangon Region Government

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တက်ရောက်နေသည့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / Yangon Region Government

11.4k
VIEWS
Share on FacebookShare on Twitter

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သော ရန်ကုန်တိုင်း အစိုးရသည် ပြည်သူ့ ဘဏ္ဍာငွေများ အသုံးပြုရာတွင် လွှတ်တော် က ခွင့်ပြုပေးထားခြင်း မရှိသော ကိစ္စရပ်များတွင် မိမိသဘောဆန္ဒအတိုင်း အသုံးပြုနေကြောင်း လွှတ်တော် ကိုယ်စား လှယ်များက ပြောဆိုကြသည်။

၂၀၁၆-၁၇ ဘဏ္ဍာရေး ဖြည့်စွက် ရန်ပုံငွေ ကျပ် ၁၃၂ ဘီလီယံထဲမှ ကျပ် ၆၄ ဘီလီယံကို သမဝါယမဘဏ် (CB Bank) တွင် အပ်နှံပြီး အိမ်ရာများ တည်ဆောက်ရေး လုပ်ငန်းများအတွက် တိုင်းလွှတ်တော်မှ ခွင့်ပြုပေးခဲ့သော်လည်း တိုင်းအစိုးရ ကမူ Yangon Metropolitan Development Public Co.,Ltd (YMD) ကုမ္ပဏီတွင် ကျပ် ၅၂ ဘီလီယံနှင့် ရန်ကုန်မြို့သစ်ဖွံ့ ဖြိုးရေး ကုမ္ပဏီလီမီတက် (NYDC) တွင် ကျပ် ၁၀ ဘီလီယံ ထည့်ဝင်လိုက်ကြောင်း ရန်ကုန်တိုင်း ဒဂုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
170
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.7k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
560

ယနေ့ ဇန်နဝါရီ ၂၁ ရက်တွင် ပြုလုပ်သော ဒုတိယ အကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်း အဝေး ဆဋ္ဌမနေ့ အစီအစဉ်၌ ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေး တွေ့ရှိ ချက် အစီအရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် စပ်လျဉ်းပြီး ဆွေးနွေးရာတွင် ယင်းသို့ ပြောကြားသွားခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရက YMD ကိုမူ အိမ်ရာစီမံကိန်း လုပ်ငန်းများအတွက် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး NYDC ကိုမူ ကြည့်မြင် တိုင်မြို့နယ် တဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် တည်ထောင်ထားခြင်း ဖြစ် ကြောင်း သိရသည်။

YMD ကုမ္ပဏီ၏ ရည်ရွယ်ချက်မှာ ရန်ကုန်တိုင်း ဒေသကြီးရှိ ကျူးကျော် မိသားစုပေါင်း ၂၇၀၀၀ ကျော်ကို အိမ်ရာများ တည် ဆောက်ပေးရန် ဖြစ်ပြီး တတိယအကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးတွင် တိုင်းအစိုးရက ကျုးကျော်များအတွက် လှိုင် သာယာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် တိုက်ခန်းပေါင်း ၂၀၀၀ ကျော် ဆောက်လုပ်ထားပြီး ဖြစ်ကာ ထပ်မံ၍ တိုက်ခန်း ပေါင်း ၈၀၀၀ ကျော်ကိုလည်း ဆောက်လုပ်ဆဲ ဖြစ်ကြောင်း လွှတ်တော်တွင် လာရောက် ဖြေကြားထားဖူးကြောင်း ဦးကျော် ဇေယျက ဆိုသည်။

၎င်းက “ရန်ကုန်တိုင်း အစိုးရ အဖွဲ့အနေနဲ့ ကျပ် ၆၄ ဘီလီယံကို သုံးစွဲသည့်နေရာမှာ ရန်ကုန်တိုင်း လွှတ်တော်အတွင်းမှာ ကတိကဝတ် ပြုထားတဲ့ မူတွေနဲ့ လွဲပြီးတော့ သုံးစွဲနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြန်လည် ဖြေရှင်းပေးစေလိုပါတယ်” ဟု ရန်ကုန်တိုင်း လွှတ်တော်တွင် ပြောဆိုခဲ့သည်။

တိုင်းအစိုးရ အနေဖြင့် လွှတ်တော်တွင် YMD ကုမ္ပဏီ၌ ကျပ် ၆၄ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်ကိုသာ တောင်းခံခဲ့ခြင်း ဖြစ် သော်လည်း ယင်းကျပ် ၆၄ ဘီလီယံထဲမှ ကျပ် ၁၀ ဘီလီယံကို လွှတ်တော်သို့ အသိပေးခြင်း မရှိဘဲ NYDC တွင် ရင်းနှီးမြှုပ်နှံလိုက် ကြောင်း ရန်ကုန်တိုင်း လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း က ဧရာဝတီသို့ ပြောသည်။

