• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အဆုတ်နာရောဂါ ပြန့်လာသောကြောင့် ဝူဟန်မြို့ကို တရုတ် အထီးကျန်ထား

by ဧရာဝတီ
23 January 2020
in သတင်း
A A
ဝူဟန် မြို့တွင်းရှိ ပိတ်ထားသော ရထားဘူတာရုံ ဝင်ပေါက်တပေါက်ကို မျက်နှာဖုံးဝတ် အစောင့်များ စောင့်ကြပ်နေစဉ် / Reuters 

ဝူဟန် မြို့တွင်းရှိ ပိတ်ထားသော ရထားဘူတာရုံ ဝင်ပေါက်တပေါက်ကို မျက်နှာဖုံးဝတ် အစောင့်များ စောင့်ကြပ်နေစဉ် / Reuters 

10.1k
VIEWS
Share on FacebookShare on Twitter

အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ အရေအတွက်က အစောပိုင်းတွင် ၉ ဦး ရှိခဲ့ရာမှ ဇန်နဝါရီလ ၂၂ ရက်နေ့ တွင် ၁၇ ဦး အထိ မြင့်တက်ခဲ့ပြီးနောက် တရုတ်နိုင်ငံ ဝူဟန်နှင့် ဟွမ်ကန်မြို့ ၂ မြို့တွင် ပြင်ပသို့ ထွက်ခွာခြင်းနှင့် ၎င်း၏ နယ်နိမိတ်အတွင်း ကူးသန်းသွားလာမှုများကို ပိတ်ပင်တားမြစ်လိုက်သည်။

အာဏာစတင်သက်ရောက်မည့် ဇန်နဝါရီလ ၂၃ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီမတိုင် နာရီအနည်းငယ်တွင် ကြေညာခဲ့သော ခရီးသွားလာမှု ကန့်သတ်ချက်များထဲတွင် ဝူဟန်လေဆိပ်၊ ရထားဘူတာရုံများနှင့် မြို့တွင်း ပြေးဆွဲ သော ဘတ်စ်ကားများကို အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ခြင်းများ အပြင် လူ ၁၁ သန်း နေထိုင်သော ဝူဟန် မြို့တွင်းမှ အများပြည်သူသယ်ယူပို့ဆောင်ရေးလည်း ပါဝင်သည်။ တားမြစ်ပိတ်ပင်မှုများထဲတွင် မြေအောက်ရထားများ၊ ဘတ်စ်ကားများနှင့် ယန်ဇီမြစ်မှ ကူးတို့သင်္ဘောများလည်း အပါအဝင် ဖြစ်သည်။

RelatedPosts

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
352
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
69
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
59

နောက်နာရီအနည်းငယ်အကြာ လူ ၆ သန်း နေထိုင်နေသော အိမ်နီးချင်း ဟွမ်ကန်မြို့ကိုလည်း အလားတူ ကြေညာချက် ထုတ်ခဲ့သည်။

ပုဂ္ဂလိက ကိုယ်ပိုင်ကားများဖြင့် ခရီးသွားခြင်းကို ပိတ်ပင်ထားခြင်း မရှိသေးသော်လည်း ပြည်သူများ အနေဖြင့် သာမန် မဟုတ်သည့် အခြေအနေများမှအပ မြို့တွင်သာ နေသင့်ကြောင်း ကြေညာချက်များတွင် ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ် Coronavirus က တရုတ်နိုင်ငံတွင် လူ ၅၇၁ ဦး ကိုကူးစက်ခဲ့ပြီး ဖြစ်သည်။ အစောပိုင်းသတင်းများအရ ၅၄၃ ဦး ရှိရာမှ တိုးလာခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ အမျိုးသားကျန်းမာရေးကော်မရှင်က ပြည်နယ် ၂၅ ခု နှင့်ပြည်နယ်မြို့ကြီးများတွင် ဖြစ်ပွားနေမှုကိုအတည်ပြုပေးခဲ့သည်။ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ်၊ ဟောင်ကောင်နှင့် အမေရိကန် ပြည်ထောင်စု တွင်လည်း ဖြစ်ပွားမှုရှိကြောင်း သိရသည်။

အသစ်တွေ့ရှိခဲ့ရသော ကိုရိုနာဗိုင်းရပ်စ်အား ကမာ္ဘ့ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ကြေညာရန် သင့်/မ သင့် ဆုံးဖြတ်ရေးအတွက် ဇန်နဝါရီလ ၂၂ ရက်နေ့ တွင် အစည်းအဝေးတခု ပြုလုပ်ခဲ့သည့် ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) က ဆုံးဖြတ်ချက် ချမှတ်ရေးကို ဇန်နဝါရီလ ၂၃ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်သည်။ သတင်းအချက်အလက်နှင့် စဉ်းစားသုံးသပ်မှုများ ပိုမိုလိုအပ်ကြောင်း သူတို့ကပြောသည်။

“ကျနော်တို့ သတင်းအချက်အလက်တွေ ပိုမိုလိုအပ်ပါတယ်” ဟု WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဂျီနီဗာမြို့တွင် ပြုလုပ်သောအစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ “နိုင်ငံတကာနဲ့ ဆိုင်တဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာဖို့ သင့်/မသင့် ဆုံးဖြတ်ချက် ချမှတ်ရေးက ကျနော် အလွန်တရာ အလေးအနက်ထားတဲ့ ကိစ္စဖြစ်ပါတယ်။ သက်သေအထောက်အထား အားလုံးကို သင့်တင့် လျောက်ပတ်စွာ ထည့်သွင်းစဉ်းစားပြီးတော့မှသာ လုပ်ဖို့ ကျနော်ပြင်ဆင်ထားတဲ့ ကိစ္စပါ”

လက်ရှိ အချိန်တွင် WHO မှ အဖွဲ့တခုက တရုတ်နိုင်ငံတွင် ဒေသတွင်း ကျွမ်းကျင်သူများ၊ တာဝန်ရှိသူများနှင့် အတူ လုပ်ကိုင်နေပြီး WHO အနေဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြောစရာများ များစွာ ပိုရှိလာလိမ့်မည်ဟု သူက ပြောသည်။

တရုတ်နိုင်ငံတွင် ရောဂါကူးစက်မှုကို သိရှိရသည့် နှုန်း သိသိသာသာ မြင့်တက်လာခြင်းက ရောဂါရှာဖွေရေးနည်းစနစ်များ တိုးတက်လာခြင်း၏ ကျေးဇူးကြောင့် တစိတ်တပိုင်း ပါဝင်သည်။ အစိုးရက ကိန်းဂဏန်း အစစ်အမှန် များကို ဖုံးကွယ် နေသည် ဆိုသည့် စွပ်စွဲချက်များကို အာဏာပိုင်များက ငြင်းဆန်ထားသည်။

အမျိုးသားကျန်းမာရေးကော်မရှင်မှအကြီးတန်းအရာရှိတဦး က “သတင်းအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုဖို့ ကျနော်တို့ ကြိုးကြိုးစားစား အာရုံစိုက်လုပ်ဆောင်နေပါတယ်” ဟုပြောသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကော်မရှင်က တရုတ်ထိပ်တန်းအရာရှိတဦး တက်ရောက်သည့် သတင်းစာရှင်းလင်းပွဲတခုကို ပထမဆုံး အနေဖြင့် ပြုလုပ်ခဲ့သည်။ ဒုတိယညွှန်ကြားရေးမှူး Li Bin က ဗိုင်းရပ်စ်ပိုးသည် ပိုမိုအလေးထားရမည့် ခြိမ်းခြောက် မှုတခုဖြစ်လာနိုင်သည် ဆိုသော စိုးရိမ်မှုကို ထုတ်ဖော်ပြောကြားခဲ့သည်။

“ဗိုင်းရပ်စ်က သန္ဓေပြောင်းကောင်းပြောင်းနိုင်ပါတယ်။ နောက်ထပ်ပြန့်ပွားနိုင်တဲ့ အန္တရာယ်လည်းရှိတယ်” ဟု သူကပြောသည်။

Li Bin နှင့် တက်ရောက်လာသည့် ကျွမ်းကျင်သူများက ဗိုင်းရပ်သည် ဝူဟန်ရှိ ပင်လယ်စာဈေးတွင် ရောင်းချသော တောရိုင်းတိရိစာ္ဆန်များတွင် အခြေခံဖွယ်ရှိကြောင်း ဖြစ်နိုင်ချေကို ပြောကြားခဲ့ကြသည်။ လူနာအများစုက ထိုဈေးသို့ သွားရောက်ခဲ့ကြ၍ ဖြစ်သည်။

ဝူဟန်ကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်သွားမည် ဖြစ်ပြီး မြို့တွင်းမှ ဈေးများကို ထိန်းချုပ်သွားမည် ဖြစ်သလို တောရိုင်းတိရိစာ္ဆန်များ ရောင်းဝယ်မှုကို ပိုမိုတင်းကျပ်စွာ တားမြစ်သွားမည်ဟု Li Bin ကပြောသည်။

ကိုရိုနာဗိုင်းရပ်စ် အသစ်ကို Class B ကူးစက်ရောဂါအဖြစ် သတ်မှတ်ထားသည်။ ကာလဝမ်းရောဂါ ကဲ့သို့သော Class A ကူးစက်ရောဂါထက် တဆင့်နိမ့်သည့် ရောဂါဖြစ်သည်။ အာဏာပိုင်များက ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ(SARS) နှင့်အရှေ့အလယ်ပိုင်းမှ စတင်ပေါ်ပေါက်ခဲ့သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ(MARS) တို့ နှင့် နှိုင်းယှဉ်ခြင်းကို ရှောင်ခဲ့သည်။ အဆိုပါရောဂါ ၂ မျိုးသည်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ် နိုင်သည်။

တရုတ်နိုင်ငံတွင် ဇန်နဝါရီလ ၂၄ ရက်နေ့ တွင် စတင်မည့် တပတ်ကြာ နှစ်သစ်ကူး ပိတ်ရက်များ ကို စောင့်ကြည့်လေ့လာနေသည်။ နှစ်သစ်ကူး ကာလ ရက်ပေါင်း ၄၀ အတွင်းတွင် ခရီးသည်များ၏ ခရီးသွားလာမှုက အကြမ်းဖျင်းအားဖြင့် ၃ ဘီလီယံ အထိ ရှိလိမ့်မည်ဟု မျှော်လင့်ရသည်။

စီချွမ် ပြည်နယ် အာဏာပိုင်များက ဝူဟန်သို့ သွားသော ခရီးများကို ယေဘုယျအားဖြင့် ဆိုင်းငံ့သင့်ထားကြောင်း ဘတ်စ်ကားကုမ္ပဏီများသို့ အကြောင်းကြားစာ တစောင်ပေးပို့ခဲ့သည်။ ဖေဖော်ဝါရီလတွင် ဝူဟန်၌ ကျင်းပရန် စီစဉ်ထားသော အာရှနှင့် သမုဒ္ဒရာပိုင်းဇုန်အတွက် အိုလံပစ်လက်ဝှေ့ လက်ရည်စစ် ပွဲ တခုကိုလည်း ဖျက်သိမ်းခဲ့ သည်။

လွန်ခဲ့သော ၁၇ နှစ်က ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံ၏ SARS ရောဂါ ပြဿနာကို ကိုးကား၍ စီးပွားရေးဆိုင်ရာ လေ့လာ သုံးသပ်သူများက အမေရိကန်-တရုတ် ကုန်သွယ်ရေးသဘောတူညီချက်မှတဆင့် မကြာသေးမီကမှ ပြန်လည် သက်သာ လာခဲ့သော တရုတ်စီးပွားရေးအပေါ် ရောဂါဖြစ်ပွားမှု၏ ရေတို သက်ရောက်မှုအတွက် ပြင်ဆင်နေကြသည်။

“တကယ်လို့ ဗိုင်းရပ်စ်ကူးစက်မှုက ၂၀၀၃ ခုနှစ်ဖြစ်ရပ်အတိုင်း သွားမယ်ဆိုရင် လာမယ့် ပထမ ၃ လပတ်နဲ့ ဒုတိယ ၃ လပတ် အတွင်း အထူးသဖြင့် ခရီးသွားလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ သိသိသာသာ ကျဆင်း သွားမယ့်ဆီကို ဦးတည်ဖွယ်ရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု အမေရိကန် အခြေစိုက် ရင်းနှီးမြှုပ်နှံမှု ဘဏ် တခု ဖြစ်သည့် JPMorgan မှ လေ့လာဆန်းစစ်သူများက ဇန်နဝါရီလ ၂၂ ရက်နေ့က သုတေသနမှတ်ချက် တခုတွင် ပြောကြားခဲ့သည်။

သို့သော်လည်း တရုတ်အစိုးရက ယခုတကြိမ်တွင် ပိုမိုမြန်ဆန်စွာ တုန့်ပြန်ခဲ့ပြီး ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားပုံရသည်ဟု အဆိုပါ အစီရင်ခံစာက မှတ်ချက်ပေးခဲ့သည်။ တရုတ်နိုင်ငံ၏ တနှစ်ပတ်လုံး ဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုက အကန့်အသတ်နှင့်သာ ဖြစ်ဖွယ်ရာရှိသည်။

ကိုးကား ။ ။ Nikkei Asian Review

You may also like these stories:

ကူးစက်မှု မြန်ဆန်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွားတွေကို အထူးကြပ်မတ်ဖို့လို

တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် လူပေါင်း ရာနဲ့ချီပြီး ဆက်လက် ကူးစက်နေ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူကို ဟောင်ကောင်မှာ ပထမဆုံးအကြိမ် တွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွားများကို ကမ္ဘောဒီးယားအစိုးရ အထူး စောင့်ကြည့်မည်

Your Thoughts …
Tags: Coronavirusကိုရိုနာဗိုင်းရပ်စ်တရုတ်ဝူဟန်အထီးကျန်ထား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာ ရှင်းလင်းပွဲ  / သီဟလွင် / ဧရာဝတီ

ဒရုန်းယာဉ်များ နယ်မြေလုံခြုံရေးအတွက် အသုံးပြုဟု တပ်မတော် ဝန်ခံ

လူသေဆုံးမှုနှင့် ကူးစက်မှု ဆက်တိုက် ဖြစ်ပွားနေသည့် ဝူဟန်ဗိုင်းရပ်စ်

ဝူဟန်တွင် လူ ၁၇ ဦးသေဆုံးခဲ့ရသည့် ဗိုင်းရပ်၊ မြွေများမှတဆင့် ကူးစက်ခြင်း ဖြစ်နိုင်ဟုဆို

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.1k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate