သတင်း

ချင်းတွင်းနှင့် ဧရာဝတီမြစ်များ ရေလမ်းကြောင်းနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ဆောင်မည်

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်များ ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ကမ်းပြိုကာ ကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ငွေကျပ်သန်း ၉ ထောင်ကျော် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရ သည်။

စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးကျော် စိုးက “ရေလမ်းကြောင်း ကောင်းမွန်ရေးနဲ့ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းတွေက နှစ်စဉ်ဆိုသလို လုပ်ဆောင်ရမှာတွေ လည်း တိုးလာတယ်။ စစ်ကိုင်းတိုင်းရဲ့လမ်းပန်းဆက်သွယ်ရေးမှာ အဓိကကျတဲ့ ရေကြောင်းကဏ္ဍ ကောင်းမွန်ဖို့၊ ချင်းတွင်း မြစ်နဲ့ ဧရာဝတီမြစ်ပေါ့နော်။ ပြီးတော့ ကျနော်တို့ လုပ်ဆောင်မယ့် အထဲမှာ မြစ်တွေထဲကို စီးဝင်နေတဲ့ ချောင်းတွေလည်း ပါတယ်” ဟု ပြောသည်။

အဆိုပါ လုပ်ငန်းများအတွက် ကုန်ကျမည့်ငွေများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေ အပါ အဝင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် သုံးစွဲခြင်းဖြစ်ကြောင်း ယင်း ဦးစီးဌာနက သိရသည်။

လုပ်ငန်းများတွင် ချောင်းတူးဖော်ခြင်း လုပ်ငန်း၊ ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများ၊ သဲနုန်းတူးဖော်ခြင်း လုပ်ငန်း၊ ကျောက် စိုင်ကျောက်တုံးများ ဖယ်ရှား ရှင်းလင်း တူးဖော်ရေးလုပ်ငန်း၊ ကမ်းထိန်းနံရံ တည်ဆောက်ခြင်း စသည့် လုပ်ငန်းများ ဖြစ်ပြီး ယခု ဘဏ္ဍာနှစ်အတွင်း၌ ငွေကျပ် ၉၅၄၇ ဒသမ ၅၀၀ သန်းဖြင့် လုပ်ဆောင်သွားမည်ဟု ဆိုထားသည်။

ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများကို ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ် ကမ်းဘေးမြို့နယ် ၁၄ မြို့နယ်တွင် ပြုလုပ်သွားမည် ဖြစ်ရာ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ကလေး၊ ကလေးဝ၊ မင်းကင်း၊ ကသာ၊ ယင်းမာပင်၊ ကောလင်း၊ ကန့်ဘလူ၊ ခန္တီး၊ စစ်ကိုင်း၊ တမူး၊ မော်လိုက်၊ မုံရွာ၊ ရွှေဘိုမြို့နယ် တို့ ဖြစ်ကြသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၏ ရေလမ်းကြောင်း ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကုန်စည် သယ်ယူ စီး ဆင်းမှုများ လျင်မြန်လာစေရန် အဓိက ရည်ရွယ်ပြီး ရေလမ်းကြောင်း ကောင်းမွန်စေရေး အတွက် တကြိမ်တည်း လုပ် ဆောင်၍ မရဘဲ နှစ်စဉ် ပြုလုပ်ပေးရသည်ဟု ဦးကျော်စိုးက ပြောသည်။

၎င်းက ဆက်လက်၍ “စစ်ကိုင်းတိုင်းရဲ့လိုအပ်ချက် အနေနဲ့ဆိုရင် ကျနော်တို့ လုပ်ပေးနိုင်တာက အများကြီး ကျန်ပါသေး တယ်။ အဓိက ငွေကြေး ပြည့်ပြည့်စုံစုံ မရှိတာပေါ့။ နှစ်စဉ်အလိုက် လုပ်ပေးနိုင်တဲ့ အနေအထားနဲ့ ဆိုရင် လက်ရှိ ရတဲ့ ရန်ပုံ ငွေပမာဏထက်ကို လုပ်ရတယ်။ ပြီးခဲ့တဲ့နှစ်က ဆိုရင် လုပ်ငန်းအရေအတွက်၂၇၀ လောက် တင်တာကို ၆၀ လောက်ပဲ အမှန်တကယ် လုပ်ပေးနိုင်ခဲ့တယ်” ဟု ပြောဆိုသည်။

ချင်းတွင်းမြစ်သည် ရေစီးသန်သောကြောင့် နွေရာသီ ရေနည်းချိန်တွင် မြစ်ကြောင်း ပြောင်းလဲမှု မြန်ဆန်ပြီး ရေကြောင်း ကြပ်သည့် အတွက် မော်တော်များ သောင်တင်တတ်ရာ ကုန်တင်မော်တော်များတွင် သဲစုပ်စက်များ၊ စပိဘုတ်များ ယူ ဆောင်သွားရလေ့ရှိပြီး ရေလမ်းကို စမ်းသွားနေရသည်ဟု ချင်းတွင်းမြစ်သွား ရေယာဉ်များထံက သိရသည်။

ချမ်းသာအောင် ကုန်တင် ရေယာဉ် အသင်းမှ ကိုတိုးကြီးက “ကျနော်တို့လိုင်းက ကုန်ကို အဓိကထား တင်တာဆိုတော့ ရေကြောင်းကောင်းနေမှ သွားရလာရတာ မြန်ဆန်တယ်။ ရေကြောင်းကြပ်တာကတော့ နွေရာသီဆိုရင် ပုံမှန်လိုလို ဖြစ် နေတာ ၁၀ နှစ်ကျော်ပြီ။ မသေချာတဲ့နေရာဆိုရင် ဘုတ်အသေးတစီးနဲ့ စမ်းသွားပြီး ရေလမ်းကြောင်း ဖွင့်ပေးရတယ်။ အဲဒီ မှာ လမ်းကြောင်း မကျွမ်းတဲ့သူဆိုရင် သောင်တင်တော့တာပဲ” ဟု ပြောသည်။

အလားတူ မြစ်ကမ်းတလျှောက် ရွှေတူးဖော်ထုတ်ယူနေမှုများမှလည်း မျှောစာ၊ မြေစာများကို မြစ်အတွင်း စွန့်ပစ်မှုကြောင့် မြစ်ကြောင်းများအတွင်း ရေစီးရေလာနှင့် သွားလာမှုများကို ထိခိုက်စေသည်။

ရေလမ်းကြောင်း ကောင်းမွန်ရေး လုပ်ငန်းများကို ချင်းတွင်းမြစ်အတွင်း၌ အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ပြီး ရိုးလာ ရေလမ်း၊ မော်လိုက်ရေလမ်း၊ အလုံရေလမ်း၊ မုံရွာရေလမ်း၊ ပေါင်းဝ-အမြင့် ရေလမ်း ကောင်းမွန်ရေး လုပ်ငန်းများ ဖြစ်ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဟု သိရသည်။

ဒု ညွှန်ကြားရေးမှူး ဦးကျော်စိုးက “ချင်းတွင်းမြစ်ရဲ့ရေဝင်ရေလွှဲ ဧရိယာမှာ မြစ်ကြောင်း ပြောင်းလဲမှုကို ဖြစ်စေတဲ့ ရွှေမျှော လုပ်ငန်းတွေ လုပ်နေသမျှတော့ မြစ်ကို လာထိခိုက်တယ်။ အဲဒီလိုပဲ ကမ်းပြိုတာတွေကလည်း မြစ်ကြောင်းကို ပြောင်းလဲ စေတာကြောင့် ဘယ်လောက် ပြုပြင်နေနေ ထိန်းသိမ်းရေးတွေ လုပ်ဖို့လည်း လိုတယ်။ ဒါကြောင့် သက်ဆိုင်ရာ ဌာနတွေနဲ့ ပြည်သူတွေ ပူးပေါင်းမယ်ဆိုရင်တော့ ချင်းတွင်းမြစ်ကို ကယ်တင်နိုင်မယ်” ဟု ဆက်လက် ပြောသည်။

ချင်းတွင်းမြစ် ရေလမ်းကြောင်း ကောင်းမွန်မှု မရှိရခြင်းမှာ မြစ်အထက်ပိုင်းတွင် လုပ်ဆောင်လျက် ရှိသော ရွှေမျှော လုပ်ငန်း များမှ စွန့်ပစ်မြေစာများ စုပုံများပြားလာခြင်းကြောင့် မြစ်ကြောင်း ပြောင်းလဲမှုများ ဖြစ်ပေါ်ရသလို သစ်တောများ ပြုန်းတီး သည့်အတွက် သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးခြင်း၊ မြေဆီလွှာ ပြောင်းလဲခြင်းများကြောင့် ဟု သိရသည်။

ထို့ပြင် ကမ်းပြိုရခြင်းမှာ ရေဦးထိုး တိုက်စားခြင်း၊ ကမ်းပါးမြေသား မခိုင်ခံ့ခြင်း၊ တူးသင့်သည့်နေရာ မဟုတ်ဘဲ သဲစုပ်ခြင်း၊ ရွေတူးခြင်း စသည့် အပြုအမူများကြောင့် ရေကြောင်း ပြောင်း၍ ရေဦးထိုး တိုက်စားခြင်းကြောင့် ကမ်းပြိုရခြင်း ဖြစ်သည်။

ကမ်းပြိုမှုများ ဖြစ်ပေါ်ခြင်းသည် မိုးတွင်းကာလတွင် အများဆုံး ဖြစ်ပေါ်လေ့ရှိပြီး ကျေးရွာမြေ၊ လူနေအိမ်၊ စိုက်ပျိုးမြေ၊ သာသနိက အဆောက်အအုံများ ဆုံးရှုံးခြင်း နှစ်စဉ်ဖြစ်ပေါ်နေရခြင်းကြောင့် ယခုကဲ့သို့ ကမ်းပြိုကာကွယ်ရေး လုပ် ငန်းများကို ဦးစားပေး လုပ်ဆောင်ကြောင်း တိုင်း ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဆိုထားသည်။

ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် တိုက်ရိုက် ကာကွယ်ခြင်းနှင့် သွယ်ဝိုက် ကာကွယ်ခြင်း ဟူ၍ ၂ မျိုး ရှိပြီး သင့်တော် ကောင်းမွန်သည့် နည်းလမ်းဖြင့် ဒီဇိုင်း ရေးဆွဲကာ ပုဂ္ဂလိက ကုမ္ပဏီများဖြင့် လုပ်ဆောင်သလို အရေးကြီး သော နေရာများတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်သည်ဟု ဆိုသည်။

You may also like these stories:

မန္တလေးတွင် ရဲသေနတ် မတော်တဆ ကျည်ထွက်၍ အရပ်သားတဦး ဒဏ်ရာရ

ရဲဒင်းလက်စွမ်းပြပြီး ဗီလိန်ဖြစ်သွားတဲ့ ဗိုလ်ချုပ်ဈေး စည်ပင်

လမိုင်းမြို့မှ အွန်လိုင်းစုမဲငွေ လိမ်လည်ပြီး တိမ်းရှောင်နေသူ ဖမ်းဆီးရမိ

Did you find apk for android? You can find new Free Android Games and apps.
Loading