၎င်းက “ကျမတို့က နိုင်ငံတော်ပိုင် အဖွဲ့အစည်းများမှာ ငွေလုံးငွေရင်း အဖြစ်နဲ့ ရင်းနှီးမြှုပ်နှံမယ် ဆိုရင် ခေါင်းစဉ် ပြောင်းလဲ သုံးစွဲလို့ မရဘူး။ ခေါင်းစဉ်ပြောင်းလဲ သုံးစွဲမယ်ဆိုရင် ဘဏ္ဍာရေး စည်းမျဉ်းတွေ အရ လွှတ်တော်ကို ပြန်လည် တင်ပြရ မယ်” ဟု ပြောဆိုသည်။

ထို့ပြင်၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုငွေ ကျပ် ၃၀ ဘီလီယံထဲမှ ကျပ် ၁၀ ဘီလီယံကိုလည်း အများပြည်သူ သယ်ယူပို့ဆောင်ရေး အတွက် ခရီးသည်တင် ဘတ်စ်ကား ၁၃၇ စီးဝယ်ယူခဲ့ပြီး ရန်ကုန်ဘတ်စ်ကား အများ နှင့် သက်ဆိုင်သော ကုမ္ပဏီ (YBPC) တွင် ထည့်သွင်းခဲ့ခြင်းကြောင့် အများပြည်သူ ပို့ဆောင်ရေး ကဏ္ဍတွင် အမှန်တကယ် အသုံးပြုငွေမှာ ကျပ် ၇၀ ဘီလီယံ မဟုတ်ဘဲ ကျပ် ၈၀ ဘီလီယံ ဖြစ်ကြောင်း ဦးကျော်ဇေယျက ဆိုသည်။

တိုင်းအစိုးရ အဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) စနစ်မှ Yangon Bus Service (YBS) စနစ်သို့ ပြောင်းလဲရန် YBPC နှင့် YUPT အများပိုင် ကုမ္ပဏီများကို ကျပ် ၇၀ ဘီလီယံ အသုံးပြုခဲ့သည်ဟု တရားဝင် ပြောကြားထားသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အတွက် ကျပ် ၇၀ ဘီလီယံကိုသာ လွှတ်တော်သို့ ခွင့်ပြုပေးထားခြင်း ဖြစ်ပြီး ကျန်ကိစ္စများကိုတော့ သိရှိထားခြင်း မရှိသေးကြောင်း ဒေါ်စန္ဒာမင်းက ပြောဆိုသည်။

တိုင်းအစိုးရအဖွဲ့သည် လက်ရှိ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များကို မဖြန့်ဝေခြင်းနှင့် စာရင်းစစ်ချုပ် အစီအရင်ခံစာ၏ အကျဉ်းချုပ်သာ အချိန် ခြောက်လခန့် နောက်ကျပြီးမှ လွှတ်တော်၌ ကိုယ် စားလှယ် ဆွေးနွေးခွင့် ရရှိခဲ့ကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်လျက် ရှိသည်။

ဇန်နဝါရီလ ၈ ရက်တွင် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်က ရန်ကုန်တိုင်း အစိုးရ၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အသုံးစရိတ်နှင့် ပတ်သက်၍ အကျဉ်းချုပ် အစီရင်ခံစာ တစောင်ကိုသာ တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့ရသည်။

အဆိုပါ အစီရင်ခံစာတွင် ရန်ကုန်တိုင်း အစိုးရက စည်းကမ်း မလိုက်နာသော စီးပွားရေး လုပ်ငန်းများကို ဒဏ်ငွေ ချမှတ်ရန် ပျက်ကွက်ခြင်း၊ အစိုးရ၏ ဝင်ငွေ ဆုံးရှုံးရခြင်းများ၊ ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်သည့် သမ္မတ၏ ညွှန်ကြားချက်များကို မလိုက်နာခြင်း၊ ကျပ်သိန်း ၇၀၀၀ ကျော် အမြတ်ရသည့် YRTA မှ ဝင်ငွေခွန် မပေးဆောင်ခြင်း၊ ကျပ် ၃၀ ဘီလီယံတန် မီး စက် ဝယ်ယူရာတွင် ပွင့်လင်း မြင်သာမှု မရှိသည့် ကန့်သတ် တင်ဒါ စနစ်ဖြင့် ဝယ်ယူခြင်းများ အပါအဝင် ဘဏ္ဍာငွေများကို သုံးစွဲမှု မမှန်ကန်မှုများ ရှိနေခြင်းကြောင့် အခွန်ထမ်း ပြည်သူများ၏ ကျပ်ငွေသန်းပေါင်းများစွာ ဆုံးရှုံးစေခဲ့ကြောင်း အစရှိ သည့် အချက်များ ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန်

အစီရင်ခံစာ အကျဉ်းချုပ်သာ တင်ရသဖြင့် ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အားမရ

Your Thoughts …
Tags: ပြည်သူ့ဘဏ္ဍာငွေရန်ကုန်တိုင်း အစိုးရ
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

ရန်ကုန်မြို့သစ် စီမံကိန်းတွင် ပါဝင်သည် ဆိုသော တွံတေးမြို့နယ်အတွင်းရှိ မြေနေရာ တခု  / အောင်ကျော်ထက်  /  ဧရာဝတီ

ရန်ကုန်တိုင်း အစိုးရက မြေများ ရောင်းချပေးမည်

by မျိုးပပစန်း
2 October 2019
31.3k

နေစရာမရှိသူများနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် မြေနေရာ အခက်အခဲ ရှိသူများကို တိုင်းဒေသကြီး အစိုးရ အဖွဲ့က လာမည့် တပတ်အတွင်း မြေများရောင်းချပေးမည် ဖြစ်ကြောင်း

ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်မှ လက်ရှိ အရောင်းအဝယ်ဖြစ်နေသည့် မြေကွက်တချို့ကို တွေ့ရစဉ် / ko ko Htaike

စိုက်ပျိုးရေးဇုန် ဖော်ရန် လုပ်ငန်းရှင်များသို့ ပေးထားသောမြေများ အစိုးရ ပြန်သိမ်းမည်

by မျိုးပပစန်း
10 October 2019
7.1k

ယခင်အစိုးရ လက်ထက်က စီးပွားရေး လုပ်ငန်းရှင်များသို့ စံပြစိုက်ပျိုးရေးဇုန် ဖော်ဆောင်ရန် ပေးထား သောမြေကွက် များကို လက်ရှိ အစိုးရက ၈၀ ရာခိုင်နှုန်း ပြန်သိမ်းမည် ဖြစ်ကြောင်း

ရန်ုကုန်တိုင်းဒေသကြီး လွှတ်တော်  / ထက်ဝေ / ဧရာဝတီ

ရန်ကုန်တိုင်း အစိုးရ အဂတိလိုက်စားမှု ရှိနေလား

by အောင်သီဟ
26 January 2020
13.3k

ဒီလို လေလွင့်ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေသာ လမ်းမီးမရှိတဲ့ နေရာတွေမှာ မီးတိုင်လေးပဲ လုပ်နိုင်တယ် ဆိုရင် တောင် ပြည်သူတွေ အတွက် အကျိုးရှိတယ်

--

ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ လူစုလူဝေးလုပ်ခြင်း အပေါ် သူတို့ဘယ်လိုမြင်သလဲ

by ထွန်းထွန်း
27 May 2020
21k

ဘယ်သူ မှားတယ် မှန်တယ် ဆိုတာထက် ဥပဒေအောက်မှာ အားလုံး တန်းတူရေးနဲ့ မျှတတဲ့ တရားစီရင်ရေး ဖြစ်ဖို့ကို လို ချင်တာပါ။ အစိုးရမို့လို့၊ အာဏာရှိသူမို့လို့ ကင်းလွတ်ခွင့် ပေးတာမျိုး ဖြစ်နေရင် တရားဥပဒေက ဘက်လိုက်မှု တွေ...

စီမံကိန်းကို အကောင်အထည်ဖော်မည့် တိုင်း အစိုးရပိုင် ရန်ကုန်မြို့သစ် တည်ဆောက်ရေး ကုမ္ပဏီ (NYDC) ကို ဖွဲ့စည်းကြောင်း ကြေညာသည့်ပွဲ / ရွှေလေး

ရန်ကုန်တိုင်း အစိုးရ ပွင့်လင်းမြင်သာမှုကို မြို့သစ် စီမံကိန်းက စိန်ခေါ်နေ

by Debby Chan Sze Wan
18 July 2018
5.5k

စီမံကိန်း အောင်မြင်မှုက ပြည်သူလူထု၏ ထောက်ခံမှုပေါ်တွင် တည်နေပါသည်။ သို့သော် ပြည်သူများက စီမံကိန်းနှင့် စီမံကိန်း အကောင်အထည်ဖော်ရေး တို့နှင့် ပတ်သက်၍ အနည်းငယ်မျှသာ သိထားကြဆဲ ဖြစ်သည်။

ပြည်တွင်း စက်သုံးဆီ အရောင်းဆိုင် တဆိုင်ရှိ ပန့်များ / Reuters

စက်သုံးဆီဈေးကို ရန်ကုန်တိုင်း အစိုးရ ထိန်းချုပ်သွားမည်ဟု ဆို

by မျိုးပပစန်း
8 March 2018
9.7k

စက်သုံးဆီဈေး မြင့်တက်နေခြင်းကို ယခုနှစ်မှ စတင်၍ ထိန်းချုပ်သွားရန် ပြင်ဆင်မှုများပြုလုပ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။

Next Post
နီကယ်သတ္တုရိုင်းမြေစာ တန်ချိန် ၅၀၀၀ ပေးပို့နေသော ပိုက်လိုင်း / မြတ်ပြည့်ဖြိုး

တကောင်းနီကယ်စက်ရုံက အလုပ်သမားတွေရဲ့ ဒုက္ခ

Equality Myanmar  ဒါရိုက်တာ ဦးအောင်မျိုးမင်း  / Aung Myo Min / FB

မလုပ်ပါဘူး မရှုပ်ပါဘူးဆိုပြီး ငြင်းဆန်မှုကြောင့် နိုင်ငံတကာဖိအားတွေ ပိုတိုးလာတာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate